ပို့ကုန်ရငွေ ပမာဏ၏ ၁၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ် ပြင်ဆင်သတ်မှတ်

 817

Pearl (NP news)- ဇန်နဝါရီ ၈

ပို့ကုန်ရငွေ ပမာဏ၏ ၁၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့ ( ဇန်နဝါရီ ၇ရက်) တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း အစား ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပို့ကုန်ရငွေများကို ကျပ်ငွေလဲလှယ်ရမည့်ရာခိုင်နှုန်း လျော့ချသတ်မှတ်ပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့သည့် စက်မှုကုန်သည်များအသင်းချုပ်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအ‌ဝေးတွင် ပြောကြားခဲ့ဖူးသည်။

လက်ရှိ ဗဟိုဘဏ်၏ သတ်မှတ် ငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ (၂၁၀၀) ကျပ်ဖြစ်ကြောင်းလည်း သိရသည်။

ပို႔ကုန္ရေငြ ပမာဏ၏ ၁၅ ရာခိုင္ႏႈန္းကို ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ရန္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယမန္ေန႔ ( ဇန္နဝါရီ ၇ရက္) တြင္ အမိန႔္ေၾကာ္ျငာစာထုတ္ျပန္၍ ျပင္ဆင္သတ္မွတ္လိုက္သည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သည္ ပို႔ကုန္တင္ပို႔သူမ်ား ပို႔ကုန္တင္ပို႔ျခင္းမွရရွိသည့္ ပို႔ကုန္ရေငြ ပမာဏ၏ ၂၅ ရာခိုင္ႏႈန္းကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ အမိန႔္ေၾကာ္ျငာစာအမွတ္ (၁၂/၂၀၂၂) ပါ သတ္မွတ္ၫႊန္ၾကားခ်က္အတိုင္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ေဆာင္႐ြက္ရန္ သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ပို႔ကုန္တင္ပို႔သူမ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းမွရရွိသည့္ ပို႔ကုန္ရေငြပမာဏ၏ ၂၅ ရာခိုင္ႏႈန္း အစား ၁၅ ရာခိုင္ႏႈန္းကိုသာ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၏ သတ္မွတ္ၫႊန္ၾကားခ်က္အတိုင္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ေဆာင္႐ြက္ရန္ျဖစ္ေၾကာင္း ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း ထုတ္ျပန္ထားသည္။
ႏိုင္ငံေတာ္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း ပို႔ကုန္ရေငြမ်ားကို က်ပ္ေငြလဲလွယ္ရမည့္ရာခိုင္ႏႈန္း ေလ်ာ့ခ်သတ္မွတ္ေပးမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ႏိုဝင္ဘာလက က်င္းပခဲ့သည့္ စက္မႈကုန္သည္မ်ားအသင္းခ်ဳပ္ႏွစ္ပတ္လည္အသင္းသားစုံညီအစည္းအ‌ေဝးတြင္ ေျပာၾကားခဲ့ဖူးသည္။
လက္ရွိ ဗဟိုဘဏ္၏ သတ္မွတ္ ေငြလဲႏႈန္းသည္ အေမရိကန္တစ္ေဒၚလာလွ်င္ ျမန္မာေငြ (၂၁၀၀) က်ပ္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.