ပန်းဆိုးတန်းဂုံးကျော်တံတားပေါ်၌ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်ပိတ်စအား ချိတ်ဆွဲသူကို အရေးယူ

 2212

သုတကျော် (NP News) - ဇန်နဝါရီ ၇

ပန်းဆိုးတန်းဂုံးကျော်တံတားပေါ်၌ အထွေထွေရွေး ကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် ပိတ်စအား ချိတ်ဆွဲသူကို အရေးယူ ထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းဂုံးကျော်တံတားပေါ်၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထား သည့် ပိတ်စအား ချိတ်ဆွဲထားသည်ကိုတွေ့ရှိရသဖြင့် ထိုသို့ချိတ်ဆွဲထားသူများအား စုံစမ်းဖော်ထုတ် ခဲ့ရာ သာကေတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ အာကာမင်း(ခ)ရန်ချို(၂၀)နှစ်နှင့် ကိုဇင်(စိစစ်ဆဲ) တို့ ၂ ဦးဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ အာကာမင်း(ခ) ရန်ချိုအား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဒီဇင်ဘာလ ၂၉ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း (ပ)၉၄၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/ ၂၈ ဖြင့် လည်းကောင်း အရေးယူထားသည်။

အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ မာဃရပ်နေ မဝင်းမိုးပြည့်(၂၅)နှစ်သည် ၎င်းအသုံးပြုသည့် “LEONAR" Tiktok လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် စာသားများ ရေးသားကာ စည်းရုံး/လှုံ့ဆော်ထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဝင်းမိုးပြည့်အား ဒီဇင်ဘာလ ၃၁ ရက်တွင် မြင်းမူမြို့မရဲစခန်း (ပ)၂၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း အရေးယူထားသည်။

ထို့ပြင် ဒီဇင်ဘာလ ၃၁ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် သာကေတမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ အောင်ဇေယျလမ်းပေါ်အရောက်၌ အဆိုပါရပ်ကွက်နေ အောင်ပြည့်ဖြိုး(ခ)ရှဖီး(၄၁)နှစ်သည် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖြစ် အောင်ဇေယျလမ်းဘေး၌ စိုက်ထူထားရှိသည့် ဗီနိုင်းဆိုင်းဘုတ်အား အုတ်ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခဲ့ရာ အဆိုပါဗီနိုင်းဆိုင်းဘုတ်တွင် ၁ ပေခန့် ပေါက်ပြဲပျက်စီးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် အောင်ပြည့်ဖြိုး(ခ)ရှဖီးအား ဒီဇင်ဘာလ ၃၁ ရက်တွင် သာကေတမြို့မရဲစခန်း (ပ)၇၀၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း၊ အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်နေ ဝင်းမောင်ဖြူ(၅၆)နှစ်သည် ၎င်းအသုံးပြုသည့် "Win Maung Phyu" Facebook Account ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဝင်းမောင်ဖြူအား ဇန်နဝါရီလ ၂ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၄/၂၀၂၆၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ဖမ်းဆီးပြီး တရားခံများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ပန္းဆိုးတန္းဂုံးေက်ာ္တံတားေပၚ၌ အေထြေထြေ႐ြးေကာက္ပြဲအား အမ်ားျပည္သူအထင္အျမင္လြဲမွားေစရန္ ေရးသားထားသည့္ပိတ္စအား ခ်ိတ္ဆြဲသူကို အေရးယူ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၇
ပန္းဆိုးတန္းဂုံးေက်ာ္တံတားေပၚ၌ အေထြေထြေ႐ြး ေကာက္ပြဲအား အမ်ားျပည္သူအထင္အျမင္လြဲမွားေစရန္ ေရးသားထားသည့္ ပိတ္စအား ခ်ိတ္ဆြဲသူကို အေရးယူ ထားေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပမႈကို ပ်က္ျပားေစရန္ ရည္႐ြယ္၍ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၊ အမ်ားျပည္သူဆိုင္ရာေနရာမ်ား၌ ေဟာေျပာျခင္း၊ ေျပာဆိုျခင္း၊ စည္း႐ုံးလႈံ႕ေဆာ္ျခင္း၊ ဆႏၵျပျခင္း၊ စာေရးသားျခင္း၊ ႐ုပ္ပုံပိုစတာမ်ား ခ်ိတ္ဆြဲျခင္း စသည္တို႔ျဖင့္ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမ်ား၊ ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းစဥ္မ်ားအား ထိခိုက္ပ်က္စီးေအာင္ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္း ျပဳလုပ္သူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူေနျခင္းျဖစ္သည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ဒီဇင္ဘာလ ၂၇ ရက္ နံနက္ ၆ နာရီ ၄၀ မိနစ္အခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ပန္းဆိုးတန္းဂုံးေက်ာ္တံတားေပၚ၌ ပါတီစုံ ဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအား အမ်ားျပည္သူအထင္အျမင္လြဲမွားေစရန္ ေရးသားထား သည့္ ပိတ္စအား ခ်ိတ္ဆြဲထားသည္ကိုေတြ႕ရွိရသျဖင့္ ထိုသို႔ခ်ိတ္ဆြဲထားသူမ်ားအား စုံစမ္းေဖာ္ထုတ္ ခဲ့ရာ သာေကတၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္ေန အာကာမင္း(ခ)ရန္ခ်ိဳ(၂၀)ႏွစ္ႏွင့္ ကိုဇင္(စိစစ္ဆဲ) တို႔ ၂ ဦးျဖစ္ေၾကာင္း ေဖာ္ထုတ္သိရွိရသျဖင့္ ဖမ္းဆီးရမိႏိုင္ေရး ေဆာင္႐ြက္ခဲ့ရာ အာကာမင္း(ခ) ရန္ခ်ိဳအား ဖမ္းဆီးရမိခဲ့သျဖင့္ ၎တို႔အား ဒီဇင္ဘာလ ၂၉ ရက္တြင္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕မ ရဲစခန္း (ပ)၉၄၅/၂၀၂၅၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တား ဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃(က)/ ၂၈ ျဖင့္ လည္းေကာင္း အေရးယူထားသည္။

အလားတူ ဒီဇင္ဘာလ ၃၁ ရက္ေန႔တြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ျမင္းမူၿမိဳ႕၊ မာဃရပ္ေန မဝင္းမိုးျပည့္(၂၅)ႏွစ္သည္ ၎အသုံးျပဳသည့္ “LEONAR" Tiktok လူမႈကြန္ရက္စာမ်က္ႏွာ၌ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအား အမ်ားျပည္သူအထင္အျမင္လြဲမွားေစသည့္ စာသားမ်ား ေရးသားကာ စည္း႐ုံး/လႈံ႕ေဆာ္ထားသည္ကို စိစစ္ေတြ႕ရွိရသျဖင့္ ဝင္းမိုးျပည့္အား ဒီဇင္ဘာလ ၃၁ ရက္တြင္ ျမင္းမူၿမိဳ႕မရဲစခန္း (ပ)၂၁/၂၀၂၅၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃(က)ျဖင့္လည္းေကာင္း အေရးယူထားသည္။

ထို႔ျပင္ ဒီဇင္ဘာလ ၃၁ ရက္ ေန႔လည္ ၁၂ နာရီ ၁၅ မိနစ္အခ်ိန္တြင္ သာေကတၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက နယ္ေျမလွည့္ကင္းေဆာင္႐ြက္ေနစဥ္ သာေကတၿမိဳ႕နယ္၊ ၄/ေျမာက္ရပ္ကြက္၊ ေအာင္ေဇယ်လမ္းေပၚအေရာက္၌ အဆိုပါရပ္ကြက္ေန ေအာင္ျပည့္ၿဖိဳး(ခ)ရွဖီး(၄၁)ႏွစ္သည္ ျပည္ခိုင္ၿဖိဳးပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရး အျဖစ္ ေအာင္ေဇယ်လမ္းေဘး၌ စိုက္ထူထားရွိသည့္ ဗီႏိုင္းဆိုင္းဘုတ္အား အုတ္ခဲျဖင့္ ပစ္ေပါက္ ဖ်က္ဆီးခဲ့ရာ အဆိုပါဗီႏိုင္းဆိုင္းဘုတ္တြင္ ၁ ေပခန႔္ ေပါက္ၿပဲပ်က္စီးေနသည္ကို စစ္ေဆးေတြ႕ရွိရ သျဖင့္ ေအာင္ျပည့္ၿဖိဳး(ခ)ရွဖီးအား ဒီဇင္ဘာလ ၃၁ ရက္တြင္ သာေကတၿမိဳ႕မရဲစခန္း (ပ)၇၀၆/၂၀၂၅၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃(က)ျဖင့္လည္းေကာင္း၊ အလားတူ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၂ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၄၄)ရပ္ကြက္ေန ဝင္းေမာင္ျဖဴ(၅၆)ႏွစ္သည္ ၎အသုံးျပဳသည့္ "Win Maung Phyu" Facebook Account ျဖင့္ လူမႈကြန္ရက္စာမ်က္ႏွာ၌ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲအား အမ်ားျပည္သူအထင္အျမင္လြဲမွားေစရန္ ေရးသားထားသည့္စာသားမ်ားအား ထပ္ဆင့္ျပန္လည္မွ်ေဝထားသည္ကို စိစစ္ေတြ႕ရွိရသျဖင့္ ဝင္းေမာင္ျဖဴအား ဇန္နဝါရီလ ၂ ရက္တြင္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕မရဲစခန္း (ပ)၄/၂၀၂၆၊ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃(က)/၂၈ ျဖင့္လည္းေကာင္း အသီးသီးအမႈဖြင့္ဖမ္းဆီးၿပီး တရားခံမ်ားအား ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.