(၄) နှစ်ကျော်ကာလအတွင်း ပြည်တွင်းရွှေဈေး (၇) ဆ ခန့် တက်ခဲ့

1017

Pearl (NP News) - ဇန်နဝါရီ ၆
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးကွက်နှင့်အပြိုင် စံချိန်တင်မြင့်တက်နေရာ (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်တွင် အမေရိကန် (၁)ဒေါ်လာလျှင် (၃၉၉၀)ကျပ်ဝန်းကျင်ပေါက်ဈေး နှင့် အတူ ကမ္ဘာ့ရွှေပေါက်ဈေးသည် တစ်အောင်စလျှင် (၄၅၁၅)ဒေါ်လာပေါက်ဈေးရှိပြီး ပြည်တွင်းရွှေဈေး ကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၉၄၄၀ဝဝဝ)ကျပ်အထိ အမြင့်ဆုံး ပေါက်ဈေးဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။
ပြီးခဲ့သည့် (၂၀၂၁) ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်များနှင့်နှိုင်းယှဉ်ပါက ရွှေဈေးနှုန်းသည် ယခင်ထက် (၇)ဆကျော် ပိုများလာခြင်းဖြစ်ပြီး (၂၀၂၁) ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်များတွင် အမေရိကန် (၁)ဒေါ်လာလျှင် (၁၃၃၄)ကျပ် ဝန်း ကျင်ပေါက်ဈေးနှင့်အတူ ကမ္ဘာ့ရွှေပေါက်ဈေးသည် တစ်အောင်စလျှင် (၁၈၆၉)ဒေါ်လာပေါက်ဈေးရှိခဲ့ပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် (၁ယ၃၂၆ယ၅၀ဝ)ကျပ်အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
“(၅) နှစ်အတွင်း ရွှေဈေးတွေတက်တာက ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ဆိုင်တယ်။ ကျယ်ပြန့်တယ်။ တရုတ်က ကမ္ဘာ့ရွှေတွေကိုစုစုနေတာများတယ်။ အမေရိကန်က ရွှေတွေထုတ်ရောင်းတယ်။ ကစားနေ တာ။ အခုဆိုလည်း စစ်ပြင်နေတာ။ တရုတ်ကလည်း (၂၀၂၇)မှာ တရုတ်(တိုင်ပေ)ကိုသိမ်းမယ် ဘာညာ ပေါ့။ ရွှေဈေးတွေ ခုန်ခုန်တက်နေတာ အဲဒါပဲ။ ယူကရိန်းနဲ့ရုရှားကလည်း ပြီးမလိုနဲ့မပြီးဘူး။ အမေရိကန် ကလည်း ဗင်နီဇွဲလားကို ဆင်ဖမ်းမယ်ကြားဖမ်းမယ်လုပ်နေတာ။ နောက်တစ်ခါ တရုတ်နဲ့ဂျပန်နဲ့၊ နေတိုး နဲ့ ရုရှားနဲ့ အဲဒီလိုတွေပြန်ဖြစ်နေတာလေ။ (၅) နှစ်အတွင်း ကမ္ဘာကြီးမငြိမ်းချမ်းခဲ့လို့ ရွှေဈေးတက်တာ။ ငြိမ်းချမ်းနေရင် ရွှေဈေးက သူ့ဘာသာ ပုံမှန်သွားနေတာ။ အဲဒီတော့ မြန်မာ့ရွှေဈေးလည်း လိုက်တက်တာ ပေါ့”ဟု ရွှေလုပ်ငန်းရှင်များနှင့်နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ ရွှေဈေးနှုန်း အပြောင်းအလဲများ၏ဖြစ်ပေါ်ခဲ့ရာ ဇန်နဝါရီလအတွင်း တစ်ကျပ်သားလျှင် (၁၃)သိန်းဝန်းကျင်သာ ရှိခဲ့ သော်လည်း မေလမှစတင်၍ စတင်လှုပ်ခတ်လာပြီး တစ်ကျပ်သားလျှင် (၁၅)သိန်းကျော်၊ စက်တင်ဘာ လတွင် (၂၀၂၁)ခုနှစ်၏ စံချိန်တင်ဈေးအမြင့်ဆုံးကာလဖြစ်ကာ (၂၂)သိန်း (၂)သောင်းကျော်အထိ မြင့် တက်ခဲ့သည်။
(၂၀၂၁)ခုနှစ်ကုန် (၂၀၂၂) ခုနှစ် အစပိုင်းတွင် တစ်ကျပ်သားလျှင် (၁၈)သိန်း (၅)သောင်း ကျပ်ဝန်း ကျင်ဖြင့်စတင်ခဲ့ပြီး ဩဂုတ်လကုန်ပိုင်းတွင် ပြည်တွင်းရွှေဈေးသည်လည်း အမြင့်ဆုံးစံချိန်သစ်အဖြစ် တစ်ကျပ်သားလျှင် (၃၆)သိန်းကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။
နှစ်ကုန်ပိုင်းတွင် တစ်ကျပ်သားလျှင် (၂၇) သိန်းဝန်းကျင်အထိ အနည်းငယ်ပြန်ကျသော်လည်း နှစ်စထက် (၁၀)သိန်းနီးပါးမြင့်တက်ခဲ့ပြီး (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလတွင်စတင်ခဲ့သော ရုရှား- ယူကရိန်း စစ်ပွဲကြောင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ (၂၀ဝဝ)ကျော်အထိ မြင့်တက်သွားခြင်းနှင့် အတူ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာခဲ့ကာ အစိုးရမှလည်း ရွှေဆိုင်လုပ်ငန်းရှင်များကို စစ်ဆေး ခြင်း၊ လေပတ်ကားရောင်းချသူများကို ဖမ်းဆီးခြင်း၊ ဈေးနှုန်းသက်မှတ်ရန် ကြိုးစားခြင်းတို့ကြောင့် ဈေးကွက် အတွင်း အရောင်းအဝယ်အေးသွားခဲ့ကြောင်းလည်းသိရသည်။
ထို့ပြင် နယ်စပ်ဖြတ်ကျော်ရောင်းဝယ်မှုများနှင့် မှောင်ခိုရွှေရောင်းဝယ်မှုများကို တားဆီးနိုင်ရေး အတွက် အခေါက်ရွှေ အတုံး/အခဲရောင်းဝယ်မှုများ အတွက် လိုင်စင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က (၂၀၂၂) ခုနှစ် မေလ (၁၇) ရက်တွင် အသိ ပေးထုတ်ခဲ့သည်။
(၂၀၂၃) ခုနှစ် ဇန်နဝါရီလတွင် တစ်ကျပ်သားလျှင် (၂၈)သိန်းဝန်းကျင်ဖြင့်စတင်ခဲ့ပြီး ဇွန်လ အတွင်း တစ်ကျပ်သားလျှင် (၃၂)သိန်းအထက်သို့ ရောက်ရှိလာကာ ဩဂုတ်လတွင် ပြည်တွင်းရွှေဈေး သည် တစ်ကျပ်သားလျှင် သိန်း(၄၀)နီးပါးအထိ ပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။ နှစ်ကုန် ဒီဇင်ဘာလ ဈေးအနည်းငယ်ပြန်အေးသွားသော်လည်း (၃၇) သိန်းဝန်းကျင်ပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။
(၂၀၂၃)ခုနှစ် ဇူလိုင်လကုန်ပိုင်းတွင် (၂၀ဝဝဝ)တန် ငွေစက္ကူထုတ်ဝေမည်ဟူသောသတင်း ကြောင့် ငွေကြေးဖောင်းပွမည်ကိုစိုးရိမ်ပြီး ရွှေကို အလုအယက် ဝယ်ယူစုဆောင်းခဲ့ကြရာမှ ဩဂုတ်လ တွင် ဈေးနှုန်းအမြင့်ဆုံးဖြစ်သွားခဲ့ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းကလည်း ငွေစက္ကူထုတ် ဝေအသုံးပြုခြင်းနှင့်ပတ်သက်ပြီး ကောလာဟလများလွှင့်၍ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရေးဆောင် ရွက်ခြင်းမပြုရန်သတိပေးခဲ့ကြောင်းသိရသည်။
(၂၀၂၄)ခုနှစ်အစ ဇန်နဝါရီလတွင် တစ်ကျပ်သားလျှင် (၃၈)သိန်းဝန်းကျင်ဖြင့်စတင်ခဲ့ပြီး မတ်လ နှင့်ဧပြီလတွင် (၄၅)သိန်းကျော်အထိ ခုန်တက်သွားခဲ့ပြီး ရွှေဈေးကွက်အတွင်း အရောင်းအဝယ် မရှိသော ဈေးနှုန်းကိုထုတ်လွှင့်၍ ဈေးကစားမှုများဖြစ်ပေါ်နေခြင်းကြောင့် သံသယရှိသူများကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း YGEA ကအသိပေးခဲ့သည်။
ထို့နောက် မေလနှင့် ဇွန်လတို့တွင် ရွှေဈေးနှုန်းများ ဆက်တိုက်တက်လာပြီး သိန်း (၅၀) အထိ ရောက်ရှိခဲ့ကာ ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များ နေ့စဉ်ဖွင့်လှစ်ရန်နှင့် သတ်မှတ်ဈေးနှုန်း ဖြင့်ရောင်းချရန် YGEA ကထုတ်ပြန်ခဲ့သော်လည်း ဩဂုတ်လတွင် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သား လျှင် (၇၅)သိန်းဝန်းကျင်အထိ အမြင့်ဆုံးသို့ရောက်ရှိခဲ့ကာ ဒီဇင်ဘာလတွင် ဈေးအနည်းငယ်ပြန်အေး သွားပြီး သိန်း (၇၀)ဝန်းကျင်ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
(၂၀၂၅)ခုနှစ် ဇန်နဝါရီလအတွင်း တစ်ကျပ်သားလျှင် သိန်း (၇၀)ဝန်းကျင်ဖြင့်စတင်ခဲ့ပြီး ဧပြီလ နှင့်မေလတို့တွင် ကမ္ဘာ့ရွှေဈေးနှုန်း အပြောင်းအလဲနှင့်အတူ ပြည်တွင်းဈေးသည် (၇၅)သိန်းအထက်သို့ စတင်ရောက်ရှိခဲ့ကာ စက်တင်ဘာလအတွင်း ပြည်တွင်းရွှေဈေးနှုန်းသည် သိန်း(၈၀) ဝန်းကျင် ပေါက် ဈေးရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင်လည်း အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒအပြောင်းအလဲ များနှင့် ကမ္ဘာ့နိုင်ငံရေး စစ်ရေးအခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် ဆက်တိုက်မြင့် တက်ခြင်းများ ဖြစ်ပေါ်နေပြီး လတ်တလော ပြည်တွင်းဈေးကွက်အတွင်း အရောင်းအဝယ်ကျဆင်းနေကြောင်းလည်း ဈေးကွက်အတွင်းမှသိရသည်။
အလားတူ နိုင်ငံရေးအပြောင်းအလဲများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများထွက်ခွာသွားခြင်းများ၊ ဗဟို ဘဏ်က ဒေါ်လာလဲလှယ်နှုန်းကို ကန့်သတ်ခြင်းများ၊ ကုန်သွယ်ရေးအခက်အခဲများနှင့် ငွေကြေး ဖောင်းပွ မှုများကြောင့် (၂၀၂၁) ခုနှစ် ဇန်နဝါရီလအတွင်း အမေ ရိကန်ဒေါ်လာငွေလဲဈေးနှုန်းနှင့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလအတွင်းငွေလဲဈေးနှုန်းကိုနှိုင်းယှဉ်ပါကလည်း ယခင်ထက် (၃)ဆ နီးပါးပိုများလာခဲ့ကြောင်း သိရသည်။

Zawgyi Version;
(၄) ႏွစ္ေက်ာ္ ကာလအတြင္း ျပည္တြင္းေ႐ႊေဈး (၇) ဆ ခန႔္ တက္ခဲ့
Pearl (NP News) - ဇန္နဝါရီ ၆
ျပည္တြင္းေ႐ႊေဈးကြက္သည္ ကမာၻ႔ေ႐ႊေဈးကြက္ႏွင့္အၿပိဳင္ စံခ်ိန္တင္ျမင့္တက္ေနရာ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ (၂၉)ရက္တြင္ အေမရိကန္ (၁)ေဒၚလာလွ်င္ (၃၉၉၀)က်ပ္ဝန္းက်င္ေပါက္ေဈး ႏွင့္ အတူ ကမာၻ႔ေ႐ႊေပါက္ေဈးသည္ တစ္ေအာင္စလွ်င္ (၄၅၁၅)ေဒၚလာေပါက္ေဈးရွိၿပီး ျပည္တြင္းေ႐ႊေဈး ကြက္အတြင္း အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၉၄၄၀ဝဝဝ)က်ပ္အထိ အျမင့္ဆုံး ေပါက္ေဈးျဖစ္ေပၚခဲ့ ေၾကာင္းသိရသည္။
ၿပီးခဲ့သည့္ (၂၀၂၁) ခုႏွစ္ ဇန္နဝါရီလ ေနာက္ဆုံးပတ္မ်ားႏွင့္ႏႈိင္းယွဥ္ပါက ေ႐ႊေဈးႏႈန္းသည္ ယခင္ထက္ (၇)ဆေက်ာ္ ပိုမ်ားလာျခင္းျဖစ္ၿပီး (၂၀၂၁) ခုႏွစ္ ဇန္နဝါရီလ ေနာက္ဆုံးပတ္မ်ားတြင္ အေမရိကန္ (၁)ေဒၚလာလွ်င္ (၁၃၃၄)က်ပ္ ဝန္း က်င္ေပါက္ေဈးႏွင့္အတူ ကမာၻ႔ေ႐ႊေပါက္ေဈးသည္ တစ္ေအာင္စလွ်င္ (၁၈၆၉)ေဒၚလာေပါက္ေဈးရွိခဲ့ၿပီး ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၁ယ၃၂၆ယ၅၀ဝ)က်ပ္အထိ ေပါက္ေဈးရွိခဲ့ေၾကာင္း သိရသည္။
“(၅) ႏွစ္အတြင္း ေ႐ႊေဈးေတြတက္တာက ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ဆိုင္တယ္။ က်ယ္ျပန႔္တယ္။ တ႐ုတ္က ကမာၻ႔ေ႐ႊေတြကိုစုစုေနတာမ်ားတယ္။ အေမရိကန္က ေ႐ႊေတြထုတ္ေရာင္းတယ္။ ကစားေန တာ။ အခုဆိုလည္း စစ္ျပင္ေနတာ။ တ႐ုတ္ကလည္း (၂၀၂၇)မွာ တ႐ုတ္(တိုင္ေပ)ကိုသိမ္းမယ္ ဘာညာ ေပါ့။ ေ႐ႊေဈးေတြ ခုန္ခုန္တက္ေနတာ အဲဒါပဲ။ ယူကရိန္းနဲ႔႐ုရွားကလည္း ၿပီးမလိုနဲ႔မၿပီးဘူး။ အေမရိကန္ ကလည္း ဗင္နီဇြဲလားကို ဆင္ဖမ္းမယ္ၾကားဖမ္းမယ္လုပ္ေနတာ။ ေနာက္တစ္ခါ တ႐ုတ္နဲ႔ဂ်ပန္နဲ႔၊ ေနတိုး နဲ႔ ႐ုရွားနဲ႔ အဲဒီလိုေတြျပန္ျဖစ္ေနတာေလ။ (၅) ႏွစ္အတြင္း ကမာၻႀကီးမၿငိမ္းခ်မ္းခဲ့လို႔ ေ႐ႊေဈးတက္တာ။ ၿငိမ္းခ်မ္းေနရင္ ေ႐ႊေဈးက သူ႔ဘာသာ ပုံမွန္သြားေနတာ။ အဲဒီေတာ့ ျမန္မာ့ေ႐ႊေဈးလည္း လိုက္တက္တာ ေပါ့”ဟု ေ႐ႊလုပ္ငန္းရွင္မ်ားႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
(၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္းတြင္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားႏွင့္အတူ ေ႐ႊေဈးႏႈန္း အေျပာင္းအလဲမ်ား၏ျဖစ္ေပၚခဲ့ရာ ဇန္နဝါရီလအတြင္း တစ္က်ပ္သားလွ်င္ (၁၃)သိန္းဝန္းက်င္သာ ရွိခဲ့ ေသာ္လည္း ေမလမွစတင္၍ စတင္လႈပ္ခတ္လာၿပီး တစ္က်ပ္သားလွ်င္ (၁၅)သိန္းေက်ာ္၊ စက္တင္ဘာ လတြင္ (၂၀၂၁)ခုႏွစ္၏ စံခ်ိန္တင္ေဈးအျမင့္ဆုံးကာလျဖစ္ကာ (၂၂)သိန္း (၂)ေသာင္းေက်ာ္အထိ ျမင့္ တက္ခဲ့သည္။
(၂၀၂၁)ခုႏွစ္ကုန္ (၂၀၂၂) ခုႏွစ္ အစပိုင္းတြင္ တစ္က်ပ္သားလွ်င္ (၁၈)သိန္း (၅)ေသာင္း က်ပ္ဝန္း က်င္ျဖင့္စတင္ခဲ့ၿပီး ဩဂုတ္လကုန္ပိုင္းတြင္ ျပည္တြင္းေ႐ႊေဈးသည္လည္း အျမင့္ဆုံးစံခ်ိန္သစ္အျဖစ္ တစ္က်ပ္သားလွ်င္ (၃၆)သိန္းက်ပ္ဝန္းက်င္အထိ ေပါက္ေဈးရွိခဲ့ေၾကာင္းသိရသည္။
ႏွစ္ကုန္ပိုင္းတြင္ တစ္က်ပ္သားလွ်င္ (၂၇) သိန္းဝန္းက်င္အထိ အနည္းငယ္ျပန္က်ေသာ္လည္း ႏွစ္စထက္ (၁၀)သိန္းနီးပါးျမင့္တက္ခဲ့ၿပီး (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလတြင္စတင္ခဲ့ေသာ ႐ုရွား- ယူကရိန္း စစ္ပြဲေၾကာင့္ ကမာၻ႔ေ႐ႊေဈး တစ္ေအာင္စလွ်င္ ေဒၚလာ (၂၀ဝဝ)ေက်ာ္အထိ ျမင့္တက္သြားျခင္းႏွင့္ အတူ ျပည္တြင္းေ႐ႊေဈးလည္း ျမင့္တက္လာခဲ့ကာ အစိုးရမွလည္း ေ႐ႊဆိုင္လုပ္ငန္းရွင္မ်ားကို စစ္ေဆး ျခင္း၊ ေလပတ္ကားေရာင္းခ်သူမ်ားကို ဖမ္းဆီးျခင္း၊ ေဈးႏႈန္းသက္မွတ္ရန္ ႀကိဳးစားျခင္းတို႔ေၾကာင့္ ေဈးကြက္ အတြင္း အေရာင္းအဝယ္ေအးသြားခဲ့ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ နယ္စပ္ျဖတ္ေက်ာ္ေရာင္းဝယ္မႈမ်ားႏွင့္ ေမွာင္ခိုေ႐ႊေရာင္းဝယ္မႈမ်ားကို တားဆီးႏိုင္ေရး အတြက္ အေခါက္ေ႐ႊ အတုံး/အခဲေရာင္းဝယ္မႈမ်ား အတြက္ လိုင္စင္လုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း ရန္ ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) က (၂၀၂၂) ခုႏွစ္ ေမလ (၁၇) ရက္တြင္ အသိ ေပးထုတ္ခဲ့သည္။
(၂၀၂၃) ခုႏွစ္ ဇန္နဝါရီလတြင္ တစ္က်ပ္သားလွ်င္ (၂၈)သိန္းဝန္းက်င္ျဖင့္စတင္ခဲ့ၿပီး ဇြန္လ အတြင္း တစ္က်ပ္သားလွ်င္ (၃၂)သိန္းအထက္သို႔ ေရာက္ရွိလာကာ ဩဂုတ္လတြင္ ျပည္တြင္းေ႐ႊေဈး သည္ တစ္က်ပ္သားလွ်င္ သိန္း(၄၀)နီးပါးအထိ ေပါက္ေဈးရွိခဲ့ေၾကာင္းသိရသည္။ ႏွစ္ကုန္ ဒီဇင္ဘာလ ေဈးအနည္းငယ္ျပန္ေအးသြားေသာ္လည္း (၃၇) သိန္းဝန္းက်င္ေပါက္ေဈးရွိခဲ့ေၾကာင္းသိရသည္။
(၂၀၂၃)ခုႏွစ္ ဇူလိုင္လကုန္ပိုင္းတြင္ (၂၀ဝဝဝ)တန္ ေငြစကၠဴထုတ္ေဝမည္ဟူေသာသတင္း ေၾကာင့္ ေငြေၾကးေဖာင္းပြမည္ကိုစိုးရိမ္ၿပီး ေ႐ႊကို အလုအယက္ ဝယ္ယူစုေဆာင္းခဲ့ၾကရာမွ ဩဂုတ္လ တြင္ ေဈးႏႈန္းအျမင့္ဆုံးျဖစ္သြားခဲ့ၿပီး ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကလည္း ေငြစကၠဴထုတ္ ေဝအသုံးျပဳျခင္းႏွင့္ပတ္သက္ၿပီး ေကာလာဟလမ်ားလႊင့္၍ ကုန္ေဈးႏႈန္းမတည္မၿငိမ္ျဖစ္ေစေရးေဆာင္ ႐ြက္ျခင္းမျပဳရန္သတိေပးခဲ့ေၾကာင္းသိရသည္။
(၂၀၂၄)ခုႏွစ္အစ ဇန္နဝါရီလတြင္ တစ္က်ပ္သားလွ်င္ (၃၈)သိန္းဝန္းက်င္ျဖင့္စတင္ခဲ့ၿပီး မတ္လ ႏွင့္ဧၿပီလတြင္ (၄၅)သိန္းေက်ာ္အထိ ခုန္တက္သြားခဲ့ၿပီး ေ႐ႊေဈးကြက္အတြင္း အေရာင္းအဝယ္ မရွိေသာ ေဈးႏႈန္းကိုထုတ္လႊင့္၍ ေဈးကစားမႈမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ သံသယရွိသူမ်ားကို သက္ဆိုင္ရာက ေခၚယူစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းလည္း YGEA ကအသိေပးခဲ့သည္။
ထို႔ေနာက္ ေမလႏွင့္ ဇြန္လတို႔တြင္ ေ႐ႊေဈးႏႈန္းမ်ား ဆက္တိုက္တက္လာၿပီး သိန္း (၅၀) အထိ ေရာက္ရွိခဲ့ကာ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ေ႐ႊဆိုင္မ်ား ေန႔စဥ္ဖြင့္လွစ္ရန္ႏွင့္ သတ္မွတ္ေဈးႏႈန္း ျဖင့္ေရာင္းခ်ရန္ YGEA ကထုတ္ျပန္ခဲ့ေသာ္လည္း ဩဂုတ္လတြင္ ျပည္တြင္းေ႐ႊေဈးသည္ တစ္က်ပ္သား လွ်င္ (၇၅)သိန္းဝန္းက်င္အထိ အျမင့္ဆုံးသို႔ေရာက္ရွိခဲ့ကာ ဒီဇင္ဘာလတြင္ ေဈးအနည္းငယ္ျပန္ေအး သြားၿပီး သိန္း (၇၀)ဝန္းက်င္ေပါက္ေဈးရွိခဲ့ေၾကာင္း သိရသည္။
(၂၀၂၅)ခုႏွစ္ ဇန္နဝါရီလအတြင္း တစ္က်ပ္သားလွ်င္ သိန္း (၇၀)ဝန္းက်င္ျဖင့္စတင္ခဲ့ၿပီး ဧၿပီလ ႏွင့္ေမလတို႔တြင္ ကမာၻ႔ေ႐ႊေဈးႏႈန္း အေျပာင္းအလဲႏွင့္အတူ ျပည္တြင္းေဈးသည္ (၇၅)သိန္းအထက္သို႔ စတင္ေရာက္ရွိခဲ့ကာ စက္တင္ဘာလအတြင္း ျပည္တြင္းေ႐ႊေဈးႏႈန္းသည္ သိန္း(၈၀) ဝန္းက်င္ ေပါက္ ေဈးရွိခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္လည္း အေမရိကန္ဗဟိုဘဏ္၏ ေငြေၾကးမူဝါဒအေျပာင္းအလဲ မ်ားႏွင့္ ကမာၻ႔ႏိုင္ငံေရး စစ္ေရးအေျခအေနမ်ားေၾကာင့္ ကမာၻ႔ေ႐ႊေဈးသည္ ဆက္တိုက္ျမင့္ တက္ျခင္းမ်ား ျဖစ္ေပၚေနၿပီး လတ္တေလာ ျပည္တြင္းေဈးကြက္အတြင္း အေရာင္းအဝယ္က်ဆင္းေနေၾကာင္းလည္း ေဈးကြက္အတြင္းမွသိရသည္။
အလားတူ ႏိုင္ငံေရးအေျပာင္းအလဲမ်ား၊ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈမ်ားထြက္ခြာသြားျခင္းမ်ား၊ ဗဟို ဘဏ္က ေဒၚလာလဲလွယ္ႏႈန္းကို ကန႔္သတ္ျခင္းမ်ား၊ ကုန္သြယ္ေရးအခက္အခဲမ်ားႏွင့္ ေငြေၾကး ေဖာင္းပြ မႈမ်ားေၾကာင့္ (၂၀၂၁) ခုႏွစ္ ဇန္နဝါရီလအတြင္း အေမ ရိကန္ေဒၚလာေငြလဲေဈးႏႈန္းႏွင့္ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလအတြင္းေငြလဲေဈးႏႈန္းကိုႏႈိင္းယွဥ္ပါကလည္း ယခင္ထက္ (၃)ဆ နီးပါးပိုမ်ားလာခဲ့ေၾကာင္း သိရသည္။