ကမ္ဘောဒီးယားနယ်မြေတွေမှာရှိတဲ့တပ်ဖွဲ့တွေကို ရုတ်သိမ်းပေးဖို့ ထိုင်းကို ကမ္ဘောဒီးယား တောင်းဆို

 1749

Pika (NP News) - ဇန်နဝါရီ ၅

ကမ္ဘောဒီးယားက ကိုယ်ပိုင်နယ်မြေအဖြစ် ပြောဆိုထားတဲ့နယ်မြေတွေမှာရှိတဲ့ ထိုင်းတပ်ဖွဲ့တွေကို ရုတ်သိမ်းပေးဖို့ ထိုင်းအစိုးရကို ကမ္ဘောဒီးယားအစိုးရက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အသစ်တစ်ခုရရှိကာ လူအသေအပျောက်များတဲ့တိုက်ပွဲတွေ ရပ်တန့်သွားခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်အကြာမှာ ကမ္ဘောဒီးယားအစိုးရရဲ့ တောင်းဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့လအတွင်းမှာ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့ပြီးနောက် အနည်းဆုံးလူ(၄၇)ဦးသေဆုံးခဲ့ပြီး လူပေါင်း(၁)သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့က ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၇)ရက်မှာ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း ထိုင်းနိုင်ငံဟာ နယ်စပ်ပြည်နယ် လေးခုမှာရှိတဲ့နေရာများစွာကို သိမ်းပိုက်သွားခဲ့တယ်လို့ ကမ္ဘောဒီးယားအစိုးရက ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားအစိုးရက "ကမ္ဘောဒီးယားက ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့နယ်မြေတွေမှာရှိတဲ့ ထိုင်းရဲ့တပ်ဖွဲ့တွေအားလုံးကို ပြန်လည်ရုတ်သိမ်းပေးဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်” လို့ပြောခဲ့ပါတယ်။

Zawgyi Version:
ကေမာၻဒီးယားနယ္ေျမေတြမွာရွိတဲ့တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းေပးဖို႔ ထိုင္းကို ကေမာၻဒီးယား ေတာင္းဆို
Pika (NP News) - ဇန္နဝါရီ ၅
ကေမာၻဒီးယားက ကိုယ္ပိုင္နယ္ေျမအျဖစ္ ေျပာဆိုထားတဲ့နယ္ေျမေတြမွာရွိတဲ့ ထိုင္းတပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းေပးဖို႔ ထိုင္းအစိုးရကို ကေမာၻဒီးယားအစိုးရက ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္အသစ္တစ္ခုရရွိကာ လူအေသအေပ်ာက္မ်ားတဲ့တိုက္ပြဲေတြ ရပ္တန႔္သြားခဲ့ၿပီးေနာက္ သီတင္းပတ္ တစ္ပတ္အၾကာမွာ ကေမာၻဒီးယားအစိုးရရဲ႕ ေတာင္းဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ထိုင္းနဲ႔ကေမာၻဒီးယားတို႔ၾကားတိုက္ပြဲေတြဟာ ၿပီးခဲ့တဲ့လအတြင္းမွာ တစ္ေက်ာ့ျပန္လည္ျဖစ္ပြားလာခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၄၇)ဦးေသဆုံးခဲ့ၿပီး လူေပါင္း(၁)သန္းနီးပါး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈနဲ႔အတူ အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ဖို႔ ထိုင္းနဲ႔ကေမာၻဒီးယားတို႔က ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၇)ရက္မွာ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။တိုက္ပြဲျဖစ္ပြားေနတဲ့ကာလအတြင္း ထိုင္းႏိုင္ငံဟာ နယ္စပ္ျပည္နယ္ ေလးခုမွာရွိတဲ့ေနရာမ်ားစြာကို သိမ္းပိုက္သြားခဲ့တယ္လို႔ ကေမာၻဒီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။ ကေမာၻဒီးယားအစိုးရက "ကေမာၻဒီးယားက ကိုယ္ပိုင္နယ္ေျမအျဖစ္ သတ္မွတ္ထားတဲ့နယ္ေျမေတြမွာရွိတဲ့ ထိုင္းရဲ႕တပ္ဖြဲ႕ေတြအားလုံးကို ျပန္လည္႐ုတ္သိမ္းေပးဖို႔ ကြၽန္ေတာ္တို႔ေတာင္းဆိုပါတယ္” လို႔ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.