ပို့ကုန်ရငွေပမာဏ၏ (၂၅) ရာခိုင်နှုန်းအစား (၁၅)ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရတော့မည်

 608

NP News(ဇန်နဝါရီ ၇)
မြန်မာနိုင်ငံတော် ဗဟိုဘဏ် က ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ (၂၅) ရာခိုင်နှုန်းအစား (၁၅)ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဇန်နဝါရီ (၇) ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ယခင်ကပြည်ပနိုင်ငံများသို့ ကုန်ပစ္စည်းများတင်ပို့ရာမှရရှိသည့် နိုင်ငံခြား ပို့ကုန်ရငွေအပေါ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ ညွှန်ကြားချက်ဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လ (၇)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၇/၂၀၂၄ ဖြင့်(၂၅/၇၅) အချိုးကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ရမည်ဟုသတ်မှတ်ခဲ့ရာမှ ဇန်နဝါရီ (၇) ရက်နေ့မှ စတင်ကာ (၁၅/၈၅) အဖြစ် အသစ်ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို (၂၅) ရာခိုင်နှုန်းအစား (၁၅)ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ပို႔ကုန္ရေငြပမာဏ၏ (၂၅) ရာခိုင္ႏႈန္းအစား (၁၅)ရာခိုင္ႏႈန္းကိုသာ ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ေဆာင္႐ြက္ရေတာ့မည္
NP News(ဇန္နဝါရီ ၇)
ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ က ပို႔ကုန္တင္ပို႔ျခင္းမွ ရရွိသည့္ ပို႔ကုန္ရေငြပမာဏ၏ (၂၅) ရာခိုင္ႏႈန္းအစား (၁၅)ရာခိုင္ႏႈန္းကိုသာ ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ေဆာင္႐ြက္ရန္ ဇန္နဝါရီ (၇) ရက္ေန႔တြင္ ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။
ယခင္ကျပည္ပႏိုင္ငံမ်ားသို႔ ကုန္ပစၥည္းမ်ားတင္ပို႔ရာမွရရွိသည့္ ႏိုင္ငံျခား ပို႔ကုန္ရေငြအေပၚတြင္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၏ အမိန႔္ေၾကာ္ျငာစာအမွတ္ ၁၂/၂၀၂၂ ၫႊန္ၾကားခ်က္ျဖင့္ ၂၀၂၄ ခုႏွစ္ သ◌ျဂဳတ္လ (၇)ရက္ ရက္စြဲပါ အမိန႔္ေၾကာ္ျငာစာ အမွတ္ ၃၇/၂၀၂၄ ျဖင့္(၂၅/၇၅) အခ်ိဳးကို ျမန္မာက်ပ္ေငြျဖင့္လဲလွယ္ရမည္ဟုသတ္မွတ္ခဲ့ရာမွ ဇန္နဝါရီ (၇) ရက္ေန႔မွ စတင္ကာ (၁၅/၈၅) အျဖစ္ အသစ္ျပန္လည္ျပင္ဆင္ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ပို႔ကုန္တင္ပို႔သူမ်ားအေနျဖင့္ ပို႔ကုန္ရေငြမ်ားကို (၂၅) ရာခိုင္ႏႈန္းအစား (၁၅)ရာခိုင္ႏႈန္းကိုသာ ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ေဆာင္႐ြက္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.