သမ္မတမာဒူရိုကို ဖမ်းဆီးနိုင်ရန် ဗင်နီဇွဲလားအစိုးရအဖွဲ့အတွင်းရှိ အရင်းအမြစ်များကူညီပေးခဲ့ဟုဆို

1504

ဂျန်ဇက်(NP News) ဇန်နဝါရီ ၄
ဗင်နီဇွဲလား အစိုးရအဖွဲ့အတွင်းရှိ အမေရိကန် စီအိုင်အေ အရင်းအမြစ်က ဗင်နီဇွဲလား သမ္မတ မာဒူရိုကို ဖမ်းဆီးနိုင်ရန် ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် သတင်းဌာနတွေက ရေးသားဖော်ပြကြသည်။အမေရိကန်နိုင်ငံသည် ဇန်နဝါရီ ၃ ရက်နေ့တွင် ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက်ပြီး ဗင်နီဇွဲလား သမ္မတ မာဒူရို နှင့် သမ္မတ ကတော်ကို ဖမ်းဆီးနိုင်ခဲ့ ကြောင်းသိရသည်။ သမ္မတ မာဒူရိုကို အမေရိကန်အထူးတပ်ဖွဲ့က မဖမ်းခင် ဗင်နီဇွဲလား အစိုးရအဖွဲ့အတွင်းရှိ စီအိုင်အေအရင်းအမြစ်က မာဒူရို နှင့်ပတ်သက်ပြီး လှုပ်ရှားမှုတိုင်းကို အနီးကပ်စောင့်ကြည့်နေခဲ့ကြောင်း အထူးသဖြင့် သမ္မတ မာဒူရို၏ နေရာများကို စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။ အမေရိကန်အထူးတပ်ဖွဲ့သည် မာဒူရိုကို မဖမ်းခင် ကိုယ်ပျောက်ဒရုန်းများကိုလည်း အသုံးပြုခဲ့သလို ဗင်နီဇွဲလား အစိုးရအဖွဲ့အတွင်းရှိ အရင်းအမြစ် များထံမှ သတင်းအချက်လက်များကိုလည်း ရယူနိုင်ခဲ့ကြောင်းသိရသည်။ အမေရိကန်ပြည်ပထောက်လှမ်းရေး အဖွဲ့ စီအိုင်အေ၏ အရာရှိများသည် သြဂုတ်လနောက်ပိုင်းတည်းက ဗင်နီဇွဲလား မြေပြင်ကို ရောက်ရှိခဲ့ပြီး ဗင်နီဇွဲလား သမ္မတ၏ နေရာနှင့် လှုပ်ရှားမှုများကို သိရှိစေရန် ကြိုးပမ်းခဲ့ကြောင်းသိရသည်။ စီအိုင်အေ အရာရှိများသည် ဗင်နီဇွဲလား သမ္မတ ၏ နေရာကို အတိကျသိစေရန် အခြားအရင်းအမြစ်အသစ်များကိုလည်း ထပ်မံ မွေးမြူခဲ့ကြောင်းသိရသည်။ အမေရိကန်အစိုးရကလည်း မာဒူရို ဖမ်းဆီးနိုင်ရန် အမေရိကန်ဒေါလာ သန်း (၅၀) ပေးမည်ဟု ဆုကြေးထုတ်ပြန်ခဲ့ရာ အဲဒီအချက်က စီအိုင်အေအတွက် များစွာ အထောက်ကူ ဖြစ်စေခဲ့ကြောင်းသိရသည်။အမေရိကန် အထူးတပ်ဖွဲ့သည် စီအိုင်အေ အပြင် ဗင်နီဇွဲလား အစိုးရအဖွဲ့အတွင်းရှိ အရင်းအမြစ်များ၏ အကူညီကို ရယူပြီး သမ္မတ မာဒူရို နှင့် သမ္မတ ကတော်ကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
သမၼတမာဒူ႐ိုကို ဖမ္းဆီးႏိုင္ရန္ ဗင္နီဇြဲလားအစိုးရအဖြဲ႕အတြင္းရွိ အရင္းအျမစ္မ်ားကူညီေပးခဲ့ဟုဆို
ဂ်န္ဇက္(NP News) ဇန္နဝါရီ ၄
ဗင္နီဇြဲလား အစိုးရအဖြဲ႕အတြင္းရွိ အေမရိကန္ စီအိုင္ေအ အရင္းအျမစ္က ဗင္နီဇြဲလား သမၼတ မာဒူ႐ိုကို ဖမ္းဆီးႏိုင္ရန္ ကူညီေပးခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ သတင္းဌာနေတြက ေရးသားေဖာ္ျပၾကသည္။အေမရိကန္ႏိုင္ငံသည္ ဇန္နဝါရီ ၃ ရက္ေန႔တြင္ ဗင္နီဇြဲလားႏိုင္ငံကို တိုက္ခိုက္ၿပီး ဗင္နီဇြဲလား သမၼတ မာဒူ႐ို ႏွင့္ သမၼတ ကေတာ္ကို ဖမ္းဆီးႏိုင္ခဲ့ ေၾကာင္းသိရသည္။ သမၼတ မာဒူ႐ိုကို အေမရိကန္အထူးတပ္ဖြဲ႕က မဖမ္းခင္ ဗင္နီဇြဲလား အစိုးရအဖြဲ႕အတြင္းရွိ စီအိုင္ေအအရင္းအျမစ္က မာဒူ႐ို ႏွင့္ပတ္သက္ၿပီး လႈပ္ရွားမႈတိုင္းကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့ေၾကာင္း အထူးသျဖင့္ သမၼတ မာဒူ႐ို၏ ေနရာမ်ားကို ေစာင့္ၾကည့္ေနခဲ့ေၾကာင္း သိရသည္။ အေမရိကန္အထူးတပ္ဖြဲ႕သည္ မာဒူ႐ိုကို မဖမ္းခင္ ကိုယ္ေပ်ာက္ဒ႐ုန္းမ်ားကိုလည္း အသုံးျပဳခဲ့သလို ဗင္နီဇြဲလား အစိုးရအဖြဲ႕အတြင္းရွိ အရင္းအျမစ္ မ်ားထံမွ သတင္းအခ်က္လက္မ်ားကိုလည္း ရယူႏိုင္ခဲ့ေၾကာင္းသိရသည္။ အေမရိကန္ျပည္ပေထာက္လွမ္းေရး အဖြဲ႕ စီအိုင္ေအ၏ အရာရွိမ်ားသည္ ၾသဂုတ္လေနာက္ပိုင္းတည္းက ဗင္နီဇြဲလား ေျမျပင္ကို ေရာက္ရွိခဲ့ၿပီး ဗင္နီဇြဲလား သမၼတ၏ ေနရာႏွင့္ လႈပ္ရွားမႈမ်ားကို သိရွိေစရန္ ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။ စီအိုင္ေအ အရာရွိမ်ားသည္ ဗင္နီဇြဲလား သမၼတ ၏ ေနရာကို အတိက်သိေစရန္ အျခားအရင္းအျမစ္အသစ္မ်ားကိုလည္း ထပ္မံ ေမြးျမဴခဲ့ေၾကာင္းသိရသည္။ အေမရိကန္အစိုးရကလည္း မာဒူ႐ို ဖမ္းဆီးႏိုင္ရန္ အေမရိကန္ေဒါလာ သန္း (၅၀) ေပးမည္ဟု ဆုေၾကးထုတ္ျပန္ခဲ့ရာ အဲဒီအခ်က္က စီအိုင္ေအအတြက္ မ်ားစြာ အေထာက္ကူ ျဖစ္ေစခဲ့ေၾကာင္းသိရသည္။အေမရိကန္ အထူးတပ္ဖြဲ႕သည္ စီအိုင္ေအ အျပင္ ဗင္နီဇြဲလား အစိုးရအဖြဲ႕အတြင္းရွိ အရင္းအျမစ္မ်ား၏ အကူညီကို ရယူၿပီး သမၼတ မာဒူ႐ို ႏွင့္ သမၼတ ကေတာ္ကို အလြယ္တကူ ဖမ္းဆီးႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။