MMDAA ထိန်းချုပ်ထားသည့် ချင်း‌ရွှေဟော် ဂိတ်မှ ကုန်ကား (၂၀၀) ကျော် ‌နေ့စဉ် ကုန်သွယ်နေ

 3130

Pearl (NP News) - ဇန်နဝါရီ ၅

မြန်မာ- တရုတ်နယ်စပ် ကိုးကန့် MMDAA များထိန်းချုပ်ထားသည့် လောက်ကိုင်ခရိုင် ချင်း‌ရွှေဟော်နယ်စပ် ကုန်သွယ်ရေး ဂိတ်မှ ကုန်ကား (၂၀၀) ကျော် ‌နေ့စဉ် တရုတ်ဘက်သို့ကုန်သွယ်နေကြောင်း ကိုးကန့်သတင်းကွန်ရက်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်မှ နေ့စဉ် ကုန်တင်ယာဉ် အစီးရေ (၂၀၀) ကျော် ပြည်ပသို့ ထွက်ခွာလျက်ရှိရာ ကြံသယ်ယူပို့ဆောင်ရေးယာဉ် (၅၀) ရာခိုင်နှုန်းကျော်နှင့် ပြောင်းဖူးသယ်ယူပို့ဆောင်ရေးယာဉ် (၄၀) ရာခိုင်နှုန်းခန့် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိကာလသည် ကိုးကန့်ဒေသအတွင်း စိုက်ပျိုးရေးထွက်ကုန်များ ရိတ်သိမ်းချိန်ဖြစ်သည် နှင့်အညီ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ကုန်စည်စီးဆင်းမှု မြင့်တက်လာပြီး ကြံ၊ ပြောင်းဖူး အပါအဝင် လယ်ယာထွက်ကုန်များနှင့် နေ့စဉ်သုံး ကုန်ပစ္စည်းများ တင်ဆောင်သည့် ကုန်တင်ယာဉ်ကြီးများ နေ့စဉ် ဝင်ထွက်သွားလာမှု များပြားလာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

တာဝန်ရှိသူများ၏ နှစ်ဖက်ညှိနှိုင်းမှုအရ ပြောင်းဖူးတင်ပို့သည့် ယာဉ်များကို ဦးစားပေးလမ်းကြောင်းဖြင့် ဖြတ်သန်းခွင့်ပြုထားသကဲ့သို့ ကြံတင်ပို့မှု ပမာဏကိုလည်း အာမခံချက်ပေးထားပြီး လယ်ယာထွက်ကုန် တင်ပို့သည့် ယာဉ်တန်းများ လျင်မြန်စွာ ဖြတ်သန်းနိုင်ရေးကို အထူးဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ချင်း‌ရွှေဟော်ဂိတ်ကို ကိုးကန့်တပ်ကပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ မတ်လကပင် ပြန်ဖွင့်ခဲ့သော်လည်း တရုတ်ဘက်မှ မဖွင့်ပေးခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေခဲ့ရာမှ ယခုကဲ့သို့ ကုန်သွယ်ရေးများ ပြန်စလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:

ျမန္မာ- တ႐ုတ္နယ္စပ္ ကိုးကန႔္ MMDAA မ်ားထိန္းခ်ဳပ္ထားသည့္ ေလာက္ကိုင္ခ႐ိုင္ ခ်င္း‌ေ႐ႊေဟာ္နယ္စပ္ ကုန္သြယ္ေရး ဂိတ္မွ ကုန္ကား (၂၀၀) ေက်ာ္ ‌ေန႔စဥ္ တ႐ုတ္ဘက္သို႔ကုန္သြယ္ေနေၾကာင္း ကိုးကန႔္သတင္းကြန္ရက္၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။
အဆိုပါ ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရးဂိတ္မွ ေန႔စဥ္ ကုန္တင္ယာဥ္ အစီးေရ (၂၀၀) ေက်ာ္ ျပည္ပသို႔ ထြက္ခြာလ်က္ရွိရာ ႀကံသယ္ယူပို႔ေဆာင္ေရးယာဥ္ (၅၀) ရာခိုင္ႏႈန္းေက်ာ္ႏွင့္ ေျပာင္းဖူးသယ္ယူပို႔ေဆာင္ေရးယာဥ္ (၄၀) ရာခိုင္ႏႈန္းခန႔္ တို႔ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
လက္ရွိကာလသည္ ကိုးကန႔္ေဒသအတြင္း စိုက္ပ်ိဳးေရးထြက္ကုန္မ်ား ရိတ္သိမ္းခ်ိန္ျဖစ္သည္ ႏွင့္အညီ ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရးဂိတ္တြင္ ကုန္စည္စီးဆင္းမႈ ျမင့္တက္လာၿပီး ႀကံ၊ ေျပာင္းဖူး အပါအဝင္ လယ္ယာထြက္ကုန္မ်ားႏွင့္ ေန႔စဥ္သုံး ကုန္ပစၥည္းမ်ား တင္ေဆာင္သည့္ ကုန္တင္ယာဥ္ႀကီးမ်ား ေန႔စဥ္ ဝင္ထြက္သြားလာမႈ မ်ားျပားလာျခင္းေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈ ျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။
တာဝန္ရွိသူမ်ား၏ ႏွစ္ဖက္ညႇိႏႈိင္းမႈအရ ေျပာင္းဖူးတင္ပို႔သည့္ ယာဥ္မ်ားကို ဦးစားေပးလမ္းေၾကာင္းျဖင့္ ျဖတ္သန္းခြင့္ျပဳထားသကဲ့သို႔ ႀကံတင္ပို႔မႈ ပမာဏကိုလည္း အာမခံခ်က္ေပးထားၿပီး လယ္ယာထြက္ကုန္ တင္ပို႔သည့္ ယာဥ္တန္းမ်ား လ်င္ျမန္စြာ ျဖတ္သန္းႏိုင္ေရးကို အထူးဦးစားေပး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။
ခ်င္း‌ေ႐ႊေဟာ္ဂိတ္ကို ကိုးကန႔္တပ္ကၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္၊ မတ္လကပင္ ျပန္ဖြင့္ခဲ့ေသာ္လည္း တ႐ုတ္ဘက္မွ မဖြင့္ေပးခဲ့သည့္အတြက္ နယ္စပ္ကုန္သြယ္ေရးရပ္တန႔္ေနခဲ့ရာမွ ယခုကဲ့သို႔ ကုန္သြယ္ေရးမ်ား ျပန္စလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.