ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းတည်ဆောက်နေ

 994

သန့်ဇင်(NP News)-ဇန်နဝါရီ ၅

ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ပြီး သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် ခေတ်မီမျိုးချစ်တပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းတည်ဆောက်နေကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့(ဇန်နဝါရီ ၄ရက်) မန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပသော တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသောအာမခံချက်သည် စွမ်းရည်ထက်မြက် သည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ် တည်ဆောက်ပိုင်ဆိုင်ထားနိုင်ခြင်းပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်မည်ဆိုပါကလည်း မိမိနိုင်ငံ၏ နယ်နိမိတ်အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် စစ်အင် အားများတိုးချဲ့ခြင်းနှင့်ခေတ်မီလက်နက်အသစ်အဆန်းများ စမ်းသပ်တီထွင်ထုတ်လုပ်ခြင်းများ အပြိုင်အဆိုင်ဆောင်ရွက်နေကြသည်ကို တွေ့ကြရမည်ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့အပြင် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင်လည်း Balance of Power ဟုခေါ်သည့် အင်အားချိန်ခွင်လျှာပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှု ကိစ္စရပ်များနှင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ကြောင့် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ပြီး သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ် စေရေး အတွက် မိမိတို့နိုင်ငံ၏ တပ်မတော်ကိုလည်း တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား တည်ဆောက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏မူဝါဒနှင့် ဦးတည်ချက်များကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဆိုသည်။
စတုတ္ထလက်ရှိအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များမှ အချက်ဖြစ်သည့် “ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင် စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” လုပ်ငန်းစဉ်တွင်လည်း ယနေ့ထက်တိုင် လိုက်ပါအကောင်အထည်ဖော် ဆောင်နေလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ဒီမိုကရေစီစနစ်ပီပြင်ခိုင်မာရန်ဆိုပါက ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပြီး တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawgyi Version:

ကမာၻႏွင့္ရင္ေပါင္တန္းႏိုင္ၿပီး သမား႐ိုးက်စစ္ပြဲမ်ား ဆင္ႏႊဲႏိုင္ေရးႏွင့္ ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံေပၚတြင္ အသုံးခ်ခံမျဖစ္ေစေရးအတြက္ ေခတ္မီမ်ိဳးခ်စ္တပ္မေတာ္ (Standard Army) တစ္ရပ္အျဖစ္ ရည္မွန္းတည္ေဆာက္ေနေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္း သာယာေရးေကာ္မရွင္ ဥကၠ႒ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယမန္ေန႔(ဇန္နဝါရီ ၄ရက္) မန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္၌ က်င္းပေသာ တပ္မေတာ္စြမ္းရည္သတၱိဆိုင္ရာ ဂုဏ္ထူးေဆာင္တံဆိပ္မ်ား ခ်ီးျမႇင့္အပ္ႏွင္းျခင္းအခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္၏ လြတ္လပ္ေရးႏွင့္အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးအတြက္ အေကာင္းဆုံးေသာအာမခံခ်က္သည္ စြမ္းရည္ထက္ျမက္ သည့္ ကာကြယ္ေရးစြမ္းအားစုတစ္ရပ္ တည္ေဆာက္ပိုင္ဆိုင္ထားႏိုင္ျခင္းပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
မ်က္ေမွာက္ေခတ္ ကမာၻ႔ႏိုင္ငံအသီးသီးကို ၾကည့္မည္ဆိုပါကလည္း မိမိႏိုင္ငံ၏ နယ္နိမိတ္အဓြန႔္ရွည္တည္တံ့ ခိုင္ၿမဲေရးအတြက္ စစ္အင္ အားမ်ားတိုးခ်ဲ႕ျခင္းႏွင့္ေခတ္မီလက္နက္အသစ္အဆန္းမ်ား စမ္းသပ္တီထြင္ထုတ္လုပ္ျခင္းမ်ား အၿပိဳင္အဆိုင္ေဆာင္႐ြက္ေနၾကသည္ကို ေတြ႕ၾကရမည္ပင္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔အျပင္ ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံေပၚတြင္လည္း Balance of Power ဟုေခၚသည့္ အင္အားခ်ိန္ခြင္လွ်ာပ်က္ယြင္းျခင္း၊ ဗိုလ္က်စိုးမိုးျခင္း၊ အင္အားၿပိဳင္ဆိုင္မႈ ကိစၥရပ္မ်ားႏွင့္ ႐ုပ္ေသးအစိုးရျဖစ္ေစေရး ႀကိဳးစားမႈမ်ား မ်ားျပားလ်က္ရွိသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ကမာၻႏွင့္ရင္ေပါင္တန္းႏိုင္ၿပီး သမား႐ိုးက်စစ္ပြဲမ်ား ဆင္ႏႊဲႏိုင္ေရးႏွင့္ ကမာၻ႔ႏိုင္ငံေရးဇာတ္ခုံေပၚတြင္ အသုံးခ်ခံမျဖစ္ ေစေရး အတြက္ မိမိတို႔ႏိုင္ငံ၏ တပ္မေတာ္ကိုလည္း တိုက္စြမ္းရည္ႏွင့္တိုက္စြမ္းအားရွိသည့္ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္သည့္ ေခတ္မီမ်ိဳးခ်စ္တပ္မေတာ္ (Standard Army) တစ္ရပ္အျဖစ္ ရည္မွန္းခ်က္ထား တည္ေဆာက္လ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
တပ္မေတာ္သည္ ေခတ္အဆက္ဆက္တြင္ ႏိုင္ငံေတာ္၏မူဝါဒႏွင့္ ဦးတည္ခ်က္မ်ားကို လိုက္ပါအေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့သည္မွာ အားလုံးအသိပင္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကဆိုသည္။
စတုတၳလက္ရွိအမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ ဦးတည္ခ်က္မ်ားမွ အခ်က္ျဖစ္သည့္ “ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြး ေကာက္ပြဲလုပ္ငန္းစဥ္မ်ား ေအာင္ျမင္ၿပီး ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္တသည့္ ပါတီစုံဒီမိုကေရစီစနစ္ကို ေအာင္ျမင္ စြာေလွ်ာက္လွမ္းႏိုင္ေရး ျပည္သူလူထု၏ ပူးေပါင္းပါဝင္မႈျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး” လုပ္ငန္းစဥ္တြင္လည္း ယေန႔ထက္တိုင္ လိုက္ပါအေကာင္အထည္ေဖာ္ ေဆာင္ေနလ်က္ရွိေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ျပည္သူလူထုတစ္ရပ္လုံး လိုလားေတာင့္တသည့္ ဒီမိုကေရစီစနစ္ပီျပင္ခိုင္မာရန္ဆိုပါက ျပည္သူလူထုတစ္ရပ္လုံးအေနျဖင့္လည္း ေ႐ြးေကာက္ ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရး လုပ္ငန္းစဥ္မ်ားတြင္ ပူးေပါင္းပါဝင္ၾကရမည္ျဖစ္ၿပီး တပ္မေတာ္အေနျဖင့္လည္း ျပည္သူလူထုႏွင့္အတူ လက္တြဲႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.