“၂၀၂၅ မှတ်တမ်း” (နှစ်ချုပ် ဆောင်းပါး)

2208

သုတကျော် (NP News)
(၂၀၂၅)ခုနှစ်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ငလျင်တည်းဟူသော သဘာဝဘေးကို ကြုံခဲ့ရသည့်အတွက် တစ်သက်မမေ့စရာ ဝမ်းနည်းဖွယ် အမှတ်တရများကိုကြုံတွေ့ခဲ့ရပြီး တစ်ဖက်တွင် မူ နိုင်ငံရေး၊ စီးပွားရေးအခြေအနေမှာ အကောင်းဘက်သို့ ဦးတည်ခဲ့သောနှစ်ဟု ဆိုနိုင်ပါလိမ့်မည်။
ယခုနှစ်ပိုင်းအတွင်း နယ်မြေစိုးမိုးမှုများ ပြန်လည်ရရှိခဲ့သည့်အပြင် နိုင်ငံရေးအရ အောင်မြင်မှု များ၊ သံတမန်လမ်းကြောင်းအရ အောင်မြင်မှုများရှိခဲ့သည့်အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး လိုလားတောင့်တနေသည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်း အောင်မြင် စွာကျင်းပနိုင်ခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ခဲ့သည်။
အရေးပေါ်ကာလအုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးဆီသို့
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မတ်လ (၇) ရက်က ဘယ်လာရုစ်နိုင်ငံခရီးစဉ် အတွင်း ထိုစဉ်က ယာယီသမ္မတ(တာဝန်) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က အဆိုပါ နိုင်ငံသမ္မတနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို (၂၀၂၅)ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် (၂၀၂၆) ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အဆိုပါလအတွင်းပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး တွင် ရွေးကောက်ပွဲကို (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ် (၂၀၂၆)ခုနှစ် ဇန်နဝါရီလ ပထမပတ်နှင့်ဒုတိယပတ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားအသိပေးခဲ့သည်။
ဇူလိုင်လ (၃၁)ရက်တွင် နိုင်ငံတစ်ဝန်းထုတ်ပြန်ထားသော အရေးပေါ်ကာလကိုရုပ်သိမ်းခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖျက်သိမ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင် ပေါ်ပေါက်လာသည်။ ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဦးညိုစောဦးဆောင်သော ပြည်ထောင်စု အစိုးရအဖွဲ့သစ်ကိုလည်းဖွဲ့စည်းခဲ့သည်။
ထို့နောက် ဩဂုတ် (၁)ရက်တွင် မြို့နယ်ပေါင်း (၆၃)မြို့နယ်တွင် အရေးပေါ်အခြေအနေကိုသတ် မှတ်ခဲ့သည်။ ဩဂုတ်လ (၁၈) ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်း ခွဲလုပ်မည်ဖြစ်ကြောင်းနှင့် အပိုင်း(၁)ကို ဒီဇင်ဘာလ (၂၈)ရက်တွင်ပြုလုပ် မည်ဖြစ်ကြောင်းအတည်ပြုခဲ့ပြီး အဆိုပါကတိအတိုင်း အနှောင့်အယှက်အချို့ရှိသော်လည်း မြို့နယ်ပေါင်း (၁၀၂)မြို့နယ်တွင် ရွေးကောက်ပွဲကိုပြုလုပ်နိုင်ခဲ့ သည်။ ရွေးကောက်ပွဲ အပိုင်း (၁)တွင် မဲပေးခွင့်ရှိသူ (၁၁ ဒသမ ၆)သန်းကျော်အနက် (၆ ဒသမ ဝ၉) သန်းကျော်က မဲပေးခဲ့ကြခြင်းဖြစ်ကာ ရွေးကောက်ပွဲ (၃)ပိုင်း စလုံးတွင် မဲပေးခွင့်ရှိသူ (၂၄ ဒသမ ၂၆) သန်းခန့်ရှိသည်။
ရွေးကောက်ပွဲသို့ နိုင်ငံတကာစောင့်ကြည့်သူများ ရှေ့မှောက်တွင်ပြုလုပ်ခဲ့ကာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ မှ ဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့် ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံ တကာရေးရာ ဌာနကိုယ်စားလှယ်အဖွဲ့၊ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ကာဇက်စတန်နိုင်ငံ ဗဟိုရွေး ကောက်ပွဲကော်မရှင်အဖွဲ့၊ ကမ္ဘောဒီးယား နိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မရှင်အဖွဲ့ စသည်ဖြင့် နိုင်ငံများမှအဖွဲ့များ ပါဝင်ခဲ့သည်။
ငြိမ်းချမ်းရေး နှစ်
ယခုနှစ်သည် ငြိမ်းချမ်းရေးအတွက် အစိုးရက ကမကထ ပြုသော ဖိုရမ်ကြီး (၂) ခုကို အောင်မြင် စွာ ကျင်းပနိုင်ခဲ့သောနှစ်တစ်နှစ်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက်သာမက ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အပြီး တက်လာမည့် အစိုးသစ်အတွက်လည်း အကျိုးပြုမည့်အကြံပြုချက်များကိုထုတ်နိုင်ခဲ့သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) က ဦး ဆောင်သည့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လ (၂၄)ရက်မှ (၂၆)ရက်အထိ နေပြည်တော် တွင် ကျင်းပခဲ့ပြီး “ငြိမ်းချမ်းရေးစကားဝိုင်း (၂၀၂၅)” ဖိုရမ်မှ ရေတိုအကြံပြုချက် (၁၂)ချက်နှင့် ရေရှည် လုပ်ငန်းစဉ် (၁၀)ချက်ကိုဖော်ထုတ်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဖိုရမ်ကို “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက် မှုတို့ကို ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းသာယာဝ ပြောသောနိုင်ငံတော်သစ်ဆီသို့” ဟူသောခေါင်းစဉ် ဖြင့် ဇွန်လ (၂၅)ရက်မှ (၂၇)ရက်အထိ နေပြည်တော်တွင်ကျင်းပခဲ့ပြီး တက်ရောက်သူ (၂၂၀)ခန့်ရှိခဲ့သည်။
အပစ်ရပ်နှင့် နယ်မြေ စိုးမိုးမှု
ယခုနှစ်အတွင်း တရုတ်နိုင်ငံ ကြားဝင်စေ့စပ်ဆွေးနွေးမှုဖြင့် တပ်မတော်က မြောက်ပိုင်း မဟာ မိတ် (၃) ဖွဲ့ အတွင်းမှ MNDAA၊ TNLA တို့နှင့် အပစ်ရပ်ခဲ့သည်။ ယခုနှစ်အတွင်းမှာပင် KNU ကို မတရား သင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခဲ့သည်။ ထင်ရှားသော နယ်မြေစိုးမှုများရှိခဲ့သည့်အနက် အထင်ရှားဆုံးမှာ လားရှိုးမြို့ကို ပြန်လည်ရရှိခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၏ အချက်အချာနေရာ ကို တပ်မတော်က စိုးမိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ရှမ်းမြောက်တွင် အလှည့်အပြောင်းဖြစ်ခဲ့သည်။
တစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့သော တောင်ခမ်း တိုက်ပွဲသည် တပ်မတော်၏ ခုခံစစ်မှ တန်ပြန် တိုက်စစ်အောင်ပွဲဖြစ်ပြီး တောင်ခမ်းတွင် အောင်မြင်မှုများရရှိ ပြီးနောက် TNLA ၏လက်တွင်းမှ နောင်ချို မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းနောက် ညှိ နှိုင်းမှုဖြင့် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ကို ပြန်ပေးရန်အတွက် TNLA ကသဘောတူခဲ့သည်။
မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း သိသာသော အောင်မြင်သည့် နယ်မြေစိုးမိုးမှုများစွာရှိခဲ့ပြီး မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တို့ကို တပ်မတော်က နယ်မြေစိုးမိုးနိုင်ခဲ့သည်။ ယင်း နယ်မြေစိုးမိုးမှုများမှတစ်ဆင့် တပ်မတော်က MDY – PDF နှင့် TNLA အကြား ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကိုဖြတ်တောက်နိုင်ခဲ့သည်။ ထို့ပြင် ဗန်းမော်မြို့တွင်လည်း KIA ပူးပေါင်းအဖွဲ့က မြို့သိမ်း ရန် ထိုးစစ်ဆင်ခဲ့ရာ တပ်မတော်ကအောင်မြင်စွာ ဟန့်တားနိုင်ခဲ့ပြီး လက်ရှိတွင် တိုက်ပွဲများဖြစ်ပွားနေ သေးသည့်တိုင် တိုက်စစ်အဖြစ်သို့ ကူးပြောင်းနိုင်ပြီဖြစ်သည်။
ဇူလိုင်လနှင့် အောက်တိုဘာလအတွင်း တပ်မတော်သည် မဟာဗျူဟာကျလှသော မြဝတီနယ် စပ်ဒေသကို အဆင့်လိုက် ထိုးစစ်ဆင်မှုများမှတစ်ဆင့် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဇူလိုင်လတွင် အာရှ လမ်းမကြီး၏ ကျုံဒိုး-ကော့ကရိတ်အပိုင်းကို ပြန်လည်ရရှိခဲ့ပြီးနောက် ဩဂုတ်လနှောင်းပိုင်းတွင် ကော့က ရိတ်နှင့် မြဝတီနှစ်ဖက်ညှပ်၍ စစ်ကြောင်း(၅)ကြောင်းဖြင့် အကြီးစားထိုးစစ်ကိုဆင်နွှဲခဲ့သည်။ စက်တင် ဘာလ အစောပိုင်းတွင် သင်္ဃန်းညီနောင်နှင့် ၎င်း၏ အဓိကဗျူ ဟာကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည်။ အောက်တိုဘာလ (၁၉) ရက်တွင် တပ်မတော်က မြဝတီမြို့နှင့် လေးကေ့ကော်အပါအဝင် ပတ် ဝန်းကျင်ဒေသများကို အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းကြေညာခဲ့ရာ အရေးပါသော စီးပွားရေး အသက်သွေးကြောဖြစ်သည့် အာရှလမ်းမကြီးကို လုံခြုံစေခဲ့ပြီး မြဝတီမြို့ကိုလည်း ပထမအဆင့် ရွေး ကောက်ပွဲကျင်းပမည့်စာရင်းတွင် ထည့်သွင်းနိုင်ခဲ့သည်။
တစ်ဖက်တွင်လည်း ကယားပြည်နယ်တွင် စစ်ရေးအောင်မြင်မှုများရှိခဲ့ပြီး မိုးဗြဲမြို့၊ ဖယ်ခုံမြို့ စ သည်ဖြင့် မြို့များကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ပြီးဖြစ်သည့်အပြင် ဒေသစီးပွားရေးအတွက် အရေး ပါသော လွိုင်ကော်-ပင်လောင်း လမ်းမကြီးကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ ပြည်ပခရီးစဉ်နှင့် သံတမန်ရေးရာ အောင်မြင်မှု
(၂၀၂၅)ခုနှစ်သည် နိုင်ငံတော်အကြီးအကဲ၏ ပြည်ပခရီးစဉ်များပြားရာ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး မြန်မာ နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ကြား ဆက်ဆံရေးတိုးတက်စေရန်ကြိုးပမ်းခဲ့သည့်အပြင် ရပ်နား နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်၍လည်း ရုရှားနှင့် သဘောတူညီမှုရရှိခဲ့သည်။
ယခုနှစ်အတွင်းသွားရောက်ခဲ့သောခရီးစဉ်များအနက် မတ်လအတွင်း ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံသို့သွားရောက်ခဲ့ကာ ရုရှားသမ္မတ ပူတင်နှင့်တွေ့ဆုံခဲ့ပြီး နျူကလီးယားစွမ်းအင်ဆိုင်ရာ SMR (Small Modular Reactor) နည်းပညာများအပါအဝင် အရေးကြီးသောသဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဘယ်လာရုစ်ခရီးစဉ်တွင်လည်း နှစ်နိုင်ငံအကြား ကုန်သွယ်၊ စီးပွား ပူးပေါင်း ဆောင်ရွက်ရေးကိုတိုးမြှင့်နိုင်ခဲ့သည်။
BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ထိုင်းနိုင်ငံသို့ ဧပြီလအတွင်း သွားရောက် ခဲ့ရာ အိန္ဒိယဝန်ကြီးချုပ်နှင့် သီးသန့်တွေ့ဆုံခဲ့သည်။ မေလအတွင်း ရုရှားနိုင်ငံသို့ Victory Day အခမ်း အနားတက်ရောက်ရန်ဖိတ်ကြားချက်အရသွားရောက်ခဲ့ရာ တရုတ်နိုင်ငံသမ္မတနှင့် သီးသန့် တွေ့ဆုံခဲ့ သည်။ ဩဂုတ်လအတွင်း SCO ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသို့သွားရောက်ခဲ့ကာ ဒေသတွင်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။
World Atomic Week Forum တက်ရောက်ရန် စက်တင်ဘာလအတွင်း ရုရှားနိုင်ငံသို့သွား ရောက်ခဲ့ပြီး အခမ်းအနားတစ်ခုတွင် ရုရှားသမ္မတက မြန်မာ ယာယီသမ္မတနှင့် ဘယ်လာရုစ် သမ္မတတို့ကို ၎င်း၏ တစ်ဖက်တစ်ချက်တွင် နေရာချထားသည့်ဓာတ်ပုံမှာ အွန်လိုင်းထက်တွင် ရေပန်းစားခဲ့သေးသည်။ ယင်းနောက် အောက်တိုဘာလအစောပိုင်းတွင် ကာဇက်စတန်နိုင်ငံသို့သွားရောက်ခဲ့ပြီး ယင်းနိုင်ငံက ခမ်း ခမ်းနားနားကြိုဆိုခဲ့သည့်အပြင် ပူးပေါင်းဆောင်ရွက် ရန် အခွင့်အလမ်းများရခဲ့သည်။
(၂၀၂၅)ခုနှစ်ခရီးစဉ်များကို ပြန်ကြည့်လိုက်လျှင် နိုင်ငံတော်အကြီးအကဲသည် လက်တွေ့ကျသော ခေါင်းဆောင်တစ်ဦးအဖြစ် ဒေသတွင်း အင်အားကြီးနိုင်ငံများအကြား ရှုမြင်စေရန်ဆောင်ရွက်နိုင်ခဲ့ပြီး သံ တမန်ကြောင်းအရ အောင်မြင်မှုရရှိခဲ့သည်။ တရုတ် သမ္မတနှင့်တွေ့ဆုံခြင်း၊ ရုရှားသမ္မတနှင့်တွေ့ဆုံနိုင် ခြင်းတို့မှတစ်ဆင့် မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့ပြီး အခြား မဟာမိတ်နိုင်ငံများကိုပါ ထပ်မံတိုး ပွားစေခဲ့သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့်ပတ်သက်၍ မြန်မာနိုင်ငံက ဦးစားပေး ကြောင်းကိုလည်း ထပ်မံအတည်ပြုခဲ့ပြီး ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Coope- ration Organisation) တွင် မြန်မာနိုင်ငံက ဆွေးနွေး ဖက်နိုင်ငံဆိုသောအနေအထားကိုရယူနိုင်ခဲ့သည်။
အောက်တိုဘာလ (၉)ရက်တွင် အာဆီယံအ လှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်ဖြစ်သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်တွင် လက်ခံတွေ့ဆုံခဲ့စဉ် ရွေး ကောက်ပွဲအတွက် စောင့်ကြည့်လေ့လာရန်ဖိတ်ခေါ်ခဲ့သည်။ တစ်ဖက်တွင်လည်း ဘယ်လာရုစ်သမ္မတ မစ္စတာ လူကာရှန်ကိုက မြန်မာနိုင်ငံသို့လာရောက်ခဲ့ရာ လည်ပတ်သည့်ကာလမကြာခဲ့သော်လည်း အရေးကြီးသော သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့သည်။
ယင်းပြင် (၂၀၂၅)ခုနှစ်အတွင်း ထူးခြားသော သံတမန်ရေးပြောင်းလဲမှုတစ်ခုဖြစ်သော ယခင်က NUG နှင့်ပတ်သက်၍ ပေါ်ပေါ်ထင်ထင် ထောက်ခံဖူး သော အရှေ့တီမောနိုင်ငံသည် ၎င်း၏ မူဝါဒကို ပြောင်းလဲကာ မြန်မာအစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ သို့မဟုတ် NUG အပါအဝင် အတိုက်အခံ ရုံးများ ကို ၎င်း၏မြေပေါ်တွင်ခွင့်မပြုရန် ကတိပြုခဲ့သည်။
မန္တလေးငလျင် (သို့မဟုတ်) မေ့ပျောက်ရန်ခက်သည့် နာကျင်မှု
မတ်လ (၂၈) ရက် မွန်းလွဲ (၁၂) နာရီ (၅၀) မိနစ် (၅၄) စက္ကန့်က စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီး ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့်ငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့ရှိနေရာအချို့တို့တွင် လူနေအိမ်များ၊ သာသနိကအဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်းများစွာ သေကျေခဲ့ကြသည်။
မန္တလေး-နေပြည်တော် အမြန်လမ်းမကြီး၊ မန္တလေးကျုံး၊ မဟာမြတ်မုနိဘုရားကြီးအပါအဝင် ထင် ရှားသောနေရာများစွာထိခိုက်ခဲ့ရပြီး မြို့တော်ဖြစ်သည့် နေပြည်တော်တွင်လည်း အပျက်အစီးများစွာ ရှိခဲ့ သည့်အပြင် ပိတ်မိနေသူများကြောင့် ရက်ပေါင်းအတန်ကြာသည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။ ယင်းငလျင်ကြီးတွင် ထိခိုက်သူများနှင့် ပိတ်မိသူများကို ကယ်ဆယ်ရန်အတွက် နိုင်ငံတကာမှ အကူအညီများ၊ အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံသို့ လာရောက်ကူညီခဲ့ကြသည်။ ယင်းငလျင်အပြီးတွင် နိုင်ငံတကာက မြန်မာအစိုးရကိုစာနာကြောင်းလည်း ပြသခဲ့ကြသည်။
အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး
မြန်မာအစိုးရ၏ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများမှာ ယခုနှစ်အတွင်း အရှိန်အမြင့် ဆုံးအထိတွန်းတင်ကာ တိုက်ဖျက်နေကြောင်းတွေ့မြင်ရ သည်။ တစ်ချိန်က အရှေ့တောင်အာရှတွင် သာမက ကမ္ဘာတွင်ပါ နာမည်ကျော်ဖြစ်နေသည့် KK Park ကဲ့သို့နေရာမျိုးကို တပ်မတော်က ဝင်ရောက် စီးနင်းပြီးနောက် အဆုံးတိုင် ဖျက်ဆီးမှုများပြုလုပ်နေသည်။ ယင်းသို့ မြေလှန်ဖျက်စီးခြင်းမှာ နောင်တစ် ချိန်တွင် ပြန်လည်မဝင်နိုင် စေရန်ဖြစ်ကြောင်းလည်း အစိုးရဘက်က အတိအလင်း ပြောထားသည်။
အစိုးရ၏ မြန်မာ-ထိုင်း နယ်စပ်တွင် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင် ရွက်ခဲ့ခြင်းကြောင့် သောင်ရင်းမြစ်ကိုဖြတ်ကျော်ကာ ထိုင်းဘက်သို့ပြေးခဲ့သူအများအပြားရှိခဲ့ပြီး အစိုးရ ဘက်ကလည်း ပြန်လည်မခိုအောင်းစေရန် စိစစ်မှုများဆောင်ရွက်နေသည်။ အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ သည်းမခံသောမူဝါဒကို ကျင့်သုံးကြောင်းလည်း အစိုးရကပြောကြားထားပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကိုကြီးကြပ်ရန် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုများတိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းထားသည်။
အကောင်းမြင်ခံရသော စီးပွားရေး
(၂၀၂၅)ခုနှစ်တွင် မြန်မာ့စီးပွားရေးသည် သဘာဝဘေးကြောင့်ထိခိုက်ခဲ့ရသော်လည်း တစ်ဖက် တွင် အကောင်းဘက်သို့ဦးတည်နေသော လက္ခဏာ များစွာရှိသည်။ မည်သို့ပင်ပြောနေစေကာမူ တရုတ် ဘက်မှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခြင်းများရှိနေပြီး စိတ်ဝင်စားမှုတိုးလာသောနှစ်ဖြစ်သည်။ (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလတွင် ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် ရေနံချက်စက်ရုံကို ပူးတွဲအကောင်အထည်ဖော် ရန် ရုရှားနိုင်ငံနှင့် အဓိက သဘောတူညီချက်ရရှိခဲ့ပြီး ယင်းအချက်က မြန်မာ-ရုရှားဆက်ဆံရေးမှာ မူလ စစ်ရေးသီးသန့်ဆက်ဆံရေးမှ စီးပွားရေးဘက်ကိုပါ တိုးမြှင့်နိုင်ခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် မြစ် ဆုံစီမံကိန်းလည်း ပြန်လည်စတင်ရန် အစီအစဉ်ရှိနေပြီး နျူကလီးယားဓာတ်အားပေးစက်ရုံလည်း ပေါ် ပေါက်လာမည်ဖြစ်ရာ ယခုနှစ်သည် ရင်းနှီးမြှုပ်နှံမှုအတွက် မျှော်လင့်ချက်များရှိနေသော နှစ်တစ်နှစ်ဖြစ် သည်။
အမေရိကန်က ပို့ကုန်များနှင့်ပတ်သက်၍ အခွန်တိုးမြှင့်ခြင်းများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှပို့ကုန် များအတွက် (၄၀)ရာခိုင်နှုန်းအခွန်ကောက်မည်ဖြစ် ကြောင်း မြန်မာအစိုးရထံ စာပေးပို့ခဲ့သည်။ ယင်းအ တွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်ကြားစာ ပြန်လည်ပေးပို့ရာတွင် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုများကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး ဖြေလျှော့ပေးရန်၊ မြန်မာနိုင်ငံ၏ပို့ကုန်များကို အခွန်နှုန်း ထား (၁၀) နှင့် (၂၀) ရာခိုင်နှုန်းကြားတွင် သတ်မှတ်ပေးရန် စသည်ဖြင့်ပါရှိခဲ့သည်။
ယခုနှစ်အတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်မှ ကုန်စည်တင်ပို့ခြင်းနှင့်တင်သွင်းခြင်း ကိုပိတ်ပြီး ရနောင်း-ကော့သောင်း ရေကြောင်းမှ တစ်ဆင့် ကုန်သွယ်ရေးဆောင်ရွက်နေသည့်အပြင် ကော့သောင်းဆိပ်ကမ်းကိုလည်း အဆင့်မြှင့်တင်နေ ကာ အစိုးရကလည်း ယင်းကုန်သွယ်ရေးလုပ်ငန်းစဉ် အတွက် လျှော့ပေါ့မှုများကို ဆောင်ရွက်ထားသည်။ နိုင်ငံတကာနှင့် ဝေဖန်သူများက မည်သို့ပင်ပြောစေ ကာမူ ကမ္ဘာ့ဘဏ်က (၂၀၂၆-၂၀၂၇) ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့စီးပွားရေးမှာ (၃)ရာခိုင်နှုန်း ပြန်လည် ဦးမော့လာမည်ဟုခန့်မှန်းထားသည်။
ဆုံးရှုံးခဲ့ရသော ထင်ရှားသူများ
ယခုနှစ်အတွင်း ထင်ရှားသောကွယ်လွန်သူများရှိခဲ့ရာ ဩဂုတ်လ (၇) ရက်တွင် ယာယီသမ္မတ တာဝန်ထမ်းဆောင်ရင်း ဦးမြင့်ဆွေ ကွယ်လွန်သွားခဲ့သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ဈာပနကို နိုင်ငံ တော် ဈာပနအဖြစ်ပြုလုပ်ခဲ့ပြီး အကြီးအကဲများတက်ရောက်ခဲ့သည်။
ယင်းပြင် ရွှေညဝါ ဆရာတော်၊ စာရေးဆရာ မောင်သာချို၊ နာမည်ကျော် ပန်းချီဆရာကြီး ဦးလွန်း ကြွယ်၊ စာရေးဆရာကြီး ချစ်စံဝင်း၊ ဝါရင့်တေးသံရှင် ဗစ်တာခင်ညို၊ ဓာတ်ပုံပညာရှင် ဦးမြင့်သိန်းဖေ၊ နာ မည်ကျော် ကိုလေး (အင်းဝဂုဏ်ရည်)၊ နာမည်ကျော် အဆိုတော် မာရဇ္ဇ၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ညောင်ညောင် စသည်ဖြင့် ထင်ရှားသူအချို့တို့သည်လည်း ယခုနှစ်အတွင်း ကွယ်လွန်သွားခဲ့ကြသည်။
နိဂုံး
ခြုံငုံကြည့်ပါက (၂၀၂၅)ခုနှစ်သည် မြန်မာနိုင်ငံအတွက်အရေးပါပြီး အသွင်ကူးပြောင်းမှုများသော နှစ်တစ်နှစ်ဖြစ်သည်။ နိုင်ငံရေးနှင့်စစ်ရေးအရ အစိုးရသည် ထိန်းချုပ်မှုကို ခိုင်မာအောင်လုပ်ဆောင်နိုင်ခဲ့ ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ရှေ့ဆက်ကာ ရွေးကောက်ပွဲအတွက်ပြင်ဆင်နိုင်ခဲ့သောကာလ အပိုင်း အခြားလည်းဖြစ်သည်။ ထို့ပြင် တပ်မတော်သည် အဓိကဒေသများကို ပြန်လည်တည်ငြိမ်အောင် ဆောင် ရွက်နိုင်ခဲ့သည်။ သံတမန်ရေးအရ မြန်မာနိုင်ငံသည် ဒေသတွင်း ထိတွေ့ဆက်ဆံမှုများကို ချဲ့ထွင်နိုင်ခဲ့ပြီး စီးပွားရေးမှာလည်း ဘေးအန္တရာယ်များနှင့် စိန်ခေါ်မှုများကြားမှ ပြန်လည်ရုန်းထနေပြီဖြစ်သည်။
(၂၀၂၅)ခုနှစ်သည် လာမည့်နှစ်များအတွက် အပေါင်းလက္ခဏာများရရှိရန် အခြေခံကောင်းများ ချန်ရင်း ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

Zawgyi Version:
“၂၀၂၅ မွတ္တမ္း”
(ႏွစ္ခ်ဳပ္ ေဆာင္းပါး)
သုတေက်ာ္ (NP News)
(၂၀၂၅)ခုႏွစ္သည္ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားမ်ားအတြက္ ငလ်င္တည္းဟူေသာ သဘာဝေဘးကို ႀကဳံခဲ့ရသည့္အတြက္ တစ္သက္မေမ့စရာ ဝမ္းနည္းဖြယ္ အမွတ္တရမ်ားကိုႀကဳံေတြ႕ခဲ့ရၿပီး တစ္ဖက္တြင္ မူ ႏိုင္ငံေရး၊ စီးပြားေရးအေျခအေနမွာ အေကာင္းဘက္သို႔ ဦးတည္ခဲ့ေသာႏွစ္ဟု ဆိုႏိုင္ပါလိမ့္မည္။
ယခုႏွစ္ပိုင္းအတြင္း နယ္ေျမစိုးမိုးမႈမ်ား ျပန္လည္ရရွိခဲ့သည့္အျပင္ ႏိုင္ငံေရးအရ ေအာင္ျမင္မႈ မ်ား၊ သံတမန္လမ္းေၾကာင္းအရ ေအာင္ျမင္မႈမ်ားရွိခဲ့သည့္အျပင္ ျမန္မာႏိုင္ငံသူ ႏိုင္ငံသားမ်ားအားလုံး လိုလားေတာင့္တေနသည့္ ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း(၁)ကိုလည္း ေအာင္ျမင္ စြာက်င္းပႏိုင္ခဲ့သည့္ ႏွစ္တစ္ႏွစ္လည္း ျဖစ္ခဲ့သည္။
အေရးေပၚကာလအုပ္ခ်ဳပ္ေရးမွ အရပ္ဘက္အုပ္ခ်ဳပ္ေရးဆီသို႔
ျမန္မာႏိုင္ငံ၏ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ မတ္လ (၇) ရက္က ဘယ္လာ႐ုစ္ႏိုင္ငံခရီးစဥ္ အတြင္း ထိုစဥ္က ယာယီသမၼတ(တာဝန္) ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္က အဆိုပါ ႏိုင္ငံသမၼတႏွင့္ ပူးတြဲသတင္းစာရွင္းလင္းပြဲျပဳလုပ္စဥ္ ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲကို (၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ သို႔မဟုတ္ (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလတြင္ က်င္းပသြားရန္ စီစဥ္ထားေၾကာင္း ေျပာၾကားခဲ့သည္။
ယင္းေနာက္ အဆိုပါလအတြင္းျပဳလုပ္ေသာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝး တြင္ ေ႐ြးေကာက္ပြဲကို (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ တတိယပတ္ႏွင့္ စတုတၳပတ္ (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ ပထမပတ္ႏွင့္ဒုတိယပတ္တို႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ထပ္မံေျပာၾကားအသိေပးခဲ့သည္။
ဇူလိုင္လ (၃၁)ရက္တြင္ ႏိုင္ငံတစ္ဝန္းထုတ္ျပန္ထားေသာ အေရးေပၚကာလကို႐ုပ္သိမ္းခဲ့ကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကိုဖ်က္သိမ္း၍ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မ ရွင္ ေပၚေပါက္လာသည္။ ထို႔ျပင္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အျဖစ္ ဦးညိဳေစာဦးေဆာင္ေသာ ျပည္ေထာင္စု အစိုးရအဖြဲ႕သစ္ကိုလည္းဖြဲ႕စည္းခဲ့သည္။
ထို႔ေနာက္ ဩဂုတ္ (၁)ရက္တြင္ ၿမိဳ႕နယ္ေပါင္း (၆၃)ၿမိဳ႕နယ္တြင္ အေရးေပၚအေျခအေနကိုသတ္ မွတ္ခဲ့သည္။ ဩဂုတ္လ (၁၈) ရက္တြင္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲ အပိုင္း(၃)ပိုင္း ခြဲလုပ္မည္ျဖစ္ေၾကာင္းႏွင့္ အပိုင္း(၁)ကို ဒီဇင္ဘာလ (၂၈)ရက္တြင္ျပဳလုပ္ မည္ျဖစ္ေၾကာင္းအတည္ျပဳခဲ့ၿပီး အဆိုပါကတိအတိုင္း အေႏွာင့္အယွက္အခ်ိဳ႕ရွိေသာ္လည္း ၿမိဳ႕နယ္ေပါင္း (၁၀၂)ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲကိုျပဳလုပ္ႏိုင္ခဲ့ သည္။ ေ႐ြးေကာက္ပြဲ အပိုင္း (၁)တြင္ မဲေပးခြင့္ရွိသူ (၁၁ ဒသမ ၆)သန္းေက်ာ္အနက္ (၆ ဒသမ ဝ၉) သန္းေက်ာ္က မဲေပးခဲ့ၾကျခင္းျဖစ္ကာ ေ႐ြးေကာက္ပြဲ (၃)ပိုင္း စလုံးတြင္ မဲေပးခြင့္ရွိသူ (၂၄ ဒသမ ၂၆) သန္းခန႔္ရွိသည္။
ေ႐ြးေကာက္ပြဲသို႔ ႏိုင္ငံတကာေစာင့္ၾကည့္သူမ်ား ေရွ႕ေမွာက္တြင္ျပဳလုပ္ခဲ့ကာ ႐ုရွားဖက္ဒေရး ရွင္းႏိုင္ငံ မွ ဒူးမားလႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၊ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ အာရွေရးရာ အထူးကိုယ္စားလွယ္အဖြဲ႕ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ၊ ႏိုင္ငံ တကာေရးရာ ဌာနကိုယ္စားလွယ္အဖြဲ႕၊ ဘယ္လာ႐ုစ္သမၼတႏိုင္ငံ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕၊ ကာဇက္စတန္ႏိုင္ငံ ဗဟိုေ႐ြး ေကာက္ပြဲေကာ္မရွင္အဖြဲ႕၊ ကေမာၻဒီးယား ႏိုင္ငံ အမ်ိဳးသားေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ စသည္ျဖင့္ ႏိုင္ငံမ်ားမွအဖြဲ႕မ်ား ပါဝင္ခဲ့သည္။
ၿငိမ္းခ်မ္းေရး ႏွစ္
ယခုႏွစ္သည္ ၿငိမ္းခ်မ္းေရးအတြက္ အစိုးရက ကမကထ ျပဳေသာ ဖိုရမ္ႀကီး (၂) ခုကို ေအာင္ျမင္ စြာ က်င္းပႏိုင္ခဲ့ေသာႏွစ္တစ္ႏွစ္ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးအတြက္သာမက ပါတီစုံအေထြေထြ ေ႐ြးေကာက္ပြဲ အၿပီး တက္လာမည့္ အစိုးသစ္အတြက္လည္း အက်ိဳးျပဳမည့္အႀကံျပဳခ်က္မ်ားကိုထုတ္ႏိုင္ခဲ့သည္။
အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ (NSPNC) က ဦး ေဆာင္သည့္ ပထမအႀကိမ္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို မတ္လ (၂၄)ရက္မွ (၂၆)ရက္အထိ ေနျပည္ေတာ္ တြင္ က်င္းပခဲ့ၿပီး “ၿငိမ္းခ်မ္းေရးစကားဝိုင္း (၂၀၂၅)” ဖိုရမ္မွ ေရတိုအႀကံျပဳခ်က္ (၁၂)ခ်က္ႏွင့္ ေရရွည္ လုပ္ငန္းစဥ္ (၁၀)ခ်က္ကိုေဖာ္ထုတ္ႏိုင္ခဲ့သည္။
ထို႔ေနာက္ ဒုတိယအႀကိမ္ ၿငိမ္းခ်မ္းေရးဖိုရမ္ကို “ၿငိမ္းခ်မ္းေရး၊ ေ႐ြးေကာက္ပြဲႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ မႈတို႔ကို ေပါင္းစပ္ညႇိႏႈိင္းျခင္းျဖင့္ ၿငိမ္းခ်မ္းသာယာဝ ေျပာေသာႏိုင္ငံေတာ္သစ္ဆီသို႔” ဟူေသာေခါင္းစဥ္ ျဖင့္ ဇြန္လ (၂၅)ရက္မွ (၂၇)ရက္အထိ ေနျပည္ေတာ္တြင္က်င္းပခဲ့ၿပီး တက္ေရာက္သူ (၂၂၀)ခန႔္ရွိခဲ့သည္။
အပစ္ရပ္ႏွင့္ နယ္ေျမ စိုးမိုးမႈ
ယခုႏွစ္အတြင္း တ႐ုတ္ႏိုင္ငံ ၾကားဝင္ေစ့စပ္ေဆြးေႏြးမႈျဖင့္ တပ္မေတာ္က ေျမာက္ပိုင္း မဟာ မိတ္ (၃) ဖြဲ႕ အတြင္းမွ MNDAA၊ TNLA တို႔ႏွင့္ အပစ္ရပ္ခဲ့သည္။ ယခုႏွစ္အတြင္းမွာပင္ KNU ကို မတရား သင္းႏွင့္ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ေၾကညာခဲ့သည္။ ထင္ရွားေသာ နယ္ေျမစိုးမႈမ်ားရွိခဲ့သည့္အနက္ အထင္ရွားဆုံးမွာ လားရႈိးၿမိဳ႕ကို ျပန္လည္ရရွိျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း၏ အခ်က္အခ်ာေနရာ ကို တပ္မေတာ္က စိုးမိုးႏိုင္ခဲ့ျခင္းျဖစ္ၿပီး ရွမ္းေျမာက္တြင္ အလွည့္အေျပာင္းျဖစ္ခဲ့သည္။
တစ္ႏွစ္ေက်ာ္ၾကာျဖစ္ပြားခဲ့ေသာ ေတာင္ခမ္း တိုက္ပြဲသည္ တပ္မေတာ္၏ ခုခံစစ္မွ တန္ျပန္ တိုက္စစ္ေအာင္ပြဲျဖစ္ၿပီး ေတာင္ခမ္းတြင္ ေအာင္ျမင္မႈမ်ားရရွိ ၿပီးေနာက္ TNLA ၏လက္တြင္းမွ ေနာင္ခ်ိဳ ၿမိဳ႕၊ ေက်ာက္မဲၿမိဳ႕ႏွင့္ သီေပါၿမိဳ႕တို႔ကို တပ္မေတာ္က ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့သည္။ ယင္းေနာက္ ညႇိ ႏႈိင္းမႈျဖင့္ မိုးကုတ္ၿမိဳ႕ႏွင့္ မိုးမိတ္ၿမိဳ႕ကို ျပန္ေပးရန္အတြက္ TNLA ကသေဘာတူခဲ့သည္။
ျမန္မာႏိုင္ငံအလယ္ပိုင္းတြင္လည္း သိသာေသာ ေအာင္ျမင္သည့္ နယ္ေျမစိုးမိုးမႈမ်ားစြာရွိခဲ့ၿပီး မတၱရာၿမိဳ႕နယ္၊ စဥ့္ကူးၿမိဳ႕နယ္၊ သပိတ္က်င္းၿမိဳ႕နယ္တို႔ကို တပ္မေတာ္က နယ္ေျမစိုးမိုးႏိုင္ခဲ့သည္။ ယင္း နယ္ေျမစိုးမိုးမႈမ်ားမွတစ္ဆင့္ တပ္မေတာ္က MDY – PDF ႏွင့္ TNLA အၾကား ေထာက္ပံ့ပို႔ေဆာင္ေရး လမ္းေၾကာင္းကိုျဖတ္ေတာက္ႏိုင္ခဲ့သည္။ ထို႔ျပင္ ဗန္းေမာ္ၿမိဳ႕တြင္လည္း KIA ပူးေပါင္းအဖြဲ႕က ၿမိဳ႕သိမ္း ရန္ ထိုးစစ္ဆင္ခဲ့ရာ တပ္မေတာ္ကေအာင္ျမင္စြာ ဟန႔္တားႏိုင္ခဲ့ၿပီး လက္ရွိတြင္ တိုက္ပြဲမ်ားျဖစ္ပြားေန ေသးသည့္တိုင္ တိုက္စစ္အျဖစ္သို႔ ကူးေျပာင္းႏိုင္ၿပီျဖစ္သည္။
ဇူလိုင္လႏွင့္ ေအာက္တိုဘာလအတြင္း တပ္မေတာ္သည္ မဟာဗ်ဴဟာက်လွေသာ ျမဝတီနယ္ စပ္ေဒသကို အဆင့္လိုက္ ထိုးစစ္ဆင္မႈမ်ားမွတစ္ဆင့္ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ဇူလိုင္လတြင္ အာရွ လမ္းမႀကီး၏ က်ဳံဒိုး-ေကာ့ကရိတ္အပိုင္းကို ျပန္လည္ရရွိခဲ့ၿပီးေနာက္ ဩဂုတ္လေႏွာင္းပိုင္းတြင္ ေကာ့က ရိတ္ႏွင့္ ျမဝတီႏွစ္ဖက္ညႇပ္၍ စစ္ေၾကာင္း(၅)ေၾကာင္းျဖင့္ အႀကီးစားထိုးစစ္ကိုဆင္ႏႊဲခဲ့သည္။ စက္တင္ ဘာလ အေစာပိုင္းတြင္ သဃၤန္းညီေနာင္ႏွင့္ ၎၏ အဓိကဗ်ဴ ဟာကုန္းကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ သည္။ ေအာက္တိုဘာလ (၁၉) ရက္တြင္ တပ္မေတာ္က ျမဝတီၿမိဳ႕ႏွင့္ ေလးေက့ေကာ္အပါအဝင္ ပတ္ ဝန္းက်င္ေဒသမ်ားကို အျပည့္အဝထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္းေၾကညာခဲ့ရာ အေရးပါေသာ စီးပြားေရး အသက္ေသြးေၾကာျဖစ္သည့္ အာရွလမ္းမႀကီးကို လုံၿခဳံေစခဲ့ၿပီး ျမဝတီၿမိဳ႕ကိုလည္း ပထမအဆင့္ ေ႐ြး ေကာက္ပြဲက်င္းပမည့္စာရင္းတြင္ ထည့္သြင္းႏိုင္ခဲ့သည္။
တစ္ဖက္တြင္လည္း ကယားျပည္နယ္တြင္ စစ္ေရးေအာင္ျမင္မႈမ်ားရွိခဲ့ၿပီး မိုးၿဗဲၿမိဳ႕၊ ဖယ္ခုံၿမိဳ႕ စ သည္ျဖင့္ ၿမိဳ႕မ်ားကို အျပည့္အဝ ျပန္လည္ထိန္းခ်ဳပ္ၿပီးျဖစ္သည့္အျပင္ ေဒသစီးပြားေရးအတြက္ အေရး ပါေသာ လြိဳင္ေကာ္-ပင္ေလာင္း လမ္းမႀကီးကိုလည္း ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့သည္။
ႏိုင္ငံေတာ္အႀကီးအကဲ၏ ျပည္ပခရီးစဥ္ႏွင့္ သံတမန္ေရးရာ ေအာင္ျမင္မႈ
(၂၀၂၅)ခုႏွစ္သည္ ႏိုင္ငံေတာ္အႀကီးအကဲ၏ ျပည္ပခရီးစဥ္မ်ားျပားရာ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ၿပီး ျမန္မာ ႏိုင္ငံႏွင့္ ကမာၻ႔အင္အားႀကီးႏိုင္ငံအခ်ိဳ႕ၾကား ဆက္ဆံေရးတိုးတက္ေစရန္ႀကိဳးပမ္းခဲ့သည့္အျပင္ ရပ္နား ေနသည့္ ထားဝယ္ေရနက္ဆိပ္ကမ္းႏွင့္ပတ္သက္၍လည္း ႐ုရွားႏွင့္ သေဘာတူညီမႈရရွိခဲ့သည္။
ယခုႏွစ္အတြင္းသြားေရာက္ခဲ့ေသာခရီးစဥ္မ်ားအနက္ မတ္လအတြင္း ႐ုရွားႏိုင္ငံႏွင့္ ဘယ္လာ႐ုစ္ ႏိုင္ငံသို႔သြားေရာက္ခဲ့ကာ ႐ုရွားသမၼတ ပူတင္ႏွင့္ေတြ႕ဆုံခဲ့ၿပီး န်ဴကလီးယားစြမ္းအင္ဆိုင္ရာ SMR (Small Modular Reactor) နည္းပညာမ်ားအပါအဝင္ အေရးႀကီးေသာသေဘာတူညီခ်က္မ်ားစြာကို လက္မွတ္ေရးထိုးႏိုင္ခဲ့သည္။ ဘယ္လာ႐ုစ္ခရီးစဥ္တြင္လည္း ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္၊ စီးပြား ပူးေပါင္း ေဆာင္႐ြက္ေရးကိုတိုးျမႇင့္ႏိုင္ခဲ့သည္။
BIMSTEC ထိပ္သီးေဆြးေႏြးပြဲ တက္ေရာက္ရန္အတြက္ ထိုင္းႏိုင္ငံသို႔ ဧၿပီလအတြင္း သြားေရာက္ ခဲ့ရာ အိႏၵိယဝန္ႀကီးခ်ဳပ္ႏွင့္ သီးသန႔္ေတြ႕ဆုံခဲ့သည္။ ေမလအတြင္း ႐ုရွားႏိုင္ငံသို႔ Victory Day အခမ္း အနားတက္ေရာက္ရန္ဖိတ္ၾကားခ်က္အရသြားေရာက္ခဲ့ရာ တ႐ုတ္ႏိုင္ငံသမၼတႏွင့္ သီးသန႔္ ေတြ႕ဆုံခဲ့ သည္။ ဩဂုတ္လအတြင္း SCO ထိပ္သီးအစည္းအေဝးတက္ေရာက္ရန္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ခဲ့ကာ ေဒသတြင္းေခါင္းေဆာင္မ်ားႏွင့္ေတြ႕ဆုံခဲ့သည္။
World Atomic Week Forum တက္ေရာက္ရန္ စက္တင္ဘာလအတြင္း ႐ုရွားႏိုင္ငံသို႔သြား ေရာက္ခဲ့ၿပီး အခမ္းအနားတစ္ခုတြင္ ႐ုရွားသမၼတက ျမန္မာ ယာယီသမၼတႏွင့္ ဘယ္လာ႐ုစ္ သမၼတတို႔ကို ၎၏ တစ္ဖက္တစ္ခ်က္တြင္ ေနရာခ်ထားသည့္ဓာတ္ပုံမွာ အြန္လိုင္းထက္တြင္ ေရပန္းစားခဲ့ေသးသည္။ ယင္းေနာက္ ေအာက္တိုဘာလအေစာပိုင္းတြင္ ကာဇက္စတန္ႏိုင္ငံသို႔သြားေရာက္ခဲ့ၿပီး ယင္းႏိုင္ငံက ခမ္း ခမ္းနားနားႀကိဳဆိုခဲ့သည့္အျပင္ ပူးေပါင္းေဆာင္႐ြက္ ရန္ အခြင့္အလမ္းမ်ားရခဲ့သည္။
(၂၀၂၅)ခုႏွစ္ခရီးစဥ္မ်ားကို ျပန္ၾကည့္လိုက္လွ်င္ ႏိုင္ငံေတာ္အႀကီးအကဲသည္ လက္ေတြ႕က်ေသာ ေခါင္းေဆာင္တစ္ဦးအျဖစ္ ေဒသတြင္း အင္အားႀကီးႏိုင္ငံမ်ားအၾကား ရႈျမင္ေစရန္ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး သံ တမန္ေၾကာင္းအရ ေအာင္ျမင္မႈရရွိခဲ့သည္။ တ႐ုတ္ သမၼတႏွင့္ေတြ႕ဆုံျခင္း၊ ႐ုရွားသမၼတႏွင့္ေတြ႕ဆုံႏိုင္ ျခင္းတို႔မွတစ္ဆင့္ မဟာမိတ္ဆက္ဆံေရးကို ပိုမိုခိုင္မာေစခဲ့ၿပီး အျခား မဟာမိတ္ႏိုင္ငံမ်ားကိုပါ ထပ္မံတိုး ပြားေစခဲ့သည္။ တ႐ုတ္-ျမန္မာ စီးပြားေရးစႀကႍ (CMEC) ႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံက ဦးစားေပး ေၾကာင္းကိုလည္း ထပ္မံအတည္ျပဳခဲ့ၿပီး ရွန္ဟိုင္းပူး ေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (Shanghai Coope- ration Organisation) တြင္ ျမန္မာႏိုင္ငံက ေဆြးေႏြး ဖက္ႏိုင္ငံဆိုေသာအေနအထားကိုရယူႏိုင္ခဲ့သည္။
ေအာက္တိုဘာလ (၉)ရက္တြင္ အာဆီယံအ လွည့္က်ဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္ စားလွယ္ျဖစ္သည့္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေနျပည္ေတာ္တြင္ လက္ခံေတြ႕ဆုံခဲ့စဥ္ ေ႐ြး ေကာက္ပြဲအတြက္ ေစာင့္ၾကည့္ေလ့လာရန္ဖိတ္ေခၚခဲ့သည္။ တစ္ဖက္တြင္လည္း ဘယ္လာ႐ုစ္သမၼတ မစၥတာ လူကာရွန္ကိုက ျမန္မာႏိုင္ငံသို႔လာေရာက္ခဲ့ရာ လည္ပတ္သည့္ကာလမၾကာခဲ့ေသာ္လည္း အေရးႀကီးေသာ သေဘာတူညီခ်က္မ်ားစြာကို လက္မွတ္ေရးထိုးခဲ့သည္။
ယင္းျပင္ (၂၀၂၅)ခုႏွစ္အတြင္း ထူးျခားေသာ သံတမန္ေရးေျပာင္းလဲမႈတစ္ခုျဖစ္ေသာ ယခင္က NUG ႏွင့္ပတ္သက္၍ ေပၚေပၚထင္ထင္ ေထာက္ခံဖူး ေသာ အေရွ႕တီေမာႏိုင္ငံသည္ ၎၏ မူဝါဒကို ေျပာင္းလဲကာ ျမန္မာအစိုးရဆန႔္က်င္ေရးလႈပ္ရွားမႈမ်ား သို႔မဟုတ္ NUG အပါအဝင္ အတိုက္အခံ ႐ုံးမ်ား ကို ၎၏ေျမေပၚတြင္ခြင့္မျပဳရန္ ကတိျပဳခဲ့သည္။
မႏၲေလးငလ်င္ (သို႔မဟုတ္) ေမ့ေပ်ာက္ရန္ခက္သည့္ နာက်င္မႈ
မတ္လ (၂၈) ရက္ မြန္းလြဲ (၁၂) နာရီ (၅၀) မိနစ္ (၅၄) စကၠန႔္က စစ္ကိုင္းၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕အနီး ကို ဗဟိုျပဳလႈပ္ခတ္ခဲ့သည့္ငလ်င္ႀကီးေၾကာင့္ မႏၲေလးတိုင္းေဒသႀကီး၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း ေဒသႀကီး၊ ရွမ္းျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ကရင္ျပည္နယ္တို႔ရွိေနရာအခ်ိဳ႕တို႔တြင္ လူေနအိမ္မ်ား၊ သာသနိကအေဆာက္အအုံမ်ား ပ်က္စီးခဲ့ၿပီး လူေပါင္းမ်ားစြာ ေသေက်ခဲ့ၾကသည္။
မႏၲေလး-ေနျပည္ေတာ္ အျမန္လမ္းမႀကီး၊ မႏၲေလးက်ဳံး၊ မဟာျမတ္မုနိဘုရားႀကီးအပါအဝင္ ထင္ ရွားေသာေနရာမ်ားစြာထိခိုက္ခဲ့ရၿပီး ၿမိဳ႕ေတာ္ျဖစ္သည့္ ေနျပည္ေတာ္တြင္လည္း အပ်က္အစီးမ်ားစြာ ရွိခဲ့ သည့္အျပင္ ပိတ္မိေနသူမ်ားေၾကာင့္ ရက္ေပါင္းအတန္ၾကာသည္အထိ ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့ရသည္။ ယင္းငလ်င္ႀကီးတြင္ ထိခိုက္သူမ်ားႏွင့္ ပိတ္မိသူမ်ားကို ကယ္ဆယ္ရန္အတြက္ ႏိုင္ငံတကာမွ အကူအညီမ်ား၊ အဖြဲ႕အစည္းမ်ားကလည္း ျမန္မာႏိုင္ငံသို႔ လာေရာက္ကူညီခဲ့ၾကသည္။ ယင္းငလ်င္အၿပီးတြင္ ႏိုင္ငံတကာက ျမန္မာအစိုးရကိုစာနာေၾကာင္းလည္း ျပသခဲ့ၾကသည္။
အြန္လိုင္းလိမ္လည္မႈ တိုက္ဖ်က္ေရး
ျမန္မာအစိုးရ၏ အြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ားမွာ ယခုႏွစ္အတြင္း အရွိန္အျမင့္ ဆုံးအထိတြန္းတင္ကာ တိုက္ဖ်က္ေနေၾကာင္းေတြ႕ျမင္ရ သည္။ တစ္ခ်ိန္က အေရွ႕ေတာင္အာရွတြင္ သာမက ကမာၻတြင္ပါ နာမည္ေက်ာ္ျဖစ္ေနသည့္ KK Park ကဲ့သို႔ေနရာမ်ိဳးကို တပ္မေတာ္က ဝင္ေရာက္ စီးနင္းၿပီးေနာက္ အဆုံးတိုင္ ဖ်က္ဆီးမႈမ်ားျပဳလုပ္ေနသည္။ ယင္းသို႔ ေျမလွန္ဖ်က္စီးျခင္းမွာ ေနာင္တစ္ ခ်ိန္တြင္ ျပန္လည္မဝင္ႏိုင္ ေစရန္ျဖစ္ေၾကာင္းလည္း အစိုးရဘက္က အတိအလင္း ေျပာထားသည္။
အစိုးရ၏ ျမန္မာ-ထိုင္း နယ္စပ္တြင္ အြန္လိုင္း လိမ္လည္မႈတိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ေဆာင္ ႐ြက္ခဲ့ျခင္းေၾကာင့္ ေသာင္ရင္းျမစ္ကိုျဖတ္ေက်ာ္ကာ ထိုင္းဘက္သို႔ေျပးခဲ့သူအမ်ားအျပားရွိခဲ့ၿပီး အစိုးရ ဘက္ကလည္း ျပန္လည္မခိုေအာင္းေစရန္ စိစစ္မႈမ်ားေဆာင္႐ြက္ေနသည္။ အြန္လိုင္းလိမ္လည္မႈမ်ားႏွင့္ ပတ္သက္၍ သည္းမခံေသာမူဝါဒကို က်င့္သုံးေၾကာင္းလည္း အစိုးရကေျပာၾကားထားၿပီး တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ အြန္လိုင္းလိမ္လည္မႈတိုက္ဖ်က္ေရးကိုႀကီးၾကပ္ရန္ အြန္လိုင္းလိမ္လည္မႈႏွင့္ အြန္လိုင္း ေလာင္းကစားမႈမ်ားတိုက္ဖ်က္ေရးႀကီးၾကပ္မႈ ဗဟိုေကာ္မတီကို ဖြဲ႕စည္းထားသည္။
အေကာင္းျမင္ခံရေသာ စီးပြားေရး
(၂၀၂၅)ခုႏွစ္တြင္ ျမန္မာ့စီးပြားေရးသည္ သဘာဝေဘးေၾကာင့္ထိခိုက္ခဲ့ရေသာ္လည္း တစ္ဖက္ တြင္ အေကာင္းဘက္သို႔ဦးတည္ေနေသာ လကၡဏာ မ်ားစြာရွိသည္။ မည္သို႔ပင္ေျပာေနေစကာမူ တ႐ုတ္ ဘက္မွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဝင္ေရာက္ျခင္းမ်ားရွိေနၿပီး စိတ္ဝင္စားမႈတိုးလာေသာႏွစ္ျဖစ္သည္။ (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ထားဝယ္ေရနက္ဆိပ္ကမ္း ႏွင့္ ေရနံခ်က္စက္႐ုံကို ပူးတြဲအေကာင္အထည္ေဖာ္ ရန္ ႐ုရွားႏိုင္ငံႏွင့္ အဓိက သေဘာတူညီခ်က္ရရွိခဲ့ၿပီး ယင္းအခ်က္က ျမန္မာ-႐ုရွားဆက္ဆံေရးမွာ မူလ စစ္ေရးသီးသန႔္ဆက္ဆံေရးမွ စီးပြားေရးဘက္ကိုပါ တိုးျမႇင့္ႏိုင္ျခင္းျဖစ္သည္။ တစ္ခ်ိန္တည္းတြင္ပင္ ျမစ္ ဆုံစီမံကိန္းလည္း ျပန္လည္စတင္ရန္ အစီအစဥ္ရွိေနၿပီး န်ဴကလီးယားဓာတ္အားေပးစက္႐ုံလည္း ေပၚ ေပါက္လာမည္ျဖစ္ရာ ယခုႏွစ္သည္ ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ ေမွ်ာ္လင့္ခ်က္မ်ားရွိေနေသာ ႏွစ္တစ္ႏွစ္ျဖစ္ သည္။
အေမရိကန္က ပို႔ကုန္မ်ားႏွင့္ပတ္သက္၍ အခြန္တိုးျမႇင့္ျခင္းမ်ားျပဳလုပ္ခဲ့ရာ ျမန္မာႏိုင္ငံမွပို႔ကုန္ မ်ားအတြက္ (၄၀)ရာခိုင္ႏႈန္းအခြန္ေကာက္မည္ျဖစ္ ေၾကာင္း ျမန္မာအစိုးရထံ စာေပးပို႔ခဲ့သည္။ ယင္းအ တြက္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ျပန္ၾကားစာ ျပန္လည္ေပးပို႔ရာတြင္ အေမရိကန္၏ စီးပြားေရး ပိတ္ဆို႔မႈမ်ားကို ျပန္လည္ဆင္ျခင္သုံးသပ္ၿပီး ေျဖေလွ်ာ့ေပးရန္၊ ျမန္မာႏိုင္ငံ၏ပို႔ကုန္မ်ားကို အခြန္ႏႈန္း ထား (၁၀) ႏွင့္ (၂၀) ရာခိုင္ႏႈန္းၾကားတြင္ သတ္မွတ္ေပးရန္ စသည္ျဖင့္ပါရွိခဲ့သည္။
ယခုႏွစ္အတြင္း ျမဝတီနယ္စပ္ကုန္သြယ္ေရး ဂိတ္ေပါက္မွ ကုန္စည္တင္ပို႔ျခင္းႏွင့္တင္သြင္းျခင္း ကိုပိတ္ၿပီး ရေနာင္း-ေကာ့ေသာင္း ေရေၾကာင္းမွ တစ္ဆင့္ ကုန္သြယ္ေရးေဆာင္႐ြက္ေနသည့္အျပင္ ေကာ့ေသာင္းဆိပ္ကမ္းကိုလည္း အဆင့္ျမႇင့္တင္ေန ကာ အစိုးရကလည္း ယင္းကုန္သြယ္ေရးလုပ္ငန္းစဥ္ အတြက္ ေလွ်ာ့ေပါ့မႈမ်ားကို ေဆာင္႐ြက္ထားသည္။ ႏိုင္ငံတကာႏွင့္ ေဝဖန္သူမ်ားက မည္သို႔ပင္ေျပာေစ ကာမူ ကမာၻ႔ဘဏ္က (၂၀၂၆-၂၀၂၇) ဘ႑ာေရးႏွစ္အတြက္ ျမန္မာ့စီးပြားေရးမွာ (၃)ရာခိုင္ႏႈန္း ျပန္လည္ ဦးေမာ့လာမည္ဟုခန႔္မွန္းထားသည္။
ဆုံးရႈံးခဲ့ရေသာ ထင္ရွားသူမ်ား
ယခုႏွစ္အတြင္း ထင္ရွားေသာကြယ္လြန္သူမ်ားရွိခဲ့ရာ ဩဂုတ္လ (၇) ရက္တြင္ ယာယီသမၼတ တာဝန္ထမ္းေဆာင္ရင္း ဦးျမင့္ေဆြ ကြယ္လြန္သြားခဲ့သည္။ ယာယီသမၼတ ဦးျမင့္ေဆြ၏ဈာပနကို ႏိုင္ငံ ေတာ္ ဈာပနအျဖစ္ျပဳလုပ္ခဲ့ၿပီး အႀကီးအကဲမ်ားတက္ေရာက္ခဲ့သည္။
ယင္းျပင္ ေ႐ႊညဝါ ဆရာေတာ္၊ စာေရးဆရာ ေမာင္သာခ်ိဳ၊ နာမည္ေက်ာ္ ပန္းခ်ီဆရာႀကီး ဦးလြန္း ႂကြယ္၊ စာေရးဆရာႀကီး ခ်စ္စံဝင္း၊ ဝါရင့္ေတးသံရွင္ ဗစ္တာခင္ညိဳ၊ ဓာတ္ပုံပညာရွင္ ဦးျမင့္သိန္းေဖ၊ နာ မည္ေက်ာ္ ကိုေလး (အင္းဝဂုဏ္ရည္)၊ နာမည္ေက်ာ္ အဆိုေတာ္ မာရဇၨ၊ ႐ုပ္ရွင္ႏွင့္ဗီဒီယိုသ႐ုပ္ေဆာင္ ေညာင္ေညာင္ စသည္ျဖင့္ ထင္ရွားသူအခ်ိဳ႕တို႔သည္လည္း ယခုႏွစ္အတြင္း ကြယ္လြန္သြားခဲ့ၾကသည္။
နိဂုံး
ၿခဳံငုံၾကည့္ပါက (၂၀၂၅)ခုႏွစ္သည္ ျမန္မာႏိုင္ငံအတြက္အေရးပါၿပီး အသြင္ကူးေျပာင္းမႈမ်ားေသာ ႏွစ္တစ္ႏွစ္ျဖစ္သည္။ ႏိုင္ငံေရးႏွင့္စစ္ေရးအရ အစိုးရသည္ ထိန္းခ်ဳပ္မႈကို ခိုင္မာေအာင္လုပ္ေဆာင္ႏိုင္ခဲ့ ၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို ေရွ႕ဆက္ကာ ေ႐ြးေကာက္ပြဲအတြက္ျပင္ဆင္ႏိုင္ခဲ့ေသာကာလ အပိုင္း အျခားလည္းျဖစ္သည္။ ထို႔ျပင္ တပ္မေတာ္သည္ အဓိကေဒသမ်ားကို ျပန္လည္တည္ၿငိမ္ေအာင္ ေဆာင္ ႐ြက္ႏိုင္ခဲ့သည္။ သံတမန္ေရးအရ ျမန္မာႏိုင္ငံသည္ ေဒသတြင္း ထိေတြ႕ဆက္ဆံမႈမ်ားကို ခ်ဲ႕ထြင္ႏိုင္ခဲ့ၿပီး စီးပြားေရးမွာလည္း ေဘးအႏၲရာယ္မ်ားႏွင့္ စိန္ေခၚမႈမ်ားၾကားမွ ျပန္လည္႐ုန္းထေနၿပီျဖစ္သည္။
(၂၀၂၅)ခုႏွစ္သည္ လာမည့္ႏွစ္မ်ားအတြက္ အေပါင္းလကၡဏာမ်ားရရွိရန္ အေျခခံေကာင္းမ်ား ခ်န္ရင္း ကုန္လြန္သြားခဲ့ၿပီျဖစ္သည္။