ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ အခန်း (၉၆) ခန်းကိုအိမ်ရာချေးငွေဖြင့်ရောင်းချမည်

 973

ကိုဖြိုး (NP News) - ဇန်နဝါရီ ၈

ရန်ကုန်မြို့၊ ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ အခန်း (၉၆) ခန်းကို ယခု လ အတွင်း အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အိမ်ရာအခန်းများကို ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် ချေးငွေဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် ၎င်းဘဏ်တွင် အိမ်ရာစုဆောင်းငွေကျပ် သိန်း ၃၀ နှင့် အထက်ရှိရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၏ စာရင်းများအရ (၂၀၂၅) ခုနှစ် အောက်တိုဘာလ (၃၁) ရက်အထိ အိမ်ရာစုဆောင်းငွေ ငွေကျပ် သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ (၂၀၉၃) ဦးရှိပြီး ၎င်းစာရင်းတွင် ပါဝင်သူများအနေဖြင့်လည်း စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
စိတ်ပါဝင်စားသူများအနေဖြင့် DUHD Sale Housing Facebook Page Messenger မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး စာရင်းပေးသွင်းခြင်းကို ဇန်နဝါရီလ (၅) ရက်နေ့မှ (၉) ရက်နေ့အထိ နံနက် (၁၀) နာရီမှ ညနေ (၃) နာရီခွဲချိန်အတွင်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် စာရင်းပေးသွင်းမည့်သူများအနေဖြင့် ရောင်းချမည့် ရိုးမရိပ်သာအိမ်ရာ၏ တည်နေရာ၊ အဆောက်အအုံ၊ အမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး အမည်၊ နိုင်ငံသား စိစစ်ရေးအမှတ်၊ ဘဏ်၏ Downpayment Serial No. တို့ကိုပြည့်စုံစွာစာရင်းပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ရောင်းချမည့် အခန်းများမဲနှိုက်ရောင်းချခြင်းကိုတော့ လာမည့် ဇန်နဝါရီလ ၁၆ ရက်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့် အိမ်ရာချေးငွေကို မဖြစ်မနေ ချေးယူရမည် ဖြစ်ကာ စာရင်းပေးသွင်းလျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ ဘဏ်၏ တန်းစီဇယားအစောဆုံးအမှတ်စဉ်များကို မဲနှိုက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:

ရန္ကုန္ၿမိဳ႕၊ ဒဂုံ(ဆိပ္ကမ္း)ၿမိဳ႕နယ္ ႐ိုးမရိပ္သာအိမ္ရာစီမံကိန္းရွိ အခန္း (၉၆) ခန္းကို ယခု လ အတြင္း အတိုးႏႈန္း သက္သာေသာ အိမ္ရာေခ်းေငြျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနမွ သိရသည္။
အဆိုပါ အိမ္ရာအခန္းမ်ားကို ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးဘဏ္ ေခ်းေငြျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ၿပီး ဝယ္ယူလိုသူမ်ားအေနျဖင့္ ၎ဘဏ္တြင္ အိမ္ရာစုေဆာင္းေငြက်ပ္ သိန္း ၃၀ ႏွင့္ အထက္ရွိရမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ေဆာက္လုပ္ေရး၊ အိမ္ရာႏွင့္ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရးဘဏ္၏ စာရင္းမ်ားအရ (၂၀၂၅) ခုႏွစ္ ေအာက္တိုဘာလ (၃၁) ရက္အထိ အိမ္ရာစုေဆာင္းေငြ ေငြက်ပ္ သိန္း ၃၀ ႏွင့္အထက္ ျပည့္မီေအာင္ စုေဆာင္းထားသူ (၂၀၉၃) ဦးရွိၿပီး ၎စာရင္းတြင္ ပါဝင္သူမ်ားအေနျဖင့္လည္း စာရင္းေပးသြင္း ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
စိတ္ပါဝင္စားသူမ်ားအေနျဖင့္ DUHD Sale Housing Facebook Page Messenger မွတစ္ဆင့္ စာရင္းေပးသြင္းႏိုင္ၿပီး စာရင္းေပးသြင္းျခင္းကို ဇန္နဝါရီလ (၅) ရက္ေန႔မွ (၉) ရက္ေန႔အထိ နံနက္ (၁၀) နာရီမွ ညေန (၃) နာရီခြဲခ်ိန္အတြင္း လက္ခံေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ စာရင္းေပးသြင္းမည့္သူမ်ားအေနျဖင့္ ေရာင္းခ်မည့္ ႐ိုးမရိပ္သာအိမ္ရာ၏ တည္ေနရာ၊ အေဆာက္အအုံ၊ အမ်ိဳးအစား၊ အခန္းအက်ယ္အဝန္း၊ ေဈးႏႈန္းတို႔ကို ၾကည့္ရႈေလ့လာၿပီး အမည္၊ ႏိုင္ငံသား စိစစ္ေရးအမွတ္၊ ဘဏ္၏ Downpayment Serial No. တို႔ကိုျပည့္စုံစြာစာရင္းေပးသြင္းရမည္ ျဖစ္ေၾကာင္းသိရသည္။
အဆိုပါ ေရာင္းခ်မည့္ အခန္းမ်ားမဲႏႈိက္ေရာင္းခ်ျခင္းကိုေတာ့ လာမည့္ ဇန္နဝါရီလ ၁၆ ရက္တြင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး အခန္းဝယ္ယူခြင့္ရရွိသူမ်ားအေနျဖင့္ အိမ္ရာေခ်းေငြကို မျဖစ္မေန ေခ်းယူရမည္ ျဖစ္ကာ စာရင္းေပးသြင္းေလွ်ာက္ထားသူမ်ားအနက္ ေရာင္းခ်ေပးႏိုင္သည့္ အခန္းအေရအတြက္အရ ဘဏ္၏ တန္းစီဇယားအေစာဆုံးအမွတ္စဥ္မ်ားကို မဲႏႈိက္ခြင့္ျပဳသြားမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.