ကသာမြို့အဝင်အထွက်များကို တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးများဆက်လုပ်နေ

2111

သန့်ဇင်(NP News)-ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကသာမြို့၏ မြို့အဝင်အထွက်များကို တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး နယ်မြေရှင်းလင်း ရေးများဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၈) ရက်က ကသာမြို့၌ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပနေချိန်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့က ဝန်းရံပိတ်ဆို့မှုများလုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ (၂၉)ရက်တွင် ကသာမြို့ကို တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲဖော်ဆောင်မှုကြောင့် ဒေသခံများစွာ စစ်ဘေးရှောင် နေရပ်စွန်ခွာခဲ့ရာမှ KIA၊ PDF ပူးပေါင်းအဖွဲ့က အင်းတော်-ကသာ လမ်း၊ ထီးချိုင့်-ကသာလမ်းတို့တွင် ပိတ်ဆို့မှုများ ကြောင့် မြို့အတွင်းမှထွက်ခွာမရသူများရှိခဲ့ရာ လက်ရှိတွင် တပ်မတော်က မြို့အဝင်အထွက်နေရာများကို ပြန်လည်ထိန်းချုပ်ကာ နယ်မြေရှင်းလင်းရေးများဆက်လက်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“သူတို့က ကသာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းးကိုဗျာ။ သူတို့ခိုးဝင်တယ်။ ဝင်ပြီးတော့ ကျောင်းနဲ့ဓာတ်ပုံတွဲရိုက်တယ်။ ရိုက်ပြီးတော့ သူတို့ ဆိုရှယ်မီဒီယာတွေမှာ ကသာကိုသိမ်းလိုက်ပြီဆိုပြီး တင်ကြတယ်။ အဓိကက KIA ၊ PDF ကမြို့ထဲကိုလုံးဝမဝင်နိုင်ပဲနဲ့ နယ်မြေရှင်းလင်းခံနေရတာ။ သူတို့က ကသာမြို့ကြီးသိမ်းလိုက်ပြီဆိုပြီး ဝါဒဖြန့်ကြတာပေါ့။ အခုတော့ တပ်က မြို့အဝင်အထွက်တွေကို ပြန်ပြီးထိန်းချုပ်နိုင်ပြီ။ နောက်ပြီး ဒီဇင်ဘာ ၂၉ ရက်တည်းက သူတို့ခိုဝင်နေတဲ့ သက်ဦးကျောင်းဆိုတာရှိတယ်။ အဲဒီဘုန်းကြီးကျောင်းကို ခိုဝင်နေတဲ့ဟာက သူတို့က ပြန်အလှန်ပစ်ခတ်နေရာကနေ အခု တပ်ကအဲဒီကျောင်းကိုပြန်ပြီး သိမ်းပိုက်နိုင်သွားပြီ။ KIA ၊ PDF တွေလည်း အရှင်ဖမ်းမိခဲ့တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
ထို့ပြင် မြို့အတွင်းတပ်မတော်က အပြည့်အဝထိန်းချုပ်ထားသည့်အတွက် နေရပ်စွန့်ခွာခဲ့သည့် ဒေသခံများလည်း ပြန်လည်ဝင်ရောက်လာ နေပြီဖြစ်ကြောင်း သိရသည်။
“အခု စစ်ရှောင်ပြည်သူတွေကိုလည်း သေချာစီစစ်ပြီးတော့ မြို့ထဲကို ပြန်ပေးဝင်နေပြီ။ အများစုကတော့ အင်းတော်ဘက်က ပြန်ဝင်ကြ တာပေါ့နော်။ မိုးညှင်းဘက်ကို စစ်ရှောင်တာများတယ်။ ဝန်ထမ်းတွေပြန်ဝင်တဲ့ သတင်းကြောင့် မြို့နဲ့(၈)မိုင်အကွာမှာ။ နဘားနားမှာ ပေါ့နော်။ အဲဒီမှာ ထိန်းချုပ်မှုတွေရှိနေသေးတယ်။ အနည်းစုတော့ ပြန်ဝင်လာကြပြီ”ဟု အထက်ပါ ဒေသခံက ဆိုသည်။

Zawgyi Version:
ကသာၿမိဳ႕အဝင္အထြက္မ်ားကို တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ၿပီး နယ္ေျမရွင္းလင္းေရးမ်ားဆက္လုပ္ေန
သန႔္ဇင္(NP News)-ဇန္နဝါရီ ၅
စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)၊ ကသာၿမိဳ႕၏ ၿမိဳ႕အဝင္အထြက္မ်ားကို တပ္မေတာ္ျပန္လည္ထိန္းခ်ဳပ္ၿပီး နယ္ေျမရွင္းလင္း ေရးမ်ားဆက္လက္လုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၂၈) ရက္က ကသာၿမိဳ႕၌ ေ႐ြးေကာက္ပြဲ အပိုင္း (၁) က်င္းပေနခ်ိန္တြင္ KIA၊ PDF ပူးေပါင္းအဖြဲ႕က ဝန္းရံပိတ္ဆို႔မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ဒီဇင္ဘာ (၂၉)ရက္တြင္ ကသာၿမိဳ႕ကို တိုက္ပြဲေဖာ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ပြဲေဖာ္ေဆာင္မႈေၾကာင့္ ေဒသခံမ်ားစြာ စစ္ေဘးေရွာင္ ေနရပ္စြန္ခြာခဲ့ရာမွ KIA၊ PDF ပူးေပါင္းအဖြဲ႕က အင္းေတာ္-ကသာ လမ္း၊ ထီးခ်ိဳင့္-ကသာလမ္းတို႔တြင္ ပိတ္ဆို႔မႈမ်ား ေၾကာင့္ ၿမိဳ႕အတြင္းမွထြက္ခြာမရသူမ်ားရွိခဲ့ရာ လက္ရွိတြင္ တပ္မေတာ္က ၿမိဳ႕အဝင္အထြက္ေနရာမ်ားကို ျပန္လည္ထိန္းခ်ဳပ္ကာ နယ္ေျမရွင္းလင္းေရးမ်ားဆက္လက္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက ဆိုသည္။
“သူတို႔က ကသာမွာရွိတဲ့ အေျခခံပညာအထက္တန္းေက်ာင္းးကိုဗ်ာ။ သူတို႔ခိုးဝင္တယ္။ ဝင္ၿပီးေတာ့ ေက်ာင္းနဲ႔ဓာတ္ပုံတြဲ႐ိုက္တယ္။ ႐ိုက္ၿပီးေတာ့ သူတို႔ ဆိုရွယ္မီဒီယာေတြမွာ ကသာကိုသိမ္းလိုက္ၿပီဆိုၿပီး တင္ၾကတယ္။ အဓိကက KIA ၊ PDF ကၿမိဳ႕ထဲကိုလုံးဝမဝင္ႏိုင္ပဲနဲ႔ နယ္ေျမရွင္းလင္းခံေနရတာ။ သူတို႔က ကသာၿမိဳ႕ႀကီးသိမ္းလိုက္ၿပီဆိုၿပီး ဝါဒျဖန္႔ၾကတာေပါ့။ အခုေတာ့ တပ္က ၿမိဳ႕အဝင္အထြက္ေတြကို ျပန္ၿပီးထိန္းခ်ဳပ္ႏိုင္ၿပီ။ ေနာက္ၿပီး ဒီဇင္ဘာ ၂၉ ရက္တည္းက သူတို႔ခိုဝင္ေနတဲ့ သက္ဦးေက်ာင္းဆိုတာရွိတယ္။ အဲဒီဘုန္းႀကီးေက်ာင္းကို ခိုဝင္ေနတဲ့ဟာက သူတို႔က ျပန္အလွန္ပစ္ခတ္ေနရာကေန အခု တပ္ကအဲဒီေက်ာင္းကိုျပန္ၿပီး သိမ္းပိုက္ႏိုင္သြားၿပီ။ KIA ၊ PDF ေတြလည္း အရွင္ဖမ္းမိခဲ့တယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ထို႔ျပင္ ၿမိဳ႕အတြင္းတပ္မေတာ္က အျပည့္အဝထိန္းခ်ဳပ္ထားသည့္အတြက္ ေနရပ္စြန႔္ခြာခဲ့သည့္ ေဒသခံမ်ားလည္း ျပန္လည္ဝင္ေရာက္လာ ေနၿပီျဖစ္ေၾကာင္း သိရသည္။
“အခု စစ္ေရွာင္ျပည္သူေတြကိုလည္း ေသခ်ာစီစစ္ၿပီးေတာ့ ၿမိဳ႕ထဲကို ျပန္ေပးဝင္ေနၿပီ။ အမ်ားစုကေတာ့ အင္းေတာ္ဘက္က ျပန္ဝင္ၾက တာေပါ့ေနာ္။ မိုးညႇင္းဘက္ကို စစ္ေရွာင္တာမ်ားတယ္။ ဝန္ထမ္းေတြျပန္ဝင္တဲ့ သတင္းေၾကာင့္ ၿမိဳ႕နဲ႔(၈)မိုင္အကြာမွာ။ နဘားနားမွာ ေပါ့ေနာ္။ အဲဒီမွာ ထိန္းခ်ဳပ္မႈေတြရွိေနေသးတယ္။ အနည္းစုေတာ့ ျပန္ဝင္လာၾကၿပီ”ဟု အထက္ပါ ေဒသခံက ဆိုသည္။