မက္ကဆီကို၊ကိုလံဘီယာနဲ့ကျူးဘားတို့အတွက် လျှို့ဝှက်သတိပေးချက်တွေကို ဒေါ်နယ်ထရမ့်ထုတ်ပြန်

 766

Pika (NP News) - ဇန်နဝါရီ ၅

မက္ကဆီကို၊ကိုလံဘီယာနဲ့ကျူးဘားနိုင်ငံတို့ရဲ့အစိုးရတွေအတွက် လျှို့ဝှက်သတိပေးချက်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်က နီကိုလက်စ်မာဒူရိုကို မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်သမားအဖြစ် ဖော်ပြပြောဆိုခဲ့ပြီး ဗင်နီဇွဲလားမှာ လုပ်ဆောင်ခဲ့တဲ့အမေရိကန်ရဲ့စစ်ဆင်ရေးကို ကာကွယ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ဆင်ရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေအပေါ် သက်ရောက်မှုတွေအတွက် မေးခွန်းတွေကို ဒေါ်နယ်ထရမ့် က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “နီကိုလက်စ်မာဒူရိုရဲ့အနီးကပ်ဆုံးမိတ်ဖက်က ကိုလံဘီယာသမ္မတဂူစတာဗိုပက်ထရို ဖြစ်ပါတယ်။
သူ့မှာ ကိုကင်းထုတ်လုပ်တဲ့စက်ရုံတွေ ရှိပါတယ်။ ဂူစာဗိုပက်ထရိုက ကိုယ့်ကိုယ်ကိုယ် သတိထားသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဗင်နီဇွဲလားနဲ့ဆင်တူတဲ့ ကျူးဘားနိုင်ငံက ပြည်သူတွေကိုလည်း အမေရိကန်က ကူညီလိုတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ဗင်နီဇွဲလားနဲ့ဆင်တူတဲ့ကျူးဘားက ပြည်သူတွေ အားလုံးကို ကျွန်တော်တို့ ကူညီချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် မူးယစ်ဆေးဝါးဂိုဏ်းတွေက ထိန်းချုပ်ထားတဲ့မက္ကဆီကိုနိုင်ငံကိုလည်း တစ်ခုခုလုပ်မှဖြစ်တော့မယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
Pika (NP News) - ဇန္နဝါရီ ၅

မကၠဆီကို၊ကိုလံဘီယာနဲ႔က်ဴးဘားႏိုင္ငံတို႔ရဲ႕အစိုးရေတြအတြက္ လွ်ိဳ႕ဝွက္သတိေပးခ်က္ေတြကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္တပ္ဖြဲ႕ေတြက ဗင္နီဇြဲလားသမၼတ နီကိုလက္စ္မာဒူ႐ိုကို ဖမ္းဆီးခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္က နီကိုလက္စ္မာဒူ႐ိုကို မူးယစ္ေဆးဝါးနဲ႔ အၾကမ္းဖက္သမားအျဖစ္ ေဖာ္ျပေျပာဆိုခဲ့ၿပီး ဗင္နီဇြဲလားမွာ လုပ္ေဆာင္ခဲ့တဲ့အေမရိကန္ရဲ႕စစ္ဆင္ေရးကို ကာကြယ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
စစ္ဆင္ေရးနဲ႔ပတ္သက္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြအေပၚ သက္ေရာက္မႈေတြအတြက္ ေမးခြန္းေတြကို ေဒၚနယ္ထရမ့္ က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “နီကိုလက္စ္မာဒူ႐ိုရဲ႕အနီးကပ္ဆုံးမိတ္ဖက္က ကိုလံဘီယာသမၼတဂူစတာဗိုပက္ထ႐ို ျဖစ္ပါတယ္။
သူ႔မွာ ကိုကင္းထုတ္လုပ္တဲ့စက္႐ုံေတြ ရွိပါတယ္။ ဂူစာဗိုပက္ထ႐ိုက ကိုယ့္ကိုယ္ကိုယ္ သတိထားသင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဗင္နီဇြဲလားနဲ႔ဆင္တူတဲ့ က်ဴးဘားႏိုင္ငံက ျပည္သူေတြကိုလည္း အေမရိကန္က ကူညီလိုတယ္လို႔ ေဒၚနယ္ထရမ့္က ထပ္မံေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ဗင္နီဇြဲလားနဲ႔ဆင္တူတဲ့က်ဴးဘားက ျပည္သူေတြ အားလုံးကို ကြၽန္ေတာ္တို႔ ကူညီခ်င္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ မူးယစ္ေဆးဝါးဂိုဏ္းေတြက ထိန္းခ်ဳပ္ထားတဲ့မကၠဆီကိုႏိုင္ငံကိုလည္း တစ္ခုခုလုပ္မွျဖစ္ေတာ့မယ္လို႔ ေဒၚနယ္ထရမ့္က ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.