အမြင့် (၁၇ ဒသမ ၃၂)ပေရှိသော အီဖယ်မျှော်စင်ပုံတူကို သွားကြားထိုးတံများဖြင့် တည်ဆောက်ခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် အမေရိကန်ဆယ်ကျော်သက်

 797

Pika (NP News) - ဇန်နဝါရီ ၇

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှ ဆယ်ကျော်သက်အမျိုးသားတစ်ဦးသည် သွားကြား ထိုး တံအချောင်းရေ(၂၀ဝဝဝ)ခန့်ဖြင့် အမြင့် (၁၇ ဒသမ ၃၂)ပေရှိသော အီဖယ်မျှော်စင်၏ပုံတူကို တည် ဆောက်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ ၎င်း၏ဖခင်သည် အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ငယ်စဉ်တည်းက ဆောက်လုပ်ရေးလုပ်ငန်းကို စိတ်ဝင်စားအောင် ဖခင်ဖြစ်သူက လှုံ့ဆော် ပေးခဲ့ခြင်းဖြစ်ကြောင်း Naperville မြို့တွင် နေထိုင်သည့် အဲရစ်ကလာဘယ်က ပြောကြားခဲ့သည်။
အဲရစ်ကလာဘယ်က “ကျွန်တော် ငယ်ငယ်တည်းက သစ်သားတံသေးသေးလေးတွေနဲ့ ပစ္စည်း တွေတည်ဆောက်ရတာကို သဘောကျခဲ့တာပါ” ဟု ပြောခဲ့သည်။ အဲရစ်ကလာဘယ်သည် အသက် (၁၂)နှစ်အရွယ် (၂၀၂၁)ခုနှစ်တွင် သစ်သားတံသေးသေးလေးများဖြင့် အမြင့် (၂၀ ဒသမ၂) ပေရှိသော မျှော် စင်တစ်ခုကိုတည်ဆောက်ခဲ့ပြီး ၎င်း၏ပထမဆုံး ဂင်းနစ်စံချိန်ကို တင်ခဲ့ကြောင်း သိရသည်။ ထို့နောက် အဲရစ်ကလာဘယ်သည် သွားကြားထိုးတံများကိုအသုံးပြုကာ အီဖယ်မျှော်စင်၏ ပုံတူကို တည် ဆောက် ခဲ့ပြီးနောက် ၎င်း၏ ဒုတိယမြောက်ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဲရစ်ကလာ ဘယ် က “သွားကြားထိုးတံတွေက သစ်သားတံသေးသေးလေးတွေနဲ့ယှဉ်ရင် အရမ်းကိုသေးငယ်လွန်းပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာက အဲဒါပဲရှိပါတယ်။ ဒါပေမဲ့ မျှော်စင်တည်ဆောက်နေရတဲ့အချိန်မှာတော့ တကယ်ကို ပျော်ဖို့ကောင်းပါတယ်”ဟုပြောဆိုခဲ့သည်။
အဲရစ်ကလာဘယ်သည် အမြင့် (၁၇ ဒသမ ၃၂)ပေရှိသော အီဖယ်မျှော်စင်ကို သွားကြား ထိုးတံ များဖြင့် တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာ့အမြင့်ဆုံးသွားကြားထိုးတံရုပ်တုအဖြစ် ဂင်းနစ်စံချိန်ကိုရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
အျမင့္ (၁၇ ဒသမ ၃၂)ေပရွိေသာ အီဖယ္ေမွ်ာ္စင္ပုံတူကို သြားၾကားထိုးတံမ်ားျဖင့္ တည္ေဆာက္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ အေမရိကန္ဆယ္ေက်ာ္သက္
Pika (NP News) - ဇန္နဝါရီ ၇
အေမရိကန္ႏိုင္ငံ အီလီႏြိဳက္ျပည္နယ္မွ ဆယ္ေက်ာ္သက္အမ်ိဳးသားတစ္ဦးသည္ သြားၾကား ထိုး တံအေခ်ာင္းေရ(၂၀ဝဝဝ)ခန႔္ျဖင့္ အျမင့္ (၁၇ ဒသမ ၃၂)ေပရွိေသာ အီဖယ္ေမွ်ာ္စင္၏ပုံတူကို တည္ ေဆာက္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ၎၏ဖခင္သည္ အင္ဂ်င္နီယာ တစ္ဦးျဖစ္ၿပီး ငယ္စဥ္တည္းက ေဆာက္လုပ္ေရးလုပ္ငန္းကို စိတ္ဝင္စားေအာင္ ဖခင္ျဖစ္သူက လႈံ႕ေဆာ္ ေပးခဲ့ျခင္းျဖစ္ေၾကာင္း Naperville ၿမိဳ႕တြင္ ေနထိုင္သည့္ အဲရစ္ကလာဘယ္က ေျပာၾကားခဲ့သည္။
အဲရစ္ကလာဘယ္က “ကြၽန္ေတာ္ ငယ္ငယ္တည္းက သစ္သားတံေသးေသးေလးေတြနဲ႔ ပစၥည္း ေတြတည္ေဆာက္ရတာကို သေဘာက်ခဲ့တာပါ” ဟု ေျပာခဲ့သည္။ အဲရစ္ကလာဘယ္သည္ အသက္ (၁၂)ႏွစ္အ႐ြယ္ (၂၀၂၁)ခုႏွစ္တြင္ သစ္သားတံေသးေသးေလးမ်ားျဖင့္ အျမင့္ (၂၀ ဒသမ၂) ေပရွိေသာ ေမွ်ာ္ စင္တစ္ခုကိုတည္ေဆာက္ခဲ့ၿပီး ၎၏ပထမဆုံး ဂင္းနစ္စံခ်ိန္ကို တင္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ အဲရစ္ကလာဘယ္သည္ သြားၾကားထိုးတံမ်ားကိုအသုံးျပဳကာ အီဖယ္ေမွ်ာ္စင္၏ ပုံတူကို တည္ ေဆာက္ ခဲ့ၿပီးေနာက္ ၎၏ ဒုတိယေျမာက္ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဲရစ္ကလာ ဘယ္ က “သြားၾကားထိုးတံေတြက သစ္သားတံေသးေသးေလးေတြနဲ႔ယွဥ္ရင္ အရမ္းကိုေသးငယ္လြန္းပါတယ္။ စိတ္အေႏွာင့္အယွက္ျဖစ္စရာက အဲဒါပဲရွိပါတယ္။ ဒါေပမဲ့ ေမွ်ာ္စင္တည္ေဆာက္ေနရတဲ့အခ်ိန္မွာေတာ့ တကယ္ကို ေပ်ာ္ဖို႔ေကာင္းပါတယ္”ဟုေျပာဆိုခဲ့သည္။
အဲရစ္ကလာဘယ္သည္ အျမင့္ (၁၇ ဒသမ ၃၂)ေပရွိေသာ အီဖယ္ေမွ်ာ္စင္ကို သြားၾကား ထိုးတံ မ်ားျဖင့္ တည္ေဆာက္ခဲ့ၿပီးေနာက္ ကမာၻ႔အျမင့္ဆုံးသြားၾကားထိုးတံ႐ုပ္တုအျဖစ္ ဂင္းနစ္စံခ်ိန္ကိုရရွိခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.