ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရင်းနှီးမြှုပ်နှံမှု (၆) ခု အတည်ပြုပေးခဲ့

 461

သန့်ဇင်(NP News)-ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရင်းနှီးမြှုပ်နှံမှု (၆) ခု အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ (၃၀) ရက်၊ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု တို့ကို အတည်ပြုပေးပြီးဖြစ်ကြောင်း သိရသည်။

အတည်ပြုပေးသည့် လုပ်ငန်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများထုတ်လုပ်၍ ၁၀၀% ပြည်တွင်း၌ ရောင်းချခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲ၍ ပြည်ပသို့ ၉ဝ.၇၄% တင်ပို့၍ ပြည်တွင်း၌ ၉.၂၆% ထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာထွက်သီးနှံများအား တန်ဖိုးမြှင့်တင်ထုတ်လုပ်ပြီး ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ Recycle Metal scraps Product အမျိုးမျိုးအား ခွဲခြားထုတ်ပိုး၍ ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် လောင်စာဆီသုံး (၂) ဘီး၊ (၃) ဘီး မော်တော်ဆိုင်ကယ်အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း၌ ၁၀၀% ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် (၉,၅၆၄ ဒသမ ၀၂၀) သန်း၊ အမေရိကန်ဒေါ်လာ (၄ ဒသမ ၉၈၈) သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၄၁၅) ဦး ဖန်တီးပေးနိုင်ကြောင်း သိရသည်။

Zawgyi Version:

ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက ၿပီးခဲ့သည့္ ဒီဇင္ဘာလ ေနာက္ဆုံးပတ္တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ (၆) ခု အတည္ျပဳေပးခဲ့ေၾကာင္း သိရသည္။
ဒီဇင္ဘာ (၃၀) ရက္၊ နံနက္ပိုင္းက ရန္ကင္းၿမိဳ႕နယ္၊ တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ႐ုံး၌ က်င္းပခဲ့ေသာ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ (၁၂/၂၀၂၅) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ အတည္ျပဳေပးခဲ့ျခင္း ျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီသည္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးက႑တြင္ ရာခိုင္ႏႈန္းျပည့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၁) ခု၊ စက္မႈက႑တြင္ ရာခိုင္ႏႈန္းျပည့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂) ခု၊ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂) ခုႏွင့္ အျခားဝန္ေဆာင္မႈက႑တြင္ ဖက္စပ္ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း(၁)ခု တို႔ကို အတည္ျပဳေပးၿပီးျဖစ္ေၾကာင္း သိရသည္။
အတည္ျပဳေပးသည့္ လုပ္ငန္းမ်ားမွာ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းမ်ားထုတ္လုပ္၍ ၁၀၀% ျပည္တြင္း၌ ေရာင္းခ်ျခင္းလုပ္ငန္း၊ ဆန္ႀကိတ္ခြဲ၍ ျပည္ပသို႔ ၉ဝ.၇၄% တင္ပို႔၍ ျပည္တြင္း၌ ၉.၂၆% ထုတ္လုပ္တင္ပို႔ ေရာင္းခ်ျခင္းလုပ္ငန္း၊ လယ္ယာထြက္သီးႏွံမ်ားအား တန္ဖိုးျမႇင့္တင္ထုတ္လုပ္ၿပီး ၁၀၀% ျပည္ပသို႔ တင္ပို႔ျခင္းလုပ္ငန္း၊ Recycle Metal scraps Product အမ်ိဳးမ်ိဳးအား ခြဲျခားထုတ္ပိုး၍ ၁၀၀% ျပည္ပသို႔ တင္ပို႔ျခင္းလုပ္ငန္း၊ SKD စနစ္ျဖင့္ ေလာင္စာဆီသုံး (၂) ဘီး၊ (၃) ဘီး ေမာ္ေတာ္ဆိုင္ကယ္အမ်ိဳးမ်ိဳး တပ္ဆင္ျခင္း၊ ထုတ္လုပ္ျခင္းႏွင့္ ျပည္တြင္း၌ ၁၀၀% ျဖန႔္ျဖဴးေရာင္းခ်ျခင္းလုပ္ငန္းႏွင့္ ဟိုတယ္ဝန္ေဆာင္မႈ လုပ္ငန္းတို႔ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းပမာဏမွာ က်ပ္ (၉,၅၆၄ ဒသမ ၀၂၀) သန္း၊ အေမရိကန္ေဒၚလာ (၄ ဒသမ ၉၈၈) သန္း ျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္း (၄၁၅) ဦး ဖန္တီးေပးႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.