မြောက်ကိုရီးယားက အသံထက်မြန်တဲ့ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်

 909

Pika (NP News) - ဇန်နဝါရီ ၆

မြောက်ကိုရီးယားနိုင်ငံရဲ့စစ်ပွဲတားဆီးရေးအဆင်သင့်ဖြစ်မှုတွေကို စမ်းသပ်ဖို့ရည်ရွယ်တဲ့ဒုံးကျည်လေ့ကျင့်မှုတစ်ခု ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ သိရပါတယ်။
ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုတွေကို မြောက်ကိုရီးယားအစိုးရက ပြစ်တင် ရှုတ်ချခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ယခုလိုလေ့ကျင့်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီဒုံးကျည်လေ့ကျင့်မှုမှာ မြောက်ကိုရီးယားနိုင်ငံ Ryokpho ခရိုင်ကနေ ပစ်လွှတ်ခဲ့တဲ့ အသံထက်မြန်တဲ့ ဒုံးကျည် တစ်စင်း ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ Ryokpho ခရိုင်ကနေ ပစ်လွှတ်လိုက်တဲ့ အသံထက်မြန်တဲ့ ဒုံးကျည် ဟာ ဂျပန်ပင်လယ်ပြင်က ပစ်မှတ်ကို မထိမှန်ခင် အကွာအဝေးကီလိုမီတာ(၁ဝဝဝ)လောက်အထိ ပျံသန်းခဲ့တယ်လို့ မြောက်ကိုရီးယားပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် အဲဒီစမ်းသပ်မှုကို မြောက်ကိုရီးယားနိုင်ငံရဲ့မဟာဗျူဟာမြောက်လက်နက်တွေရဲ့လည်ပတ်မှုဆိုင်ရာ အကဲဖြတ်မှုတစ်ခုအဖြစ် KCNA က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီစမ်းသပ်မှုက ဗင်နီဇွဲလားမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ပစ်လွှတ်တာမျိုးမဟုတ်ဘူးလို့ မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ေျမာက္ကိုရီးယားက အသံထက္ျမန္တဲ့ဒုံးက်ည္တစ္စင္းကို စမ္းသပ္ပစ္လႊတ္
Pika (NP News) - ဇန္နဝါရီ ၆
ေျမာက္ကိုရီးယားႏိုင္ငံရဲ႕စစ္ပြဲတားဆီးေရးအဆင္သင့္ျဖစ္မႈေတြကို စမ္းသပ္ဖို႔ရည္႐ြယ္တဲ့ဒုံးက်ည္ေလ့က်င့္မႈတစ္ခု ကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ကိုယ္တိုင္ႀကီးၾကပ္ခဲ့တယ္လို႔ သိရပါတယ္။
ဗင္နီဇြဲလားအေပၚ အေမရိကန္ရဲ႕စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မႈေတြကို ေျမာက္ကိုရီးယားအစိုးရက ျပစ္တင္ ရႈတ္ခ်ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာမွာ ယခုလိုေလ့က်င့္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အဲဒီဒုံးက်ည္ေလ့က်င့္မႈမွာ ေျမာက္ကိုရီးယားႏိုင္ငံ Ryokpho ခ႐ိုင္ကေန ပစ္လႊတ္ခဲ့တဲ့ အသံထက္ျမန္တဲ့ ဒုံးက်ည္ တစ္စင္း ပါဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။ Ryokpho ခ႐ိုင္ကေန ပစ္လႊတ္လိုက္တဲ့ အသံထက္ျမန္တဲ့ ဒုံးက်ည္ ဟာ ဂ်ပန္ပင္လယ္ျပင္က ပစ္မွတ္ကို မထိမွန္ခင္ အကြာအေဝးကီလိုမီတာ(၁ဝဝဝ)ေလာက္အထိ ပ်ံသန္းခဲ့တယ္လို႔ ေျမာက္ကိုရီးယားပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီစမ္းသပ္မႈကို ေျမာက္ကိုရီးယားႏိုင္ငံရဲ႕မဟာဗ်ဴဟာေျမာက္လက္နက္ေတြရဲ႕လည္ပတ္မႈဆိုင္ရာ အကဲျဖတ္မႈတစ္ခုအျဖစ္ KCNA က ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီစမ္းသပ္မႈက ဗင္နီဇြဲလားမွာျဖစ္ခဲ့တဲ့ ျဖစ္ရပ္ကို ဆန႔္က်င္တဲ့အေနနဲ႔ ပစ္လႊတ္တာမ်ိဳးမဟုတ္ဘူးလို႔ ေျမာက္ကိုရီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.