ကြားဝင်စွက်ဖက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် အမေရိကန်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားသွားမယ်လို့ အီရန်ခြိမ်းခြောက်

4548

Pika (NP News) - ဇန်နဝါရီ ၅
နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို အီရန်ရဲ့ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားသွားမယ်လို့ အီရန်အစိုးရက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
အီရန်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကိုအကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တာမျိုး လုပ်ဆောင်ခဲ့မယ်ဆိုရင် အမေရိကန်က ကြားဝင်စွက်ဖက်မှုတွေလုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပြီးနောက် အီရန်ရဲ့ခြိမ်းခြောက်ပြောဆိုမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်ငွေကြေးက သမိုင်းဝင်စံချိန်တင်ကျဆင်းခဲ့မှုနဲ့တူ တီဟီရန်မြို့မှာ ကုန်သည်တွေက သပိတ်မှောက်ဆန္ဒပြမှုတွေစတင်လုပ်ဆောင်ခဲ့ပြီးနောက် နိုင်ငံတွင်းမှာ ကြီးမားတဲ့ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်လာခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် ဆန္ဒပြပွဲတွေဟာ အခြားမြို့တွေကို လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီးနောက် နိုင်ငံရေးနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့လည်း သိရပါတယ်။ အီရန်အစိုးရက "အမေရိကန်က ကြားဝင်စွက်ဖက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ စင်တာတွေက အီရန်ရဲ့ပစ်မှတ်တွေဖြစ်လာမယ်ဆိုတာကို ဒေါ်နယ်ထရမ့်က သိထားသင့်ပါတယ်” လို့သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ၾကားဝင္စြက္ဖက္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ အေမရိကန္အေျခစိုက္စခန္းေတြကို ပစ္မွတ္ထားသြားမယ္လို႔ အီရန္ၿခိမ္းေျခာက္
Pika (NP News) - ဇန္နဝါရီ ၅
ႏိုင္ငံတြင္းမွာျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြကို အီရန္ရဲ႕ကိုင္တြယ္ေျဖရွင္းမႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္က ဝင္ေရာက္စြက္ဖက္ဖို႔ ႀကိဳးပမ္းခဲ့မယ္ဆိုရင္ အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႕ေတြကို ပစ္မွတ္ထားသြားမယ္လို႔ အီရန္အစိုးရက ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
အီရန္က ၿငိမ္းခ်မ္းစြာဆႏၵျပေနတဲ့ ျပည္သူေတြကိုအၾကမ္းဖက္ပစ္ခတ္သတ္ျဖတ္တာမ်ိဳး လုပ္ေဆာင္ခဲ့မယ္ဆိုရင္ အေမရိကန္က ၾကားဝင္စြက္ဖက္မႈေတြလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ အီရန္ရဲ႕ၿခိမ္းေျခာက္ေျပာဆိုမႈေတြထြက္ေပၚလာတာျဖစ္ပါတယ္။
အီရန္ေငြေၾကးက သမိုင္းဝင္စံခ်ိန္တင္က်ဆင္းခဲ့မႈနဲ႔တူ တီဟီရန္ၿမိဳ႕မွာ ကုန္သည္ေတြက သပိတ္ေမွာက္ဆႏၵျပမႈေတြစတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ႏိုင္ငံတြင္းမွာ ႀကီးမားတဲ့ဆႏၵျပပြဲေတြ စတင္ေပၚေပါက္လာခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ ဆႏၵျပပြဲေတြဟာ အျခားၿမိဳ႕ေတြကို လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ ႏိုင္ငံေရးနဲ႔ အၾကမ္းဖက္မႈေတြ ေပၚေပါက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ အီရန္အစိုးရက "အေမရိကန္က ၾကားဝင္စြက္ဖက္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ အေရွ႕အလယ္ပိုင္းေဒသတစ္ခုလုံးမွာရွိတဲ့ အေမရိကန္တပ္ဖြဲ႕ေတြနဲ႔ စင္တာေတြက အီရန္ရဲ႕ပစ္မွတ္ေတြျဖစ္လာမယ္ဆိုတာကို ေဒၚနယ္ထရမ့္က သိထားသင့္ပါတယ္” လို႔သတိေပးေျပာဆိုခဲ့ပါတယ္။