နောက်ထပ်ဆန္ဒပြသူတွေ သေဆုံးခဲ့မယ်ဆိုရင် အီရန်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့် သတိပေး

 1813

Pika (NP News) - ဇန်နဝါရီ ၆

အီရန်နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေအတွင်း နောက်ထပ်ဆန္ဒပြသူတွေ သေဆုံးခဲ့မယ်ဆိုရင် အမေရိကန် က အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါ တယ်။
ဒေါ်နယ်ထရမ့်က “အီရန်နိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေကို အမေရိကန်က နီးနီးကပ်ကပ်စောင့်ကြည့်နေ ပါတယ်။ အီရန်က အရင်တုန်းကလုပ်ခဲ့သလိုပဲ လူတွေကို သတ်ဖြတ်ခဲ့မယ်ဆိုရင် အမေရိကန်က ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားရပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။
နေထိုင်မှုစရိတ်အကျပ်အတည်းကြောင့်ဖြစ်ပေါ်လာတဲ့ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၈)ရက်တုန်းက တီဟီရန်မြို့မှာ ဆိုင်ရှင်တစ်ဦးက သပိတ်မှောက်ဆန္ဒပြရာကနေ စတင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအချိန်ကနေ စတင်ပြီး လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး လူ(၁၂)ဦး သေဆုံးခဲ့တယ်လို့ တရားဝင်အစီရင်ခံစာတွေမှာ ရေးသားဖော်ပြထားပါတယ်။ နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို အီရန်ရဲ့ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်က ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းခဲ့ မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေကို ပစ်မှတ်ထားသွားမယ်လို့ အီရန်အစိုးရက ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့သတိပေးမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
ေနာက္ထပ္ဆႏၵျပသူေတြ ေသဆုံးခဲ့မယ္ဆိုရင္ အီရန္ကို ျပင္းျပင္းထန္ထန္တိုက္ခိုက္သြားမယ္လို႔ ေဒၚနယ္ထရမ့္ သတိေပး
Pika (NP News) - ဇန္နဝါရီ ၆

အီရန္ႏိုင္ငံအတြင္းမွာျဖစ္ပြားေနတဲ့ဆႏၵျပပြဲေတြအတြင္း ေနာက္ထပ္ဆႏၵျပသူေတြ ေသဆုံးခဲ့မယ္ဆိုရင္ အေမရိကန္ က အီရန္ကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါ တယ္။
ေဒၚနယ္ထရမ့္က “အီရန္ႏိုင္ငံတြင္းမွာျဖစ္ပြားေနတဲ့ဆႏၵျပပြဲေတြကို အေမရိကန္က နီးနီးကပ္ကပ္ေစာင့္ၾကည့္ေန ပါတယ္။ အီရန္က အရင္တုန္းကလုပ္ခဲ့သလိုပဲ လူေတြကို သတ္ျဖတ္ခဲ့မယ္ဆိုရင္ အေမရိကန္က ျပင္းျပင္းထန္ထန္ တိုက္ခိုက္သြားရပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
ေနထိုင္မႈစရိတ္အက်ပ္အတည္းေၾကာင့္ျဖစ္ေပၚလာတဲ့ဆႏၵျပပြဲေတြဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၂၈)ရက္တုန္းက တီဟီရန္ၿမိဳ႕မွာ ဆိုင္ရွင္တစ္ဦးက သပိတ္ေမွာက္ဆႏၵျပရာကေန စတင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီအခ်ိန္ကေန စတင္ၿပီး လက္ရွိအခ်ိန္အထိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ အပါအဝင္ အနည္းဆုံး လူ(၁၂)ဦး ေသဆုံးခဲ့တယ္လို႔ တရားဝင္အစီရင္ခံစာေတြမွာ ေရးသားေဖာ္ျပထားပါတယ္။ ႏိုင္ငံအတြင္းမွာျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြကို အီရန္ရဲ႕ကိုင္တြယ္ေျဖရွင္းမႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္က ဝင္ေရာက္စြက္ဖက္ဖို႔ ႀကိဳးပမ္းခဲ့ မယ္ဆိုရင္ အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့အေမရိကန္တပ္ဖြဲ႕ေတြကို ပစ္မွတ္ထားသြားမယ္လို႔ အီရန္အစိုးရက ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕သတိေပးမႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.