အမေရိကန်က ဗင်နီဇွဲလားနိုင်ငံအတွင်း အပြည့်အဝ ဝင်ရောက်ခွင့် လိုအပ်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 902

Pika (NP News) - ဇန်နဝါရီ ၆

အမေရိကန်က ဗင်နီဇွဲလားနိုင်ငံအတွင်းကို အပြည့်အဝဝင်ရောက်ခွင့် လိုအပ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတနီကိုလက်စ်မာဒူရို ဖမ်းဆီးခံရပြီးနောက် နိုင်ငံရဲ့ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှု တွေရှိနေချိန်မှာပဲ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ ဗင်နီဇွဲလားနိုင်ငံအတွင်းကို အပြည့်အဝ ဝင်ရောက်ခွင့် လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ရေနံနဲ့သူတို့ရဲ့နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်မယ့် နိုင်ငံအတွင်းက အခြားအရာတွေကို ရယူခွင့်လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ နီကိုလက်စ်မာဒူရိုဟာ နယူးယောက်မြို့မှာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့အကြမ်းဖက်မှုဆိုင်ရာစွဲချက်တွေနဲ့ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အမေရိကန်ရေနံကုမ္ပဏီတွေဟာ ဗင်နီဇွဲလားရဲ့ပြိုကွဲနေတဲ့စွမ်းအင်အခြေခံအဆောက်အဦးကို ပြန်လည်တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာဘီလျံ ပေါင်းများစွာ သုံးစွဲသွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အမေရိကန်က ဗင်နီဇွဲလားယာယီသမ္မတဒယ်လ်စီရိုဒရီဂွက်ဇ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ ၎င်းတို့ကြားမှာ စကားပြောဆိုတာမျိုးတွေ မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္က ဗင္နီဇြဲလားႏိုင္ငံအတြင္း အျပည့္အဝ ဝင္ေရာက္ခြင့္ လိုအပ္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၆
အေမရိကန္က ဗင္နီဇြဲလားႏိုင္ငံအတြင္းကို အျပည့္အဝဝင္ေရာက္ခြင့္ လိုအပ္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ပါတယ္။
ဗင္နီဇြဲလားသမၼတနီကိုလက္စ္မာဒူ႐ို ဖမ္းဆီးခံရၿပီးေနာက္ ႏိုင္ငံရဲ႕ေခါင္းေဆာင္ပိုင္းနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္မႈ ေတြရွိေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ ဗင္နီဇြဲလားႏိုင္ငံအတြင္းကို အျပည့္အဝ ဝင္ေရာက္ခြင့္ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ ေရနံနဲ႔သူတို႔ရဲ႕ႏိုင္ငံကို ျပန္လည္တည္ေဆာက္ႏိုင္မယ့္ ႏိုင္ငံအတြင္းက အျခားအရာေတြကို ရယူခြင့္လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ နီကိုလက္စ္မာဒူ႐ိုဟာ နယူးေယာက္ၿမိဳ႕မွာ မူးယစ္ေဆးဝါး၊ လက္နက္နဲ႔အၾကမ္းဖက္မႈဆိုင္ရာစြဲခ်က္ေတြနဲ႔ရင္ဆိုင္ေနရတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ အေမရိကန္ေရနံကုမၸဏီေတြဟာ ဗင္နီဇြဲလားရဲ႕ၿပိဳကြဲေနတဲ့စြမ္းအင္အေျခခံအေဆာက္အဦးကို ျပန္လည္တည္ေဆာက္ဖို႔အတြက္ အေမရိကန္ေဒၚလာဘီလ်ံ ေပါင္းမ်ားစြာ သုံးစြဲသြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
အေမရိကန္က ဗင္နီဇြဲလားယာယီသမၼတဒယ္လ္စီ႐ိုဒရီဂြက္ဇ္နဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ေျပာဆိုခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ ၎တို႔ၾကားမွာ စကားေျပာဆိုတာမ်ိဳးေတြ မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.