ဖိလစ်ပိုင်မှ ဆန်ဝယ်မည့်အစီအစဉ်ကြောင့် မြန်မာ့ဆန်ဈေးတက်

2396

ကိုဖြိုး (NP News )ဇန်နဝါရီ ၈
ဖိလစ်ပိုင်နိုင်ငံမှ ယခုနှစ် ဆန်၀ယ်မည့်အစီစဉ်ကြောင့် နိုင်ငံတကာဈေးကွက်တွင် မြန်မာဆန် ဈေးအနည်းငယ် မြင့်တက်လာသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် နိုင်ငံတကာဈေးကွက်၌ မြန်မာဆန်ဖြူ ၅ မှတ် (အကျိုးအကြေ ၅ ရာခိုင်နှုန်း)သည် တစ်တန် ပြည်ပရောင်းချသည့် FOB( free on board) ဈေး အမေရိကန်ဒေါ်လာ ၃၃၇ ဈေးဖွင့်သည်။
အဆိုပါဈေးနှုန်းသည် မြန်မာနိုင်ငံ၏ မိုးစပါးပေါ်ချိန် အောက်တိုဘာလနှင့် နှိုင်းယှဉ်လျှင် ဆန်တစ်တန်၏ တန်ဖိုး ၃ ရာခိုင်နှုန်း၀န်းကျင်မြင့်တက်ခဲ့သည်။ အောက်တိုဘာတွင် မြန်မာ့ဆန်ဖြူ ၅ မှတ် တစ်တန်ဒေါ်လာ ၃၂၆ ၀န်းကျင် ဈေးဖွင့်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် ပြီးခဲ့သည့် နှစ်က မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သိန်း ကျော် ၀ယ်ယူခဲ့သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ဆန်တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံက အများဆုံး ဆန်၀ယ်ယူသည့် နိုင်ငံဖြစ်သည်။
ပြည်ပသို့ဆန်တင်ပို့ရာတွင် တရုတ်နိုင်ငံက ဈေးကွက်ဝေစု ၄၀ ရာခိုင်နှုန်းကျော်အထိ ရယူထားသဖြင့် နှစ်သစ်ကူးကာလ တရုတ်မှဆန်လိုင်စင် များချထားပေးမှု နှောင့်နှေးမှုကြောင့် ပြည်တွင်းဆန်ဈေး၊ စပါးဈေး ထပ်မံကျမည်ကို စိုးရိမ်စရာဖြစ်သော်လည်း ဖိလစ်ပိုင်နှင့် ဥရောပနိုင်ငံများ၏ ဆန်အ၀ယ်များက ပြည်တွင်းဆန်ဈေး အကျသက်သာစေခဲ့သည်။
သို့သော် ဥရောပသမဂ္ဂ (အီးယူ)နိုင်ငံများက အာရှမှဆန်တင်သွင်းမှု ကန့်သက်ရန် စဉ်းစားနေသည်ဟု နိုင်ငံတကာသတင်းအချို့တွင်ဖော်ပြကြသည်။ ဥရောပနိုင်ငံများမှ (၆.၂mm) အထက်အသွယ် ပေါင်းဆန်နှင့် ဆန်ဖြူ (၅%) ကို ဇန်နဝါရီတွင် စတင်တင်ပို့ရန် စာချုပ်ချုပ်ဆိုထားကြောင်း မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဌကပြီးခဲ့သည့် နှစ်ဒီဇင်ဘာလတွင် အသိပေးထားသည်။
(၂၀၂၅-၂၆) ဘဏ္ဍာနှစ် ဧပြီမှ နို၀င်ဘာအထိ (၈) လတွင်း မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် (၁၅၇,၀၀၀) ကျော်တင်ပို့ထားပြီး ပြည်ဆန်တင်ပို့မှုစုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းရှိနေသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့နှစ်စဉ်ဆန်နှင့် ဆန်ကွဲ တန်ချိန် (၃) သန်း၀န်းကျင် တင်ပို့နေသည်။

Zawgyi Version:
ဖိလစ္ပိုင္ႏိုင္ငံမွ ယခုႏွစ္ ဆန္၀ယ္မည့္အစီစဥ္ေၾကာင့္ ႏိုင္ငံတကာေဈးကြက္တြင္ ျမန္မာဆန္ ေဈးအနည္းငယ္ ျမင့္တက္လာသည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာတြင္ ႏိုင္ငံတကာေဈးကြက္၌ ျမန္မာဆန္ျဖဴ ၅ မွတ္ (အက်ိဳးအေၾက ၅ ရာခိုင္ႏႈန္း)သည္ တစ္တန္ ျပည္ပေရာင္းခ်သည့္ FOB( free on board) ေဈး အေမရိကန္ေဒၚလာ ၃၃၇ ေဈးဖြင့္သည္။
အဆိုပါေဈးႏႈန္းသည္ ျမန္မာႏိုင္ငံ၏ မိုးစပါးေပၚခ်ိန္ ေအာက္တိုဘာလႏွင့္ ႏႈိင္းယွဥ္လွ်င္ ဆန္တစ္တန္၏ တန္ဖိုး ၃ ရာခိုင္ႏႈန္း၀န္းက်င္ျမင့္တက္ခဲ့သည္။ ေအာက္တိုဘာတြင္ ျမန္မာ့ဆန္ျဖဴ ၅ မွတ္ တစ္တန္ေဒၚလာ ၃၂၆ ၀န္းက်င္ ေဈးဖြင့္ခဲ့သည္။
ဖိလစ္ပိုင္ႏိုင္ငံသည္ ၿပီးခဲ့သည့္ ႏွစ္က ျမန္မာႏိုင္ငံမွ ဆန္တန္ခ်ိန္ တစ္သိန္း ေက်ာ္ ၀ယ္ယူခဲ့သည္။ ျမန္မာႏိုင္ငံမွ ျပည္ပသို႔ဆန္တင္ပို႔ေရာင္းခ်ရာတြင္ တ႐ုတ္ႏိုင္ငံက အမ်ားဆုံး ဆန္၀ယ္ယူသည့္ ႏိုင္ငံျဖစ္သည္။
ျပည္ပသို႔ဆန္တင္ပို႔ရာတြင္ တ႐ုတ္ႏိုင္ငံက ေဈးကြက္ေဝစု ၄၀ ရာခိုင္ႏႈန္းေက်ာ္အထိ ရယူထားသျဖင့္ ႏွစ္သစ္ကူးကာလ တ႐ုတ္မွဆန္လိုင္စင္ မ်ားခ်ထားေပးမႈ ေႏွာင့္ေႏွးမႈေၾကာင့္ ျပည္တြင္းဆန္ေဈး၊ စပါးေဈး ထပ္မံက်မည္ကို စိုးရိမ္စရာျဖစ္ေသာ္လည္း ဖိလစ္ပိုင္ႏွင့္ ဥေရာပႏိုင္ငံမ်ား၏ ဆန္အ၀ယ္မ်ားက ျပည္တြင္းဆန္ေဈး အက်သက္သာေစခဲ့သည္။
သို႔ေသာ္ ဥေရာပသမဂၢ (အီးယူ)ႏိုင္ငံမ်ားက အာရွမွဆန္တင္သြင္းမႈ ကန႔္သက္ရန္ စဥ္းစားေနသည္ဟု ႏိုင္ငံတကာသတင္းအခ်ိဳ႕တြင္ေဖာ္ျပၾကသည္။ ဥေရာပႏိုင္ငံမ်ားမွ (၆.၂mm) အထက္အသြယ္ ေပါင္းဆန္ႏွင့္ ဆန္ျဖဴ (၅%) ကို ဇန္နဝါရီတြင္ စတင္တင္ပို႔ရန္ စာခ်ဳပ္ခ်ဳပ္ဆိုထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း ဥကၠဌကၿပီးခဲ့သည့္ ႏွစ္ဒီဇင္ဘာလတြင္ အသိေပးထားသည္။
(၂၀၂၅-၂၆) ဘ႑ာႏွစ္ ဧၿပီမွ ႏို၀င္ဘာအထိ (၈) လတြင္း ျမန္မာႏိုင္ငံမွ ဥေရာပႏိုင္ငံမ်ားသို႔ ဆန္တန္ခ်ိန္ (၁၅၇,၀၀၀) ေက်ာ္တင္ပို႔ထားၿပီး ျပည္ဆန္တင္ပို႔မႈစုစုေပါင္း၏ ၁၇ ရာခိုင္ႏႈန္းရွိေနသည္။
ျမန္မာႏိုင္ငံသည္ ျပည္ပသို႔ႏွစ္စဥ္ဆန္ႏွင့္ ဆန္ကြဲ တန္ခ်ိန္ (၃) သန္း၀န္းက်င္ တင္ပို႔ေနသည္။