ဂရင်းလန်းနဲ့ ဒိန်းမတ်တို့ကပဲ ၎င်းတို့ရဲ့အနာဂါတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ဥရောပခေါင်းဆောင်တွေပြော

987

Pika (NP News) -ဇန်နဝါရီ ၈
ဂရင်းလန်းနယ်မြေကို ၎င်းရဲ့ပြည်သူတွေကပဲ ပိုင်ဆိုင်ပြီး ဒိန်းမတ်နဲ့ဂရင်းလန်းတို့ကပဲ ၎င်းတို့ရဲ့အနာဂါတ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆုံးဖြတ်နိုင်တယ်လို့ ပြင်သစ်၊ဂျာမနီ၊အီတလီ၊ပိုလန်၊စပိန်၊ဗြိတိန်နဲ့ ဒိန်းမတ်နိုင်ငံတို့က ပူးတွဲထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲ့ဒီပြောဆိုချက်တွေဟာ ဂရင်းလန်းနယ်မြေကို ပြန်လည်သိမ်းယူဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေကို ဆန့်ကျင်နေတယ်ဆိုတာ လုံးဝကို သိသာနေတာလည်းဖြစ်ပါတယ်။
ဂရင်းလန်းနယ်မြေကို ပြန်လည်သိမ်းပိုက်မယ့် အမေရိကန်ရဲ့ကြိုးပမ်းမှုတွေအားလုံးကို ခိုင်ခိုင်မာမာဆန့်ကျင်သွားမယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖရက်ဒဲရစ်ဆန်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာ ယခုလိုပူးတွဲထုတ်ပြန်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဂရင်းလန်းနယ်မြေဟာ အမေရိကန်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာသင့်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လတွေအတွင်း အကြံပြုပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
မက်တီဖရက်ဒဲရစ်ဆန်က” ”အခြားနိုင်ငံတစ်ခု၊အခြားလူမျိုးတစ်ခုကို သိမ်းပိုက်လိုတာနဲ့ပတ်သက်ပြီး ပြောချင်တာက ကျွန်မတို့က တစ်စုံတစ်ယောက်က ဝယ်ပြီး ပိုင်ဆိုင်လို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ကျွန်မတို့က ပဋိပက္ခတွေကို ရှာဖွေနေတဲ့ လူတွေမဟုတ်ပါဘူး။ဘယ်လိုပဲဖြစ်နေပါစေ အမှန်နဲ့အမှားကို ကျွန်မတို့ ခိုင်ခိုင်မာမာဆန့်ကျင်ရပ်တည်သွားမှာပါ”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ဂရင္းလန္းနယ္ေျမကို ၎ရဲ႕ျပည္သူေတြကပဲ ပိုင္ဆိုင္ၿပီး ဒိန္းမတ္နဲ႔ဂရင္းလန္းတို႔ကပဲ ၎တို႔ရဲ႕အနာဂါတ္နဲ႔ပတ္သက္တဲ့ ကိစၥရပ္ေတြကို ဆုံးျဖတ္ႏိုင္တယ္လို႔ ျပင္သစ္၊ဂ်ာမနီ၊အီတလီ၊ပိုလန္၊စပိန္၊ၿဗိတိန္နဲ႔ ဒိန္းမတ္ႏိုင္ငံတို႔က ပူးတြဲထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲ့ဒီေျပာဆိုခ်က္ေတြဟာ ဂရင္းလန္းနယ္ေျမကို ျပန္လည္သိမ္းယူဖို႔ လိုအပ္တယ္လို႔ ေျပာၾကားခဲ့တဲ့ အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြကို ဆန႔္က်င္ေနတယ္ဆိုတာ လုံးဝကို သိသာေနတာလည္းျဖစ္ပါတယ္။
ဂရင္းလန္းနယ္ေျမကို ျပန္လည္သိမ္းပိုက္မယ့္ အေမရိကန္ရဲ႕ႀကိဳးပမ္းမႈေတြအားလုံးကို ခိုင္ခိုင္မာမာဆန႔္က်င္သြားမယ္လို႔ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ မက္တီဖရက္ဒဲရစ္ဆန္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ယခုလိုပူးတြဲထုတ္ျပန္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဂရင္းလန္းနယ္ေျမဟာ အေမရိကန္ႏိုင္ငံရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္လာသင့္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့လေတြအတြင္း အႀကံျပဳေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
မက္တီဖရက္ဒဲရစ္ဆန္က” ”အျခားႏိုင္ငံတစ္ခု၊အျခားလူမ်ိဳးတစ္ခုကို သိမ္းပိုက္လိုတာနဲ႔ပတ္သက္ၿပီး ေျပာခ်င္တာက ကြၽန္မတို႔က တစ္စုံတစ္ေယာက္က ဝယ္ၿပီး ပိုင္ဆိုင္လို႔ရတဲ့အရာမ်ိဳးမဟုတ္ပါဘူး။ကြၽန္မတို႔က ပဋိပကၡေတြကို ရွာေဖြေနတဲ့ လူေတြမဟုတ္ပါဘူး။ဘယ္လိုပဲျဖစ္ေနပါေစ အမွန္နဲ႔အမွားကို ကြၽန္မတို႔ ခိုင္ခိုင္မာမာဆန႔္က်င္ရပ္တည္သြားမွာပါ”လို႔ေျပာဆိုခဲ့ပါတယ္။