ဗင်နီဇွဲလားခေါင်းဆောင်အသစ်ကို အမေရိကန်သမ္မတ ထပ်မံခြိမ်းခြောက်

1723

ဂျန်ဇက် (NP News) ဇန်နဝါရီ ၅
အမေရိကန် သမ္မတ ဒေါနယ်ထရမ့်ဟာ ဗင်နီဇွဲလား သမ္မတ မာဒူရို နဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းဆီးလိုက်ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဗင်နီဇွဲလား ခေါင်းဆောင်အသစ်ကို ထပ်မံ ခြိမ်းခြောက်လိုက်ကြောင်း သိရပါတယ်။ ဗင်နီဇွဲလား ယာယီသမ္မတ အနေနဲ့ လုပ်ရမယ့်အရာများကို မှန်ကန်စွာ မလုပ်ဆောင်ဘူးဆိုရင် ကြီးမားတဲ့ပေးဆပ်မှုမျိုးပေးဆပ်ရဖွယ်ရှိနေပြီး ဖမ်းဆီးခံရတဲ့ သမ္မတ မာဒူရို ထက် ပိုမိုပေးဆပ်ရဖွယ်ရှိနေတယ်လို့ အမေရိကန် သမ္မတ က ပြောပါတယ်။ ဗင်နီဇွဲလားသမ္မတ ဖမ်းခံရပြီးနောက် နာရီပိုင်း အကြာမှာပဲ ဗင်နီဇွဲလား တရားရုံးချုပ်က ဒုတိယသမ္မတ ဖြစ်သူ ရိုဒရီဂွက်ဇ်ကို ယာယီ သမ္မတ အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ ရိုဒရီဂွက်ဇ်ဟာ သမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကိုဆန့်ကျင့်ကြောင်း လူသိရှင်ကြားဝေဖန်ထားသူဖြစ်ပါတယ်။ အမေရိကန်အစိုးရက ဗင်နီဇွဲလား နိုင်ငံ၏ခေါင်းဆောင်အသစ် အဖြစ်တာဝန်ယူမယ့် ရိုဒရီဂွက်ဇ် ဘက်က ရပ်တည်မဟုတ်ကြောင်း သမ္မတ ထရမ့်က ထပ်မံ ပြောဆိုထားပါတယ်။
ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့လုပ်ရပ်ကို တရုတ် အပါအဝင် ကမ္ဘာနိုင်ငံအချို့က ဝေဖန်ပြစ်တင်ထားပါတယ်။ အမေရိကန်အစိုးရဟာ ဗင်နီဇွဲလား သမ္မတ မာဒူရိုကို မူးယစ်ရာဇာတစ်ဦး အဖြစ်စွပ်စွဲကာ ဇန်နဝါရီလ ၃ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ဗင်နီဇွဲလား နိုင်ငံဟာ ရေနံကြွယ်ဝတဲ့ နိုင်ငံဖြစ်ပြီး အရန်ရေနံ စည်ပေါင်း ၃ဝဝဘီလျံကျော်ရှိနေတဲ့ နိုင်ငံဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတဟာ မာဒူရို ဖမ်းဆီးလိုက်ပြီးနောက် ဗင်နီဇွဲလားနိုင်ငံရဲ့ရေနံလုပ်ငန်းကို ထိန်းချုပ်သွားမှာဖြစ်ပြီး အမေရိကန်လုပ်ငန်းရှင်များကို ဗင်နီဇွဲလားရဲ့ ရေနံလုပ်ငန်းမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းထားပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားေခါင္းေဆာင္အသစ္ကို အေမရိကန္သမၼတ ထပ္မံၿခိမ္းေျခာက္
ဂ်န္ဇက္ (NP News) ဇန္နဝါရီ ၅
အေမရိကန္ သမၼတ ေဒါနယ္ထရမ့္ဟာ ဗင္နီဇြဲလား သမၼတ မာဒူ႐ို နဲ႔ ဇနီးျဖစ္သူတို႔ကို ဖမ္းဆီးလိုက္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ဗင္နီဇြဲလား ေခါင္းေဆာင္အသစ္ကို ထပ္မံ ၿခိမ္းေျခာက္လိုက္ေၾကာင္း သိရပါတယ္။ ဗင္နီဇြဲလား ယာယီသမၼတ အေနနဲ႔ လုပ္ရမယ့္အရာမ်ားကို မွန္ကန္စြာ မလုပ္ေဆာင္ဘူးဆိုရင္ ႀကီးမားတဲ့ေပးဆပ္မႈမ်ိဳးေပးဆပ္ရဖြယ္ရွိေနၿပီး ဖမ္းဆီးခံရတဲ့ သမၼတ မာဒူ႐ို ထက္ ပိုမိုေပးဆပ္ရဖြယ္ရွိေနတယ္လို႔ အေမရိကန္ သမၼတ က ေျပာပါတယ္။ ဗင္နီဇြဲလားသမၼတ ဖမ္းခံရၿပီးေနာက္ နာရီပိုင္း အၾကာမွာပဲ ဗင္နီဇြဲလား တရား႐ုံးခ်ဳပ္က ဒုတိယသမၼတ ျဖစ္သူ ႐ိုဒရီဂြက္ဇ္ကို ယာယီ သမၼတ အျဖစ္ ခန္႔အပ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ႐ိုဒရီဂြက္ဇ္ဟာ သမၼတ မာဒူ႐ိုကို ဖမ္းဆီးခဲ့တဲ့ အေမရိကန္ရဲ႕ လုပ္ရပ္ကိုဆန္႔က်င့္ေၾကာင္း လူသိရွင္ၾကားေဝဖန္ထားသူျဖစ္ပါတယ္။ အေမရိကန္အစိုးရက ဗင္နီဇြဲလား ႏိုင္ငံ၏ေခါင္းေဆာင္အသစ္ အျဖစ္တာဝန္ယူမယ့္ ႐ိုဒရီဂြက္ဇ္ ဘက္က ရပ္တည္မဟုတ္ေၾကာင္း သမၼတ ထရမ့္က ထပ္မံ ေျပာဆိုထားပါတယ္။
ဗင္နီဇြဲလားသမၼတကို ဖမ္းဆီးခဲ့တဲ့ အေမရိကန္ႏိုင္ငံရဲ႕လုပ္ရပ္ကို တ႐ုတ္ အပါအဝင္ ကမာၻႏိုင္ငံအခ်ိဳ႕က ေဝဖန္ျပစ္တင္ထားပါတယ္။ အေမရိကန္အစိုးရဟာ ဗင္နီဇြဲလား သမၼတ မာဒူ႐ိုကို မူးယစ္ရာဇာတစ္ဦး အျဖစ္စြပ္စြဲကာ ဇန္နဝါရီလ ၃ ရက္ေန႔မွာ ဖမ္းဆီးခဲ့ပါတယ္။ ဗင္နီဇြဲလား ႏိုင္ငံဟာ ေရနံႂကြယ္ဝတဲ့ ႏိုင္ငံျဖစ္ၿပီး အရန္ေရနံ စည္ေပါင္း ၃ဝဝ ဘီလ်ံေက်ာ္ရွိေနတဲ့ ႏိုင္ငံျဖစ္ေၾကာင္း သိရပါတယ္။
အေမရိကန္သမၼတဟာ မာဒူ႐ို ဖမ္းဆီးလိုက္ၿပီးေနာက္ ဗင္နီဇြဲလားႏိုင္ငံရဲ႕ေရနံလုပ္ငန္းကို ထိန္းခ်ဳပ္သြားမွာျဖစ္ၿပီး အေမရိကန္လုပ္ငန္းရွင္မ်ားကို ဗင္နီဇြဲလားရဲ႕ေရနံလုပ္ငန္းမွာ ပိုမိုရင္းႏွီးျမႇဳပ္ႏွံဖို႔ တိုက္တြန္းထားပါတယ္။