အင်းစိန်တွင် YBS ဘရိတ်ပေါက်ကာ လမ်းလျှောက်နေသူ အသက်(၅၀)အရွယ် အမျိုးသားတစ်ဉီးအား တိုက်မိခဲ့သဖြင့် ပွဲချင်းပြီး သေဆုံး

 1203

ထိုက်စံ (NP News) - ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ် တွင် YBS (၆၅) မှ ဘရိတ်ပေါက်ကာ လမ်းလျှောက်နေသူ အမျိုးသားတစ်ဉီးအား တိုက်မိခဲ့သဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကနောင် နာရေး၊ ရှင်ရေး ကူညီမှု (အင်းစိန်) အသင်းထံ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန့်နေ့ (ဇန်နဝါရီ ၅ ရက်)၊ နေ့လည်ပိုင်း (၁၁)နာရီကျော်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ခုံးတံတားအနီး ဗဟိုလမ်းပေါ်၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်တွင် လမ်းကြောင်းအတိုင်း မောင်းနှင်လာသော YBS (၆၅)သည် ဘရိတ်ပေါက်သဖြင့် ယာဉ်မောင်းအမျိုးသားက လမ်းဘေးသို့ဆွဲချမောင်းနှင်လိုက်သဖြင့် လမ်းလျှောက်နေသူအသက်(၅၀) အရွယ် အမျိုးသားတစ်ဦးအား အနောက်မှဝင်တိုက်မိခဲ့ ပြီး အဆိုပါ YBS ယာဉ်သည် လမ်းဘေးတွင် ရှိသောဆိုင်ခန်းတွဲများမှ ဆိုင်ခန်းနှစ်ခန်းထဲသို့ ထိုးဝင်သွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့်လမ်းလျှောက်နေသူ အသက်(၅၀)အရွယ် အမျိုးသားမှာ ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိပြီး တစ်ကိုယ်လုံးအနှံ့ ဒဏ်ရာများစွာရရှိသဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသူအမျိုးသားမှာ MPTရုံး တွင်လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား ကနောင် နာရေး၊ ရှင်ရေးကူညီမှု(အင်းစိန်)အသင်းမှ အင်းစိန် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်တိုက်မိခံခဲ့ရသောဆိုင်ခန်းအတွင်း၌ လူမရှိသဖြင့် ထိခိုက်သူမရှိကြောင်း နှင့် YBS (၆၅)ပေါ်တွင် လိုက်ပါလာသော ခရီးသည်များလည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

Zawgyi Version;
အင္းစိန္တြင္ YBS ဘရိတ္ေပါက္ကာ လမ္းေလွ်ာက္ေနသူ အသက္(၅၀)အ႐ြယ္ အမ်ိဳးသားတစ္ဉီးအား တိုက္မိခဲ့သျဖင့္ ပြဲခ်င္းၿပီး ေသဆုံး
ထိုက္စံ (NP News) - ဇန္နဝါရီ ၆
ရန္ကုန္တိုင္းေဒသႀကီး ၊ အင္းစိန္ၿမိဳ႕နယ္ တြင္ YBS (၆၅) မွ ဘရိတ္ေပါက္ကာ လမ္းေလွ်ာက္ေနသူ အမ်ိဳးသားတစ္ဉီးအား တိုက္မိခဲ့သျဖင့္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ကေနာင္ နာေရး၊ ရွင္ေရး ကူညီမႈ (အင္းစိန္) အသင္းထံ ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယမန႔္ေန႔ (ဇန္နဝါရီ ၅ ရက္)၊ ေန႔လည္ပိုင္း (၁၁)နာရီေက်ာ္အခ်ိန္ခန႔္တြင္ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္ခုံးတံတားအနီး ဗဟိုလမ္းေပၚ၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အဆိုပါျဖစ္စဥ္တြင္ လမ္းေၾကာင္းအတိုင္း ေမာင္းႏွင္လာေသာ YBS (၆၅)သည္ ဘရိတ္ေပါက္သျဖင့္ ယာဥ္ေမာင္းအမ်ိဳးသားက လမ္းေဘးသို႔ဆြဲခ်ေမာင္းႏွင္လိုက္သျဖင့္ လမ္းေလွ်ာက္ေနသူအသက္(၅၀) အ႐ြယ္ အမ်ိဳးသားတစ္ဦးအား အေနာက္မွဝင္တိုက္မိခဲ့ ၿပီး အဆိုပါ YBS ယာဥ္သည္ လမ္းေဘးတြင္ ရွိေသာဆိုင္ခန္းတြဲမ်ားမွ ဆိုင္ခန္းႏွစ္ခန္းထဲသို႔ ထိုးဝင္သြားခဲ့ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ေၾကာင့္လမ္းေလွ်ာက္ေနသူ အသက္(၅၀)အ႐ြယ္ အမ်ိဳးသားမွာ ဦးေခါင္းဒဏ္ရာျပင္းထန္စြာရရွိၿပီး တစ္ကိုယ္လုံးအႏွံ႔ ဒဏ္ရာမ်ားစြာရရွိသျဖင့္ ေနရာတြင္ ေသဆုံးခဲ့ေၾကာင္းသိရသည္။

ေသဆုံးသူအမ်ိဳးသားမွာ MPT႐ုံး တြင္လုပ္ကိုင္ေနေသာ ဝန္ထမ္းတစ္ဦးျဖစ္ၿပီး ၎၏႐ုပ္အေလာင္းအား ကေနာင္ နာေရး၊ ရွင္ေရးကူညီမႈ(အင္းစိန္)အသင္းမွ အင္းစိန္ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဝင္တိုက္မိခံခဲ့ရေသာဆိုင္ခန္းအတြင္း၌ လူမရွိသျဖင့္ ထိခိုက္သူမရွိေၾကာင္း ႏွင့္ YBS (၆၅)ေပၚတြင္ လိုက္ပါလာေသာ ခရီးသည္မ်ားလည္း ထိခိုက္မႈမရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.