မြဝတီမြို့အနီးက AA ဆိုက်တွင် တရားမဝင် မွေးမြူထားသည့် ကျားနှစ်ကောင်၊ ခြင်္သေမတစ်ကောင်နှင့် ဝက်ဝံတစ်ကောင်ကို သစ်ကတီရှိ ဆိုက်သစ်တွင် ရွေ့ထားဟုဆို

 8137

သုတကျော် (NP News) - ဇန်နဝါရီ ၅

မြဝတီမြို့အနီးက AA ဆိုက်တွင် တရားမဝင် မွေးမြူခဲ့သည့် ကျားနှစ်ကောင်၊ ခြင်္သေမတစ်ကောင် နှင့် ဝက်ဝံ တစ်ကောင်ကို သစ်ကတီကျေးရွာရှိ ဆိုက်သစ်တွင် ရွေ့ထားကြောင်း ယင်းနှင့် ပတ်သက်၍ သိရှိသူများထံက သိရသည်။
ယင်းသို့ ရွေ့ပြောင်းထားကြောင်းကို လူမှုကွန်ယက် TikTok စာမျက်နှာများထက်တွင် တင်ထားခဲ့ကြခြင်းဖြစ်ပြီး မြင်တွေ့ရသောပုံစံအရ ကျားနှစ်ကောင်အနက် ရိုးရိုးကျားတစ်ကောင်နှင့် ကျားဖြူတစ်ကောင်ဖြစ်ကာ ယဉ်ပါးနေသည့် ပုံစံမျိုးလည်း ဖြစ်သည်။
ယင်းကျားများ နှင့် ပတ်သက်သော ဗွီဒီယို ကို TikTok အသုံးပြုသူ တစ်ဦးက ၎င်း၏ အကောင့်တွင် တင်ခဲ့ခြင်း ဖြစ်ပြီး ယင်း နှင့် ပတ်သက်၍ တစ်ဦးက မည်သည့် နေရာတွင် ခေါ်ထားသနည်း ဟု မှတ်ချက်ပေး မေးမြန်းရာ သစ်ကတီ တရုတ်ဆိုက်သစ် တွင် ထားသည်ဟု ဖြေကြားထားသည်။
“တပ်မဟာ (၇) ဘက် ဒေါနတောင်ဘက် သစ်ကတီမှာ။ တရုတ်ဆိုက်သစ် နေရာမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အလားတူ တရားမဝင် မွေးမြူထားသည့် တောရိုင်းတိရိစ္ဆာန် အရေအတည် မည်မျှ ရှိသည်ကိုမူ မသိရသေးပါ။
သစ်ကတီ ကျေးရွာ သည် လက်ရှိ KNA ဟု အမည်ပြောင်းလဲလိုက်သည့် ယခင် BGF ဟောင်း စောတင်ဝင်း ၏ အမာခံ နယ်မြေ ဖြစ်သည်။

Zawgyi Version:

ျမဝတီၿမိဳ႕အနီးက AA ဆိုက္တြင္ တရားမဝင္ ေမြးျမဴခဲ့သည့္ က်ားႏွစ္ေကာင္၊ ျခေသၤမတစ္ေကာင္ ႏွင့္ ဝက္ဝံ တစ္ေကာင္ကို သစ္ကတီေက်း႐ြာရွိ ဆိုက္သစ္တြင္ ေ႐ြ႕ထားေၾကာင္း ယင္းႏွင့္ ပတ္သက္၍ သိရွိသူမ်ားထံက သိရသည္။
ယင္းသို႔ ေ႐ြ႕ေျပာင္းထားေၾကာင္းကို လူမႈကြန္ယက္ TikTok စာမ်က္ႏွာမ်ားထက္တြင္ တင္ထားခဲ့ၾကျခင္းျဖစ္ၿပီး ျမင္ေတြ႕ရေသာပုံစံအရ က်ားႏွစ္ေကာင္အနက္ ႐ိုး႐ိုးက်ားတစ္ေကာင္ႏွင့္ က်ားျဖဴတစ္ေကာင္ျဖစ္ကာ ယဥ္ပါးေနသည့္ ပုံစံမ်ိဳးလည္း ျဖစ္သည္။
ယင္းက်ားမ်ား ႏွင့္ ပတ္သက္ေသာ ဗြီဒီယို ကို TikTok အသုံးျပဳသူ တစ္ဦးက ၎၏ အေကာင့္တြင္ တင္ခဲ့ျခင္း ျဖစ္ၿပီး ယင္း ႏွင့္ ပတ္သက္၍ တစ္ဦးက မည္သည့္ ေနရာတြင္ ေခၚထားသနည္း ဟု မွတ္ခ်က္ေပး ေမးျမန္းရာ သစ္ကတီ တ႐ုတ္ဆိုက္သစ္ တြင္ ထားသည္ဟု ေျဖၾကားထားသည္။
“တပ္မဟာ (၇) ဘက္ ေဒါနေတာင္ဘက္ သစ္ကတီမွာ။ တ႐ုတ္ဆိုက္သစ္ ေနရာမွာပါ” ဟု ျပန္လည္ ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
အလားတူ တရားမဝင္ ေမြးျမဴထားသည့္ ေတာ႐ိုင္းတိရိစာၦန္ အေရအတည္ မည္မွ် ရွိသည္ကိုမူ မသိရေသးပါ။
သစ္ကတီ ေက်း႐ြာ သည္ လက္ရွိ KNA ဟု အမည္ေျပာင္းလဲလိုက္သည့္ ယခင္ BGF ေဟာင္း ေစာတင္ဝင္း ၏ အမာခံ နယ္ေျမ ျဖစ္သည္။

Related news

© 2021. All rights reserved.