အီရန်ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ကြားဝင်စွက်ဖက်မည်ဟု အမေရိကန်သမ္မတ သတိပေး

 1131

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၄

အီရန် အာဏာပိုင်များအနေဖြင့် ဆန္ဒပြသူများကို အဆင်ခြင့်မဲ့ သတ်ဖြတ်မှုများဆက်လက်လုပ်ဆောင်နေမည်ဆိုလျှင် အမေရိကန်အစိုးရက အီရန်နိုင်ငံရေးကို ကြားဝင်စွက်ဖက်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတထရမ့်က သတိပေးလိုက်သည်။
အီရန်နိုင်ငံတွင် စီးပွားရေးကျဆင်းမှုများကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဆန္ဒပြပွဲများဖြစ်လာခဲ့ရာ အီရန်လုံခြုံရေးအဖွဲ့များ၏ ဖြိုခွင်းမှုများကြောင့် အီရန်ဆန္ဒပြသူ အနည်းဆုံး ၁၂ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတက ဆန္ဒပြပွဲတွင် ပါဝင်သူများကို ကယ်ထုတ်သွားမည်ဖြစ်ကြောင်းပြောသည်။
အမေရိကန်သမ္မတ က "အီရန်အာဏာပိုင်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို သတ်ဖြတ်မှုများ ဆက်လုပ်နေမယ်ဆိုရင် အမေရိကန်တပ်ဖွဲ့များက ဆန္ဒပြသူများကို ကယ်ထုတ်သွားမယ်" ဟု ပြောသည်။
အီရန်နိုင်ငံတွင် စီးပွားရေး ကျဆင်းမှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားနေခြင်းက သီတင်းပတ် တစ်ပတ်ကြာမြင့်နေပြီဖြစ်သည်။ အမေရိကန်သမ္မတသည် အီရန်နိုင်ငံနှင့်ပတ်သက်ပြီး မည့်သို့ပါဝင်ဆောင်ရွက်မည်ဆိုသောအချက်ကို အတိအကျထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိကြောင်း သိရသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သမ္မတ၏ ပြောဆိုချက်များကို ပယ်ချထားသလို အီရနိဘာသာရေးခေါင်းဆောင်ကလည်း ဆန္ဒပြပွဲအတွင်း အကြမ်းဖက်သမားများ ပါဝင်နေကြောင်း ပြောသည်။
အီရန်နိုင်ငံတွင် ဆန္ဒပြပွဲများသည် နိုင်ငံတဝှမ်းကူးစက်ပျံနှံ့လာပြီး လုံခြုဲရေးအဖွဲ့များနှင့် ဆန္ဒပြသူများကြား ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။

Zawgyi Version:
အီရန္ဆႏၵျပပြဲႏွင့္ပတ္သက္ၿပီး ၾကားဝင္စြက္ဖက္မည္ဟု အေမရိကန္သမၼတ သတိေပး
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၄
အီရန္ အာဏာပိုင္မ်ားအေနျဖင့္ ဆႏၵျပသူမ်ားကို အဆင္ျခင့္မဲ့ သတ္ျဖတ္မႈမ်ားဆက္လက္လုပ္ေဆာင္ေနမည္ဆိုလွ်င္ အေမရိကန္အစိုးရက အီရန္ႏိုင္ငံေရးကို ၾကားဝင္စြက္ဖက္မည္ျဖစ္ေၾကာင္း အေမရိကန္ သမၼတထရမ့္က သတိေပးလိုက္သည္။
အီရန္ႏိုင္ငံတြင္ စီးပြားေရးက်ဆင္းမႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ရာ အီရန္လုံၿခဳံေရးအဖြဲ႕မ်ား၏ ၿဖိဳခြင္းမႈမ်ားေၾကာင့္ အီရန္ဆႏၵျပသူ အနည္းဆုံး ၁၂ ဦး ေသဆုံး ခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတက ဆႏၵျပပြဲတြင္ ပါဝင္သူမ်ားကို ကယ္ထုတ္သြားမည္ျဖစ္ေၾကာင္းေျပာသည္။
အေမရိကန္သမၼတ က "အီရန္အာဏာပိုင္ေတြဟာ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူမ်ားကို သတ္ျဖတ္မႈမ်ား ဆက္လုပ္ေနမယ္ဆိုရင္ အေမရိကန္တပ္ဖြဲ႕မ်ားက ဆႏၵျပသူမ်ားကို ကယ္ထုတ္သြားမယ္" ဟု ေျပာသည္။
အီရန္ႏိုင္ငံတြင္ စီးပြားေရး က်ဆင္းမႈေၾကာင့္ ဆႏၵျပပြဲမ်ား ျဖစ္ပြားေနျခင္းက သီတင္းပတ္ တစ္ပတ္ၾကာျမင့္ေနၿပီျဖစ္သည္။ အေမရိကန္သမၼတသည္ အီရန္ႏိုင္ငံႏွင့္ပတ္သက္ၿပီး မည့္သို႔ပါဝင္ေဆာင္႐ြက္မည္ဆိုေသာအခ်က္ကို အတိအက်ထုတ္ေဖာ္ေျပာဆိုျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးက အေမရိကန္သမၼတ၏ ေျပာဆိုခ်က္မ်ားကို ပယ္ခ်ထားသလို အီရနိဘာသာေရးေခါင္းေဆာင္ကလည္း ဆႏၵျပပြဲအတြင္း အၾကမ္းဖက္သမားမ်ား ပါဝင္ေနေၾကာင္း ေျပာသည္။
အီရန္ႏိုင္ငံတြင္ ဆႏၵျပပြဲမ်ားသည္ ႏိုင္ငံတဝွမ္းကူးစက္ပ်ံႏွံ႔လာၿပီး လုံၿခဳဲေရးအဖြဲ႕မ်ားႏွင့္ ဆႏၵျပသူမ်ားၾကား ထိပ္တိုက္ေတြ႕ဆုံေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.