ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ပြဌာန်းနိုင်ရေးအပြီးသတ်ဆွေးနွေး

1966

Pearl (NP News) - ဇန်နဝါရီ ၆
ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး အပြီးသတ်ဆွေးနွေးခဲ့ကြောင်း ဥပဒေရေးရာဝန်ကြီးဌာနဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ( ဇန်နဝါရီ ၅ ရက်) က ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရားသူကြီးများအား စတင်တာဝန်ပေးအပ်ချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုခြင်းကို ဆောင်ရွက်ရန် ပြည်ထောင်စုတရားစီရင်ရေးဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ(၂၃) ပုဒ်မခွဲ(ဂ)တွင် ပါရှိသော ပုဒ်မခွဲငယ်(၂)ကို ပယ်ဖျက်ပါကလည်း တရားစီရင်ရေးလုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပြင်ဆင်ပြဋ္ဌာန်းသင့်သော ဥပဒေဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးက ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) ပုဒ်မခွဲငယ်(၂)အရ တရားသူကြီးများသည် နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုနေရခြင်းမှာ လက်တွေ့တွင် မဖြစ်မနေလိုအပ်သည့် ကိစ္စမဟုတ်သည့်အပြင် နေ့စဉ်တရားခွင် တက်ရောက်သည့်အချိန်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုသည့်အချက်ကို နိုင်ငံတကာတွင်လည်း သတ်မှတ်ထားမှုမရှိကြောင်း ပြောကြာခဲ့သည်။
တရားရုံးများသည် အမြဲတမ်းတည်ထောင်ထားသော တရားရုံးများဖြစ်သဖြင့် နေ့စဉ်တရားခွင် တက်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရမည့်ဆိုသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ခြင်းဖြင့် တရားစီရင်ရေးဆိုင်ရာနေ့စဉ်လုပ်ငန်းများကို လျင်မြန်စေမည်ဖြစ်သဖြင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း လည်း သိရသည်။

Zawgyi Version;
ျပည္ေထာင္စုတရားစီရင္ေရးဥပေဒကို ပၪၥမအႀကိမ္ျပင္ဆင္သည့္ ဥပေဒ(မူၾကမ္း)ျပဌာန္းႏိုင္ေရးအၿပီးသတ္ေဆြးေႏြး
Pearl (NP News) - ဇန္နဝါရီ ၆
ျပည္ေထာင္စုတရားစီရင္ေရးဥပေဒကို ပၪၥမအႀကိမ္ ျပင္ဆင္သည့္ ဥပေဒ(မူၾကမ္း) ျပဌာန္းႏိုင္ေရး အၿပီးသတ္ေဆြးေႏြးခဲ့ေၾကာင္း ဥပေဒေရးရာဝန္ႀကီးဌာနဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒကို ပၪၥမအႀကိမ္ ျပင္ဆင္သည့္ ဥပေဒ(မူၾကမ္း)ႏွင့္ စပ္လ်ဥ္းသည့္ အၿပီးသတ္ညႇိႏႈိင္းအစည္းအေဝးကို ယမန္ေန႔ ( ဇန္နဝါရီ ၅ ရက္) က က်င္းပခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦးက တရားသူႀကီးမ်ားအား စတင္တာဝန္ေပးအပ္ခ်ိန္တြင္ က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာျပဳျခင္းကို ေဆာင္႐ြက္ရန္ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒတြင္ ျပ႒ာန္းထားၿပီးျဖစ္ေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒ ပုဒ္မ(၂၃) ပုဒ္မခြဲ(ဂ)တြင္ ပါရွိေသာ ပုဒ္မခြဲငယ္(၂)ကို ပယ္ဖ်က္ပါကလည္း တရားစီရင္ေရးလုပ္ငန္းမ်ားကို ပုံမွန္အတိုင္း ဆက္လက္ေဆာင္႐ြက္ႏိုင္ျခင္းတို႔ေၾကာင့္ ျပင္ဆင္ျပ႒ာန္းသင့္ေသာ ဥပေဒျဖစ္ေၾကာင္း သုံးသပ္ေတြ႕ရွိရသျဖင့္ ဥပေဒျပ႒ာန္းႏိုင္ေရး အၿပီးသတ္ ညႇိႏႈိင္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ထို႔အတူ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္တရားသူႀကီးက ျပည္ေထာင္စုတရားစီရင္ေရးဥပေဒပုဒ္မ ၂၃ ပုဒ္မခြဲ (ဂ) ပုဒ္မခြဲငယ္(၂)အရ တရားသူႀကီးမ်ားသည္ ေန႔စဥ္တရားခြင္တက္ရန္ စတင္ေဆာင္႐ြက္သည့္အခ်ိန္တြင္ တရားခြင္၌ က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာျပဳေနရျခင္းမွာ လက္ေတြ႕တြင္ မျဖစ္မေနလိုအပ္သည့္ ကိစၥမဟုတ္သည့္အျပင္ ေန႔စဥ္တရားခြင္ တက္ေရာက္သည့္အခ်ိန္၌ က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာျပဳသည့္အခ်က္ကို ႏိုင္ငံတကာတြင္လည္း သတ္မွတ္ထားမႈမရွိေၾကာင္း ေျပာၾကာခဲ့သည္။
တရား႐ုံးမ်ားသည္ အၿမဲတမ္းတည္ေထာင္ထားေသာ တရား႐ုံးမ်ားျဖစ္သျဖင့္ ေန႔စဥ္တရားခြင္ တက္သည့္အခ်ိန္တြင္ က်မ္းသစၥာ သို႔မဟုတ္ ကတိသစၥာျပဳရမည့္ဆိုသည့္ ျပ႒ာန္းခ်က္ကို ပယ္ဖ်က္ျခင္းျဖင့္ တရားစီရင္ေရးဆိုင္ရာေန႔စဥ္လုပ္ငန္းမ်ားကို လ်င္ျမန္ေစမည္ျဖစ္သျဖင့္ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒကို ျပင္ဆင္လိုျခင္းျဖစ္ေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း လည္း သိရသည္။