အမေရိကန်ရဲ့ စစ်ဆင်ရေးအတွင်း ကျူးဘား ဖိုက်တာများ အနည်းဆုံး ၃၂ ဦး​ သေဆုံးခဲ့ဟုဆို
 2095
ဂျန်ဇက်(NP News)ဇန်နဝါရီ ၅
အမေရိကန် စစ်တပ်က ဗင်နီဇွဲလား သမ္မတ မာဒူရို နဲ့ သမ္မတ ကတော်ကို ဖမ်းဆီးဖို့ ကြိုးပမ်းချိန်အတွင်း ကျူဘားနိုင်ငံသား ဖိုက်တာများ၃၂ ဦး သေဆုံးခဲ့ကြောင်း ကျူးဘား အစိုးရ က သတင်းထုတ်ပြန်ခဲ့ပါတယ်။သေဆုံးခဲ့တဲ့ ကျူးဘား နိုင်ငံသားများရဲ့ စျာပနကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ ကျူးဘား အစိုးရက ပြောပါတယ်။ ဗင်နီဇွဲလား အစိုးရရဲ့ တောင်းဆိုချက်အရ ကျူးဘားအစိုးရဟာ ကျူးဘား စစ်သားများကို ဗင်နီဇွဲလားနိုင်ငံကို စေလွတ်ခဲ့ရာ သေဆုံးသူများက ကျူးဘားစစ်သားများကို စေလွတ်ခဲ့ကြောင်းသိရပါတယ်။ကျူးဘားဟာ ဗင်နီဇွဲလားရဲ့ ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံ ဖြစ်ပြီး ဗင်နီဇွဲလား နိုင်ငံကို စစ်သားများ နဲ့ ရဲတပ်ဖွဲ့များစေလွတ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါကျူးဘားစစ်သားများဟာ ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးဖို့ အမေရိကန်အထူးတပ်ဖွဲ့ဝင်များက ကြိုးပမ်းချိန်အတွင်း သေဆုံးခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက အမေရိကန်အထူးတပ်ဖွဲ့ဝင်များရဲ့ စီးနင်းမှု အတွင်း အရပ်သားများ နဲ့ စစ်သားများ သေဆုံးခဲ့ကြောင်း သိရပါတယ်။ အမေရိကန် သမ္မတက သမ္မတ မာဒူရိုကို ဖမ်းဆီးဖို့ ကြိုးပမ်းချိန်အတွင်း ကျူးဘားနိုင်ငံသားများသေဆုံးခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များရဲ့ လက်ချက်ကြောင့် မဟုတ်ကြောင်း ပြောပါတယ်။ အမေရိကန် သမ္မတဟာ ဗင်နီဇွဲလား သမ္မတ ကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ ကိုလံဘီယာသမ္မတကို လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန် သမ္မတဟာ ကျူးဘား နိုင်ငံကို စစ်ရေးနည်းလမ်းသုံးမယ့် အလားလာ နည်းကြောင်း
ကျူးဘားဟာ အလိုလျောက် ကျဆုံးမယ့် အခြေနေမျိုးရှိနေကြောင်း ပြောပါတယ်။
Zawgyi Version:
Related news
© 2021. All rights reserved.