ဗင်နီဇွဲလားနိုင်ငံနဲ့စစ်ဖြစ်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ပြော

 904

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၆

အမေရိကန်နိုင်ငံအနေနဲ့ ဗင်နီဇွဲလားနိုင်ငံနဲ့ စစ်ဖြစ်မှာ မဟုတ်သလို ဗင်နီဇွဲလားနိုင်ငံမှာ လာမယ့် ရက်ပေါင်း ၃ဝ အတွင်း ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်​ကြောင်း အမေရိကန်သမ္မတ ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဟာ ဗင်နီဇွဲလားသမ္မတ နဲ့ သမ္မတ ကတော်ကို ဖမ်းဆီးလိုက်ပြီးနောက် ရက်ပိုင်း အကြာမှာ အခုလိုမျိုးပြောဆိုလိုက်တာဖြစ်ပါတယ်။ အမေရိကန်သမ္မတက "အမေရိကန်ဟာ ဗင်နီဇွဲလား ပြည်သူတွေနဲ့ စစ်ဖြစ်မှာ မဟုတ်ဘူး။ မူးယစ်ဆေးဝါးရောင်းချသူတွေနဲ့သာ စစ်ဖြစ်မှာပါ။ ဗင်နီဇွဲလားနိုင်ငံအတွင်းကို မူးယစ်ဆေးဝါး တင်သွင်းသူတွေ နဲ့ စစ်ဖြစ်မှာပါ။ နိုင်ငံကို ဟန်ချက်ညီဖို့ လုပ်ဆောင်သွားမယ်။ လက်ရှိကာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်သေးဘူး။ ဗင်နီဇွဲလားနိုင်ငံကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရဦးမယ်" လို့ ပြောပါတယ်။
အမေရိကန်သမ္မတက ဗင်နီဇွဲလားနိုင်ငံရဲ့ရေနံလုပ်ငန်းကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အတွက် ရေနံကုမ္ပဏီများရဲ့ရင်းနှီးမြှုပ်နှံမှုကို ကူညီပေးမယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဗင်နီဇွဲလား ယာယီသမ္မတ ရိုဒရီဂွက်ဇ်ဟာ အမေရိကန်အစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံ ဆွေးနွေးမှု မလုပ်ဘူးဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ ဗင်နီဇွဲလားနိုင်ငံကို ဒုတိယအကြိမ် စစ်ဖြစ်ဖို့ ဝန်လေးမှာ မဟုတ်ကြောင်း အမေရိကန်သမ္မတက ပြောပါတယ်။

Zawgyi Version;
ဗင္နီဇြဲလားႏိုင္ငံနဲ႔စစ္ျဖစ္မွာ မဟုတ္ဘူးလို႔ အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၆
အေမရိကန္ႏိုင္ငံအေနနဲ႔ ဗင္နီဇြဲလားႏိုင္ငံနဲ႔ စစ္ျဖစ္မွာ မဟုတ္သလို ဗင္နီဇြဲလားႏိုင္ငံမွာ လာမယ့္ ရက္ေပါင္း ၃ဝ အတြင္း ေ႐ြးေကာက္ပြဲ က်င္းပမွာ မဟုတ္​ေၾကာင္း အေမရိကန္သမၼတ ထရမ့္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အေမရိကန္သမၼတဟာ ဗင္နီဇြဲလားသမၼတ နဲ႔ သမၼတ ကေတာ္ကို ဖမ္းဆီးလိုက္ၿပီးေနာက္ ရက္ပိုင္း အၾကာမွာ အခုလိုမ်ိဳးေျပာဆိုလိုက္တာျဖစ္ပါတယ္။ အေမရိကန္သမၼတက "အေမရိကန္ဟာ ဗင္နီဇြဲလား ျပည္သူေတြနဲ႔ စစ္ျဖစ္မွာ မဟုတ္ဘူး။ မူးယစ္ေဆးဝါးေရာင္းခ်သူေတြနဲ႔သာ စစ္ျဖစ္မွာပါ။ ဗင္နီဇြဲလားႏိုင္ငံအတြင္းကို မူးယစ္ေဆးဝါး တင္သြင္းသူေတြ နဲ႔ စစ္ျဖစ္မွာပါ။ ႏိုင္ငံကို ဟန္ခ်က္ညီဖို႔ လုပ္ေဆာင္သြားမယ္။ လက္ရွိကာလမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္မွာ မဟုတ္ေသးဘူး။ ဗင္နီဇြဲလားႏိုင္ငံကို ျပန္လည္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ရဦးမယ္" လို႔ ေျပာပါတယ္။
အေမရိကန္သမၼတက ဗင္နီဇြဲလားႏိုင္ငံရဲ႕ေရနံလုပ္ငန္းကို ျပန္လည္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ဖို႔ အတြက္ ေရနံကုမၸဏီမ်ားရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈကို ကူညီေပးမယ္လို႔ ထပ္မံေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဗင္နီဇြဲလား ယာယီသမၼတ ႐ိုဒရီဂြက္ဇ္ဟာ အေမရိကန္အစိုးရတာဝန္ရွိသူမ်ားနဲ႔ေတြ႕ဆုံ ေဆြးေႏြးမႈ မလုပ္ဘူးဆိုရင္ အေမရိကန္ႏိုင္ငံအေနနဲ႔ ဗင္နီဇြဲလားႏိုင္ငံကို ဒုတိယအႀကိမ္ စစ္ျဖစ္ဖို႔ ဝန္ေလးမွာ မဟုတ္ေၾကာင္း အေမရိကန္သမၼတက ေျပာပါတယ္။

Related news

© 2021. All rights reserved.