မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြား ဈေးနှုန်းပြောင်းလဲကောက်ခံမည်

 1373

ကိုဖြိုး (NP News )ဇန်နဝါရီ ၇
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တပ်ဆင်ပေးနေသည့် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများအား ဈေးနှုန်းပြောင်းလဲကောက်ခံသွားမည်ဟု အသိပေးစာထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ ညွှန်ကြားစာအရ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိကောက်ခံနေသောနှုန်းထားများသည် (၂၀၂၀) ပြည့်နှစ် သတ်မှတ်ထားသောနှုန်းထားများဖြစ်သောကြောင့် လက်ရှိငွေကြေးဈေးကွက်နှင့် လျော်ညီမှုရှိစေရန်(၂၀၂၆)ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှစ၍ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများဈေးနှုန်းပြောင်းလဲကောက်ခံခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပြောင်းလဲကောက်ခံမည်ဈေးနှုန်းများမှာ မော်တော်ယာဉ် (၄၀၀၀၀) ကျပ်၊ ထော်လာဂျီ (၄၀၀၀၀)ကျပ်၊ မော်တော်ဆိုင်ကယ် (၇၀၀၀) ကျပ် ၊သုံးဘီးတပ်ယာဉ် (၁၀၀၀၀) ကျပ်၊ နောက်တွဲယာဉ် (၂၀၀၀၀) ကျပ်တို့ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလကုန်အထိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ မှတ်ပုံတင်ထားသည့် လူစီးမော်တော်ယာဉ် (၆၄၆၀၀၀) ကျော်ရှိပြီး မှတ်ပုံတင်ထားသည့် ထော်လာဂျီ (၃၃၀၀၀) ကျော်၊ သုံးဘီးတပ်ယာဉ် (၁၂၀၀၀၀) ကျော်၊ နောက်တွဲယာဉ် (၂၃၀၀၀) ကျော်နှင့် မော်တော်ဆိုင်ကယ် ၄ သန်း ၂ သိန်းကျော် ရှိကြောင်း သိရသည်။

Zawgyi Version:
ေမာ္ေတာ္ယာဥ္ေဖာင္းႂကြနံပါတ္ျပား ေဈးႏႈန္းေျပာင္းလဲေကာက္ခံမည္
ကိုၿဖိဳး (NP News )ဇန္နဝါရီ ၇
ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ တပ္ဆင္ေပးေနသည့္ ေမာ္ေတာ္ယာဥ္ေဖာင္းႂကြနံပါတ္ျပားမ်ားအား ေဈးႏႈန္းေျပာင္းလဲေကာက္ခံသြားမည္ဟု အသိေပးစာထုတ္ျပန္ထားေၾကာင္း သိရသည္။
အဆိုပါ ၫႊန္ၾကားစာအရ ကုန္းလမ္းပို႔ေဆာင္ေရးၫြန္ၾကားမႈဦးစီးဌာနမွ ေမာ္ေတာ္ယာဥ္ေဖာင္းႂကြနံပါတ္ျပားမ်ား ေဆာင္႐ြက္ေပးလ်က္ရွိရာ လက္ရွိေကာက္ခံေနေသာႏႈန္းထားမ်ားသည္ (၂၀၂၀) ျပည့္ႏွစ္ သတ္မွတ္ထားေသာႏႈန္းထားမ်ားျဖစ္ေသာေၾကာင့္ လက္ရွိေငြေၾကးေဈးကြက္ႏွင့္ ေလ်ာ္ညီမႈရွိေစရန္(၂၀၂၆)ခုႏွစ္ ဇန္နဝါရီ (၁) ရက္ေန႔မွစ၍ ေမာ္ေတာ္ယာဥ္ေဖာင္းႂကြနံပါတ္ျပားမ်ားေဈးႏႈန္းေျပာင္းလဲေကာက္ခံျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ေျပာင္းလဲေကာက္ခံမည္ေဈးႏႈန္းမ်ားမွာ ေမာ္ေတာ္ယာဥ္ (၄၀၀၀၀) က်ပ္၊ ေထာ္လာဂ်ီ (၄၀၀၀၀)က်ပ္၊ ေမာ္ေတာ္ဆိုင္ကယ္ (၇၀၀၀) က်ပ္ ၊သုံးဘီးတပ္ယာဥ္ (၁၀၀၀၀) က်ပ္၊ ေနာက္တြဲယာဥ္ (၂၀၀၀၀) က်ပ္တို႔ ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလကုန္အထိ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ မွတ္ပုံတင္ထားသည့္ လူစီးေမာ္ေတာ္ယာဥ္ (၆၄၆၀၀၀) ေက်ာ္ရွိၿပီး မွတ္ပုံတင္ထားသည့္ ေထာ္လာဂ်ီ (၃၃၀၀၀) ေက်ာ္၊ သုံးဘီးတပ္ယာဥ္ (၁၂၀၀၀၀) ေက်ာ္၊ ေနာက္တြဲယာဥ္ (၂၃၀၀၀) ေက်ာ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ ၄ သန္း ၂ သိန္းေက်ာ္ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.