ကျိုင်းတုံနှင့် မန္တလေးတွင် အမျိုးသမီး (၁၁) ဦးကိုပြည့်တန်ဆာအဖြစ် ခိုင်းစေခိုင်းကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်သူ (၇) ဦးကို အလုပ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

 1259

သန့်ဇင် (NP News) - ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တို့တွင် အမျိုးသမီး (၁၁) ဦးကိုပြည့်တန်ဆာအဖြစ်ခိုင်း စေခိုင်းကာ ငွေကြေးအကျိုးအမြတ်ခေါင်းပုံဖြတ်သူ (၇) ဦးကို အလုပ်နှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ ရပ်ကွက် (၂) ကျိုင်းကာရပ်နေ ကိုစိုင်းဆောင်းလှိုင် (ခ) ကိုမျိုး၊ မိုင်းဆတ်မြို့ ဝိန်းနေရွာနေ ဦးလွန်းထွန်း (ခ) ဦးထွန်းလှိုင်၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၂) ဆောင်းပျက်ရပ်နေ ဒေါ်နန်း ဝိုးကျောက်နှင့် ရပ်ကွက် (၂) ကျိုင်းကာရပ်နေ ဒေါ်နန်းအွေ့တို့က ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့နေ အမျိုးသမီးသုံးဦးတို့ကို မိုင်းဖျဲန်မြို့တွင် အလုပ်ရမည်၊ အလုပ်လုပ်ရင် လုပ်သလောက်ရမည်၊ နေစရိတ်စားစရိတ်ပူစရာမလိုဟု လိမ်လည်ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်အမျိုးသားတစ်ဦးနှင့်အတူနေရန် (အပျိုစင်ဖျက်ရန်) ပြုလုပ်စေခြင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခဲ့ခြင်း၊ လုပ်ခလစာမပေးဘဲ ညှဉ်းပန်းရိုက်နှက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း သိရသည်။
ထို့သို့ စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကျိုင်းတုံမြို့မရဲစခန်း (ပ) ၂၀၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကျိုင်းတုံခရိုင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် စိုင်းဆောင်းလှိုင် (ခ) ကိုမျိုးကို လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်၊ ဒေါ်နန်းဝိုးကျောက်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဦးလွန်းထွန်း (ခ) ဦးထွန်းလှိုင်၊ ဒေါ်နန်းအွေ့တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း‌ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် ၆၃ ဘီလမ်းနေ မခင်မျိုးဆက် (ခ) ဆက်ဆက်မှ (ပန်းကလေး) Tik Tok အကောင့်ဖြင့် မန္တလေးမြို့ရှိ စားသောက်ဆိုင်၊ စင်တင်နှင့် KTV တို့၌ အလုပ်လုပ်ရမည်ဖြစ်၍ မန္တလေးမြို့သို့ လာရောက်ရန် နေပြည်တော်အပါအဝင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးငယ် ကိုးဦးတို့ကို ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ချမ်းမြသာစည်မြို့နယ် ဧရာထွန်း (ဆ) ရပ်ကွက်နေ မသော် (ခ) သော်ဇင်မိုး၊ ခင်ပွန်းဖြစ်သူ သူရိန်တို့၏ ချိတ်ဆက်မှုဖြင့် ချမ်းမြသာစည်မြို့နယ် သံလျှက်မှော်ရပ်ကွက်၊ အကွက်အမှတ် (၄၆၅) နေ မခင်သီတာဝင်း (ခ) မမိုးမိုး၊ ခင်ပွန်းဖြစ်သူ ကိုခိုင်ဝင်း (ခ) အငယ်ကောင် (လိပ်စာတူ) တို့၏ ပြည့်တန်ဆာအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပို့ဆောင်ပြီးနောက် ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ် (၁၁) လူကုန်ကူးမှုတားဆီး နှိမ်နင်း ရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) မြို့မရဲစခန်း (ပ) ၅၇/၂၀၂၅၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မဟာအောင်မြေခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် မခင်သီတာဝင်း (ခ) မိုးမိုး၊ ကိုခိုင်ဝင်း (ခ) အငယ်ကောင်၊ မသော် (ခ) သော်ဇင်မိုး၊ သူရိန်နှင့် မခင်မျိုးဆက် (ခ)ဆက်ဆက်တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
က်ိဳင္းတုံႏွင့္ မႏၲေလးတြင္ အမ်ိဳးသမီး (၁၁) ဦးကိုျပည့္တန္ဆာအျဖစ္ ခိုင္းေစခိုင္းကာ ေငြေၾကးအက်ိဳးအျမတ္ေခါင္းပုံျဖတ္သူ (၇) ဦးကို အလုပ္ႏွင့္ ႏွစ္ရွည္ေထာင္ဒဏ္မ်ား ခ်မွတ္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၆

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ႏွင့္ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕တို႔တြင္ အမ်ိဳးသမီး (၁၁) ဦးကိုျပည့္တန္ဆာအျဖစ္ခိုင္း ေစခိုင္းကာ ေငြေၾကးအက်ိဳးအျမတ္ေခါင္းပုံျဖတ္သူ (၇) ဦးကို အလုပ္ႏွင့္ ႏွစ္ရွည္ေထာင္ဒဏ္မ်ားခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္ က်ိဳင္းတုံၿမိဳ႕ ရပ္ကြက္ (၂) က်ိဳင္းကာရပ္ေန ကိုစိုင္းေဆာင္းလႈိင္ (ခ) ကိုမ်ိဳး၊ မိုင္းဆတ္ၿမိဳ႕ ဝိန္းေန႐ြာေန ဦးလြန္းထြန္း (ခ) ဦးထြန္းလႈိင္၊ က်ိဳင္းတုံၿမိဳ႕၊ ရပ္ကြက္ (၂) ေဆာင္းပ်က္ရပ္ေန ေဒၚနန္း ဝိုးေက်ာက္ႏွင့္ ရပ္ကြက္ (၂) က်ိဳင္းကာရပ္ေန ေဒၚနန္းေအြ႕တို႔က က်ိဳင္းတုံၿမိဳ႕ႏွင့္ မိုင္းဆတ္ၿမိဳ႕ေန အမ်ိဳးသမီးသုံးဦးတို႔ကို မိုင္းဖ်ဲန္ၿမိဳ႕တြင္ အလုပ္ရမည္၊ အလုပ္လုပ္ရင္ လုပ္သေလာက္ရမည္၊ ေနစရိတ္စားစရိတ္ပူစရာမလိုဟု လိမ္လည္ေျပာဆိုစည္း႐ုံးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ တ႐ုတ္အမ်ိဳးသားတစ္ဦးႏွင့္အတူေနရန္ (အပ်ိဳစင္ဖ်က္ရန္) ျပဳလုပ္ေစျခင္း၊ ျပည့္တန္ဆာအျဖစ္ အဓမၼခိုင္းေစခဲ့ျခင္း၊ လုပ္ခလစာမေပးဘဲ ညႇဥ္းပန္း႐ိုက္ႏွက္ၿခိမ္းေျခာက္ျခင္းမ်ား ျပဳလုပ္ခဲ့ၿပီး ေငြေၾကးအက်ိဳးအျမတ္မ်ား ေခါင္းပုံျဖတ္ရယူခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ စိစစ္ေပၚေပါက္သျဖင့္ အမွတ္ (၁၈) လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု (က်ိဳင္းတုံ) မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ က်ိဳင္းတုံၿမိဳ႕မရဲစခန္း (ပ) ၂၀၁/၂၀၂၄၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈ (က)/၄၄ ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ က်ိဳင္းတုံခ႐ိုင္တရား႐ုံးက ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ ရက္တြင္ စိုင္းေဆာင္းလႈိင္ (ခ) ကိုမ်ိဳးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္း ေရးဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ဆယ္ႏွစ္၊ ေဒၚနန္းဝိုးေက်ာက္ကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅/၄၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ဆယ္ႏွစ္က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္တရားခံ ဦးလြန္းထြန္း (ခ) ဦးထြန္းလႈိင္၊ ေဒၚနန္းေအြ႕တို႔ႏွစ္ဦးကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၈၇/၈၈ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မႏၲေလးတိုင္း‌ေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (ဇ) ရပ္ကြက္ ၆၃ ဘီလမ္းေန မခင္မ်ိဳးဆက္ (ခ) ဆက္ဆက္မွ (ပန္းကေလး) Tik Tok အေကာင့္ျဖင့္ မႏၲေလးၿမိဳ႕ရွိ စားေသာက္ဆိုင္၊ စင္တင္ႏွင့္ KTV တို႔၌ အလုပ္လုပ္ရမည္ျဖစ္၍ မႏၲေလးၿမိဳ႕သို႔ လာေရာက္ရန္ ေနျပည္ေတာ္အပါအဝင္ တိုင္း‌ေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ အမ်ိဳးသမီးငယ္ ကိုးဦးတို႔ကို ေခၚေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ဧရာထြန္း (ဆ) ရပ္ကြက္ေန မေသာ္ (ခ) ေသာ္ဇင္မိုး၊ ခင္ပြန္းျဖစ္သူ သူရိန္တို႔၏ ခ်ိတ္ဆက္မႈျဖင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ သံလွ်က္ေမွာ္ရပ္ကြက္၊ အကြက္အမွတ္ (၄၆၅) ေန မခင္သီတာဝင္း (ခ) မမိုးမိုး၊ ခင္ပြန္းျဖစ္သူ ကိုခိုင္ဝင္း (ခ) အငယ္ေကာင္ (လိပ္စာတူ) တို႔၏ ျပည့္တန္ဆာအိမ္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပို႔ေဆာင္ၿပီးေနာက္ ေငြေၾကးအက်ိဳးအျမတ္ ေခါင္းပုံျဖတ္ရယူေၾကာင္း စိစစ္ေပၚေပါက္သျဖင့္ အမွတ္ (၁၁) လူကုန္ကူးမႈတားဆီး ႏွိမ္နင္း ေရးရဲတပ္ဖြဲ႕စု (မႏၲေလး) မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ အမွတ္ (၁၀) ၿမိဳ႕မရဲစခန္း (ပ) ၅၇/၂၀၂၅၊ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈ (က)/၄၄ ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး မဟာေအာင္ေျမခ႐ိုင္တရား႐ုံးမွ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္တြင္ မခင္သီတာဝင္း (ခ) မိုးမိုး၊ ကိုခိုင္ဝင္း (ခ) အငယ္ေကာင္၊ မေသာ္ (ခ) ေသာ္ဇင္မိုး၊ သူရိန္ႏွင့္ မခင္မ်ိဳးဆက္ (ခ)ဆက္ဆက္တို႔ကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈ (က) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ႏွစ္ (၂၀) စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.