တောင်ကိုရီးယားနဲ့ တည်ငြိမ်တဲ့ဆက်ဆံရေးတွေကို မျှော်လင့်မိတယ်လို့ တရုတ်ထိပ်တန်းလွှတ်တော်အမတ်ပြော

 176

Pika (NP news)- ဇန်နဝါရီ ၈

တရုတ်ထိပ်တန်းလွှတ်တော်အမတ် Zhao Lejiက တောင်ကိုရီးယားသမ္မတသစ် လီဂျေးမြောင်နဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံစဉ်အချိန်အတွင်း နှစ်နိုင်ငံကကြား ဆက်ဆံရေးတွေ တည်ငြိမ်လာဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာစေဖို့ မျှော်လင့်မိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လီဂျေးမြောင်ဟာ အချိန်(၆)နှစ်အတွင်း တရုတ်ကို ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့တဲ့ တောင်ကိုရီးယားသမ္မတဖြစ်ပြီး နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာကြာအောင် သံတမန်ရေးဆိုင်ရာတင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နဲ့ဆက်ဆံရေးတွေ တိုးတက်လာစေဖို့ ကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။
ဒါ့ပြင် လီဂျေးမြောင်ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဲ့ အရေးပါမှုနဲ့ မြောက်ကိုရီးယားနဲ့ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့အတွက် သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။
တရုတ်နိုင်ငံဟာ တောင်ကိုရီးယားနဲ့ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေဖို့နဲ့ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းလာအောင် လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုတာကို Zhao Lejiက လီဂျေးမြောင်ကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တရုတ်နဲ့တောင်ကိုရီးယားတို့ကြား တည်ငြိမ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ ဆက်ဆံရေးနဲ့ ခိုင်မာတဲ့ဆက်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာဖို့ မျှော်လင့်မိတယ်လို့လည်း Zhao Leji က ပြောကြားခဲ့ပါတယ်။

တ႐ုတ္ထိပ္တန္းလႊတ္ေတာ္အမတ္ Zhao Lejiက ေတာင္ကိုရီးယားသမၼတသစ္ လီေဂ်းေျမာင္နဲ႔ ေဘဂ်င္းၿမိဳ႕မွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ႏွစ္ႏိုင္ငံကၾကား ဆက္ဆံေရးေတြ တည္ၿငိမ္လာဖို႔နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုနက္ရႈိင္းလာေစဖို႔ ေမွ်ာ္လင့္မိတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
လီေဂ်းေျမာင္ဟာ အခ်ိန္(၆)ႏွစ္အတြင္း တ႐ုတ္ကို ပထမဆုံးအႀကိမ္လာေရာက္လည္ပတ္ခဲ့တဲ့ ေတာင္ကိုရီးယားသမၼတျဖစ္ၿပီး ႏွစ္ႏိုင္ငံၾကား ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ သံတမန္ေရးဆိုင္ရာတင္းမာမႈေတြ ျဖစ္ပြားခဲ့ၿပီးေနာက္ တ႐ုတ္နဲ႔ဆက္ဆံေရးေတြ တိုးတက္လာေစဖို႔ ႀကိဳးပမ္းေနသူလည္းျဖစ္ပါတယ္။
ဒါ့ျပင္ လီေဂ်းေျမာင္ဟာ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔လည္း ေတြ႕ဆုံခဲ့ၿပီး ကိုရီးယားကြၽန္းဆြယ္မွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးရဲ႕ အေရးပါမႈနဲ႔ ေျမာက္ကိုရီးယားနဲ႔ေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔အတြက္ သေဘာတူညီခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ေတာင္ကိုရီးယားနဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈကို ခိုင္မာေစဖို႔နဲ႔ အျပန္အလွန္အက်ိဳးရွိတဲ့ ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမိုနက္ရႈိင္းလာေအာင္ လုပ္ေဆာင္ဖို႔ ဆႏၵရွိတယ္ဆိုတာကို Zhao Lejiက လီေဂ်းေျမာင္ကို ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္နဲ႔ေတာင္ကိုရီးယားတို႔ၾကား တည္ၿငိမ္ၿပီး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္တဲ့ ဆက္ဆံေရးနဲ႔ ခိုင္မာတဲ့ဆက္သြယ္မႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြရွိလာဖို႔ ေမွ်ာ္လင့္မိတယ္လို႔လည္း Zhao Leji က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.