အင်းစိန်အတွေ့အကြုံများထဲမှ သိသင့်သည်များကို ပြန်လည်မျှဝေမည်ဟု ဦးရဲထွဋ်ဆို

 8914

Pearl (NP News) - ဇန်နဝါရီ ၆

အင်းစိန်အတွေ့အကြုံများထဲမှ သိသင့်သည်များကို ပြန်လည်မျှဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးရဲထွဋ်သည် မှုကွန်ရက်စာမျက်နှာပေါ်၌ မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်အတွက် ရာဇသတ်ကြီးပုဒ်မ ၅ဝ၅-က ဖြင့် ၂ဝ၂၃ ခုနှစ် (အောက်တိုဘာ ၂၈ ရက်) ညပိုင်းက ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၅၀၅ က၊ ပုဒ်မ ၁၂၄ တို့ဖြင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံခဲ့ရသည်။
ထို့နောက် ပြီးခဲ့သည့် ဇန်နဝါရီ (၄) ရက်၊ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် အင်းစိန်အတွေ့အကြုံများထဲမှ သိသင့်သည်များကို ပြန်လည်မျှဝေပေးမည်ကြောင်း ဦးရဲထွဋ်က ဆိုသည်။
"လွတ်လပ်ရေးနေ့က အိမ်ပြန်ရောက်ပါတယ်။ Account ပြန်ဝင်လို့ရအောင် ကြိုးစားနေရတဲ့အတွက် အခုမှ မိတ်ဆွေများကို နှုတ်ဆက်နိုင်တာပါ။ ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်း ကျွန်တော်နဲ့ ကျွန်တော်မိသားစုကို အားပေးကူညီရပ်တည်ပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အနေဝေးသွားသူတွေကိုလည်း နားလည်ပေးပါတယ်။ လောလောဆယ်တော့ ပြည်တွင်းနဲ့ နိုင်ငံတကာ အခြေအနေအားလုံး လေ့လာပါဦးမယ်။ ပြီးရင်တော့ အရင်လို ခရီးတွေသွား စာတွေရေးမှာပါ။ အင်းစိန်အတွေ့အကြုံတွေထဲက သိသင့်တာတွေ မျှဝေပါ့မယ်" ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

Zawgyi Version;
အင္းစိန္အေတြ႕အႀကဳံမ်ားထဲမွ သိသင့္သည္မ်ားကို ျပန္လည္မွ်ေဝမည္ဟု ဦးရဲထြဋ္ဆို
Pearl (NP News) - ဇန္နဝါရီ ၆
အင္းစိန္အေတြ႕အႀကဳံမ်ားထဲမွ သိသင့္သည္မ်ားကို ျပန္လည္မွ်ေဝမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
ဦးသိန္းစိန္အစိုးရလက္ထက္ ျပန္ၾကားေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ ဦးရဲထြဋ္သည္ မႈကြန္ရက္စာမ်က္ႏွာေပၚ၌ မဟုတ္မမွန္သတင္းမ်ား ေရးသားျဖန႔္ေဝျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရသည္အတြက္ ရာဇသတ္ႀကီးပုဒ္မ ၅ဝ၅-က ျဖင့္ ၂ဝ၂၃ ခုႏွစ္ (ေအာက္တိုဘာ ၂၈ ရက္) ညပိုင္းက ဖမ္းဆီးခံခဲ့ရၿပီးေနာက္ ပုဒ္မ ၅၀၅ က၊ ပုဒ္မ ၁၂၄ တို႔ျဖင့္ ေထာင္ဒဏ္ (၁၀) ႏွစ္ ခ်မွတ္ခံခဲ့ရသည္။
ထို႔ေနာက္ ၿပီးခဲ့သည့္ ဇန္နဝါရီ (၄) ရက္၊ (၇၈) ႏွစ္ေျမာက္လြတ္လပ္ေရးေန႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္အတူ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီးေနာက္ အင္းစိန္အေတြ႕အႀကဳံမ်ားထဲမွ သိသင့္သည္မ်ားကို ျပန္လည္မွ်ေဝေပးမည္ေၾကာင္း ဦးရဲထြဋ္က ဆိုသည္။
"လြတ္လပ္ေရးေန႔က အိမ္ျပန္ေရာက္ပါတယ္။ Account ျပန္ဝင္လို႔ရေအာင္ ႀကိဳးစားေနရတဲ့အတြက္ အခုမွ မိတ္ေဆြမ်ားကို ႏႈတ္ဆက္ႏိုင္တာပါ။ ၿပီးခဲ့တဲ့ ၂ ႏွစ္ကာလအတြင္း ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ္မိသားစုကို အားေပးကူညီရပ္တည္ေပးခဲ့သူမ်ားအားလုံးကို ေက်းဇူးတင္ပါတယ္။ အေနေဝးသြားသူေတြကိုလည္း နားလည္ေပးပါတယ္။ ေလာေလာဆယ္ေတာ့ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ အေျခအေနအားလုံး ေလ့လာပါဦးမယ္။ ၿပီးရင္ေတာ့ အရင္လို ခရီးေတြသြား စာေတြေရးမွာပါ။ အင္းစိန္အေတြ႕အႀကဳံေတြထဲက သိသင့္တာေတြ မွ်ေဝပါ့မယ္" ဟု ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.