သမ္မတ မာဒူရိုကို နယူးယောက်အထိ ဘယ်လိုဖမ်းဆီးခေါ်ဆောင်သွားလဲ၊ ဗင်နီဇွဲလားကို ယာယီအုပ်ချုပ်၍ ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီးကို စီမံခန့်ခွဲမည်ဟု ဒေါ်နယ်ထရမ့်ကြေညာ

1235

Htay Oung(NP News)ဇန်နဝါရီ-၄
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ သူ့ရဲ့ဇနီး စီလီယာ ဖလော်ရက်စ်တို့ဟာ ဒဲလ်တာဖို့စ် အထူးတိုက်ခိုက် ရေးတပ်ဖွဲ့ဝင်များရဲ့ ဇန်နဝါရီ ၃-ရက် ကာရာကတ်မြို့တော်အကြီးစားစစ်ဆင်ရေးတစ်ခုအပြီး အမေရိကန်အ စိုးရရဲ့ ထိန်းသိမ်းခြင်းခံရသူများအဖြစ် နယူးယောက်မြို့ကို ရောက်ရှိလာပါတယ်။
ယမန်နေ့ နံနက် အရုဏ်မတက်မီ ဒဲလ်တာဖို့စ်အထူးတိုက်ခိုက်ရေးတပ်သားများရဲ့ Operation Absolute Resolve (ခိုင်မာသော ဆုံးဖြတ်ချက်စစ်ဆင်ရေး) မှာ လေယာဉ်ပေါင်း ၁၅၀ ကျော် ပါဝင်ခဲ့ကြောင်း။ ကာရ ကက်စ် မြို့တော် နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ မာဒူရိုဇနီးမောင်နှံဟာ ရဟတ်ယာဉ်များမှတဆင့် ဗင်နီဇွဲလား ကမ်းလွန်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ယူအက်စ်အက်စ် အိုင်ဂျီးမား စစ်သင်္ဘောပေါ်ကို ရောက်ရှိခဲ့ကြောင်း၊
အဲ့ဒီကတဆင့် ကျူးဘားနိုင်ငံ၊ ဂွမ်တာနာမိုပင်လယ်အော်စခန်းမှာ ခေတ္တရပ်နားရန် FBI ရဲ့ ဓားစာခံကယ်ဆယ် ရေးအဖွဲ့က လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး အမေရိကန်နိုင်ငံကို ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ (မြန်မာ ယနေ့ တနင်္ဂနွေနံနက်) အမေရိကန် စနေနေ့မွန်းလွဲပိုင်းမှာ အမေရိကန် တရားရေးဌာနပိုင်လေယာဉ်နဲ့ နယူးယောက် မြို့ စတီးဝပ် အမျိုးသားလေကြောင်း ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်းကို ရောက်ရှိလာကြောင်း၊ လေယာဉ်ပေါ်မှ ဆင်းသက်လာတဲ့ မာဒူရိုကို လက်ထိပ်ခတ်- ဦးထုပ်ဆောင်းပြီး ဖက်ဒရယ်အေးဂျင့် အတော်များ များက စောင့်ကြပ် ခေါ်ဆောင်သွားပုံကို တွေ့မြင်ရပါတယ်။
တဖန် လေတပ်စခန်းမှ ရဟတ်ယာဉ်ဖြင့် မန်ဟက်တန်ရှိ ဝက်စ်ဆိုက် ရဟတ်ယာဉ်ကွင်းသို့ ပို့ဆောင်ခဲ့ပါတယ်။ ထိုနောက် ဘရွတ်ကလင်းရှိ အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးညွှန်ကြားမှုအဖွဲ့ (DEA) ရုံးကို မော်တော် ယာဉ်တန်းဖြင့်ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း၊ အဲ့ဒီနောက် မက်ထရိုပိုလီတန် ထိန်းသိမ်းရေး စင်တာ (MDC) မှာ ဆက်လက်ချုပ်နှောင်ထားပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်၊ တနင်္လာနေ့ မန်ဟက်တန် ဖက်ဒရယ်တရားရုံးမှာ မူးယစ်ဆေးဝါးအကြမ်းဖက်မှု- မူးယစ်ဆေးဝါးကုန်ကူးမှု အပါအဝင် ပုဒ်မများနဲ့ တရားစွဲ ဆိုခံရဖွယ်ရှိပါတယ်။
အာဏာလစ်လပ်မှုဖြစ်ပေါ်နေခိုက် အမေရိကန်က ယာယီထိန်းချုပ်ကြောင်း ကြေငြာချက်များနဲ့ ဗင်နီဇွဲလားဟာ အလွန်အမင်း နိုင်ငံရေး မရေမရာဖြစ်မှုအခြေအနေကို ဆိုက်ရောက်သွားပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ တရားမျှ တတဲ့ အသွင်ကူးပြောင်းမှုဖြစ်ပေါ်သည်အထိ အမေရိကန်က အုပ်ချုပ်မယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်တို့ပါဝင်တဲ့ အမေရိကန်အဖွဲ့တစ်ဖွဲ့က အဲ့ဒီ လုပ်ငန်း စဉ်ကို ကြီးကြပ်မယ်လို့ ဆိုပါတယ်။
ဗင်နီဇွဲလားကို ဒဏ်ခတ်ပိတ်ဆို့ပြီး စစ်ရေးအရ အရေးယူရန် တိုက်တွန်းခြင်းဖြင့် ပူပူနွေးနွေး ငြိမ်းချမ်းရေးနို ဘယ်ဆုရှင် ဗင်နီဇွဲလားနိုင်ငံသူ “မာရီယာ ကိုရီနာ မာချာဒို” က သူတို့အတိုက်အခံများကို အာဏာလွှဲပြောင်း ပေးရန် တောင်းဆိုနေပေမယ့် သမ္မတထရမ့်က တွန့်ဆုတ်နေပါတယ်။
အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ကမ္ဘာ့အကြီးဆုံးရေနံသိုက်များကို စီမံခန့်ခွဲရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရန် ရည်ရွယ်ထားကြောင်း ထရမ့်က ပြောဆိုပြီး ဗင်နီဇွဲလား အခြေခံအဆောက်အအုံများကို ပြန်လည်ထူထောင်မှု အသွင်ကူးပြောင်းရေးအတွက် အမေရိကန်ကုမ္ပဏီများက ရန်ပုံငွေထည့်ဝင်ကြရန် ဖိတ်ခေါ်လိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာတော့ အုပ်ချုပ်မှု စဉ်ဆက်မပြတ်စေရေးအတွက် ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ကို ယာ ယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ကာရာကကတ်စ်တရားရုံးချုပ်က အမိန့်ပေးခဲ့ပါတယ်။ ဗင်နီဇွဲလား ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးတို့က အမေရိကန်ရဲ့လုပ်ရပ်ကို ပြန်ပေးဆွဲမှုအဖြစ် ရှုတ်ချလိုက်ပြီး မာဒူ ရိုဟာ တိုင်းပြည်ရဲ့ သမ္မတအဖြစ် ဆက်လက်တည်ရှိနေကြောင်း သူကြေညာထားတဲ့ အရေးပေါ်အခြေအနေ အတိုင်း စစ်ဘက်ခေါင်းဆောင်များက ဆက်လက်လိုက်နာမယ်လို့ ပြောပါတယ်။
မာဒူရိုကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ဖလော်ရီဒါ တောင်ပိုင်းမှာ အများဆုံးရောက်ရှိနေတဲ့ ဗင်နီဇွဲလားပြည်ပြေးတို့က ဝမ်းသာအားရ အောင်ပွဲခံနေကြပါတယ်။ ဗင်နီဇွဲလားနိုင်ငံ ကာရာကက်စ်နဲ့ အခြားမြို့များ လမ်းမပေါ်မှာ သံချပ်ကာယာဉ်များ ကင်းလှည့်နေပါတယ်။ အရပ်ဝတ်လက်နက်ကိုင်များကိုလည်း တွေ့ရှိရပြီး လမ်းသွားလမ်းလာများနဲ့ မော်တော်ယာဉ်များကို ရပ်တန့် စစ်ဆေးနေပါတယ်။ စစ်ဆေးမှု မခံယူပဲ ထွက်ပြေးလျင် သေနတ်နဲ့ ပစ်ခတ်ကြောင်းလည်း တွေ့ရှိရပါတယ်။
အဓိကပဋိပက္ခများ မဖြစ်ပွားသေးပေမယ့် ကာရာကတ်စ်ရဲ့ စီးပွားရေးလုပ်ငန်းအတော်များများ ပိတ်ထားပြီး ရိက္ခာစုဆောင်းနေတဲ့ ဒေသခံများက မတည်မငြိမ်-တင်းမာမှုများ ရှိနေဆဲဖြစ်ကြောင်း ညွှန်ပြနေပါတယ်။ အိမ်နီးချင်း ကိုလံဘီယာ-ဘရာဇီးတို့နဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်အချို့ကို ယာယီပိတ်ထားပါတယ်။

Zawgyi Version:
သမၼတ မာဒူ႐ိုကို နယူးေယာက္အထိ ဘယ္လိုဖမ္းဆီးေခၚေဆာင္သြားလဲ၊ ဗင္နီဇြဲလားကို ယာယီအုပ္ခ်ဳပ္၍ ကမာၻ႔အႀကီးဆုံး ေရနံသိုက္ႀကီးကို စီမံခန႔္ခြဲမည္ဟု ေဒၚနယ္ထရမ့္ေၾကညာ
Htay Oung(NP News)ဇန္နဝါရီ-၄
ဗင္နီဇြဲလားသမၼတ နီကိုလပ္စ္ မာဒူ႐ိုနဲ႔ သူ႔ရဲ႕ဇနီး စီလီယာ ဖေလာ္ရက္စ္တို႔ဟာ ဒဲလ္တာဖို႔စ္ အထူးတိုက္ခိုက္ ေရးတပ္ဖြဲ႕ဝင္မ်ားရဲ႕ ဇန္နဝါရီ ၃-ရက္ ကာရာကတ္ၿမိဳ႕ေတာ္အႀကီးစားစစ္ဆင္ေရးတစ္ခုအၿပီး အေမရိကန္အ စိုးရရဲ႕ ထိန္းသိမ္းျခင္းခံရသူမ်ားအျဖစ္ နယူးေယာက္ၿမိဳ႕ကို ေရာက္ရွိလာပါတယ္။
ယမန္ေန႔ နံနက္ အ႐ုဏ္မတက္မီ ဒဲလ္တာဖို႔စ္အထူးတိုက္ခိုက္ေရးတပ္သားမ်ားရဲ႕ Operation Absolute Resolve (ခိုင္မာေသာ ဆုံးျဖတ္ခ်က္စစ္ဆင္ေရး) မွာ ေလယာဥ္ေပါင္း ၁၅၀ ေက်ာ္ ပါဝင္ခဲ့ေၾကာင္း။ ကာရ ကက္စ္ ၿမိဳ႕ေတာ္ ေနအိမ္မွာ ဖမ္းဆီးခံလိုက္ရတဲ့ မာဒူ႐ိုဇနီးေမာင္ႏွံဟာ ရဟတ္ယာဥ္မ်ားမွတဆင့္ ဗင္နီဇြဲလား ကမ္းလြန္မွာ အသင့္ေစာင့္ဆိုင္းေနတဲ့ ယူအက္စ္အက္စ္ အိုင္ဂ်ီးမား စစ္သေဘၤာေပၚကို ေရာက္ရွိခဲ့ေၾကာင္း၊
အဲ့ဒီကတဆင့္ က်ဴးဘားႏိုင္ငံ၊ ဂြမ္တာနာမိုပင္လယ္ေအာ္စခန္းမွာ ေခတၱရပ္နားရန္ FBI ရဲ႕ ဓားစာခံကယ္ဆယ္ ေရးအဖြဲ႕က ေလယာဥ္ျဖင့္ ပို႔ေဆာင္ေပးခဲ့ၿပီး အေမရိကန္ႏိုင္ငံကို ဆက္လက္ထြက္ခြာခဲ့ေၾကာင္း၊ (ျမန္မာ ယေန႔ တနဂၤေႏြနံနက္) အေမရိကန္ စေနေန႔မြန္းလြဲပိုင္းမွာ အေမရိကန္ တရားေရးဌာနပိုင္ေလယာဥ္နဲ႔ နယူးေယာက္ ၿမိဳ႕ စတီးဝပ္ အမ်ိဳးသားေလေၾကာင္း ကာကြယ္ေစာင့္ေရွာက္ေရး အေျခစိုက္စခန္းကို ေရာက္ရွိလာေၾကာင္း၊ ေလယာဥ္ေပၚမွ ဆင္းသက္လာတဲ့ မာဒူ႐ိုကို လက္ထိပ္ခတ္- ဦးထုပ္ေဆာင္းၿပီး ဖက္ဒရယ္ေအးဂ်င့္ အေတာ္မ်ား မ်ားက ေစာင့္ၾကပ္ ေခၚေဆာင္သြားပုံကို ေတြ႕ျမင္ရပါတယ္။
တဖန္ ေလတပ္စခန္းမွ ရဟတ္ယာဥ္ျဖင့္ မန္ဟက္တန္ရွိ ဝက္စ္ဆိုက္ ရဟတ္ယာဥ္ကြင္းသို႔ ပို႔ေဆာင္ခဲ့ပါတယ္။ ထိုေနာက္ ဘ႐ြတ္ကလင္းရွိ အေမရိကန္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးၫႊန္ၾကားမႈအဖြဲ႕ (DEA) ႐ုံးကို ေမာ္ေတာ္ ယာဥ္တန္းျဖင့္ပို႔ေဆာင္ေပးခဲ့ၿပီး စစ္ေဆးမႈ ျပဳလုပ္ခဲ့ေၾကာင္း၊ အဲ့ဒီေနာက္ မက္ထ႐ိုပိုလီတန္ ထိန္းသိမ္းေရး စင္တာ (MDC) မွာ ဆက္လက္ခ်ဳပ္ေႏွာင္ထားၿပီး ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၅ ရက္၊ တနလၤာေန႔ မန္ဟက္တန္ ဖက္ဒရယ္တရား႐ုံးမွာ မူးယစ္ေဆးဝါးအၾကမ္းဖက္မႈ- မူးယစ္ေဆးဝါးကုန္ကူးမႈ အပါအဝင္ ပုဒ္မမ်ားနဲ႔ တရားစြဲ ဆိုခံရဖြယ္ရွိပါတယ္။
အာဏာလစ္လပ္မႈျဖစ္ေပၚေနခိုက္ အေမရိကန္က ယာယီထိန္းခ်ဳပ္ေၾကာင္း ေၾကျငာခ်က္မ်ားနဲ႔ ဗင္နီဇြဲလားဟာ အလြန္အမင္း ႏိုင္ငံေရး မေရမရာျဖစ္မႈအေျခအေနကို ဆိုက္ေရာက္သြားပါတယ္။ ဗင္နီဇြဲလားႏိုင္ငံမွာ တရားမွ် တတဲ့ အသြင္ကူးေျပာင္းမႈျဖစ္ေပၚသည္အထိ အေမရိကန္က အုပ္ခ်ဳပ္မယ္လို႔ သမၼတထရမ့္က ေျပာပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီးနဲ႔ စစ္ဦးစီးခ်ဳပ္တို႔ပါဝင္တဲ့ အေမရိကန္အဖြဲ႕တစ္ဖြဲ႕က အဲ့ဒီ လုပ္ငန္း စဥ္ကို ႀကီးၾကပ္မယ္လို႔ ဆိုပါတယ္။
ဗင္နီဇြဲလားကို ဒဏ္ခတ္ပိတ္ဆို႔ၿပီး စစ္ေရးအရ အေရးယူရန္ တိုက္တြန္းျခင္းျဖင့္ ပူပူေႏြးေႏြး ၿငိမ္းခ်မ္းေရးႏို ဘယ္ဆုရွင္ ဗင္နီဇြဲလားႏိုင္ငံသူ “မာရီယာ ကိုရီနာ မာခ်ာဒို” က သူတို႔အတိုက္အခံမ်ားကို အာဏာလႊဲေျပာင္း ေပးရန္ ေတာင္းဆိုေနေပမယ့္ သမၼတထရမ့္က တြန႔္ဆုတ္ေနပါတယ္။
အေမရိကန္ဟာ ဗင္နီဇြဲလားရဲ႕ ကမာၻ႔အႀကီးဆုံးေရနံသိုက္မ်ားကို စီမံခန႔္ခြဲရာမွာ ထဲထဲဝင္ဝင္ ပါဝင္ပတ္သက္ရန္ ရည္႐ြယ္ထားေၾကာင္း ထရမ့္က ေျပာဆိုၿပီး ဗင္နီဇြဲလား အေျခခံအေဆာက္အအုံမ်ားကို ျပန္လည္ထူေထာင္မႈ အသြင္ကူးေျပာင္းေရးအတြက္ အေမရိကန္ကုမၸဏီမ်ားက ရန္ပုံေငြထည့္ဝင္ၾကရန္ ဖိတ္ေခၚလိုက္ပါတယ္။
ဗင္နီဇြဲလားႏိုင္ငံမွာေတာ့ အုပ္ခ်ဳပ္မႈ စဥ္ဆက္မျပတ္ေစေရးအတြက္ ဒုတိယသမၼတ ဒယ္လ္စီ ႐ိုဒရီဂြက္ဇ္ကို ယာ ယီသမၼတအျဖစ္ တာဝန္ထမ္းေဆာင္ရန္ ကာရာကကတ္စ္တရား႐ုံးခ်ဳပ္က အမိန႔္ေပးခဲ့ပါတယ္။ ဗင္နီဇြဲလား ျပည္ထဲေရးနဲ႔ ကာကြယ္ေရးဝန္ႀကီးတို႔က အေမရိကန္ရဲ႕လုပ္ရပ္ကို ျပန္ေပးဆြဲမႈအျဖစ္ ရႈတ္ခ်လိုက္ၿပီး မာဒူ ႐ိုဟာ တိုင္းျပည္ရဲ႕ သမၼတအျဖစ္ ဆက္လက္တည္ရွိေနေၾကာင္း သူေၾကညာထားတဲ့ အေရးေပၚအေျခအေန အတိုင္း စစ္ဘက္ေခါင္းေဆာင္မ်ားက ဆက္လက္လိုက္နာမယ္လို႔ ေျပာပါတယ္။
မာဒူ႐ိုကို အေမရိကန္က ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း သတင္းထြက္ေပၚလာၿပီးေနာက္ ဖေလာ္ရီဒါ ေတာင္ပိုင္းမွာ အမ်ားဆုံးေရာက္ရွိေနတဲ့ ဗင္နီဇြဲလားျပည္ေျပးတို႔က ဝမ္းသာအားရ ေအာင္ပြဲခံေနၾကပါတယ္။ ဗင္နီဇြဲလားႏိုင္ငံ ကာရာကက္စ္နဲ႔ အျခားၿမိဳ႕မ်ား လမ္းမေပၚမွာ သံခ်ပ္ကာယာဥ္မ်ား ကင္းလွည့္ေနပါတယ္။ အရပ္ဝတ္လက္နက္ကိုင္မ်ားကိုလည္း ေတြ႕ရွိရၿပီး လမ္းသြားလမ္းလာမ်ားနဲ႔ ေမာ္ေတာ္ယာဥ္မ်ားကို ရပ္တန႔္ စစ္ေဆးေနပါတယ္။ စစ္ေဆးမႈ မခံယူပဲ ထြက္ေျပးလ်င္ ေသနတ္နဲ႔ ပစ္ခတ္ေၾကာင္းလည္း ေတြ႕ရွိရပါတယ္။
အဓိကပဋိပကၡမ်ား မျဖစ္ပြားေသးေပမယ့္ ကာရာကတ္စ္ရဲ႕ စီးပြားေရးလုပ္ငန္းအေတာ္မ်ားမ်ား ပိတ္ထားၿပီး ရိကၡာစုေဆာင္းေနတဲ့ ေဒသခံမ်ားက မတည္မၿငိမ္-တင္းမာမႈမ်ား ရွိေနဆဲျဖစ္ေၾကာင္း ၫႊန္ျပေနပါတယ္။ အိမ္နီးခ်င္း ကိုလံဘီယာ-ဘရာဇီးတို႔နဲ႔ နယ္စပ္ျဖတ္ေက်ာ္ဂိတ္အခ်ိဳ႕ကို ယာယီပိတ္ထားပါတယ္။