(၂၀၂၅ -၂၀၂၆) ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁)အတွက် ပွဲကြိုသုံးသပ်ချက်များ

276

ရဲထက် (NP News) - ဇန်နဝါရီ ၆
ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တစ်ဝက်ကျော်ကို ရောက်ရှိလာချိန်မှာ အပြိုင်အဆိုင်ရှိလှတဲ့ ပွဲကောင်း တွေကို စောင့်ကြည့်သွားရဖို့ရှိနေပြီး ချန်ပီယံဆုအတွက် (၃)သင်းယှဉ်ပြိုင်နေမှုကလည်း စိတ်ဝင်စား စရာကောင်းလာပါတယ်။ အာဆင်နယ်၊ မန်စီးတီးနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီ ယံဆုအတွက်တိုက်ပွဲဝင်မှုတွေကို စောင့်ကြည့်ရမှာဖြစ်သလို မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ရဲ့ အမှားမခံတော့တဲ့ပွဲစဉ်တွေကိုလည်း ဆက်တိုက်စောင့်ကြည့်ရဖို့ရှိနေပါတယ်။ ဒါ့ပြင် ဒီရာသီပရီးမီး ယားလိဂ်မှာ အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ် နေရာအတွက်ယှဉ်ပြိုင်ရမယ့်ပွဲကောင်းတွေကို စောင့် ကြည့်ရဖို့ရှိနေသလို ဒီ(၃)သင်းထဲက ဘယ်အသင်း က အဆင့်(၄)နေရာကို အရယူနိုင်မလဲဆိုတာကလည်း ရင်ခုန်ချင်စရာကောင်းလာပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်(၂၁)ရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါ တယ်။
အာဆင်နယ် Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၂ - ၂ အာဆင်နယ် (၁၁ - ၅-၂၀၂၅)
လီဗာပူးလ် ၁ - ဝ အာဆင်နယ် (၃၁-၈-၂၀၂၅)
အာဆင်နယ် ၃ - ၂ လီဗာပူးလ် (၂၇-၁၀-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၂ လီဗာပူးလ်
အာဆင်နယ် ၁ - ၁ လီဗာပူးလ်
အာဆင်နယ်အသင်းအတွက် ဒီပွဲစဉ်က အမှားခံလို့မရတဲ့ပွဲစဉ်ဖြစ်ပြီး ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရ မှာဖြစ်တာကြောင့် နိုင်ပွဲရဖို့ ရုန်းကန်ရဖွယ်ရှိနေပါ တယ်။ အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ဖိအားပေးမှု တွေနဲ့ရင်ဆိုင်လာရချိန်မှာ ချန်ပီယံဆုအတွက် စိုးရိမ်စရာအနေအထားဖြစ်လာသလို နိုင်ပွဲတစ်ပွဲ မဆုံးရှုံး ဖို့ကလည်း အာဆင်နယ်အသင်းအတွက် မဖြစ်မနေလို အပ်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ဒါ့ပြင် အာဆင်နယ်အသင်းအနေနဲ့ လီဗာပူးလ်အသင်းကိုရင် ဆိုင်ရချိန်မှာ နိုင်ပွဲရဖို့ရုန်းကန်ခဲ့ရသလို ကစား ကွက်အနေအထားအရပါ အသာစီးရယူထားနိုင်ခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အာဆင်နယ်အသင်းနဲ့လီဗာပူးလ်အသင်းတို့ရဲ့ခြေစွမ်းပိုင်းချင်းယှဉ်ရင် အာဆင်နယ်အသင်းက အဘက် ဘက်ကအသာရနေတဲ့အပြင် လူစားရင်းအရ စွမ်းဆောင်ရည်ကိုကြည့်ရင်လည်း လီဗာပူးလ်အသင်း ထက် သာလွန်ကောင်းမွန်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ နောက်ပိုင်းပွဲစဉ် တွေ မှာ နိုင်ပွဲရဖို့ အနည်းငယ်ရုန်းကန်ရတဲ့အရိပ်အယောင်တွေကို မြင်တွေ့လာရတာကြောင့် လီဗာပူးလ် အသင်းရဲ့ခြေစွမ်းပြန်ကောင်းလာချိန်မှာ ထိပ်တိုက်တွေ့ဆုံနေတာက အာဆင်နယ်အသင်းအတွက် ကံဆိုးမှုတစ်ခုလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက်ကတော့ ဒီရာသီမှာ ချန်ပီယံဆုကို ကာ ကွယ်ဖို့ အလှမ်းဝေးသွားပြီဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကိုရယူနိုင်ဖို့အတွက်သာ ပြင် ဆင်လာဖို့ရှိနေပြီး ဒီပွဲစဉ်မှာလည်း အကောင်းဆုံး တုံ့ပြန်ကစားသွားဖို့ရှိနေပါတယ်။ ချဲလ်ဆီး အသင်း နဲ့ မန်ယူအသင်း တို့နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုရယူနိုင်ဖို့ အရေးကြီးတဲ့ပွဲစဉ်တွေမှာ နိုင်ပွဲ တစ်ပွဲထက် ရမှတ် မဆုံးရှုံးအောင်ကစားဖို့လိုအပ်နေတာကြောင့်လည်း ဒီပွဲစဉ်မှာ အာဆင်နယ် အသင်းရဲ့ ချန်ပီယံအိမ်မက်ကို လက်ရှိချန်ပီယံက ရိုက်ချိုးပြနိုင်မလားဆိုတာကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ် ကိုခန့်မှန်းရရင် အာဆင်နယ်အသင်းအတွက် ရမှတ် (၃)မှတ်လိုအပ်နေတာကြောင့် အိမ် ကွင်းမှာ အနိုင် (၃)မှတ်ရအောင်ကစားဖို့ရှိနေပေမယ့် လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းပိုင်း ပြန်လည် ကောင်းမွန်လာမှုတွေကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များတဲ့ပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။ နှစ်ဖက်သွင်းဂိုး အနည်းဆုံး (၄)ဂိုးလောက်အထိ မြင်တွေ့ရနိုင်ပါတယ်။
မန်စီးတီး Vs ဘရိုက်တန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘရိုက်တန် ၂ - ၁ မန်စီးတီး (၃၁-၈ -၂၀၂၅)
မန်စီးတီး ၂ - ၂ ဘရိုက်တန် (၁၅-၃-၂၀၂၅)
ဘရိုက်တန် ဝ - ၂ မန်စီးတီး (၁၀-၁၁-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ ဘရိုက်တန်
မန်စီးတီး ၁ - ဝ ဘရိုက်တန်
မန်စီးတီးအသင်းဟာ ရာသီဝက်ကျော်လာချိန်မှာ အသင်းရဲ့ အကောင်းဆုံးခြေစွမ်းတစ်ခုကို ရောက်ရှိလာပြီလို့ပြောလို့ရသလို နိုင်သင့်တဲ့ပွဲစဉ်တွေ မှာရော ပွဲကျပ်ကာလတွေမှာပါ နိုင်ပွဲရအောင်စွမ်း ဆောင်ထားနိုင်ခဲ့တာကိုမြင်တွေ့ရပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အကြိမ်ကြိမ်ရယူထား ဖူးတဲ့ ချန်ပီယံအသင်းတစ်သင်းရဲ့ခြေစွမ်းတွေကို ပြန်လည်မြင်တွေ့ရတာမျိုးဖြစ်ပြီး ဒီခြေစွမ်းကို ဆက် ထိန်းထားနိုင်ခဲ့ရင် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ဖို့ရှိနေပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်းဟာ နှစ်ရာသီဆက်တိုက် နည်းပြဂွာဒီယိုလာလက်ထက်မှာ အကျပိုင်းကို ရောက် ရှိသွား ပြီလို့သုံးသပ်မှုတွေရှိနေပေမယ့် ချန်ပီယံအသင်းတစ်သင်းအတွက် အချိန်(၂)နှစ်လောက်ရင်းပြီး လူစာရင်း အပြောင်းအလဲလုပ်လိုက်တဲ့သဘောမျိုးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီး အသင်းရဲ့ အနေအထားဟာ ချန်ပီယံဆုမှန်သမျှကို ပြန်လည်စိန်ခေါ်လာနိုင်တဲ့အနေအထားမှာရှိနေသလို ပရီးမီး ယားလိဂ်မှာရော ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ချန်ပီယံဆုတွေကို ပြန်လည်စိန် ခေါ်လာနိုင်ဖို့ရှိနေပါ တယ်။ ဒါပေမဲ့ ဘရိုက်တန်အသင်းကတော့ မန်စီးတီးအသင်းအတွက် ခက်ခဲတဲ့ပြိုင်ဘက် အသင်းအဖြစ်ရှိနေခဲ့ သလို ဘရိုက်တန်အသင်းနဲ့တွေ့ဆုံတိုင်းမှာလည်း မန်စီးတီးအသင်းအတွက် နိုင်ပွဲရဖို့ ရုန်းကန်ရလေ့ရှိ တာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း (၂)ပွဲလုံး နိုင်ပွဲမရထားတာ ကြောင့် မန်စီးတီးအသင်းအတွက် အသင်းကြီးတစ်သင်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မျိုး ဖြစ်လာဖွယ်ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က မန်စီးတီးအသင်းအတွက် မဖြစ်မနေနိုင်ပွဲရဖို့လိုအပ်နေတဲ့အနေအထားမှာ ဘရိုက် တန်အသင်းကို ခက်ခက်ခဲခဲကစားအပြီးမှာ (၁)ဂိုးအကွာနဲ့ကပ်နိုင်ပါမယ်။ အပြန်အလှန်သွင်းဂိုး နည်းပါ မယ်။
ဖူဟမ် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၂ - ဝ ဖူဟမ် (၃၀-၈-၂၀၂၅)
ဖူဟမ် ၁ - ၂ ချဲလ်ဆီး (၂၀- ၄ -၂၀၂၅)
ချဲလ်ဆီး ၁ - ၂ ဖူဟမ် (၂၆-၁၂-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဖူဟမ် ၁ - ၂ ချဲလ်ဆီး
ဖူဟမ် ဝ - ၂ ချဲလ်ဆီး
ချဲလ်ဆီးအသင်းအတွက် ဒီပွဲစဉ်ကိုသာရှုံးခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုရယူနိုင်ဖို့ ခက် ခဲသွားနိုင်ပြီး အသင်းနဲ့ နည်းပြမာရက်စကာအနေနဲ့လည်း ဖိအားတွေအောက်ကိုရောက်ရှိသွားနိုင်တဲ့ ပွဲ စဉ်တစ်ပွဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ချဲလ်ဆီး အသင်းဟာ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတွေများတဲ့အ သင်းတစ်သင်းဖြစ်ပြီး အသင်းရဲ့လူစာရင်းပိုင်းမှာ တောင့်တင့်တယ်လို့ထင်ရပေမယ့် တကယ်တမ်းမှာ တော့ သွင်းဂိုးတွေကို လွယ်လွယ်ကူကူခွင့်ပြုပေးနေရတဲ့အထိ နောက်တန်းခံစစ်ပိုင်းက ဆိုးရွားနေပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ကဓိက ကစားသမားတွေဖြစ်တဲ့ ကိုးလ်ပါးမား၊ ကိုင်စီဒိုနဲ့ တောင်ပံတိုက်စစ်နေရာ တွေက ကစားသမားတွေရဲ့ ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေမှုတွေက ချဲလ်ဆီးအသင်းအတွက် ဖြေရှင်း ရခက်တဲ့ ပြဿနာတွေဖြစ်ပြီး နည်းပြ မာရက်စကာအနေနဲ့လည်း အသင်းရဲ့လူစာရင်းမှာ အဓိက ကစား သမားတွေ ကိုချန်လှပ်ထားမှုတွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရပြီလည်းဖြစ်ပါတယ်။ ဒီခြေစွမ်းအတိုင်းသာဆက်သွားပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို မရရှိခဲ့ဘူးဆိုရင်တော့ ချဲလ်ဆီး အသင်းနဲ့ နည်းပြ မာရက်စကာတို့ရဲ့အကွဲအပြဲကို စတင်မြင်တွေ့ရဖို့ရှိနေပြီး ကစားသမားတချို့ရဲ့ အသင်းမှထွက်ခွာမှုတွေကို ပါမြင်တွေ့လာရဖို့ရှိနေပါတယ်။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာ အားကိုးလို့ရမယ်လို့ ထင်ထားခဲ့တဲ့ လီယန်ဒီလပ်ရဲ့ အသုံးမဝင်မှုတွေအပြင် ဂျာအိုပတ်ထရို၊ အက်စတေး ဖောင်းတို့ရဲ့ ခြေစွမ်း ပိုင်းကျဆင်းမှုတွေကလည်း ချဲလ်ဆီးအသင်းနိုင်ပွဲမရခြင်းတွေရဲ့ အကြောင်းအရင်းတစ် ခုလည်းဖြစ်ပါ တယ်။ ဖူဟမ်အသင်းကလည်း တန်ပြန်တိုက်စစ်ပိုင်းမြန်ဆန်တဲ့အသင်းဖြစ်တာကြောင့် ချဲလ်ဆီးအသင်း ရဲ့ယုံကြည်လို့မရတဲ့ နောက်တန်းခံစစ်ကို ကောင်းကောင်းဒုက္ခပေးလာနိုင်ခြေရှိတာကြောင့် ဒီပွဲစဉ်က ချဲလ်ဆီးအသင်းက နိုင်ပွဲရဖို့ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အမှားခံလို့မရတော့တဲ့အနေအထားမှာ ချဲလ်ဆီး အသင်းက နိုင်ပွဲတစ်ပွဲရဖို့ မဖြစ်မနေပြင်ဆင်လာဖို့ရှိတာကြောင့် ဒီပွဲမှာလည်း တစ်ဂိုးလောက်အကွာနဲ့ ချဲလ်ဆီးအသင်းနိုင်ပါမယ်။
ဘန်လေ Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်ယူ ၃ - ၂ ဘန်လေ (၃၀ - ၈ -၂၀၂၅)
မန်ယူ ၁ - ၁ ဘန်လေ (၂၇ - ၄ -၂၀၂၄)
ဘန်လေ ဝ - ၁ မန်ယူ (၂၄ -၉-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘန်လေ ဝ - ၃ မန်ယူ
ဘန်လေ ဝ - ၂ မန်ယူ
မန်ယူအသင်းက ဒီရာသီမှာ ပြီးခဲ့တဲ့ ရာသီကထက် စွမ်းဆောင်ရည်ပိုကောင်းလာတာကို မဖြစ် မနေ လက်ခံရဖို့ရှိနေပြီး ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာကိုပါ ရယူထားမယ့် အနေအထားမှာရှိနေပါတယ်။ ဒါ့ပြင် မန်ယူအသင်းဟာ နိုင်ဖို့ လိုအပ်တဲ့ ပွဲစဉ်တွေတိုင်းမှာ ရမှတ်စုဆောင်းနိုင်တဲ့အသင်းတစ်သင်းဖြစ်ပြီး ဒီရာသီမှာ မထင်မှတ်ထားတဲ့နိုင်ပွဲအချို့ကိုလည်း စွမ်း ဆောင်ထားနိုင်တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အသင်းကြီးတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ ခြေ စွမ်းပိုင်းနဲ့ရလဒ်ပိုင်းမှာ လိုအပ်ချက်များစွာရှိနေသေးပြီး နိုင်ပွဲရဖို့လည်း ရုန်းကန်နေရဆဲအနေအထားမှာ ရှိနေပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဆစ္စကိုရဲ့ ခြေစွမ်းက သာမန်အဆင့်မှာရှိနေသေးပြီး ကွင်း လယ်ပိုင်းမှာလည်း ဘရူနိုတစ်ယောက်ကလွဲရင် ကျန်တဲ့ကစားသမားတွေရဲ့ခြေစွမ်းပိုင်း ပုံမှန်မဟုတ် သေးဘဲ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ ရာသီကုန်မှာ ချန်ပီယံ လိဂ်ဝင်ခွင့်တစ်နေရာကိုရယူနိုင်ဖို့ နိုင်ပွဲတွေရဖို့ ပိုလိုအပ်သလို ခြေစွမ်းပိုင်းမှာလည်း ဒီထက်ပိုကောင်း လာဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။ ဘန်လေအသင်းကလည်း တန်းဆင်းဇုန်ထဲကအသင်းတစ်သင်းဖြစ် နေတာကြောင့် ဒီပွဲစဉ်က မန်ယူအသင်းအတွက် အနိုင်(၃)ဂိုးအပြည့်ရနိုင်တဲ့အပြင် ဂိုးပါပြတ်သွားနိုင်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။
၈ - ၁ - ၂၀၂၆ (ကြသပတေးနေ့ နံနက်ပိုင်း)
နံနက် (၂းဝဝ) ဖူဟမ် Vs ချဲလ်ဆီး
နံနက် (၂းဝဝ) မန်စီးတီး Vs ဘရိုက်တန်
နံနက် (၂း၄၅) ဘန်လေ Vs မန်ယူ
၉ - ၁ - ၂၀၂၆ (သောကြာနေ့ နံနက်ပိုင်း)
နံနက် (၂းဝဝ) အာဆင်နယ် Vs လီဗာပူးလ်

Zawgyi Version;
(၂၀၂၅ -၂၀၂၆) ေဘာလုံးရာသီ ပရီးမီးယားလိဂ္ပြဲစဥ္(၂၁)အတြက္ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဇန္နဝါရီ ၆
ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္တစ္ဝက္ေက်ာ္ကို ေရာက္ရွိလာခ်ိန္မွာ အၿပိဳင္အဆိုင္ရွိလွတဲ့ ပြဲေကာင္း ေတြကို ေစာင့္ၾကည့္သြားရဖို႔ရွိေနၿပီး ခ်န္ပီယံဆုအတြက္ (၃)သင္းယွဥ္ၿပိဳင္ေနမႈကလည္း စိတ္ဝင္စား စရာေကာင္းလာပါတယ္။ အာဆင္နယ္၊ မန္စီးတီးနဲ႔ အက္စတြန္ဗီလာအသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီ ယံဆုအတြက္တိုက္ပြဲဝင္မႈေတြကို ေစာင့္ၾကည့္ရမွာျဖစ္သလို မန္စီးတီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ ရဲ႕ အမွားမခံေတာ့တဲ့ပြဲစဥ္ေတြကိုလည္း ဆက္တိုက္ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ဒီရာသီပရီးမီး ယားလိဂ္မွာ အသင္းႀကီးေတြျဖစ္တဲ့ လီဗာပူးလ္၊ ခ်ဲလ္ဆီးနဲ႔ မန္ယူအသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ ေနရာအတြက္ယွဥ္ၿပိဳင္ရမယ့္ပြဲေကာင္းေတြကို ေစာင့္ ၾကည့္ရဖို႔ရွိေနသလို ဒီ(၃)သင္းထဲက ဘယ္အသင္း က အဆင့္(၄)ေနရာကို အရယူႏိုင္မလဲဆိုတာကလည္း ရင္ခုန္ခ်င္စရာေကာင္းလာပါတယ္။ ဒါေၾကာင့္ NP News ကေန ပရီးမီးယားလိဂ္(၂၁)ရဲ႕ အေကာင္းဆုံးပြဲစဥ္ေတြကို ေ႐ြးခ်ယ္သုံးသပ္ေပးသြားခ်င္ပါ တယ္။
အာဆင္နယ္ Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၂ - ၂ အာဆင္နယ္ (၁၁ - ၅-၂၀၂၅)
လီဗာပူးလ္ ၁ - ဝ အာဆင္နယ္ (၃၁-၈-၂၀၂၅)
အာဆင္နယ္ ၃ - ၂ လီဗာပူးလ္ (၂၇-၁၀-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ၂ လီဗာပူးလ္
အာဆင္နယ္ ၁ - ၁ လီဗာပူးလ္
အာဆင္နယ္အသင္းအတြက္ ဒီပြဲစဥ္က အမွားခံလို႔မရတဲ့ပြဲစဥ္ျဖစ္ၿပီး ပရီးမီးယားလိဂ္ လက္ရွိ ခ်န္ပီယံအသင္းျဖစ္တဲ့ လီဗာပူးလ္အသင္းနဲ႔ ရင္ဆိုင္ရ မွာျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ရဖြယ္ရွိေနပါ တယ္။ အာဆင္နယ္အသင္းအေနနဲ႔ မန္စီးတီးအသင္းနဲ႔ အက္စတြန္ဗီလာအသင္းတို႔ရဲ႕ ဖိအားေပးမႈ ေတြနဲ႔ရင္ဆိုင္လာရခ်ိန္မွာ ခ်န္ပီယံဆုအတြက္ စိုးရိမ္စရာအေနအထားျဖစ္လာသလို ႏိုင္ပြဲတစ္ပြဲ မဆုံးရႈံး ဖို႔ကလည္း အာဆင္နယ္အသင္းအတြက္ မျဖစ္မေနလို အပ္ေနတဲ့အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒါ့ျပင္ အာဆင္နယ္အသင္းအေနနဲ႔ လီဗာပူးလ္အသင္းကိုရင္ ဆိုင္ရခ်ိန္မွာ ႏိုင္ပြဲရဖို႔႐ုန္းကန္ခဲ့ရသလို ကစား ကြက္အေနအထားအရပါ အသာစီးရယူထားႏိုင္ျခင္းမရွိခဲ့တာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ ဒီရာသီမွာေတာ့ အာဆင္နယ္အသင္းနဲ႔လီဗာပူးလ္အသင္းတို႔ရဲ႕ေျခစြမ္းပိုင္းခ်င္းယွဥ္ရင္ အာဆင္နယ္အသင္းက အဘက္ ဘက္ကအသာရေနတဲ့အျပင္ လူစားရင္းအရ စြမ္းေဆာင္ရည္ကိုၾကည့္ရင္လည္း လီဗာပူးလ္အသင္း ထက္ သာလြန္ေကာင္းမြန္ေနတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ေနာက္ပိုင္းပြဲစဥ္ ေတြ မွာ ႏိုင္ပြဲရဖို႔ အနည္းငယ္႐ုန္းကန္ရတဲ့အရိပ္အေယာင္ေတြကို ျမင္ေတြ႕လာရတာေၾကာင့္ လီဗာပူးလ္ အသင္းရဲ႕ေျခစြမ္းျပန္ေကာင္းလာခ်ိန္မွာ ထိပ္တိုက္ေတြ႕ဆုံေနတာက အာဆင္နယ္အသင္းအတြက္ ကံဆိုးမႈတစ္ခုလည္းျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအတြက္ကေတာ့ ဒီရာသီမွာ ခ်န္ပီယံဆုကို ကာ ကြယ္ဖို႔ အလွမ္းေဝးသြားၿပီျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကိုရယူႏိုင္ဖို႔အတြက္သာ ျပင္ ဆင္လာဖို႔ရွိေနၿပီး ဒီပြဲစဥ္မွာလည္း အေကာင္းဆုံး တုံ႔ျပန္ကစားသြားဖို႔ရွိေနပါတယ္။ ခ်ဲလ္ဆီး အသင္း နဲ႔ မန္ယူအသင္း တို႔နဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကိုရယူႏိုင္ဖို႔ အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ ႏိုင္ပြဲ တစ္ပြဲထက္ ရမွတ္ မဆုံးရႈံးေအာင္ကစားဖို႔လိုအပ္ေနတာေၾကာင့္လည္း ဒီပြဲစဥ္မွာ အာဆင္နယ္ အသင္းရဲ႕ ခ်န္ပီယံအိမ္မက္ကို လက္ရွိခ်န္ပီယံက ႐ိုက္ခ်ိဳးျပႏိုင္မလားဆိုတာကို ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ ကိုခန႔္မွန္းရရင္ အာဆင္နယ္အသင္းအတြက္ ရမွတ္ (၃)မွတ္လိုအပ္ေနတာေၾကာင့္ အိမ္ ကြင္းမွာ အႏိုင္ (၃)မွတ္ရေအာင္ကစားဖို႔ရွိေနေပမယ့္ လီဗာပူးလ္အသင္းရဲ႕ ေျခစြမ္းပိုင္း ျပန္လည္ ေကာင္းမြန္လာမႈေတြေၾကာင့္ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်ဖို႔မ်ားတဲ့ပြဲစဥ္ျဖစ္လာဖို႔ ရွိေနပါတယ္။ ႏွစ္ဖက္သြင္းဂိုး အနည္းဆုံး (၄)ဂိုးေလာက္အထိ ျမင္ေတြ႕ရႏိုင္ပါတယ္။
မန္စီးတီး Vs ဘ႐ိုက္တန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘ႐ိုက္တန္ ၂ - ၁ မန္စီးတီး (၃၁-၈ -၂၀၂၅)
မန္စီးတီး ၂ - ၂ ဘ႐ိုက္တန္ (၁၅-၃-၂၀၂၅)
ဘ႐ိုက္တန္ ဝ - ၂ မန္စီးတီး (၁၀-၁၁-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ၁ ဘ႐ိုက္တန္
မန္စီးတီး ၁ - ဝ ဘ႐ိုက္တန္
မန္စီးတီးအသင္းဟာ ရာသီဝက္ေက်ာ္လာခ်ိန္မွာ အသင္းရဲ႕ အေကာင္းဆုံးေျခစြမ္းတစ္ခုကို ေရာက္ရွိလာၿပီလို႔ေျပာလို႔ရသလို ႏိုင္သင့္တဲ့ပြဲစဥ္ေတြ မွာေရာ ပြဲက်ပ္ကာလေတြမွာပါ ႏိုင္ပြဲရေအာင္စြမ္း ေဆာင္ထားႏိုင္ခဲ့တာကိုျမင္ေတြ႕ရပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အႀကိမ္ႀကိမ္ရယူထား ဖူးတဲ့ ခ်န္ပီယံအသင္းတစ္သင္းရဲ႕ေျခစြမ္းေတြကို ျပန္လည္ျမင္ေတြ႕ရတာမ်ိဳးျဖစ္ၿပီး ဒီေျခစြမ္းကို ဆက္ ထိန္းထားႏိုင္ခဲ့ရင္ မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ဖို႔ရွိေနပါတယ္။ ဒါ့ျပင္ မန္စီးတီးအသင္းဟာ ႏွစ္ရာသီဆက္တိုက္ နည္းျပဂြာဒီယိုလာလက္ထက္မွာ အက်ပိုင္းကို ေရာက္ ရွိသြား ၿပီလို႔သုံးသပ္မႈေတြရွိေနေပမယ့္ ခ်န္ပီယံအသင္းတစ္သင္းအတြက္ အခ်ိန္(၂)ႏွစ္ေလာက္ရင္းၿပီး လူစာရင္း အေျပာင္းအလဲလုပ္လိုက္တဲ့သေဘာမ်ိဳးျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ မန္စီးတီး အသင္းရဲ႕ အေနအထားဟာ ခ်န္ပီယံဆုမွန္သမွ်ကို ျပန္လည္စိန္ေခၚလာႏိုင္တဲ့အေနအထားမွာရွိေနသလို ပရီးမီး ယားလိဂ္မွာေရာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပါ ခ်န္ပီယံဆုေတြကို ျပန္လည္စိန္ ေခၚလာႏိုင္ဖို႔ရွိေနပါ တယ္။ ဒါေပမဲ့ ဘ႐ိုက္တန္အသင္းကေတာ့ မန္စီးတီးအသင္းအတြက္ ခက္ခဲတဲ့ၿပိဳင္ဘက္ အသင္းအျဖစ္ရွိေနခဲ့ သလို ဘ႐ိုက္တန္အသင္းနဲ႔ေတြ႕ဆုံတိုင္းမွာလည္း မန္စီးတီးအသင္းအတြက္ ႏိုင္ပြဲရဖို႔ ႐ုန္းကန္ရေလ့ရွိ တာကိုေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ရာသီ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာလည္း (၂)ပြဲလုံး ႏိုင္ပြဲမရထားတာ ေၾကာင့္ မန္စီးတီးအသင္းအတြက္ အသင္းႀကီးတစ္သင္းနဲ႔ရင္ဆိုင္ရတဲ့ပြဲစဥ္မ်ိဳး ျဖစ္လာဖြယ္ရွိေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က မန္စီးတီးအသင္းအတြက္ မျဖစ္မေနႏိုင္ပြဲရဖို႔လိုအပ္ေနတဲ့အေနအထားမွာ ဘ႐ိုက္ တန္အသင္းကို ခက္ခက္ခဲခဲကစားအၿပီးမွာ (၁)ဂိုးအကြာနဲ႔ကပ္ႏိုင္ပါမယ္။ အျပန္အလွန္သြင္းဂိုး နည္းပါ မယ္။
ဖူဟမ္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၂ - ဝ ဖူဟမ္ (၃၀-၈-၂၀၂၅)
ဖူဟမ္ ၁ - ၂ ခ်ဲလ္ဆီး (၂၀- ၄ -၂၀၂၅)
ခ်ဲလ္ဆီး ၁ - ၂ ဖူဟမ္ (၂၆-၁၂-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဖူဟမ္ ၁ - ၂ ခ်ဲလ္ဆီး
ဖူဟမ္ ဝ - ၂ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းအတြက္ ဒီပြဲစဥ္ကိုသာရႈံးခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကိုရယူႏိုင္ဖို႔ ခက္ ခဲသြားႏိုင္ၿပီး အသင္းနဲ႔ နည္းျပမာရက္စကာအေနနဲ႔လည္း ဖိအားေတြေအာက္ကိုေရာက္ရွိသြားႏိုင္တဲ့ ပြဲ စဥ္တစ္ပြဲျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ခ်ဲလ္ဆီး အသင္းဟာ ေျခစြမ္းပိုင္းမတည္ၿငိမ္မႈေတြမ်ားတဲ့အ သင္းတစ္သင္းျဖစ္ၿပီး အသင္းရဲ႕လူစာရင္းပိုင္းမွာ ေတာင့္တင့္တယ္လို႔ထင္ရေပမယ့္ တကယ္တမ္းမွာ ေတာ့ သြင္းဂိုးေတြကို လြယ္လြယ္ကူကူခြင့္ျပဳေပးေနရတဲ့အထိ ေနာက္တန္းခံစစ္ပိုင္းက ဆိုး႐ြားေနၿပီ ျဖစ္ပါတယ္။ ဒါ့ျပင္ ကဓိက ကစားသမားေတြျဖစ္တဲ့ ကိုးလ္ပါးမား၊ ကိုင္စီဒိုနဲ႔ ေတာင္ပံတိုက္စစ္ေနရာ ေတြက ကစားသမားေတြရဲ႕ ပုံမွန္ေျခစြမ္းေအာက္ေရာက္ရွိေနမႈေတြက ခ်ဲလ္ဆီးအသင္းအတြက္ ေျဖရွင္း ရခက္တဲ့ ျပႆနာေတြျဖစ္ၿပီး နည္းျပ မာရက္စကာအေနနဲ႔လည္း အသင္းရဲ႕လူစာရင္းမွာ အဓိက ကစား သမားေတြ ကိုခ်န္လွပ္ထားမႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ေဝဖန္မႈေတြကိုခံေနရၿပီလည္းျဖစ္ပါတယ္။ ဒီေျခစြမ္းအတိုင္းသာဆက္သြားၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို မရရွိခဲ့ဘူးဆိုရင္ေတာ့ ခ်ဲလ္ဆီး အသင္းနဲ႔ နည္းျပ မာရက္စကာတို႔ရဲ႕အကြဲအၿပဲကို စတင္ျမင္ေတြ႕ရဖို႔ရွိေနၿပီး ကစားသမားတခ်ိဳ႕ရဲ႕ အသင္းမွထြက္ခြာမႈေတြကို ပါျမင္ေတြ႕လာရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ တိုက္စစ္ပိုင္းမွာ အားကိုးလို႔ရမယ္လို႔ ထင္ထားခဲ့တဲ့ လီယန္ဒီလပ္ရဲ႕ အသုံးမဝင္မႈေတြအျပင္ ဂ်ာအိုပတ္ထ႐ို၊ အက္စေတး ေဖာင္းတို႔ရဲ႕ ေျခစြမ္း ပိုင္းက်ဆင္းမႈေတြကလည္း ခ်ဲလ္ဆီးအသင္းႏိုင္ပြဲမရျခင္းေတြရဲ႕ အေၾကာင္းအရင္းတစ္ ခုလည္းျဖစ္ပါ တယ္။ ဖူဟမ္အသင္းကလည္း တန္ျပန္တိုက္စစ္ပိုင္းျမန္ဆန္တဲ့အသင္းျဖစ္တာေၾကာင့္ ခ်ဲလ္ဆီးအသင္း ရဲ႕ယုံၾကည္လို႔မရတဲ့ ေနာက္တန္းခံစစ္ကို ေကာင္းေကာင္းဒုကၡေပးလာႏိုင္ေျခရွိတာေၾကာင့္ ဒီပြဲစဥ္က ခ်ဲလ္ဆီးအသင္းက ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ပါတယ္။ ဒါေပမဲ့ အမွားခံလို႔မရေတာ့တဲ့အေနအထားမွာ ခ်ဲလ္ဆီး အသင္းက ႏိုင္ပြဲတစ္ပြဲရဖို႔ မျဖစ္မေနျပင္ဆင္လာဖို႔ရွိတာေၾကာင့္ ဒီပြဲမွာလည္း တစ္ဂိုးေလာက္အကြာနဲ႔ ခ်ဲလ္ဆီးအသင္းႏိုင္ပါမယ္။
ဘန္ေလ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္ယူ ၃ - ၂ ဘန္ေလ (၃၀ - ၈ -၂၀၂၅)
မန္ယူ ၁ - ၁ ဘန္ေလ (၂၇ - ၄ -၂၀၂၄)
ဘန္ေလ ဝ - ၁ မန္ယူ (၂၄ -၉-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘန္ေလ ဝ - ၃ မန္ယူ
ဘန္ေလ ဝ - ၂ မန္ယူ
မန္ယူအသင္းက ဒီရာသီမွာ ၿပီးခဲ့တဲ့ ရာသီကထက္ စြမ္းေဆာင္ရည္ပိုေကာင္းလာတာကို မျဖစ္ မေန လက္ခံရဖို႔ရွိေနၿပီး ဒီရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္တစ္ေနရာနဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေနရာကိုပါ ရယူထားမယ့္ အေနအထားမွာရွိေနပါတယ္။ ဒါ့ျပင္ မန္ယူအသင္းဟာ ႏိုင္ဖို႔ လိုအပ္တဲ့ ပြဲစဥ္ေတြတိုင္းမွာ ရမွတ္စုေဆာင္းႏိုင္တဲ့အသင္းတစ္သင္းျဖစ္ၿပီး ဒီရာသီမွာ မထင္မွတ္ထားတဲ့ႏိုင္ပြဲအခ်ိဳ႕ကိုလည္း စြမ္း ေဆာင္ထားႏိုင္တာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ အသင္းႀကီးေတြနဲ႔ထိပ္တိုက္ရင္ဆိုင္ရခ်ိန္မွာေတာ့ ေျခ စြမ္းပိုင္းနဲ႔ရလဒ္ပိုင္းမွာ လိုအပ္ခ်က္မ်ားစြာရွိေနေသးၿပီး ႏိုင္ပြဲရဖို႔လည္း ႐ုန္းကန္ေနရဆဲအေနအထားမွာ ရွိေနပါတယ္။ အထူးသျဖင့္ တိုက္စစ္ပိုင္းက ဆစၥကိုရဲ႕ ေျခစြမ္းက သာမန္အဆင့္မွာရွိေနေသးၿပီး ကြင္း လယ္ပိုင္းမွာလည္း ဘ႐ူႏိုတစ္ေယာက္ကလြဲရင္ က်န္တဲ့ကစားသမားေတြရဲ႕ေျခစြမ္းပိုင္း ပုံမွန္မဟုတ္ ေသးဘဲ လိုအပ္ခ်က္ေတြရွိေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ယူအသင္းအေနနဲ႔ ရာသီကုန္မွာ ခ်န္ပီယံ လိဂ္ဝင္ခြင့္တစ္ေနရာကိုရယူႏိုင္ဖို႔ ႏိုင္ပြဲေတြရဖို႔ ပိုလိုအပ္သလို ေျခစြမ္းပိုင္းမွာလည္း ဒီထက္ပိုေကာင္း လာဖို႔ လိုအပ္မွာလည္းျဖစ္ပါတယ္။ ဘန္ေလအသင္းကလည္း တန္းဆင္းဇုန္ထဲကအသင္းတစ္သင္းျဖစ္ ေနတာေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္းအတြက္ အႏိုင္(၃)ဂိုးအျပည့္ရႏိုင္တဲ့အျပင္ ဂိုးပါျပတ္သြားႏိုင္တဲ့ ပြဲစဥ္ ျဖစ္ပါတယ္။
၈ - ၁ - ၂၀၂၆ (ၾကသပေတးေန႔ နံနက္ပိုင္း)
နံနက္ (၂းဝဝ) ဖူဟမ္ Vs ခ်ဲလ္ဆီး
နံနက္ (၂းဝဝ) မန္စီးတီး Vs ဘ႐ိုက္တန္
နံနက္ (၂း၄၅) ဘန္ေလ Vs မန္ယူ
၉ - ၁ - ၂၀၂၆ (ေသာၾကာေန႔ နံနက္ပိုင္း)
နံနက္ (၂းဝဝ) အာဆင္နယ္ Vs လီဗာပူးလ္