BGF မှ သည် KNA အပြောင်းအလဲနှင့် သစ်ကတီတစ်ဝိုက်မှ အွန်လိုင်းလိမ်လည်မှု အရှုပ်အထွေးများ (သတင်းသုံးသပ်ဆောင်းပါး)

 3046

သုတကျော် (NP News)-ဇန်နဝါရီ ၅
(၂၀၁၀) ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ (ကရင်ပြည်နယ်) မှ တပ်နယ် (၂) ခုသည် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် ကရင်အမျိုးသား တပ်မတော် (KNA) အဖြစ် ပြောင်း လဲ ဖွဲ့စည်းလိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံကသိရသည်။ ယင်း ပြောင်းလဲလိုက်သော တပ်နယ် (၂) ခုအနက် တပ်နယ် (၃) ကို ဗိုလ်မှူးကြီး စောချစ်သူက ဦးဆောင်ခြင်းဖြစ်ပြီး တပ်နယ် (၂) ကို ဗိုလ်မှူးစောတင်ဝင်းက ဦးဆောင်ခြင်းဖြစ်ကာ ကျန် BGF တပ်နယ် (၁) နှင့် တပ်နယ် (၄)တို့၏ အခြေအ နေများကိုမူ ယခုဆောင်းပါးရေးသားချိန် ဇန်နဝါရီ (၂) ရက် ညနေပိုင်းအထိ မသိရသေးပေ။
“ဒီနေ့ ဗိုလ်ကြာအင်း နယ်မြေထဲက မဲ ဆံမြိတ် မှာ အစည်းအဝေးလုပ်တယ်ပြောတယ်။ ရပ်မိ ရပ်ဖတွေလည်းပါတယ်။ တပ်နယ် (၄) က စောမုတ်သုံ လည်း မပြောင်းဘူး ကြားတယ်” ဟု ကရင်ပြည် နယ် BGF နှင့်ပတ်သက်၍သိရှိသူ သတင်းရင်းမြစ်တစ်ဦး က NP News သို့ ပြောသည်။
BGF မှ KNA သို့ ပြောင်းလဲခြင်းနှင့် ပတ်သက် ၍ ဒေသတွင်းပဋိပက္ခ ကြီးထွားလာမည်ကို စိုးရိမ် သူများလည်း ရှိသည်။ “ဘက်တံဆိပ်ပြောင်းထားတဲ့ သူတွေနဲ့ တပ်မတော် ဒါမှမဟုတ် BGF ကြား တိုက် ပွဲ ဖြစ်မလားဆိုတာကို ပြည်သူတွေက ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေကြတယ်” ဟု ကရင်ပြည်နယ်မှ ဒေသခံတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် အခြားနယ်ခြားစောင့်တပ်များ ရှိသော်လည်း BGF ဟု ဆို လျှင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ကိုသာ အများစုက သိကြ၏။ ယင်း BGF မှ KNA သို့ ပြောင်း လဲခြင်း၏နောက်ကွယ်တွင် မည်သည့်အရာများ ရှိမည်နည်းဆိုသောအချက်ကို စဉ်းစားကြည့်ရန် လိုအပ် လာသည်။

BGFမှသည် KNA အပြောင်းအလဲ
(၁၉၉၄) ခုနှစ်တွင် KNA မှ တပ်ရင်းအချို့သည် DKBA အဖြစ်ခွဲထွက်ခဲ့ပြီးနောက် DKBA မှ တပ် ရင်းအချို့ ထပ်မံခွဲထွက်ကာ BGF ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယင်းနောက် နယ်ခြားစောင့်တပ်အဖြစ်မှ ပြောင်းလဲရပ်တည်တော့မည်ဖြစ်ကြောင်း BGF ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူက မီဒီယာများထံ ပြောကြားထားခဲ့ဖူးသည်။
(၂၀၂၁ ) ခုနှစ်အတွင်း BGF နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းတို့ မြဝတီမြို့တွင် တွေ့ဆုံညှိနှိုင်းခြင်းများရှိခဲ့သည်။ ကာလအချို့ကြာ ငြိမ်သွားခဲ့ပြီးနောက် တွင် ကရင်အမျိုးသား တပ်မတော် (KNA) အဖြစ် ပြောင်းလဲ ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းများထွက် ပေါ်ခဲ့ဖူးပြီး KNA သို့ ဝင်ရောက်ရန်အတွက် တပ်သားသစ် ဖိတ်ခေါ်ကြောင်း ဆိုင်းဘုတ်များပင် ထောင်ခဲ့ သည်။
BGF အနေဖြင့် တပ်မတော်ထံမှ လစာရယူခြင်း မရှိတော့ဘဲ KNA ဖွဲ့စည်းပုံအတိုင်းပင် သွားနေ ပြီး နာမည်သာ မပြောင်းရသေးခြင်းဖြစ်သည်ဟု BGF မှပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင် မောင်ဇော်က ဇူလိုင်လအတွင်း NP News သို့ ဖြေကြားထားခဲ့ဖူးသည်။ မူလက (၂၀၂၅) ခုနှစ် နှောင်းပိုင်း တွင် BGF အဖြစ်မှ လုံးဝခွဲထွက်ရန်ဖြစ်သော်လည်း အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အခြေအနေများ ရှုပ်ထွေးလာချိန်တွင် ယင်းအစီစဉ် နောက်ဆုတ်သွားသည်ဟု BGF များအကြောင်း သိရှိ သူ သတင်းရင်းမြစ်က ဆိုသည်။ “(၂၀၂၅) ခုနှစ် (၁၁) လပိုင်းမှာ ပြောင်းမယ်ပေါ့နော်။ ဒါက အတိအကျ ပေါ့။ ဒါပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် သူတို့ နောက်ဆုတ်ခဲ့တာ” ဟု ၎င်းကပြောသည်။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် BGF
ရွှေကုက္ကိုလ်တွင် အွန်လိုင်းလိမ်လည်မှု မျိုးစေ့ချပေးသူဟုသတ်မှတ်ကြပြီး လက်ရှိတွင် တရုတ် နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်သည့် ရထိုက်ကုမ္ပဏီပိုင်ရှင် She Zhijiang ကို ထိုင်းက ဖမ်းဆီးသွားခဲ့ သည်။ ယင်းအပြင် အွန်လိုင်းလိမ်လည်မှုများနှင့် BGF ခေါင်းဆောင်အချို့ပတ်သက်နေကြောင်း သတင်း များထွက်ပေါ်ခဲ့ရာ မပါဝင်ကြောင်း သက်သေပြရန်အတွက် ရွှေကုက္ကိုရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်း များကို BGF က စစ်ဆေး၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
She Zhijiang စတင်ဖမ်းဆီးခံရစဉ်က ၎င်းလွတ်မြောက်ရေးအတွက် စောချစ်သူက ဆုတောင်းပွဲ ပြုလုပ်ခဲ့သေး၏။ အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ မြေငှားရမ်းခဲ့ခြင်းသာဖြစ်ကြောင်းလည်း BGF ဘက်က အစဉ်တစိုက်ပြောထားသည်။ ထို့နောက် တပ်မတော်က KK Park နှင့် AA Park အပါအဝင် အွန်လိုင်းလိမ်လည်မှုနှင့် ညှင်းပန်းနှိပ်စက်မှုများကြောင့် နာမည်ကျော်သည့်နေရာများကို စစ်ရေးအောင် မြင်မှုနှင့်အတူ ဝင်ရောက်စီးနင်း ရှာဖွေခြင်း၊ ဖောက်ခွဲဖျက်စီးခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် အစိုးရနှင့်တပ်မတော်က အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အာရုံစိုက် ဆောင်ရွက်နေသည်။ ယင်းသို့ဆောင်ရွက်သည့်အပေါ် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ အမေရိ ကန်ကလည်း အထူးအဖွဲ့တစ်ခု ဖွဲ့ထားသည်ဟုဆိုသည်။ ယင်းသို့သောအခြေအနေတွင် BGF မှ KNA အဖြစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး KNA အဖြစ် မပြောင်းလဲမီကပင် ယခု KNA တစ်ဖြစ်လည်း ဗိုလ်မှူး တင်ဝင်း၏အောက်တွင် လူအင်အား သောင်းဂဏန်းခန့်အထိ စုထားကြောင်း ခိုင်လုံသော သတင်းရင်း မြစ်များထံက သိရသည်။
အွန်လိုင်းလိမ်လည်မှုမှ ပုံစံမျိုးစုံဖြင့်ရသော ဝင်ငွေလျော့သွားခြင်းသည် စုဆောင်းထားသော လူ အင်အားများအတွက် လစာပေးချေရန် အခက်အခဲရှိလာမည်ဖြစ်ရာ ယင်းသည်လည်း တပ်မတော်ထံက လစာ မယူတော့သည့် စောတင်ဝင်းနှင့် စောချစ်သူတို့ အတွက် အရှိုက်ထိသွားခြင်းမျိုးဖြစ်နိုင်သော် လည်း မှန်းရခက်လှသည်။

စောချစ်သူ၊ စောတင်ဝင်း ဘာလဲ
“စောတင်ဝင်းဆီမှာက မရှိဘူးဆို လူက တစ်သောင်းနား ပတ်ချာလည်သွားတယ်။ သူတစ် ယောက်တည်းတင်။ စောချစ်သူတစ်ယောက်တည်းတင် ရှစ် ထောင်လောက်ရှိတယ်။ ဒါဆို နှစ်သောင်း နား ကပ်သွားပြီ” ဟု အဆိုပါ သတင်းရင်းမြစ်ကဆိုသည်။
စောတင်ဝင်းနှင့် စောချစ်သူ နှစ်ဦးအနက် စောချစ်သူက စီနီယာကျသည်ဟုဆိုသော်လည်း အမှန် တကယ် လက်နက်ပိုမိုစုဆောင်းထားနိုင်သူမှာ စောတင်ဝင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် ယခင်ကပင် ယခု အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြပုံ ရသည်။ ယင်းအပြင် ကိုယ်ကျိုးစီးပွားအတွက်လည်း စုဆောင်းထားသည်။ “ဒီ မတိုင်ခင်တည်းက နောက်လူ ထပ်ထည့်မယ်ဆိုရင် ထပ်ဝင်လို့ရအောင် လက် နက်တပ်ဆင်ပေးနိုင်တဲ့အထိ ရှိတယ်။ အဓိကတော့ လက်နက်တွေစုတာ။ ဦးတင်ဝင်းနဲ့ ဦးချစ်သူက စု တာ” ဟု ၎င်းကဆိုသည်။
အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့်ပတ်သက် ၍နိုင်ငံတော်အစိုးရက တိုက်ဖျက်မှုများကို အာရုံ စိုက်ပြီးဆောင်ရွက်နေချိန်တွင် စောတင်ဝင်းက အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများမှခေါင်းဆောင် များနှင့် ပါဝင်ပတ်သက်နေသူများအား ၎င်း၏ဌာနချုပ်ဖြစ်သော မြဝတီမြို့မှ မိုင် (၂၀) ကျော်အကွာရှိ သစ်ကတီ ကျေးရွာတွင် ခေါ်ယူထားသည်။
သစ်ကတီကျေးရွာသည် စောတင်ဝင်း၏ အမာခံ ဌာနချုပ်ဖြစ်ပြီး ယင်းဌာနချုပ်၏ လုံခြုံရေး အတွက် စနိုက်ပါသမား အနည်းဆုံး (၂၀ဝ) နှင့် (၃၀ဝ) ကြား ဖြန့်ချနေရာယူထားသည့်အပြင် တပ်ဖွဲ့ဝင် အင်အား (၅၀ဝဝ) နှင့် (၆၀ဝဝ) ကြားလည်း ရှိနေကြောင်း ၎င်းကပြောသည်။ ယင်းမှာ ဌာနချုပ်ခွင်တစ်ခု တည်း အတွက်သာဖြစ်ပြီး ဖြန့်ကြက်ထားသော အင်အားများပါ စုပေါင်းပါက လူအင်းအား (၉၀ဝဝ) ခန့် အထိရှိနေကြောင်း သိရသည်။
“စောချစ်သူကတော့ လူအင်အား ဘယ်လောက်ပေးထားလဲ မသိဘူး။ အခုထင်ရတာတော့ (၆၀ဝဝ) လောက် ဝင်ပေါင်းပေးထားလိမ့်မယ်။ ကုက္ကိုလ် က မြို့စောင့်တပ်လိုလောက်ပဲ ထားတာ” ဟု ၎င်းက ဆိုသည်။ ယင်းအထဲတွင် အွန်လိုင်းလိမ်လည်မှုများ၊ လူမှောင်ခိုမှုများတွင် မလေးရှားနိုင်ငံသား များ ပါဝင်ပတ်သက်နေသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခံနေရသော မလေးရှားအစိုးရ၏ ဝန်ကြီး ချုပ်ရုံးမှ ဒုတိယဝန်ကြီး ဒေါက်တာ မာရှီတာ အီဘရာဟင် ပင်လျှင်ပါဝင်နေကြောင်း ခိုင်လုံသော အထောက်အထားများအရ သိရသည်။
“အွန်လိုင်းလိမ်လည်မှုတွေနဲ့ပတ်သက်လို့ အရေးကြီးတဲ့သူ (၄၅) ယောက်လောက် ရှိတယ်။ ဝန်ကြီးအဖွဲ့မှာ ပါတဲ့ တစ်ယောက်လည်း အဲဒီမှာ ရှိတယ်လေ။ သစ်ကတီထဲမှာ။ နောက် အကြီးဆုံး တရုတ်တစ်ယောက်လည်း အဲဒီမှာပဲ။ KK Park ကို မလာဘူး။ ခေါင်းစဉ်တင်ထားတာက တစ်ယောက်။ တကယ်ထိန်းချုပ်နေတာက သစ်ကတီထဲမှာ။ အပြင် လုံးဝထွက်မလာဘူး။ ဦးတင်ဝင်းအိမ်နဲ့ ကပ်လျက်” ဟု ၎င်းကဆိုသည်။
ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုံ၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပ သမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ကြေညာပြီးနောက် နိုဝင်ဘာလအတွင်းက စောချစ်သူ လူ မြင်ကွင်းမှ ပျောက်ကွယ်ခဲ့ရာ ၎င်းသည် သစ်ကတီတွင် ရှိနေခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
သစ်ကတီတွင် လက်နက်တိုက်များလည်း ရှိနေပြီး စောချစ်သူ နှင့် စောတင်ဝင်းတို့သည် ပါကစ္စတန် လက်နက်ပွဲစားများထံက လက်နက်ကို မုန့်ဝယ်သကဲ့သို့ ဝယ်နေကြောင်း ၎င်းကဆိုသည်။ “ KIA တွေ ဗမာပိုက်ဆံကို ခြောက်ဘီးကားနဲ့ သယ်သလို ဘတ်ကို အလုံပိတ်ကားနဲ့သယ်တာ သစ်ကတီ ထဲကို။ လက်နက်ဆို လော့လိုက်ဝယ်တာ။ အဲဒါကြောင့် နောက်ပိုင်း လက်နက်ဝယ်ရတာ ခက်သွားတာ။ သူတို့က တစ်တွဲဝင်လာရင် ဈေးမပြောနဲ့ ပိုက်ဆံကို ဖွင့်ပြ ထားတာ။ ဈေးမပြောနဲ့ ပိုက်ဆံတစ်ခါတည်း ယူ။ ကျည်ဆိုလည်း တစ်သောင်း ဝင်လည်းယူ။ သူ (စောတင်ဝင်း) နဲ့ ကိုချစ်သူက မုန့်ဝယ်သလို ဝယ်နေ တာ။ မှောင်ခိုသမားတောင် မပေးနိုင်တော့ဘူး” ဟု အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
ယင်းအပြင် စောချစ်သူနှင့် စောတင်ဝင်းတို့ထံ၌ အမေရိကန်ထုတ် စစ်ဘက်သုံးကားများရှိနေပြီး ယင်းသည်လည်း ပါကစ္စတန်မှောင်ခိုများထံကပင် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “သစ်ကတီမှာ သုံးစွဲနိုင် တဲ့ယာဉ် အစီး (၆၀ဝ) လောက်ရှိတယ်။ အရမ်းမိုက်တယ်။ အပြင်မှာတောင် မမြင်ဖူးဘူး။ နောက်ဆုံး အမေရိကန်ထုတ်၊ ဘေးမှာ ကျည်ကာနဲ့။ ရှေ့မှာ အစီး တိုင်းကို ပွိုင့်ဖိုက် တင်ထားတယ်” ဟု ၎င်းကပြော သည်။
စောတင်ဝင်းအနေဖြင့် ကရင်ပြည်နယ်တွင် ကိုယ်ပိုင်လက်နက်စက်ရုံထောင်ရန်အထိပင် ရည် မှန်းချက်ကြီးကြီးမားမားရှိနေကြောင်း ၎င်းကဆိုသည်။ “အခုက သူတို့ဆီမှာ မောင်းပြင်တာတို့၊ မောင်း ကျိုးတာတို့လောက်ပဲ လုပ်နိုင်သေးတယ်။ ဒါပေမဲ့ ရဖို့တော့ နီးနေပြီ။ တပ်မဟာ (၇) ခွင်ထဲမှာ လုပ်ထား တယ်။ ကျည်ဆန်မှာ ထိပ်ဖူးက ရနေပြီ။ ယမ်း မရှိသေးဘူး။ အဓိကက ယမ်း” ဟု ၎င်းကဆိုသည်။

စားရန်ချောင်းနေသည့် ကျားနှင့် နောက်ကျောက ဓား
ဆောင်းပါးတစ်နေရာတွင်ဖော်ပြထားခဲ့သည့်အတိုင်း အမေရိကန်၊ အထူးသဖြင့် CIA ကလည်း ခြေရှုပ်နေရာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအတွက် အစိုးရက အာရုံစိုက်နေချိန် သွေးဆောင်ခြင်း များရှိနေကြောင်း ၎င်းကပြောသည်။
အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုကြောင့် ငွေရခက်ပြီး တပ်ဖွဲ့ကို ကျားကန်ရန်ခက်သော အနေ အထားတွင် ပိုက်ဆံနှင့် ခဲယမ်းထုတ်ပေးကာ မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခတွင် ခြေရှုပ်ရန် ကြိုးပမ်း လာသည်။ “အခုဆိုရင် အမေရိကန်ကလာပြီ။ လိုအပ်တဲ့လက်နက်ခဲယမ်းတို့နဲ့။ နောက် ငွေကြေး။ ဘယ် လိုမြင်အောင် ဖန်တီးလဲဆိုတော့ တရုတ်က မြန်မာနဲ့ပေါင်းပြီး မင်းတို့ကို အပြီးနှိပ်ကွပ်ပြီဆိုတဲ့ အမြင် ဖြစ်အောင်လုပ်တာ” ဟု ၎င်းကဆိုသည်။
ယင်းအပြင် CIA အေဂျင့်များက ယခုကဲ့သို့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို မြန်မာအစိုးရ က တိုက်ဖျက်နေသောကြောင့် ယင်းလုပ်ငန်းများထံမှ အခကြေးငွေ ရယူထားသူ လက်နက်ကိုင်များ အနေဖြင့် သူပုန်အလုပ်ကို ပြန်လုပ်ရန်တော့ရန်သာ ရှိတော့ သည်ဆိုသော သွေးထိုးမှုများလည်း ရှိနေ ကြောင်း ၎င်းကဆိုသည်။ တစ်ဖက်တွင်လည်း ကရင်ပြည်နယ်ဘက်မှ ခွဲထွက်လိုသူ BGF များထံ RCSS / SSA ဘက်က စည်းစည်းလုံးလုံးဆောင်ရွက်ရန် ကမ်းလှမ်းမှုများရှိနေသည်ဟု ၎င်းကပြောသော်လည်း အဆိုပါအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ “ရှမ်းဘက်ကလည်း ကမ်းလှမ်းတယ်။ ကရင်က ထပြီး ချမယ်ဆိုရင် ရှမ်းက ထမယ်ပြောတယ်” ဟု ၎င်းကပြောသည်။

KNA နှင့် ခန့်မှန်းရခက်သော ခေါင်းဆောင်မှု
အတည်မပြုနိုင်သေးသော်လည်း ယခု ဆောင်းပါးရေးသားချိန်တွင် ရရှိသောအချက်အလက်များ အရ စောချစ်သူက ခေါင်းဆောင်မည်ဟုဆိုသည်။ သို့ သော် ယင်းမှာလည်း အတည်ပြုရန် ခက်နေဆဲဖြစ် ပြီး ခေါင်းဆောင်မှုကို မည်သူကတိတိကျကျ ပေးမည်နည်းဆိုသောအချက်မှာ စိတ်ဝင်စားဖွယ်ကောင်း သည်။
NP News သတင်းဌာနက စုံစမ်းသိရှိရ သောအချက်အလက်များအရဆိုလျှင် ကျောချင်းကပ်ထားကြ သည့် စောချစ်သူနှင့် စောတင်ဝင်းတို့ နှစ်ဦး အနက် စောတင်ဝင်းက ငွေနှင့်လက်နက်ရှိနေပြီး စောချစ်သူ က မျက်နှာစာသဘောမျိုးတာဝန်ယူနေခြင်းဖြစ်သည်။ သို့ဆိုလျှင် မည်သူက အသစ်ဖွဲ့စည်းလိုက်သော KNA ကို တိတိကျကျ ခေါင်းဆောင်မည် နည်းဆိုသောအချက်မှာ KNA တွင် ပါဝင်သော သူများကိုယ် တိုင်ပင် သေချာစွာ မေးခွန်းထုတ်သင့်သော ကိစ္စဖြစ်သည်။ တစ်ဖန် ၎င်းတို့နှစ်ဦးစလုံးအနက် တစ်ဦးကမျှ ခေါင်းဆောင်မလုပ်ဘဲ ဟန်ပြခေါင်းဆောင်တင်လျှင်လည်း အတွင်းကြိတ်အကျိုးစီးပွား ပြဿနာ ဖြစ်လာ ဖွယ်ရှိသည်။
တစ်ဖက်တွင်လည်း နိုင်ငံတော်၏အကျိုးကိုသာ ရှေးရှုကာ BGF အတွင်း ကျန်ခဲ့သူများအနေဖြင့် KNA အဖွဲ့အတွင်းသို့ မရည်ရွယ်ပါဘဲ ဘက်ပြောင်းသွားသူများကြောင့် သူလျှိုထည့်လိုက်သကဲ့သို့ ရှိနေ မည်ဖြစ်ပြီး KNA ဘက်ကလည်း သူလျှိုမလွှတ်ဟုကား မဆိုနိုင်ပါ။
တစ်ဖက် ဘက်တံဆိပ် အပြောင်းအလဲကိစ္စကလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ KNA တပ် သားတစ်ဦးသည် တစ်ချိန်တည်းတွင် လက်မောင်း ဘက်တံဆိပ်ပြောင်းကာ အခြားတပ်ဖွဲ့ဝင်တစ်ဦး အဖြစ် ပါဝင်တိုက်ခိုက်ခြင်းမျိုးလည်းရှိနိုင်သည်။ ကရင်ပြည်နယ်အတွင်းမှ လက်နက်ကိုင်များအကြား တွင် ယင်းသို့ ကပ်ခွာ ဘက်တံဆိပ်မျိုးစုံကို ပြောင်းလဲတပ်ဆင်ကြသောအဖြစ်မျိုးက ရိုးပင်ရိုးနေလေပြီ။ သို့သော် ယင်းသည်လည်း နိုင်ငံတော်အတွက် သတိထားရမည့်အကြောင်းအရာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အကျိုးစီးပွားအရ BGF မှ KNA အဖြစ် ပြောင်းလဲခြင်းမျိုးဟု ကောက်ချက် ချနိုင်သော်လည်း သတိဆိုသည်မှာ ပိုသည်ဟူ၍ကား မရှိပါ။

Zawgyi Version:
BGF မွ သည္ KNA အေျပာင္းအလဲႏွင့္ သစ္ကတီတစ္ဝိုက္မွ အြန္လိုင္းလိမ္လည္မႈ အရႈပ္အေထြးမ်ား
သုတေက်ာ္ (NP News)-ဇန္နဝါရီ ၅
(၂၀၁၀) ျပည့္ႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ေသာ နယ္ျခားေစာင့္တပ္ဖြဲ႕ (ကရင္ျပည္နယ္) မွ တပ္နယ္ (၂) ခုသည္ (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီလ (၁) ရက္တြင္ ကရင္အမ်ိဳးသား တပ္မေတာ္ (KNA) အျဖစ္ ေျပာင္း လဲ ဖြဲ႕စည္းလိုက္ေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္ မ်ားထံကသိရသည္။ ယင္း ေျပာင္းလဲလိုက္ေသာ တပ္နယ္ (၂) ခုအနက္ တပ္နယ္ (၃) ကို ဗိုလ္မႉးႀကီး ေစာခ်စ္သူက ဦးေဆာင္ျခင္းျဖစ္ၿပီး တပ္နယ္ (၂) ကို ဗိုလ္မႉးေစာတင္ဝင္းက ဦးေဆာင္ျခင္းျဖစ္ကာ က်န္ BGF တပ္နယ္ (၁) ႏွင့္ တပ္နယ္ (၄)တို႔၏ အေျခအ ေနမ်ားကိုမူ ယခုေဆာင္းပါးေရးသားခ်ိန္ ဇန္နဝါရီ (၂) ရက္ ညေနပိုင္းအထိ မသိရေသးေပ။
“ဒီေန႔ ဗိုလ္ၾကာအင္း နယ္ေျမထဲက မဲ ဆံၿမိတ္ မွာ အစည္းအေဝးလုပ္တယ္ေျပာတယ္။ ရပ္မိ ရပ္ဖေတြလည္းပါတယ္။ တပ္နယ္ (၄) က ေစာမုတ္သုံ လည္း မေျပာင္းဘူး ၾကားတယ္” ဟု ကရင္ျပည္ နယ္ BGF ႏွင့္ပတ္သက္၍သိရွိသူ သတင္းရင္းျမစ္တစ္ဦး က NP News သို႔ ေျပာသည္။
BGF မွ KNA သို႔ ေျပာင္းလဲျခင္းႏွင့္ ပတ္သက္ ၍ ေဒသတြင္းပဋိပကၡ ႀကီးထြားလာမည္ကို စိုးရိမ္ သူမ်ားလည္း ရွိသည္။ “ဘက္တံဆိပ္ေျပာင္းထားတဲ့ သူေတြနဲ႔ တပ္မေတာ္ ဒါမွမဟုတ္ BGF ၾကား တိုက္ ပြဲ ျဖစ္မလားဆိုတာကို ျပည္သူေတြက ရင္တထိတ္ထိတ္နဲ႔ေစာင့္ၾကည့္ေနၾကတယ္” ဟု ကရင္ျပည္နယ္မွ ေဒသခံတစ္ဦးက ဆိုသည္။ ျမန္မာႏိုင္ငံတြင္ အျခားနယ္ျခားေစာင့္တပ္မ်ား ရွိေသာ္လည္း BGF ဟု ဆို လွ်င္ နယ္ျခားေစာင့္တပ္ (ကရင္ျပည္နယ္) ကိုသာ အမ်ားစုက သိၾက၏။ ယင္း BGF မွ KNA သို႔ ေျပာင္း လဲျခင္း၏ေနာက္ကြယ္တြင္ မည္သည့္အရာမ်ား ရွိမည္နည္းဆိုေသာအခ်က္ကို စဥ္းစားၾကည့္ရန္ လိုအပ္ လာသည္။

BGFမွသည္ KNA အေျပာင္းအလဲ
(၁၉၉၄) ခုႏွစ္တြင္ KNA မွ တပ္ရင္းအခ်ိဳ႕သည္ DKBA အျဖစ္ခြဲထြက္ခဲ့ၿပီးေနာက္ DKBA မွ တပ္ ရင္းအခ်ိဳ႕ ထပ္မံခြဲထြက္ကာ BGF ျဖစ္လာခဲ့ျခင္းျဖစ္သည္။ ယင္းေနာက္ နယ္ျခားေစာင့္တပ္အျဖစ္မွ ေျပာင္းလဲရပ္တည္ေတာ့မည္ျဖစ္ေၾကာင္း BGF ၏ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဗိုလ္မႉးႀကီး ေစာခ်စ္သူက မီဒီယာမ်ားထံ ေျပာၾကားထားခဲ့ဖူးသည္။
(၂၀၂၁ ) ခုႏွစ္အတြင္း BGF ႏွင့္ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉး ႀကီး စိုးဝင္းတို႔ ျမဝတီၿမိဳ႕တြင္ ေတြ႕ဆုံညႇိႏႈိင္းျခင္းမ်ားရွိခဲ့သည္။ ကာလအခ်ိဳ႕ၾကာ ၿငိမ္သြားခဲ့ၿပီးေနာက္ တြင္ ကရင္အမ်ိဳးသား တပ္မေတာ္ (KNA) အျဖစ္ ေျပာင္းလဲ ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ ေပၚခဲ့ဖူးၿပီး KNA သို႔ ဝင္ေရာက္ရန္အတြက္ တပ္သားသစ္ ဖိတ္ေခၚေၾကာင္း ဆိုင္းဘုတ္မ်ားပင္ ေထာင္ခဲ့ သည္။
BGF အေနျဖင့္ တပ္မေတာ္ထံမွ လစာရယူျခင္း မရွိေတာ့ဘဲ KNA ဖြဲ႕စည္းပုံအတိုင္းပင္ သြားေန ၿပီး နာမည္သာ မေျပာင္းရေသးျခင္းျဖစ္သည္ဟု BGF မွေျပာေရးဆိုခြင့္ရွိသူ ဒုတိယဗိုလ္မႉးႀကီး ႏိုင္ ေမာင္ေဇာ္က ဇူလိုင္လအတြင္း NP News သို႔ ေျဖၾကားထားခဲ့ဖူးသည္။ မူလက (၂၀၂၅) ခုႏွစ္ ေႏွာင္းပိုင္း တြင္ BGF အျဖစ္မွ လုံးဝခြဲထြက္ရန္ျဖစ္ေသာ္လည္း အြန္လိုင္း လိမ္လည္မႈတိုက္ဖ်က္ေရးႏွင့္ပတ္သက္၍ အေျခအေနမ်ား ရႈပ္ေထြးလာခ်ိန္တြင္ ယင္းအစီစဥ္ ေနာက္ဆုတ္သြားသည္ဟု BGF မ်ားအေၾကာင္း သိရွိ သူ သတင္းရင္းျမစ္က ဆိုသည္။ “(၂၀၂၅) ခုႏွစ္ (၁၁) လပိုင္းမွာ ေျပာင္းမယ္ေပါ့ေနာ္။ ဒါက အတိအက် ေပါ့။ ဒါေပမဲ့ အေျခအေနအရပ္ရပ္ေၾကာင့္ သူတို႔ ေနာက္ဆုတ္ခဲ့တာ” ဟု ၎ကေျပာသည္။

အြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရးႏွင့္ BGF
ေ႐ႊကုကၠိဳလ္တြင္ အြန္လိုင္းလိမ္လည္မႈ မ်ိဳးေစ့ခ်ေပးသူဟုသတ္မွတ္ၾကၿပီး လက္ရွိတြင္ တ႐ုတ္ ႏိုင္ငံသို႔ လႊဲေျပာင္းေပးလိုက္ၿပီျဖစ္သည့္ ရထိုက္ကုမၸဏီပိုင္ရွင္ She Zhijiang ကို ထိုင္းက ဖမ္းဆီးသြားခဲ့ သည္။ ယင္းအျပင္ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ BGF ေခါင္းေဆာင္အခ်ိဳ႕ပတ္သက္ေနေၾကာင္း သတင္း မ်ားထြက္ေပၚခဲ့ရာ မပါဝင္ေၾကာင္း သက္ေသျပရန္အတြက္ ေ႐ႊကုကၠိဳရွိ အြန္လိုင္းလိမ္လည္မႈ လုပ္ငန္း မ်ားကို BGF က စစ္ေဆး၊ ဖမ္းဆီးျခင္းမ်ား ျပဳလုပ္ခဲ့သည္။
She Zhijiang စတင္ဖမ္းဆီးခံရစဥ္က ၎လြတ္ေျမာက္ေရးအတြက္ ေစာခ်စ္သူက ဆုေတာင္းပြဲ ျပဳလုပ္ခဲ့ေသး၏။ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ ပတ္သက္၍ ေျမငွားရမ္းခဲ့ျခင္းသာျဖစ္ေၾကာင္းလည္း BGF ဘက္က အစဥ္တစိုက္ေျပာထားသည္။ ထို႔ေနာက္ တပ္မေတာ္က KK Park ႏွင့္ AA Park အပါအဝင္ အြန္လိုင္းလိမ္လည္မႈႏွင့္ ညႇင္းပန္းႏွိပ္စက္မႈမ်ားေၾကာင့္ နာမည္ေက်ာ္သည့္ေနရာမ်ားကို စစ္ေရးေအာင္ ျမင္မႈႏွင့္အတူ ဝင္ေရာက္စီးနင္း ရွာေဖြျခင္း၊ ေဖာက္ခြဲဖ်က္စီးျခင္းမ်ား ျပဳလုပ္ခဲ့သည္။
ထို႔ျပင္ အစိုးရႏွင့္တပ္မေတာ္က အြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို အာ႐ုံစိုက္ ေဆာင္႐ြက္ေနသည္။ ယင္းသို႔ေဆာင္႐ြက္သည့္အေပၚ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ပတ္သက္၍ အေမရိ ကန္ကလည္း အထူးအဖြဲ႕တစ္ခု ဖြဲ႕ထားသည္ဟုဆိုသည္။ ယင္းသို႔ေသာအေျခအေနတြင္ BGF မွ KNA အျဖစ္သို႔ ေျပာင္းလဲလိုက္ျခင္းျဖစ္ၿပီး KNA အျဖစ္ မေျပာင္းလဲမီကပင္ ယခု KNA တစ္ျဖစ္လည္း ဗိုလ္မႉး တင္ဝင္း၏ေအာက္တြင္ လူအင္အား ေသာင္းဂဏန္းခန႔္အထိ စုထားေၾကာင္း ခိုင္လုံေသာ သတင္းရင္း ျမစ္မ်ားထံက သိရသည္။
အြန္လိုင္းလိမ္လည္မႈမွ ပုံစံမ်ိဳးစုံျဖင့္ရေသာ ဝင္ေငြေလ်ာ့သြားျခင္းသည္ စုေဆာင္းထားေသာ လူ အင္အားမ်ားအတြက္ လစာေပးေခ်ရန္ အခက္အခဲရွိလာမည္ျဖစ္ရာ ယင္းသည္လည္း တပ္မေတာ္ထံက လစာ မယူေတာ့သည့္ ေစာတင္ဝင္းႏွင့္ ေစာခ်စ္သူတို႔ အတြက္ အရႈိက္ထိသြားျခင္းမ်ိဳးျဖစ္ႏိုင္ေသာ္ လည္း မွန္းရခက္လွသည္။

ေစာခ်စ္သူ၊ ေစာတင္ဝင္း ဘာလဲ
“ေစာတင္ဝင္းဆီမွာက မရွိဘူးဆို လူက တစ္ေသာင္းနား ပတ္ခ်ာလည္သြားတယ္။ သူတစ္ ေယာက္တည္းတင္။ ေစာခ်စ္သူတစ္ေယာက္တည္းတင္ ရွစ္ ေထာင္ေလာက္ရွိတယ္။ ဒါဆို ႏွစ္ေသာင္း နား ကပ္သြားၿပီ” ဟု အဆိုပါ သတင္းရင္းျမစ္ကဆိုသည္။
ေစာတင္ဝင္းႏွင့္ ေစာခ်စ္သူ ႏွစ္ဦးအနက္ ေစာခ်စ္သူက စီနီယာက်သည္ဟုဆိုေသာ္လည္း အမွန္ တကယ္ လက္နက္ပိုမိုစုေဆာင္းထားႏိုင္သူမွာ ေစာတင္ဝင္းျဖစ္ၿပီး ၎တို႔ ႏွစ္ဦးသည္ ယခင္ကပင္ ယခု အေျပာင္းအလဲအတြက္ ႀကိဳတင္ျပင္ဆင္ထားခဲ့ၾကပုံ ရသည္။ ယင္းအျပင္ ကိုယ္က်ိဳးစီးပြားအတြက္လည္း စုေဆာင္းထားသည္။ “ဒီ မတိုင္ခင္တည္းက ေနာက္လူ ထပ္ထည့္မယ္ဆိုရင္ ထပ္ဝင္လို႔ရေအာင္ လက္ နက္တပ္ဆင္ေပးႏိုင္တဲ့အထိ ရွိတယ္။ အဓိကေတာ့ လက္နက္ေတြစုတာ။ ဦးတင္ဝင္းနဲ႔ ဦးခ်စ္သူက စု တာ” ဟု ၎ကဆိုသည္။
အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားႏွင့္ပတ္သက္ ၍ႏိုင္ငံေတာ္အစိုးရက တိုက္ဖ်က္မႈမ်ားကို အာ႐ုံ စိုက္ၿပီးေဆာင္႐ြက္ေနခ်ိန္တြင္ ေစာတင္ဝင္းက အြန္လိုင္း လိမ္လည္မႈလုပ္ငန္းမ်ားမွေခါင္းေဆာင္ မ်ားႏွင့္ ပါဝင္ပတ္သက္ေနသူမ်ားအား ၎၏ဌာနခ်ဳပ္ျဖစ္ေသာ ျမဝတီၿမိဳ႕မွ မိုင္ (၂၀) ေက်ာ္အကြာရွိ သစ္ကတီ ေက်း႐ြာတြင္ ေခၚယူထားသည္။
သစ္ကတီေက်း႐ြာသည္ ေစာတင္ဝင္း၏ အမာခံ ဌာနခ်ဳပ္ျဖစ္ၿပီး ယင္းဌာနခ်ဳပ္၏ လုံၿခဳံေရး အတြက္ စႏိုက္ပါသမား အနည္းဆုံး (၂၀ဝ) ႏွင့္ (၃၀ဝ) ၾကား ျဖန႔္ခ်ေနရာယူထားသည့္အျပင္ တပ္ဖြဲ႕ဝင္ အင္အား (၅၀ဝဝ) ႏွင့္ (၆၀ဝဝ) ၾကားလည္း ရွိေနေၾကာင္း ၎ကေျပာသည္။ ယင္းမွာ ဌာနခ်ဳပ္ခြင္တစ္ခု တည္း အတြက္သာျဖစ္ၿပီး ျဖန႔္ၾကက္ထားေသာ အင္အားမ်ားပါ စုေပါင္းပါက လူအင္းအား (၉၀ဝဝ) ခန႔္ အထိရွိေနေၾကာင္း သိရသည္။
“ေစာခ်စ္သူကေတာ့ လူအင္အား ဘယ္ေလာက္ေပးထားလဲ မသိဘူး။ အခုထင္ရတာေတာ့ (၆၀ဝဝ) ေလာက္ ဝင္ေပါင္းေပးထားလိမ့္မယ္။ ကုကၠိဳလ္ က ၿမိဳ႕ေစာင့္တပ္လိုေလာက္ပဲ ထားတာ” ဟု ၎က ဆိုသည္။ ယင္းအထဲတြင္ အြန္လိုင္းလိမ္လည္မႈမ်ား၊ လူေမွာင္ခိုမႈမ်ားတြင္ မေလးရွားႏိုင္ငံသား မ်ား ပါဝင္ပတ္သက္ေနသည့္ကိစၥႏွင့္ပတ္သက္၍ စုံစမ္းစစ္ေဆးခံေနရေသာ မေလးရွားအစိုးရ၏ ဝန္ႀကီး ခ်ဳပ္႐ုံးမွ ဒုတိယဝန္ႀကီး ေဒါက္တာ မာရွီတာ အီဘရာဟင္ ပင္လွ်င္ပါဝင္ေနေၾကာင္း ခိုင္လုံေသာ အေထာက္အထားမ်ားအရ သိရသည္။
“အြန္လိုင္းလိမ္လည္မႈေတြနဲ႔ပတ္သက္လို႔ အေရးႀကီးတဲ့သူ (၄၅) ေယာက္ေလာက္ ရွိတယ္။ ဝန္ႀကီးအဖြဲ႕မွာ ပါတဲ့ တစ္ေယာက္လည္း အဲဒီမွာ ရွိတယ္ေလ။ သစ္ကတီထဲမွာ။ ေနာက္ အႀကီးဆုံး တ႐ုတ္တစ္ေယာက္လည္း အဲဒီမွာပဲ။ KK Park ကို မလာဘူး။ ေခါင္းစဥ္တင္ထားတာက တစ္ေယာက္။ တကယ္ထိန္းခ်ဳပ္ေနတာက သစ္ကတီထဲမွာ။ အျပင္ လုံးဝထြက္မလာဘူး။ ဦးတင္ဝင္းအိမ္နဲ႔ ကပ္လ်က္” ဟု ၎ကဆိုသည္။
ဗိုလ္မႉးႀကီးေစာခ်စ္သူ၊ ဗိုလ္မႉး မုတ္သုံ၊ ဗိုလ္မႉးတင္ဝင္းႏွင့္ ခ်စ္လင္းၿမိဳင္ကုမၸဏီတို႔ကို ဥေရာပ သမဂၢက ဒဏ္ခတ္ပိတ္ဆို႔အေရးယူေၾကာင္း ေၾကညာၿပီးေနာက္ ႏိုဝင္ဘာလအတြင္းက ေစာခ်စ္သူ လူ ျမင္ကြင္းမွ ေပ်ာက္ကြယ္ခဲ့ရာ ၎သည္ သစ္ကတီတြင္ ရွိေနခဲ့ျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။
သစ္ကတီတြင္ လက္နက္တိုက္မ်ားလည္း ရွိေနၿပီး ေစာခ်စ္သူ ႏွင့္ ေစာတင္ဝင္းတို႔သည္ ပါကစၥတန္ လက္နက္ပြဲစားမ်ားထံက လက္နက္ကို မုန႔္ဝယ္သကဲ့သို႔ ဝယ္ေနေၾကာင္း ၎ကဆိုသည္။ “ KIA ေတြ ဗမာပိုက္ဆံကို ေျခာက္ဘီးကားနဲ႔ သယ္သလို ဘတ္ကို အလုံပိတ္ကားနဲ႔သယ္တာ သစ္ကတီ ထဲကို။ လက္နက္ဆို ေလာ့လိုက္ဝယ္တာ။ အဲဒါေၾကာင့္ ေနာက္ပိုင္း လက္နက္ဝယ္ရတာ ခက္သြားတာ။ သူတို႔က တစ္တြဲဝင္လာရင္ ေဈးမေျပာနဲ႔ ပိုက္ဆံကို ဖြင့္ျပ ထားတာ။ ေဈးမေျပာနဲ႔ ပိုက္ဆံတစ္ခါတည္း ယူ။ က်ည္ဆိုလည္း တစ္ေသာင္း ဝင္လည္းယူ။ သူ (ေစာတင္ဝင္း) နဲ႔ ကိုခ်စ္သူက မုန႔္ဝယ္သလို ဝယ္ေန တာ။ ေမွာင္ခိုသမားေတာင္ မေပးႏိုင္ေတာ့ဘူး” ဟု အျခားသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
ယင္းအျပင္ ေစာခ်စ္သူႏွင့္ ေစာတင္ဝင္းတို႔ထံ၌ အေမရိကန္ထုတ္ စစ္ဘက္သုံးကားမ်ားရွိေနၿပီး ယင္းသည္လည္း ပါကစၥတန္ေမွာင္ခိုမ်ားထံကပင္ ျဖစ္ေၾကာင္း ၎ကဆိုသည္။ “သစ္ကတီမွာ သုံးစြဲႏိုင္ တဲ့ယာဥ္ အစီး (၆၀ဝ) ေလာက္ရွိတယ္။ အရမ္းမိုက္တယ္။ အျပင္မွာေတာင္ မျမင္ဖူးဘူး။ ေနာက္ဆုံး အေမရိကန္ထုတ္၊ ေဘးမွာ က်ည္ကာနဲ႔။ ေရွ႕မွာ အစီး တိုင္းကို ပြိဳင့္ဖိုက္ တင္ထားတယ္” ဟု ၎ကေျပာ သည္။
ေစာတင္ဝင္းအေနျဖင့္ ကရင္ျပည္နယ္တြင္ ကိုယ္ပိုင္လက္နက္စက္႐ုံေထာင္ရန္အထိပင္ ရည္ မွန္းခ်က္ႀကီးႀကီးမားမားရွိေနေၾကာင္း ၎ကဆိုသည္။ “အခုက သူတို႔ဆီမွာ ေမာင္းျပင္တာတို႔၊ ေမာင္း က်ိဳးတာတို႔ေလာက္ပဲ လုပ္ႏိုင္ေသးတယ္။ ဒါေပမဲ့ ရဖို႔ေတာ့ နီးေနၿပီ။ တပ္မဟာ (၇) ခြင္ထဲမွာ လုပ္ထား တယ္။ က်ည္ဆန္မွာ ထိပ္ဖူးက ရေနၿပီ။ ယမ္း မရွိေသးဘူး။ အဓိကက ယမ္း” ဟု ၎ကဆိုသည္။

စားရန္ေခ်ာင္းေနသည့္ က်ားႏွင့္ ေနာက္ေက်ာက ဓား
ေဆာင္းပါးတစ္ေနရာတြင္ေဖာ္ျပထားခဲ့သည့္အတိုင္း အေမရိကန္၊ အထူးသျဖင့္ CIA ကလည္း ေျခရႈပ္ေနရာ အြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရးအတြက္ အစိုးရက အာ႐ုံစိုက္ေနခ်ိန္ ေသြးေဆာင္ျခင္း မ်ားရွိေနေၾကာင္း ၎ကေျပာသည္။
အထူးသျဖင့္ အြန္လိုင္းလိမ္လည္မႈေၾကာင့္ ေငြရခက္ၿပီး တပ္ဖြဲ႕ကို က်ားကန္ရန္ခက္ေသာ အေန အထားတြင္ ပိုက္ဆံႏွင့္ ခဲယမ္းထုတ္ေပးကာ ျမန္မာႏိုင္ငံ၏ ျပည္တြင္းပဋိပကၡတြင္ ေျခရႈပ္ရန္ ႀကိဳးပမ္း လာသည္။ “အခုဆိုရင္ အေမရိကန္ကလာၿပီ။ လိုအပ္တဲ့လက္နက္ခဲယမ္းတို႔နဲ႔။ ေနာက္ ေငြေၾကး။ ဘယ္ လိုျမင္ေအာင္ ဖန္တီးလဲဆိုေတာ့ တ႐ုတ္က ျမန္မာနဲ႔ေပါင္းၿပီး မင္းတို႔ကို အၿပီးႏွိပ္ကြပ္ၿပီဆိုတဲ့ အျမင္ ျဖစ္ေအာင္လုပ္တာ” ဟု ၎ကဆိုသည္။
ယင္းအျပင္ CIA ေအဂ်င့္မ်ားက ယခုကဲ့သို႔ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားကို ျမန္မာအစိုးရ က တိုက္ဖ်က္ေနေသာေၾကာင့္ ယင္းလုပ္ငန္းမ်ားထံမွ အခေၾကးေငြ ရယူထားသူ လက္နက္ကိုင္မ်ား အေနျဖင့္ သူပုန္အလုပ္ကို ျပန္လုပ္ရန္ေတာ့ရန္သာ ရွိေတာ့ သည္ဆိုေသာ ေသြးထိုးမႈမ်ားလည္း ရွိေန ေၾကာင္း ၎ကဆိုသည္။ တစ္ဖက္တြင္လည္း ကရင္ျပည္နယ္ဘက္မွ ခြဲထြက္လိုသူ BGF မ်ားထံ RCSS / SSA ဘက္က စည္းစည္းလုံးလုံးေဆာင္႐ြက္ရန္ ကမ္းလွမ္းမႈမ်ားရွိေနသည္ဟု ၎ကေျပာေသာ္လည္း အဆိုပါအခ်က္ကို သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးပါ။ “ရွမ္းဘက္ကလည္း ကမ္းလွမ္းတယ္။ ကရင္က ထၿပီး ခ်မယ္ဆိုရင္ ရွမ္းက ထမယ္ေျပာတယ္” ဟု ၎ကေျပာသည္။

KNA ႏွင့္ ခန႔္မွန္းရခက္ေသာ ေခါင္းေဆာင္မႈ
အတည္မျပဳႏိုင္ေသးေသာ္လည္း ယခု ေဆာင္းပါးေရးသားခ်ိန္တြင္ ရရွိေသာအခ်က္အလက္မ်ား အရ ေစာခ်စ္သူက ေခါင္းေဆာင္မည္ဟုဆိုသည္။ သို႔ ေသာ္ ယင္းမွာလည္း အတည္ျပဳရန္ ခက္ေနဆဲျဖစ္ ၿပီး ေခါင္းေဆာင္မႈကို မည္သူကတိတိက်က် ေပးမည္နည္းဆိုေသာအခ်က္မွာ စိတ္ဝင္စားဖြယ္ေကာင္း သည္။
NP News ဂ်ာနယ္က စုံစမ္းသိရွိရ ေသာအခ်က္အလက္မ်ားအရဆိုလွ်င္ ေက်ာခ်င္းကပ္ထားၾက သည့္ ေစာခ်စ္သူႏွင့္ ေစာတင္ဝင္းတို႔ ႏွစ္ဦး အနက္ ေစာတင္ဝင္းက ေငြႏွင့္လက္နက္ရွိေနၿပီး ေစာခ်စ္သူ က မ်က္ႏွာစာသေဘာမ်ိဳးတာဝန္ယူေနျခင္းျဖစ္သည္။ သို႔ဆိုလွ်င္ မည္သူက အသစ္ဖြဲ႕စည္းလိုက္ေသာ KNA ကို တိတိက်က် ေခါင္းေဆာင္မည္ နည္းဆိုေသာအခ်က္မွာ KNA တြင္ ပါဝင္ေသာ သူမ်ားကိုယ္ တိုင္ပင္ ေသခ်ာစြာ ေမးခြန္းထုတ္သင့္ေသာ ကိစၥျဖစ္သည္။ တစ္ဖန္ ၎တို႔ႏွစ္ဦးစလုံးအနက္ တစ္ဦးကမွ် ေခါင္းေဆာင္မလုပ္ဘဲ ဟန္ျပေခါင္းေဆာင္တင္လွ်င္လည္း အတြင္းႀကိတ္အက်ိဳးစီးပြား ျပႆနာ ျဖစ္လာ ဖြယ္ရွိသည္။
တစ္ဖက္တြင္လည္း ႏိုင္ငံေတာ္၏အက်ိဳးကိုသာ ေရွးရႈကာ BGF အတြင္း က်န္ခဲ့သူမ်ားအေနျဖင့္ KNA အဖြဲ႕အတြင္းသို႔ မရည္႐ြယ္ပါဘဲ ဘက္ေျပာင္းသြားသူမ်ားေၾကာင့္ သူလွ်ိဳထည့္လိုက္သကဲ့သို႔ ရွိေန မည္ျဖစ္ၿပီး KNA ဘက္ကလည္း သူလွ်ိဳမလႊတ္ဟုကား မဆိုႏိုင္ပါ။
တစ္ဖက္ ဘက္တံဆိပ္ အေျပာင္းအလဲကိစၥကလည္း စိတ္ဝင္စားဖြယ္ေကာင္းသည္။ KNA တပ္ သားတစ္ဦးသည္ တစ္ခ်ိန္တည္းတြင္ လက္ေမာင္း ဘက္တံဆိပ္ေျပာင္းကာ အျခားတပ္ဖြဲ႕ဝင္တစ္ဦး အျဖစ္ ပါဝင္တိုက္ခိုက္ျခင္းမ်ိဳးလည္းရွိႏိုင္သည္။ ကရင္ျပည္နယ္အတြင္းမွ လက္နက္ကိုင္မ်ားအၾကား တြင္ ယင္းသို႔ ကပ္ခြာ ဘက္တံဆိပ္မ်ိဳးစုံကို ေျပာင္းလဲတပ္ဆင္ၾကေသာအျဖစ္မ်ိဳးက ႐ိုးပင္႐ိုးေနေလၿပီ။ သို႔ေသာ္ ယင္းသည္လည္း ႏိုင္ငံေတာ္အတြက္ သတိထားရမည့္အေၾကာင္းအရာ ျဖစ္သည္။
မည္သို႔ပင္ဆိုေစကာမူ အက်ိဳးစီးပြားအရ BGF မွ KNA အျဖစ္ ေျပာင္းလဲျခင္းမ်ိဳးဟု ေကာက္ခ်က္ ခ်ႏိုင္ေသာ္လည္း သတိဆိုသည္မွာ ပိုသည္ဟူ၍ကား မရွိပါ။

Related news

© 2021. All rights reserved.