ဂျပန်နိုင်ငံမှာ အပြာရောင်ဆူးတောင်တူနာငါးကြီးကို စံချိန်တင် အမေရိကန်ဒေါ်လာ(၃ဒသမ၂)သန်းနဲ့ရောင်းချ

 3833

Pika (NP News) - ဇန်နဝါရီ ၆

ဂျပန်နိုင်ငံ တိုယိုဆုငါးဈေးမှာ လုပ်ဆောင်ခဲ့တဲ့(၂၀၂၆)ခုနှစ်ရဲ့ပထမဆုံးလေလံပွဲအတွင်း အလေးချိန်(၂၄၃)ကီလို ဂရမ်ရှိတဲ့ အပြာရောင်ဆူးတောင်တူနာငါးကြီးတစ်ကောင်ကို အမေရိကန်ဒေါ်လာ(၃ ဒသမ ၂) သန်း နဲ့ စံချိန်တင် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
အပြာရောင်ဆူးတောင်တူနာငါးကြီးအတွက် အမြင့်ဆုံးလေလံဆွဲသူက ကီယိုမူရာကော်ပိုရေးရှင်းဖြစ်ပြီး ပိုင်ရှင် ဖြစ်သူ ကီယိုရှီကီမူရာက လူကြိုက်များတဲ့ ဆူရှီစားသောက်ဆိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်သူဖြစ်တယ်လို့လည်း သိရပါတယ်။
ယခင်က နှစ်စဉ်လေလံပြိုင်ပွဲတွေမှာ အကြိမ်ပေါင်းများစွာအနိုင်ရရှိခဲ့တဲ့ ကီယိုရှီကီမူရာဟာ (၂၀၁၉)ခုနှစ်မှာ ၎င်းစံချိန်တင်ခဲ့တဲ့ အမေရိကန်ဒေါ်လာ(၂ ဒသမ ၁) သန်း စံချိန်ကို ကိုယ်တိုင်ချိုးဖျက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အပြာရောင်ဆူးတောင်တူနာငါးကြီးကို ဈေးအနည်းငယ်နဲ့သာ ဝယ်ယူဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဈေးနှုန်းက အချိန်အနည်းငယ်အတွင်းမှာပဲ အဆမတန်မြင့်တက်လာခဲ့တယ်လို့ ကီယိုရှီကီမူရာက ပြောကြားခဲ့ပါတယ်။ အပြာရောင်ဆူးတောင်တူနာငါးကြီးကို နိုင်ငံအတွင်းက အကောင်းဆုံးတူနာငါးတွေထဲက အချို့ကို မွေးထုတ်ပေး တယ်လို့ ကျယ်ကျယ်ပြန့်ပြန်သတ်မှတ်ခံထားရတဲ့ ဂျပန်နိုင်ငံမြောက်ပိုင်း အိုမာကမ်းရိုးတန်းရဲ့ကမ်းလွန်မှာ ဖမ်းဆီး ရမိခဲ့တာဖြစ်ပြီး တစ်ကီလိုကို အမေရိကန်ဒေါ်လာ(၆ဝ၆ဝ) ဝန်းကျင် ကုန်ကျတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံမွာ အျပာေရာင္ဆူးေတာင္တူနာငါးႀကီးကို စံခ်ိန္တင္ အေမရိကန္ေဒၚလာ(၃ဒသမ၂)သန္းနဲ႔ေရာင္းခ်
Pika (NP News) - ဇန္နဝါရီ ၆
ဂ်ပန္ႏိုင္ငံ တိုယိုဆုငါးေဈးမွာ လုပ္ေဆာင္ခဲ့တဲ့(၂၀၂၆)ခုႏွစ္ရဲ႕ပထမဆုံးေလလံပြဲအတြင္း အေလးခ်ိန္(၂၄၃)ကီလို ဂရမ္ရွိတဲ့ အျပာေရာင္ဆူးေတာင္တူနာငါးႀကီးတစ္ေကာင္ကို အေမရိကန္ေဒၚလာ(၃ ဒသမ ၂) သန္း နဲ႔ စံခ်ိန္တင္ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
အျပာေရာင္ဆူးေတာင္တူနာငါးႀကီးအတြက္ အျမင့္ဆုံးေလလံဆြဲသူက ကီယိုမူရာေကာ္ပိုေရးရွင္းျဖစ္ၿပီး ပိုင္ရွင္ ျဖစ္သူ ကီယိုရွီကီမူရာက လူႀကိဳက္မ်ားတဲ့ ဆူရွီစားေသာက္ဆိုင္လုပ္ငန္းကို ဦးစီးလုပ္ကိုင္သူျဖစ္တယ္လို႔လည္း သိရပါတယ္။
ယခင္က ႏွစ္စဥ္ေလလံၿပိဳင္ပြဲေတြမွာ အႀကိမ္ေပါင္းမ်ားစြာအႏိုင္ရရွိခဲ့တဲ့ ကီယိုရွီကီမူရာဟာ (၂၀၁၉)ခုႏွစ္မွာ ၎စံခ်ိန္တင္ခဲ့တဲ့ အေမရိကန္ေဒၚလာ(၂ ဒသမ ၁) သန္း စံခ်ိန္ကို ကိုယ္တိုင္ခ်ိဳးဖ်က္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အျပာေရာင္ဆူးေတာင္တူနာငါးႀကီးကို ေဈးအနည္းငယ္နဲ႔သာ ဝယ္ယူဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ေဈးႏႈန္းက အခ်ိန္အနည္းငယ္အတြင္းမွာပဲ အဆမတန္ျမင့္တက္လာခဲ့တယ္လို႔ ကီယိုရွီကီမူရာက ေျပာၾကားခဲ့ပါတယ္။ အျပာေရာင္ဆူးေတာင္တူနာငါးႀကီးကို ႏိုင္ငံအတြင္းက အေကာင္းဆုံးတူနာငါးေတြထဲက အခ်ိဳ႕ကို ေမြးထုတ္ေပး တယ္လို႔ က်ယ္က်ယ္ျပန႔္ျပန္သတ္မွတ္ခံထားရတဲ့ ဂ်ပန္ႏိုင္ငံေျမာက္ပိုင္း အိုမာကမ္း႐ိုးတန္းရဲ႕ကမ္းလြန္မွာ ဖမ္းဆီး ရမိခဲ့တာျဖစ္ၿပီး တစ္ကီလိုကို အေမရိကန္ေဒၚလာ(၆ဝ၆ဝ) ဝန္းက်င္ ကုန္က်တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.