စစ်ကိုင်းရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ တရားမဝင် ရွှေသတ္တုတူးဖော်ရာတွင် သုံးမည့်ပစ္စည်းများ ဖမ်းဆီးရမိ

1189

ထိုက်စံ (NP News) - ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် ရွှေသတ္တုတူးဖော်ရာတွင် အသုံးပြုမည့်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ အချက်အလက်များအရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ဒီဇင်ဘာ(၃၁) ရက်တွင် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရား မဝင် ရွှေသတ္တုတူးဖော်ရာတွင်အသုံးပြုသည့် ခြောက်လက်မသံပိုက်ဆက် ဖလမ်းပြား( ၁၆) ခု အပါအဝင် ဆက်စပ်ပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၄၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၈၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့နယ် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်( ၂၉၈၄၀၀၀၀ ) ကို ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ (၃၁) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းခြောက်မျိုး၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်( ၂၂၀၅၀၀၀၀ ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ( ၃၁ ) ရက်တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ (၆)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၈၉၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အချက်အလက်များအရ သိရသည်။

Zawgyi Version:
စစ္ကိုင္းရတနာပုံတံတားစစ္ေဆးေရးဂိတ္၌ တရားမဝင္ ေ႐ႊသတၱဳတူးေဖာ္ရာတြင္ သုံးမည့္ပစၥည္းမ်ား ဖမ္းဆီးရမိ
ထိုက္စံ (NP News) - ဇန္နဝါရီ ၅
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္ ရတနာပုံတံတား ပူးေပါင္းစစ္ေဆးေရးဂိတ္၌ တရားမဝင္ ေ႐ႊသတၱဳတူးေဖာ္ရာတြင္ အသုံးျပဳမည့္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရသည္။
စစ္ကိုင္းတိုင္းေဒသႀကီး တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးအထူးအဖြဲ႕၏ စီမံခန႔္ခြဲမႈျဖင့္ ပူးေပါင္းအဖြဲ႕က စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ၿပီးခဲ့သည့္ ဒီဇင္ဘာ(၃၁) ရက္တြင္ ရတနာပုံတံတား ပူးေပါင္းစစ္ေဆးေရးဂိတ္၌ တရား မဝင္ ေ႐ႊသတၱဳတူးေဖာ္ရာတြင္အသုံးျပဳသည့္ ေျခာက္လက္မသံပိုက္ဆက္ ဖလမ္းျပား( ၁၆) ခု အပါအဝင္ ဆက္စပ္ပစၥည္း ရွစ္မ်ိဳး (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၅၀၄၀၀၀၀) ကို ဖမ္းဆီးရမိခဲ့ၿပီး ျမန္မာ့သတၱဳတြင္းဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။
အလားတူ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ တရားဝင္စာ႐ြက္စာတမ္း အေထာက္အထားတင္ျပႏိုင္ျခင္းမရွိသည့္ လုပ္ငန္းသုံးပစၥည္းတစ္မ်ိဳး (ခန႔္မွန္း တန္ဖိုးေငြက်ပ္ ၁၂၈၀၀၀၀၀) ကို ပို႔ကုန္သြင္းကုန္ဥပေဒအရလည္းေကာင္း၊ စစ္ကိုင္းၿမိဳ႕နယ္ ကံတလူပူးေပါင္းစစ္ေဆးေရးဂိတ္၌ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္တစ္စီး (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၁၂၀,၀၀၀၀၀) ကို ပို႔ကုန္သြင္းကုန္ဥပေဒအရလည္းေကာင္း စုစုေပါင္း ခန႔္မွန္းတန္ဖိုးေငြက်ပ္( ၂၉၈၄၀၀၀၀ ) ကို ဖမ္းဆီးအေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။
ထို႔ျပင္ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ စစ္ေဆးမႈမ်ားေဆာင္႐ြက္ခဲ့ရာ ဒီဇင္ဘာ (၃၁) ရက္တြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၌ ခရီးသည္သုံးဦး၏ ဝန္စည္မ်ားအတြင္းမွ တရားဝင္စာ႐ြက္ စာတမ္းအေထာက္အထားတင္ျပႏိုင္ျခင္းမရွိသည့္ လူသုံးကုန္ပစၥည္းေျခာက္မ်ိဳး၊ လုပ္ငန္းသုံးပစၥည္းတစ္မ်ိဳး စုစုေပါင္းခန႔္မွန္းတန္ဖိုးေငြက်ပ္( ၂၂၀၅၀၀၀၀ ) ကို ဖမ္းဆီးရမိခဲ့ၿပီး အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ အမႈတြဲဖြင့္လွစ္ထားေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္ ဒီဇင္ဘာ( ၃၁ ) ရက္တြင္ ဖမ္းဆီးရမိမႈစုစုေပါင္းမွာ အမႈတြဲ (၆)မႈ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၅၁၈၉၀၀၀၀) ကို ဖမ္းဆီးရမိခဲ့ေၾကာင္း တရားမဝင္ ကုန္သြယ္မႈတိုက္ဖ်က္ေရးဦးေဆာင္ေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရသည္။