ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်း စွပ်စွဲပြောဆို

 733

Pika (NP News) - ဇန်နဝါရီ ၇

ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ နှစ်နိုင်ငံကြားရယူထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး နယ်စပ်ပြည်နယ်တစ်ခုကို မော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိုင်းစစ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။
ထိုင်းစစ်တပ်က “ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခဲ့ပါတယ်။ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက ထိုင်းနိုင်ငံ Ubon Ratchathani ပြည်နယ်ကို မော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ထိုင်းစစ်သားတစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုတွေလုပ်ဆောင်ဖို့ ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့ရတယ်လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့လအတွင်းမှာ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့ပြီးနောက် အနည်းဆုံး လူ(၄၇)ဦးသေဆုံးခဲ့ပြီး လူပေါင်း(၁)သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၇)ရက်မှာ သဘောတူညီခဲ့ကြပြီးနောက် (၁၀)ရက်လောက်အကြာမှာ ယခုလိုဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။

Zawgyi Version:
ကေမာၻဒီးယားက အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ ထိုင္း စြပ္စြဲေျပာဆို
Pika (NP News) - ဇန္နဝါရီ ၇
ကေမာၻဒီးယားတပ္ဖြဲ႕ေတြဟာ ႏွစ္ႏိုင္ငံၾကားရယူထားတဲ့ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ၿပီး နယ္စပ္ျပည္နယ္တစ္ခုကို ေမာ္တာနဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ ထိုင္းစစ္သားတစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္ လို႔ ထိုင္းစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
ထိုင္းစစ္တပ္က “ကေမာၻဒီးယားက အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့ပါတယ္။ ကေမာၻဒီးယားတပ္ဖြဲ႕ေတြက ထိုင္းႏိုင္ငံ Ubon Ratchathani ျပည္နယ္ကို ေမာ္တာေတြနဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈအတြင္း ထိုင္းစစ္သားတစ္ဦး ျပင္းျပင္းထန္ထန္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေဆးကုသမႈေတြလုပ္ေဆာင္ဖို႔ ေဆး႐ုံကို ခ်က္ခ်င္းပို႔ေဆာင္ခဲ့ရတယ္လို႔ ထိုင္းစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
ထိုင္းနဲ႔ ကေမာၻဒီးယားတို႔ၾကား တိုက္ပြဲေတြဟာ ၿပီးခဲ့တဲ့လအတြင္းမွာ တစ္ေက်ာ့ျပန္လည္ျဖစ္ပြားလာခဲ့ၿပီးေနာက္ အနည္းဆုံး လူ(၄၇)ဦးေသဆုံးခဲ့ၿပီး လူေပါင္း(၁)သန္းနီးပါး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈနဲ႔အတူ အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ဖို႔ ထိုင္းနဲ႔ ကေမာၻဒီးယားတို႔က ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၇)ရက္မွာ သေဘာတူညီခဲ့ၾကၿပီးေနာက္ (၁၀)ရက္ေလာက္အၾကာမွာ ယခုလိုျဖစ္ရပ္ေတြ ထပ္မံျဖစ္ပြားလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.