သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) ၏ မျက်စိဒါနကုသမှုအတွက် လာမည့် ဇန်နဝါရီ (၂၇)ရက်တွင် စာရင်းစတင် လက်ခံမည်

2007
ထိုက်စံ (NP News)- ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် တည်ရှိသော သီတဂူရွှေစင်မျက်စိဆေးရုံ (ရန်ကုန်) ၌ (၁၆) ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းအစီအစဉ်အတွက် လာမည့် ဇန်နဝါရီလ (၂၇) ရက်တွင် စာရင်းစတင်လက်ခံမည်ဖြစ်ကြောင်း သိရသည်။
မျက်စိကုသမှုခံယူလိုသော လူနာများအနေဖြင့် ဇန်နဝါရီလ (၂၇) ရက် ၊ နံနက် (၇) နာရီနာရီမှ စာရင်းစတင် ပေးသွင်းနိုင်ပြီး လူနာဦးရေ (၁,၅၀၀) ဦး အထိသာ လက်ခံမည် ဖြစ်ကြောင်းလည်း သိရသည်။
သတ်မှတ်ထားသော လူနာဦးရေ ၁,၅၀၀ ပြည့်သွားပါက ကျန်ရှိနေသော လျှောက်ထားသူများကို (တိုကင်နံပါတ် ၁,၅၀၁ မှစ၍) (၁၇) ကြိမ်မြောက် မျက်စိဒါနကုသမှုအစီအစဉ်တွင် ဦးစားပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ(၁၇) ကြိမ်မြောက် မျက်စိဒါနကုသမှု ကိုလည်း လာမည့် မတ်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version: