ဂင်းနစ်စံချိန်တစ်ခုကို ချိုးဖျက်ခဲ့သည့် ကြက်တောင်ရိုက်စက်ရုပ်

 302

Pika (NP News)ဇန်နဝါရီ ၅
တရုတ်ကုမ္ပဏီတစ်ခုက တီထွင်ဖန်တီးခဲ့ သော ကြက်တောင်ရိုက်စက်ရုပ်တစ်ရုပ်သည် တရုတ် နိုင်ငံ၏ ထိပ်တန်းကြက်တောင်ရိုက်ကစားသမားများ၏ အကူအညီများနှင့်အတူ (၁၄၅၂)ကြိမ်အထိ ကြက်တောင်ရိုက်ခဲ့ပြီးနောက် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ Zhejiang Shenchen Kaidong နည်းပညာကုမ္ပဏီက တီထွင်ဖန်တီးခဲ့သော ကြက်တောင်ရိုက်စက်ရုပ်သည် တရုတ်နိုင်ငံ၏ ထိပ်တန်းကြက်တောင်ရိုက်ကစားသမားအချို့နှင့် ရင်ဆိုင်ကာ ကြက်တောင်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကြက်တောင်ရိုက်စက်ရုပ်သည် (၁၄၅၂)ကြိမ်အထိ အောင်မြင်စွာကြက်တောင်ရိုက်ခဲ့ပြီး နောက် စက်ရုပ်တစ်ရုပ်က ကြက်တောင်ရိုက်ကစားသမားတစ်ဦးနှင့်အတူ ကြက်တောင်အချက်ရေ အများဆုံးဆက်တိုက်ရိုက်နိုင်မှု ဂင်းနစ်စံချိန်ကို ရရှိခဲ့ကြောင်းသိရသည်။ ယင်းကြက်တောင်ရိုက် စက်ရုပ် ကို မီလီစက္ကန့်အထိ အချိန်သတ်မှတ်ထားသော မြင်ကွင်းနှင့်ရွေ့လျားမှုဆိုင်ရာထိန်းချုပ်မှုများဖြင့် ဒီဇိုင်း ထုတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
Zhejiang Shenchen Kaidong နည်းပညာကုမ္ပဏီက “ကျွန်တော်တို့တီထွင်ဖန်တီးထားတဲ့ ကြက်တောင်ရိုက်စက်ရုပ်က အချက်ပေါင်း(၁၄၅၂)ချက်အထိ ဆက်တိုက်ရိုက်နိုင်ခဲ့ပါတယ်။ ဒီကြိုးပမ်းမှု နဲ့အတူ ဂင်းနစ်စံချိန်တစ်ခုကို အောင်မြင်စွာရရှိခဲ့လို့လည်း တကယ်ကိုဝမ်းသာမိပါတယ်}ဟုပြောဆိုခဲ့ သည်။

Zawgyi Version:
ဂင္းနစ္စံခ်ိန္တစ္ခုကို ခ်ိဳးဖ်က္ခဲ့သည့္ ၾကက္ေတာင္႐ိုက္စက္႐ုပ္
Pika (NP News)ဇန္နဝါရီ ၅
တ႐ုတ္ကုမၸဏီတစ္ခုက တီထြင္ဖန္တီးခဲ့ ေသာ ၾကက္ေတာင္႐ိုက္စက္႐ုပ္တစ္႐ုပ္သည္ တ႐ုတ္ ႏိုင္ငံ၏ ထိပ္တန္းၾကက္ေတာင္႐ိုက္ကစားသမားမ်ား၏ အကူအညီမ်ားႏွင့္အတူ (၁၄၅၂)ႀကိမ္အထိ ၾကက္ေတာင္႐ိုက္ခဲ့ၿပီးေနာက္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Zhejiang Shenchen Kaidong နည္းပညာကုမၸဏီက တီထြင္ဖန္တီးခဲ့ေသာ ၾကက္ေတာင္႐ိုက္စက္႐ုပ္သည္ တ႐ုတ္ႏိုင္ငံ၏ ထိပ္တန္းၾကက္ေတာင္႐ိုက္ကစားသမားအခ်ိဳ႕ႏွင့္ ရင္ဆိုင္ကာ ၾကက္ေတာင္႐ိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါၾကက္ေတာင္႐ိုက္စက္႐ုပ္သည္ (၁၄၅၂)ႀကိမ္အထိ ေအာင္ျမင္စြာၾကက္ေတာင္႐ိုက္ခဲ့ၿပီး ေနာက္ စက္႐ုပ္တစ္႐ုပ္က ၾကက္ေတာင္႐ိုက္ကစားသမားတစ္ဦးႏွင့္အတူ ၾကက္ေတာင္အခ်က္ေရ အမ်ားဆုံးဆက္တိုက္႐ိုက္ႏိုင္မႈ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ေၾကာင္းသိရသည္။ ယင္းၾကက္ေတာင္႐ိုက္ စက္႐ုပ္ ကို မီလီစကၠန႔္အထိ အခ်ိန္သတ္မွတ္ထားေသာ ျမင္ကြင္းႏွင့္ေ႐ြ႕လ်ားမႈဆိုင္ရာထိန္းခ်ဳပ္မႈမ်ားျဖင့္ ဒီဇိုင္း ထုတ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။
Zhejiang Shenchen Kaidong နည္းပညာကုမၸဏီက “ကြၽန္ေတာ္တို႔တီထြင္ဖန္တီးထားတဲ့ ၾကက္ေတာင္႐ိုက္စက္႐ုပ္က အခ်က္ေပါင္း(၁၄၅၂)ခ်က္အထိ ဆက္တိုက္႐ိုက္ႏိုင္ခဲ့ပါတယ္။ ဒီႀကိဳးပမ္းမႈ နဲ႔အတူ ဂင္းနစ္စံခ်ိန္တစ္ခုကို ေအာင္ျမင္စြာရရွိခဲ့လို႔လည္း တကယ္ကိုဝမ္းသာမိပါတယ္}ဟုေျပာဆိုခဲ့ သည္။

Related news

© 2021. All rights reserved.