ကိုဗစ်ချေးငွေအတွက် အတိုးအရင်းမဆပ်သည့် လုပ်ငန်းရှင် (၃၅၀)ကျော် ကျန်နေသေး

2276

Pearl (NP News) - ဇန်နဝါရီ ၆
NLD လက်ထက်တွင် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများသို့ ကိုဗစ် -၁၉ ရန်ပုံငွေ ကျပ် ဘီလျံ (၂၀ဝ)မှ မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၆)ခုတို့မှ ကုမ္ပဏီ/ လုပ် ငန်း (၅,၉၉၀)ခုသို့ ကျပ် (၁၅၈ ဒသမ ၄၄၃၈) ဘီလျံ ကိုထုတ်ချေးခဲ့ရာ အတိုးအရင်းမဆပ်သည့် လုပ်ငန်းရှင် (၃၅၀)ကျော်ကျန်နေသေးကြောင်းသိရသည်။
(၂၀၂၅)ခုနှစ် နိုဝင်ဘာလကုန်အထိစာရင်းအရ ကိုဗစ်ချေးငွေ အရင်းအကျေပေးဆပ်ပြီးသူ (၃၃ ၇၃) ဦးရှိပြီး ပမာဏအားဖြင့် ကျပ်(၉၅ ဒသမ ၃၉၀၇)ဘီလျံရရှိထားပြီးဖြစ်ကြောင်းလည်းသိရ သည်။ အလားတူ နိုဝင်ဘာလကုန်အထိ စာရင်းအရ အလီလီပေးဆပ်နေသည့်လုပ်ငန်းရှင် (၁၅၈၀)ဦးရှိပြီး အလီ လီ ပေးဆပ်ထားသည့်ပမာဏသည် ကျပ် (၁၁ ဒသမ ၁၀၁၀)ဘီလျံရှိကာ ထပ်မံပေးဆပ်ရန် ကျန်ရှိ ပမာဏအနေဖြင့် ကျပ် (၃၀ ဒသမ ၆၁၀ဝ) ဘီလျံကျန်ရှိကြောင်းသိရသည်။
ထို့ပြင် အတိုးပေးအရင်းမဆပ်သည့် လုပ်ငန်းရှင် (၆၈၀)ဦးရှိပြီး ပမာဏအားဖြင့် ကျပ်(၁၄ ဒသမ ၅၉၇၁)ဘီလျံကျန်ရှိနေပြီး အတိုးအရင်းမပေး ဆပ်သည့်လုပ်ငန်းရှင်မှာ (၃၅၇)ဦးရှိကာ ပမာဏအားဖြင့် ကျပ်(၆ ဒသမ ၇၄၅၀)ဘီလျံ ကျန်ရှိနေသေးကြောင်းသိရသည်။
“လုပ်ငန်းရှင်အချို့က အလီလီခွဲဆပ်ချင်ကြောင်းနဲ့ အတိုးနှုန်း(၁%)သာဖြစ်တဲ့အတွက် ချေး ငွေ ကို ဆက်လက်ရယူချင်ကြောင်းပြောကြတာရှိ တယ်။ တချို့လုပ်ငန်းရှင်တွေ အဆက်အသွယ်မရ၊ နေရာ မှာမရှိတော့တာမျိုးလည်း ကြုံတွေ့ရပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါ မောင်က NP News သို့ပြောသည်။
အတိုးအရင်း မပေးဆပ်သည့်လုပ်ငန်းများမှာ MyCo မှတ်ပုံတင်ဖြင့်ဆောင်ရွက်နေသည့်လုပ်ငန်း (၄၈) ခု၊ ဟိုတယ်နှင့် ခရီးသွားလိုင်စင်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်း (၃) ခု၊ စက်မှုလိုင်စင် ဖြင့်ဆောင် ရွက်နေသည့်လုပ်ငန်း (၁၃၇) ခု၊ စည်ပင် လိုင်စင်ဖြင့်ဆောင်ရွက်နေသည့်လုပ်ငန်း (၆၃)ခု၊ အခြား လိုင်စင် ဖြင့်ဆောင်ရွက်နေသည့်လုပ်ငန်း (၄၃)ခု၊ လိုင်စင်မရှိဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း (၆၃) ခု စုစုပေါင်း အတိုးအရင်းမပေးဆပ်သည့်လုပ်ငန်း (၃၅၇)ခုတို့ဖြစ်ကြောင်းသိရသည်။
ဝန်ကြီးဌာနအနေဖြင့် အစိုးရအလွှဲအပြောင်းမတိုင်မီ ကိုဗစ်ချေးငွေများကို အပြေအကျေ ပြန် လည်ပေးဆပ်ရန် တိုက်တွန်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

Zawgyi Version;
ကိုဗစ္ေခ်းေငြအတြက္ အတိုးအရင္းမဆပ္သည့္ လုပ္ငန္းရွင္ (၃၅၀)ေက်ာ္ က်န္ေနေသး
Pearl (NP News) - ဇန္နဝါရီ ၆
NLD လက္ထက္တြင္ ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္မႈရွိေနေသာ စီးပြားေရးလုပ္ငန္းမ်ားသို႔ ကိုဗစ္ -၁၉ ရန္ပုံေငြ က်ပ္ ဘီလ်ံ (၂၀ဝ)မွ ျမန္မာ့စီးပြားေရး ဘဏ္ႏွင့္ ပုဂၢလိကဘဏ္ (၆)ခုတို႔မွ ကုမၸဏီ/ လုပ္ ငန္း (၅,၉၉၀)ခုသို႔ က်ပ္ (၁၅၈ ဒသမ ၄၄၃၈) ဘီလ်ံ ကိုထုတ္ေခ်းခဲ့ရာ အတိုးအရင္းမဆပ္သည့္ လုပ္ငန္းရွင္ (၃၅၀)ေက်ာ္က်န္ေနေသးေၾကာင္းသိရသည္။
(၂၀၂၅)ခုႏွစ္ ႏိုဝင္ဘာလကုန္အထိစာရင္းအရ ကိုဗစ္ေခ်းေငြ အရင္းအေက်ေပးဆပ္ၿပီးသူ (၃၃ ၇၃) ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္(၉၅ ဒသမ ၃၉၀၇)ဘီလ်ံရရွိထားၿပီးျဖစ္ေၾကာင္းလည္းသိရ သည္။ အလားတူ ႏိုဝင္ဘာလကုန္အထိ စာရင္းအရ အလီလီေပးဆပ္ေနသည့္လုပ္ငန္းရွင္ (၁၅၈၀)ဦးရွိၿပီး အလီ လီ ေပးဆပ္ထားသည့္ပမာဏသည္ က်ပ္ (၁၁ ဒသမ ၁၀၁၀)ဘီလ်ံရွိကာ ထပ္မံေပးဆပ္ရန္ က်န္ရွိ ပမာဏအေနျဖင့္ က်ပ္ (၃၀ ဒသမ ၆၁၀ဝ) ဘီလ်ံက်န္ရွိေၾကာင္းသိရသည္။
ထို႔ျပင္ အတိုးေပးအရင္းမဆပ္သည့္ လုပ္ငန္းရွင္ (၆၈၀)ဦးရွိၿပီး ပမာဏအားျဖင့္ က်ပ္(၁၄ ဒသမ ၅၉၇၁)ဘီလ်ံက်န္ရွိေနၿပီး အတိုးအရင္းမေပး ဆပ္သည့္လုပ္ငန္းရွင္မွာ (၃၅၇)ဦးရွိကာ ပမာဏအားျဖင့္ က်ပ္(၆ ဒသမ ၇၄၅၀)ဘီလ်ံ က်န္ရွိေနေသးေၾကာင္းသိရသည္။
“လုပ္ငန္းရွင္အခ်ိဳ႕က အလီလီခြဲဆပ္ခ်င္ေၾကာင္းနဲ႔ အတိုးႏႈန္း(၁%)သာျဖစ္တဲ့အတြက္ ေခ်း ေငြ ကို ဆက္လက္ရယူခ်င္ေၾကာင္းေျပာၾကတာရွိ တယ္။ တခ်ိဳ႕လုပ္ငန္းရွင္ေတြ အဆက္အသြယ္မရ၊ ေနရာ မွာမရွိေတာ့တာမ်ိဳးလည္း ႀကဳံေတြ႕ရပါတယ္” ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝါဝါ ေမာင္က NP News သို႔ေျပာသည္။
အတိုးအရင္း မေပးဆပ္သည့္လုပ္ငန္းမ်ားမွာ MyCo မွတ္ပုံတင္ျဖင့္ေဆာင္႐ြက္ေနသည့္လုပ္ငန္း (၄၈) ခု၊ ဟိုတယ္ႏွင့္ ခရီးသြားလိုင္စင္ျဖင့္ ေဆာင္႐ြက္ေနသည့္ လုပ္ငန္း (၃) ခု၊ စက္မႈလိုင္စင္ ျဖင့္ေဆာင္ ႐ြက္ေနသည့္လုပ္ငန္း (၁၃၇) ခု၊ စည္ပင္ လိုင္စင္ျဖင့္ေဆာင္႐ြက္ေနသည့္လုပ္ငန္း (၆၃)ခု၊ အျခား လိုင္စင္ ျဖင့္ေဆာင္႐ြက္ေနသည့္လုပ္ငန္း (၄၃)ခု၊ လိုင္စင္မရွိျဖင့္ ေဆာင္႐ြက္ေနသည့္လုပ္ငန္း (၆၃) ခု စုစုေပါင္း အတိုးအရင္းမေပးဆပ္သည့္လုပ္ငန္း (၃၅၇)ခုတို႔ျဖစ္ေၾကာင္းသိရသည္။
ဝန္ႀကီးဌာနအေနျဖင့္ အစိုးရအလႊဲအေျပာင္းမတိုင္မီ ကိုဗစ္ေခ်းေငြမ်ားကို အေျပအေက် ျပန္ လည္ေပးဆပ္ရန္ တိုက္တြန္းေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။