မအူပင်မြို့တွင် စက်သုံးဆီ အရောင်းဆိုင် မီးလောင်မှုဖြစ်ပွား ၊ အမျိုးသားတစ်ဦးသေဆုံး

 650

ပြည့်ဖြိုးပိုင် (မအူပင်)-ဇန်နဝါရီ - ၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ အမှတ် (၅)ရပ်ကွက် ၇လမ်း ကမ်းနားတာပြင်ရှိ ကြယ်စင်ဧရာ စက်သုံးဆီအရောင်းဆိုင်တွင် ဇန်နဝါရီလ (၆)ရက်နေ့ နေ့လည် (၁၂)နာရီ (၂၅)မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

"မီးလောင်မှုကတော့ ပေပါအတွင်းမှ တိုက်ရိုက်ပန့်ဖြင့်ဆီလှယ်ရာမှ မီးပွားထွက်ပြီး မီးစတင်လောင်းကျွမ်းတာပါ၊ မီးစတင်လောင်ကျွမ်းတာက နေ့လည် (၁၂)နာရီ (၂၅)မိနစ်ကပါ ၊ မီးငြိမ်းသတ်နိုင်တာက (၁၂)နာရီ (၅၉)မိနစ်မှာမီးညိမ်းသတ်နိုင်ခဲ့ပါတယ် ၊ ဒါဏ်ရာရရှိသူ (၆)ဦးရှိခဲ့ပါတယ် အမျိုးသား (၅)ဦး အမျိုးသမီးတစ်ဦးပါ
ဒါဏ်ရာရရှိသူ (၆)ဦးထဲက အမျိုးသားတစ်ဦးကတော့သေဆုံးသွားပါတယ် ကျန် (၅)ဦးကတော့ အတွင်းလူနာပါ"ဟု မအူပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက NP News သတင်းဌာနသို့ပြောသည်။

မီးလောင်မှုဖြစ်စဉ်တွင် မီးလောင်ဒါဏ်ရာရရှိပြီး သေဆုံးသွားသူမှာ မအူပင်မြို့နယ် ကျွဲဂါတ်ကျေးရွာတွင်နေထိုင်သော အသက် (၄၀) အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ကြယ်စင်ဧရာစက်သုံးဆီဆိုင်သို့ စက်သုံးဆီဝယ်ယူရန်လာရောက်ခဲ့သူတစ်ဦးဖြစ်‌ကြောင်းလည်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်သို့ မအူပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်ယာဉ် (၃)စီး ၊ ရေသယ်ယာဉ် (၂)စီး ၊ မအူပင်ခရိုင်မီးသတ်ဦးစီဌာနမှ မီးသတ်ကား (၃)စီး ၊ မအူပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၂၇)ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး ၊ တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး ဒါဏ်ရာရရှိသူများအား မအူပင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်း လူနာတင်ယာဉ် ၊ အလင်္ကာ လူမှုကူညီရေးအသင်း လူနာတင်ယာဉ် ၊ ရှင်သန်ခြင်းကရုဏာလူမှုကူညီရေးအသင်း လူနာတင်ယာဉ် တို့ဖြင့် မအူပင်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကာပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း (၄၃)သိန်းကျော်ရှိခဲ့ကြောင်းလည်းသိရသည်။
သတင်းဓါတ်ပုံ - ပြည့်ဖြိုးပိုင် (NP News)

Zawgyi Version:





Related news

© 2021. All rights reserved.