မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပမည်

 338

Pearl (NP News) - ဇန်နဝါရီ ၈

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (ဇန်နဝါရီလ ၇ရက်) က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
အဆိုပါ အခမ်းအနားတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်တွင် နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားများထဲမှ ရွေးချယ်ထားသော ဆန်ခါတင်ဇာတ်ကားများကို ဆုရွေးချယ်ရေးဆပ်ကော်မတီက အသေးစိတ်ကြည့်ရှုစစ်ဆေးနေပြီဖြစ်ကြောင်းပြောကြားခဲ့သည်။
အခမ်းအနားပြင်ဆင်ရေးအတွက် Forever Group Company Limited နှင့် ပေါင်းစပ်ပြီး ယခင်နှစ်များထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို ခမ်းခမ်းနားနား အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် လုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:

ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲကို ေဖေဖာ္ဝါရီ ၇ ရက္တြင္ ေနျပည္ေတာ္၌ က်င္းပမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၅ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနား ေအာင္ျမင္စြာက်င္းပႏိုင္ရန္ အခမ္းအနားက်င္းပေရးဦးစီးေကာ္မတီ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ယမန္ေန႔ (ဇန္နဝါရီလ ၇ရက္) က ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရ သည္။
အဆိုပါ အခမ္းအနားတြင္ ဦးစီးေကာ္မတီဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီ ၇ ရက္တြင္ ေနျပည္ေတာ္၌ က်င္းပသြားမည္ျဖစ္ေၾကာင္း၊ ၂၀၂၅ ခုႏွစ္အတြင္း ႐ုံတင္ဇာတ္ကားမ်ားထဲမွ ေ႐ြးခ်ယ္ထားေသာ ဆန္ခါတင္ဇာတ္ကားမ်ားကို ဆုေ႐ြးခ်ယ္ေရးဆပ္ေကာ္မတီက အေသးစိတ္ၾကည့္ရႈစစ္ေဆးေနၿပီျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
အခမ္းအနားျပင္ဆင္ေရးအတြက္ Forever Group Company Limited ႏွင့္ ေပါင္းစပ္ၿပီး ယခင္ႏွစ္မ်ားထက္ ပိုမိုေကာင္းမြန္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲကို ခမ္းခမ္းနားနား ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ရန္ သက္ဆိုင္ရာက႑အလိုက္ လုံးဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ၾကေစလိုေၾကာင္း တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.