ငလျင်ကြောင့်ပျက်စီးခဲ့သည့် အမြန်လမ်းပေါ်ရှိ လမ်းပိုင်းနှင့်တံတားများကို လာမည့်မတ်လတွင် ပြီးစီးရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ

 419

Pearl (NP News) - ဇန်နဝါရီ ၈

ငလျင်ကြောင့်ပျက်စီးခဲ့သည့် အမြန်လမ်းပေါ်ရှိ လမ်းပိုင်းနှင့်တံတားများကို လာမည့်မတ်လတွင် ပြီးစီးရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောသည်။
ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယမန်နေ့ ( ဇန်နဝါရီ ၇ရက်) က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (ရန်ကုန် - နေပြည်တော်လမ်းပိုင်း)ရှိ လမ်းအသုံးပြု ခကောက်ခံ နေသည့် တိုးလ်ဂိတ်များနှင့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြုပြင်နေ မှုကို ကြည့်ရှုစစ်ဆေးစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ်ဒုတိယဝန်ကြီးက ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ လမ်းပိုင်းအချို့နှင့် တံတားအချို့ ပျက်စီးခဲ့ရာ ၂၀၂၆ ခုနှစ် မတ်တွင် ပြီးစီးအောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် တံတားအချို့ကို ယာယီအစီအစဉ်ဖြင့် ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်ပေးထားကြောင်းပြောသည်။
ထို့ကြောင့် ကုန်တင်ယာဉ်များနှင့် ခရီးသည် တင်ယာဉ်များသည် သတ်မှတ်တန်ချိန်များဖြင့် ဖြတ်သန်းသွားနိုင်ရေးသည် အလွန်အရေးကြီးကြောင်းလည်း ထည့်သွင်းပြောကြားသည်။
တိုးလ်ဂိတ်ရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့်လည်း ခရီးသွားပြည်သူများ အပါအဝင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ၏ တာဝန်ရှိသူများအား နားလည်သဘောပေါက်စေရန် လက်ကမ်းစာစောင်များဖြန့်ဝေ၍ အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။

Zawgyi Version:

ငလ်င္ေၾကာင့္ပ်က္စီးခဲ့သည့္ အျမန္လမ္းေပၚရွိ လမ္းပိုင္းႏွင့္တံတားမ်ားကို လာမည့္မတ္လတြင္ ၿပီးစီးရန္ အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္ေနေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးမ်ိဳးျမင့္က ေျပာသည္။
ဒုတိယဝန္ႀကီး ဦးမ်ိဳးျမင့္သည္ ယမန္ေန႔ ( ဇန္နဝါရီ ၇ရက္) က ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး (ရန္ကုန္ - ေနျပည္ေတာ္လမ္းပိုင္း)ရွိ လမ္းအသုံးျပဳ ခေကာက္ခံ ေနသည့္ တိုးလ္ဂိတ္မ်ားႏွင့္ မႏၲေလးငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ လမ္း၊ တံတားမ်ား ျပဳျပင္ေန မႈကို ၾကည့္ရႈစစ္ေဆးစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ၾကည့္ရႈစစ္ေဆးစဥ္ဒုတိယဝန္ႀကီးက ၂၀၂၅ ခုႏွစ္ မတ္ ၂၈ ရက္တြင္ လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ေၾကာင့္ ရန္ကုန္ - မႏၲေလးအျမန္လမ္းမႀကီးေပၚရွိ လမ္းပိုင္းအခ်ိဳ႕ႏွင့္ တံတားအခ်ိဳ႕ ပ်က္စီးခဲ့ရာ ၂၀၂၆ ခုႏွစ္ မတ္တြင္ ၿပီးစီးေအာင္ အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထို႔ျပင္ခရီးသြားျပည္သူမ်ား အဆင္ေျပေခ်ာေမြ႕စြာသြားလာႏိုင္ေရးႏွင့္ လမ္းပန္းဆက္သြယ္မႈ မျပတ္ေတာက္ေစေရးအတြက္ တံတားအခ်ိဳ႕ကို ယာယီအစီအစဥ္ျဖင့္ ျဖတ္သန္းသြားလာႏိုင္ေရး ေဆာင္႐ြက္ေပးထားေၾကာင္းေျပာသည္။
ထို႔ေၾကာင့္ ကုန္တင္ယာဥ္မ်ားႏွင့္ ခရီးသည္ တင္ယာဥ္မ်ားသည္ သတ္မွတ္တန္ခ်ိန္မ်ားျဖင့္ ျဖတ္သန္းသြားႏိုင္ေရးသည္ အလြန္အေရးႀကီးေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
တိုးလ္ဂိတ္ရွိ တာဝန္ရွိသူမ်ားႏွင့္ ဝန္ထမ္းမ်ားအေနျဖင့္လည္း ခရီးသြားျပည္သူမ်ား အပါအဝင္ ကုန္တင္ယာဥ္ႏွင့္ ခရီးသည္တင္ယာဥ္မ်ား၏ တာဝန္ရွိသူမ်ားအား နားလည္သေဘာေပါက္ေစရန္ လက္ကမ္းစာေစာင္မ်ားျဖန႔္ေဝ၍ အသိပညာေပးျခင္းမ်ား ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္းလည္း တိုက္တြန္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.