ဗင်နီဇွဲလားအပေါ် အမေရိကန်ရဲ့စစ်ဆင်ရေးအတွင်း အနည်းဆုံးလူ(၈၀)ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်

 760

Pika (NP News) - ဇန်နဝါရီ ၇

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုကို ဖမ်းဆီးဖို့အတွက် အမေရိကန်ရဲ့ဝင်ရောက်စီးနင်းမှုအတွင်း သေဆုံးသူ အရေအတွက်ဟာ အနည်းဆုံးလူ(၈၀)ဦးရှိခဲ့တယ်လို့ ဗင်နီဇွဲလားအကြီးတန်းအရာရှိတစ်ဦးကို ကိုးကားပြီး New York Times သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် သေဆုံးသူတွေထဲမှာ စစ်သားတွေနဲ့ အရပ်သားတွေ ပါဝင်တယ်လို့လည်း New York Times က ရေးသားဖော်ပြခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ နီကိုလက်စ်မာဒူရိုကို ဖမ်းဆီးမယ့် စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့တွေကို သတ်ဖြတ်ခဲ့တယ်ဆိုတာကို ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုလိုးပက်ဇ်က အတည်ပြုခဲ့ပေမယ့် လည်း ကိန်းဂဏန်းအရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
အမေရိကန်ဟာ အရပ်ဘက်နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗင်နီဇွဲလားအရာရှိတွေက စွပ်စွဲပြောဆိုခဲ့ပေမယ့် လည်း သေဆုံးခဲ့တဲ့လူအရေအတွက်ကို တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ နီကိုလက်စ်မာဒူရိုဟာ နယူးယောက်မြို့မှာ မူးယစ်ဆေးဝါး၊ လက်နက်နဲ့ အကြမ်းဖက်မှု ဆိုင်ရာစွဲချက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် လိုအပ်လာမယ်ဆိုရင် ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ ဖြန့်ကျက်ချထားတာ အပါအဝင် လက်ရှိအချိန်မှာ ဗင်နီဇွဲလားကို အမေရိကန်ရဲ့ထိန်းချုပ်မှု အောက်မှာထားရှိမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကတိပြုပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားအေပၚ အေမရိကန္ရဲ႕စစ္ဆင္ေရးအတြင္း အနည္းဆုံးလူ(၈၀)ဦးေသဆုံးခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚ
Pika (NP News) - ဇန္နဝါရီ ၇
ဗင္နီဇြဲလားသမၼတ နီကိုလက္စ္မာဒူ႐ိုကို ဖမ္းဆီးဖို႔အတြက္ အေမရိကန္ရဲ႕ဝင္ေရာက္စီးနင္းမႈအတြင္း ေသဆုံးသူ အေရအတြက္ဟာ အနည္းဆုံးလူ(၈၀)ဦးရွိခဲ့တယ္လို႔ ဗင္နီဇြဲလားအႀကီးတန္းအရာရွိတစ္ဦးကို ကိုးကားၿပီး New York Times သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ ေသဆုံးသူေတြထဲမွာ စစ္သားေတြနဲ႔ အရပ္သားေတြ ပါဝင္တယ္လို႔လည္း New York Times က ေရးသားေဖာ္ျပခဲ့ပါတယ္။
အေမရိကန္တပ္ဖြဲ႕ေတြဟာ နီကိုလက္စ္မာဒူ႐ိုကို ဖမ္းဆီးမယ့္ စစ္ဆင္ေရးအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ေတြကို သတ္ျဖတ္ခဲ့တယ္ဆိုတာကို ဗင္နီဇြဲလားကာကြယ္ေရးဝန္ႀကီး ဗလာဒီမာပါဒရီႏိုလိုးပက္ဇ္က အတည္ျပဳခဲ့ေပမယ့္ လည္း ကိန္းဂဏန္းအေရအတြက္ အတိအက်ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
အေမရိကန္ဟာ အရပ္ဘက္ေနရာေတြကို တိုက္ခိုက္ခဲ့တယ္လို႔ ဗင္နီဇြဲလားအရာရွိေတြက စြပ္စြဲေျပာဆိုခဲ့ေပမယ့္ လည္း ေသဆုံးခဲ့တဲ့လူအေရအတြက္ကို တရားဝင္ထုတ္ျပန္တာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ နီကိုလက္စ္မာဒူ႐ိုဟာ နယူးေယာက္ၿမိဳ႕မွာ မူးယစ္ေဆးဝါး၊ လက္နက္နဲ႔ အၾကမ္းဖက္မႈ ဆိုင္ရာစြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ လိုအပ္လာမယ္ဆိုရင္ ဗင္နီဇြဲလားႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားတာ အပါအဝင္ လက္ရွိအခ်ိန္မွာ ဗင္နီဇြဲလားကို အေမရိကန္ရဲ႕ထိန္းခ်ဳပ္မႈ ေအာက္မွာထားရွိမယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ကတိျပဳေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.