ဆင်ဖြူကျွန်းမြို့ရဲ့ယမ်းငွေ့ကြားက ပြည်သူ့အသံ

 293

သန့်ဇင် (NP News) - ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၏မြောက်ဘက် (၄၅)မိုင်ခန့်အကွာ ဧရာဝတီမြစ်နှင့် ဆင်ဖြူ ကျွန်းချောင်း တို့တွေ့ဆုံရာတွင်တည်ရှိသည့် ဆိပ်ကမ်းမြို့ဖြစ်သော ဆင်ဖြူကျွန်းမြို့တွင် ပြီးခဲ့သည့် ဒီဇင် ဘာလ (၂၂)ရက်ကစတင်ကာ PDF တို့၏ တိုက်ပွဲများဖော်ဆောင်မှုကြောင့် မြို့ခံအားလုံး နီးပါး နေရပ် စွန့်ခွာခဲ့ရကြောင်းသိရသည်။ ယခင်ကအေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်ကြသောမြို့ခံများ သည် တိုက်ပွဲကြောင့်စွန့်ခွာခဲ့ကြရာတွင် အခက်အခဲများစွာဖြင့်ရင်ဆိုင်နေကြပြီး အချို့မှာ စိတ်ဒဏ်ရာများပင် ရရှိနေခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဒေသခံများမဖိတ်ခေါ်ဘဲ PDF တို့ဖော်ဆောင်ခဲ့သည့် တိုက်ပွဲ အပေါ် ဒေသခံတို့၏ သဘောထား၊ ဒေသတွင်းအခြေအနေများနှင့်ပတ်သက်၍ ဒေသခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး-ပထမဆုံးအနေနဲ့ ဆင်ဖြူကျွန်းမြို့ရဲ့ လက်ရှိအခြေအနေဘယ်လိုရှိပါသလဲခင်ဗျ။
ဖြေ-လက်ရှိအခြေအနေကတော့ ဆင်ဖြူကျွန်းမြို့မှာ လူမရှိသေးဘူး။ တဖြည်းဖြည်းနဲ့တော့ ပြန်ဝင် လာကြပြီ။ အကုန်ပြန်ဝင်မယ်လို့တော့မျှော်လင့်တာပေါ့။ ဆင်ဖြူကျွန်းနဲ့ စလင်းကြားမှာတော့ PDF ကရှိသေးတယ်။ သူက သရက်ချည်တို့ရွာတွေမှာ ပေးမဖြတ်သေးဘူးလို့ပြောတယ်။ စက်ဘီးတို့ ဆိုင် ကယ်တို့ ဖြတ်လို့ရတယ်။ သုံးဘီးတို့ ကားတို့တော့ ပေးမဖြတ်ဘူး။ ဆင်ဖြူကျွန်းက စလင်းမြို့နယ်ထဲက မြို့အနေပေါ့နော်။
မေး-ဆင်ဖြူကျွန်းက အရင်ကဘယ်လိုမြို့လဲဗျ။
ဖြေ-အရင်တုန်းက စလင်းမှာလမ်းတွေမကောင်းခင်တုန်းက လွန်ခဲ့တဲ့နှစ်(၂၀)(၃၀)လောက်ကတော့ ဆင်ဖြူကျွန်းက စီးပွားရေးမြို့ပေါ့နော်။ ဘာလို့ဆိုရင် မြစ်ကမ်းနားကိုထွက်တဲ့လမ်းလည်းရှိတာကိုး။ အဲဒါ ကြောင့် မြစ်ကိုအမှီပြုပြီး သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်စီးဆင်းမှုက ပိုများတာကိုး။ အဲဒီလိုကျတော့ ဆင်ဖြူကျွန်းက ပိုပြီးစည်ကားတယ်ပြောရမှာပေါ့။ နောက်ပြီး စီးပွားရေးအချက်အချာကျတာပေါ့နော်။ နောက်ပိုင်း ကုန်လမ်းနဲ့ရေလမ်းပေါက်လာတဲ့အခါကျတော့ ကတ္တရာလမ်းလည်းမဖြစ်သေးဘူးပေါ့နော်။ လမ်းတွေ ကောင်းလာတယ်။ စလင်းမြို့က ပိုစည်လာတယ်ပေါ့နော်။ အဲဒီလိုဆိုတော့ စလင်းမြို့က ပိုစည် လာတာပေါ့။ အရင်တည်းက ဆင်ဖြူကျွန်းမှာက ပွဲရုံတွေဘာတွေရှိတယ်။ အခုလည်းလက်ရှိ ထိပွဲရုံတွေရှိ တယ်။ ဈေးကြီးကလည်းစလင်းမြို့ဈေးနီးပါးလောက်ကြီးတယ်။ မြို့ငယ်လေးတစ်ခုထက်တော့ ကြီးတာ ပေါ့နော်။
မေး - စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ဘယ်လိုစီးပွားရေးတွေလုပ်ကြသလဲဗျ။
ဖြေ-စိုက်ပျိုးရေးနဲ့က အဲဒီလိုပဲပွဲရုံတွေများတာပေါ့နော်။ နောက်တစ်ခါ စက်ပိုင်းဆိုင်ရာမှာလည်း အစုံရှိ တယ်။ အရင်ကတော့ အေးအေးချမ်းချမ်းလုပ်ကိုင် စားသောက်ကြတဲ့မြို့ပေါ့။
မေး-အဲဒီလို အေးအေးချမ်းချမ်းဖြစ်ခဲ့တဲ့မြို့က ဘယ်အချိန်ကစပြီးတိုက်ပွဲဖြစ်လာတာလဲ။
ဖြေ-အရင်ကတေ့ ဆင်ဖြူကျွန်းကိုဝင်တိုက်တာတွေ မရှိခဲ့ဘူး။ အခုအကြိမ်ကတော့ ပထမဆုံးအကြိမ်ပေါ့ နော်။ ဒီဇင်ဘာလ (၂၂)ရက် ညပိုင်းကစဖြစ်ခဲ့တာ။
မေး-လက်ရှိကော စစ်ရေးအခြေဘယ်လိုရှိလဲ။
ဖြေ-အခုတော့ငြိမ်နေတယ်။ ချနေတာက ဆင်ဖြူ ကျွန်းအနောက်ဘက်က မယ်တနယ်မှာ တပ်ကပြန် ထိန်းထားပြီ။ အရင်တော့ အဲဒီမယ်တနယ်မှာ PDF ကပြည့်ရှိတယ်ပေါ့နော်။ အဲဒီမယ်တနယ်ကနေသွား ရင်ဆောက်လုပ်ရေးလမ်းခွဲဆိုတာရှိတယ်။ ဆောက် လုပ်ရေးရွာကနေပြီးတော့ ဟိုဘက်က ညောင်ဘက် ကို ကတ္တရာလမ်းအတိုင်းသွားလို့ရတယ်။ ဒီဘက်ရွာဘက်တွေကိုလည်းသွားလို့ရတယ်။ အဲဒီလိုသွားလို့ရ တာတွေရှိတယ်။ အဲဒါက ဘယ်အထိပေါက်လဲဆိုရင် ပုသိမ်-မုံရွာအထိပေါက်တယ်။ အဲဒါက ဝေးတော့ ဝေးတယ်။ မြေသားလမ်းပဲပေါ့။
မေး-တိုက်ပွဲတွေဖြစ်နေတော့ ဆင်ဖြူကျွန်းမြို့ထဲမှာ လူရှိသေးလား။
ဖြေ-လူကတော့မရှိတော့ဘူးပေါ့နော်။ တိုက်ပွဲတွေ ဖြစ်တော့ထွက်ကြတာပေါ့။ အဲဒီတော့ အခြေအနေ လေးကို နည်းနည်းပြောပြမယ်။ အဲဒီ ဒီဇင်ဘာလ (၂၂)ရက်ညက ဝင်လာတယ်။ အဲဒီနေ့မတိုင်ခင်ကို လယ်ထဲတွေကိုစာပစ်တယ်။ လိုင်းပေါ်မှာလည်း တင်တယ်။ များသောအားဖြင့်တော့မသိဘူး။ (၁၀)ရာခိုင် နှုန်းတောင်မသိကျဘူး။ အဲဒီလိုဆိုတော့ တချို့ကလည်း မဖြစ်လောက်ဘူးဆိုပြီး နေကြတာရှိတာပေါ့ နော်။ အဲဒါနဲ့ ညပိုင်းဝင်လာပြီး သေနတ်သံတွေကြားရတယ်။ နောက်ပိုင်း လက်နက်ကြီးသံတွေ ကြားရ တော့ အကုန်လုံးက စိတ်ပူစရာတွေဖြစ်ကုန်ပြီးတော့ အိမ်ထဲကနေ အိမ်အပြင်မထွက်ရဲဘူး။ အဲဒီမှာ တချို့က လေးတွေဆိုရင်လည်း တုန်လို့၊ လူကြီးတွေဆိုရင်လည်း တော်တော်ကြောက်ကြတာ။ ကြောက် ကြတော့ အဲဒီနေ့က ဖြစ်ပြီးတော့ နောက်ပိုင်း တောက်လျှောက်ဖြစ်တော့လည်း မစားနိုင် မသောက်နိုင် တွေဖြစ်ကြရော။ အဲဒီလိုဆိုတော့ သူတို့ (၂၂)ရက် တစ်ညလုံးနဲ့ (၂၃)ရက် တစ်နေကုန် တစ်ညလုံး ကြောက်နေရတာ။ (၂၄)ရက်မှာ ထွက်ခွင့်ရတော့ အကုန်လုံးနီးပါး စလင်းဘက်ကိုထွက်လာကြတာ။ အကုန်လုံးက ဘေးကလွတ်ရင်ပြီးရောဆိုပြီး ထွက်ကြတာ။ အဲဒီကနေ ထွက်ကြတော့လည်း ဟိုသွား ရမ လိုဒီသွားရမလိုတွေ ဖြစ်ကြတာပေါ့နော်။ လောလောနဲ့ထွက်လာကြတယ်။ ဘာမှပါမလာဘူး ပေါ့နော်။ အဲဒီလိုဆိုတော့ တော်တော်ကြီးကိုဒုက္ခတွေဖြစ်တာပါ။ တချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် စလင်းမှာနေတဲ့လူတွေ ရှိ သေးတယ်။ အဲဒါနဲ့ ထွက်နေရင်းနဲ့ နွယ်တမယ်တံတား နားလည်း တိုက်ပွဲ ထပ် ဖြစ်ကြပြန်တယ်။ အဲဒီတုန်းကလည်း ဒေသခံတွေကတော့ တော်တော်လေးကို ကြောက်နေကြတာ။ ဆင် ဖြူကျွန်းကိုမပြောနဲ့ စလင်း မြို့ပေါ်ကလူတွေရဲ့မျက်နှာတွေကိုက အထိတ်ထိတ် အလန့်လန့်နဲ့ဖြစ်နေ တာ။ မသိတဲ့လူဖြစ်နေရင်တောင် PDF များဖြစ်နေမလား။ စစ်တပ်ကများဖြစ်နေမလားနဲ့ အဲဒီလိုမျိုး မျက်နှာတွေနဲ့ စိုးရိမ်စိတ်မျက်နှာတွေက အခုအထိမပျောက်သေးဘူးဖြစ်နေတာ။
မေး-ဆင်ဖြူကျွန်းမြို့တိုက်ပွဲက စလင်းအထိပါရိုက် ခတ်မှုရှိနေတာလား။
ဖြေ-ရိုက်ခတ်မှုရှိတာပေါ့။ စလင်းဘက်ကလည်း လက်နက်ကြီးပစ်တဲ့အခါမှာ အသံတွေကြားရတော့ မြို့ခံတွေလန့်ကြတာပေါ့။ စလင်းကမြို့ခံတွေကလည်း အစက ရှောင်ဖို့လုပ်နေကြတာ။ တချို့ဆိုရင် လည်း ပစ္စည်းတွေ မကွေးကိုပို့ဖို့လုပ်နေကြပြီ။ အဲဒီလိုတွေ ပြင်ထားကြရတာပေါ့။ ဆိုင်ကယ်ဆိုရင် လည်းအလွယ်တကူထွက်လို့ရအောင် လုပ်ထားကြရတာ။ တချို့ဆို ပစ္စည်းတွေ ရိက္ခာတွေ ကြိုပို့ထား ကြတယ်။ ရှောင် တယ်ဆိုတဲ့ကိစ္စကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးလေ။ ဘယ်အထိရှောင်ကြ မှာလဲ။ တတ်နိုင်မှုရှိသလား။ တတ်နိုင်ရင် အိမ်ငှားနေကြမလား။ တတ်နိုင်တဲ့ အားအပေါ်မူတည်ပြီး စား ဝတ်နေရေးလည်း ဘယ်လိုလုပ်ကြမလဲ။ စားရင်လည်း ပါလာတဲ့ပိုက်ဆံနဲ့စားရမှာ။ သူများအိမ် သွားနေ ရင်လည်း ရှင်းရှင်းပြောရရင် သူများကြည့်နေရမှာလေ။ ဘုန်းကြီးကျောင်းသွားနေရင်လည်း ခင်ဦးမှလေ။ ဆရာ ဒကာ ဒါမျိုးတွေလည်းရှိတော့ သွားတည်းဖို့အဆင်ပြေပါ့မလား။ ဘုန်းကြီး ကျောင်းတွေမှာလည်း သွားတည်းတဲ့လူက နည်းတာမှ မဟုတ်တာ။ မကွေးတံတားမှာကိုပဲ ဆင်ဖြူကျွန်းက ရှောင်တဲ့စစ်ရှောင် တွေက ယာဉ်တန်းတစ်တန်းကြီးပေါ့။ အဲဒီလို တစ်တန်းကြီးဖြတ်ကြတာ။
မေး-နေရပ်စွန့်ခွာတဲ့လူတွေက ဆင်ဖြူကျွန်းမှာ ဘယ်လောက်များလဲခင်ဗျ။
ဖြေ-ထွက်တုန်းကတော့ ရာနှုန်းပြည့်ပဲ။ အခုတော့ ပြန်ဝင်နေတာနည်းနည်းပဲရှိသေးတယ်။ နောက်ပြီး တော့ အနီးနားတစ်ဝိုက်မှာလည်း PDF မိုင်းတွေ ထောင်ပစ်ခဲ့တာတွေကိုပြန်ရှင်းနေတယ်လို့ပြောတယ်။ အဲဒါတော့ မသေချာဘူးပေါ့နော်။
မေး - ဆင်ဖြူကျွန်းကို သူတို့လာတိုက်တော့ ဘယ်လိုအခြေအနေရှိခဲ့လဲ။
ဖြေ - PDF က ရဲစခန်းကိုဝင်သိမ်းဖို့ပေါ့နော်။ ရဲစခန်းရှိတော့ စခန်းကိုစီးတာမှာ ဝင်းထဲအထိတောင် ရောက်တယ်။ ဝင်ဖို့လုပ်တဲ့အခါမှာ ရဲစခန်းက ဘန် ကာ(၂)ခုက ချတာမှာမခံနိုင်လို့ပြန်ဆုတ်သွားတာ။ သူတို့က အင်အား (၁၀ဝဝ)လောက်ရှိတယ်လို့ သိရ တယ်။ ဆင်ဖြူကျွန်းမှာက တပ်နဲ့ရဲနဲ့ပေါင်းမှ (၇၀) လောက်ပဲရှိတာ။ အဲဒီမှာ တံတားမကျအောင်ခံချတာ။ မြင်သာအောင်ပြောရရင် စလင်းကနေ ဆင်ဖြူ ကျွန်းကိုဝင်တဲ့လမ်းရှိတယ်။ အဲဒီလမ်းကိုပိတ်လိုက်တယ်။ အဲဒီလမ်းကိုပိတ်လိုက်တဲ့အခါမှာ ဆင်ဖြူ ကျွန်းက မြို့ကအရှည်ပေါ့နော်။ အဲဒီမှာ လမ်းမဘေးပတ်လည်မှာ တည်ထားတဲ့မြို့ဖြစ်နေတော့ အဲဒီမှာ တံတားနားမှာ ရဲစခန်းရှိနေတော့ တံတားကိုတစ်ကြောင်းထိုးတယ်။ နောက်ပြီး ဆင်ဖြူကျွန်းရဲ့မြောက် ဘက်နေပြီးတော့မှ ခုနပြောတဲ့မြစ်ဘက်ကိုထွက်တဲ့လမ်းကနေပတ်ဝင် တယ်၊ အဲဒီကနေ ရဲစခန်းကို တိုက်ရိုက်ဝင်တာပေါ့။ အဲဒီမှာ (၃)ကြောင်းပတ်ဝင်တာပေါ့။ မြို့ကို အပြီး ပြတ်သိမ်းဖို့ရည်ရွယ်ချက်ပဲ။ ပြောရရင် (၂၂)ရက်က စခဲ့တဲ့တိုက်ပွဲက (၂၃)၊ (၂၄) အထိ တိုက်ပွဲကြီးကြီးမား မားဖြစ်ခဲ့တယ်။ အဲဒီကနေ (၂၅) ကနေ (၃၀) အထိ တိုက်ပွဲမဖြစ်ဘူး။ သူတို့က ပြန်ခုခံနေတဲ့အနေအထား ပဲရှိတယ်ပေါ့နော်။ အမှန် တကယ်ဆိုရင် သူတို့က အဓိက အကျအဆုံးနည်းမယ်ဆိုရင် နောက်တစ်လှိုင်း ထပ်ပြီးလာရမှာလေ။ အဲဒီလိုမှန်းလို့ရတယ်။ ဘာလို့ဆို သူတို့တိုက်ပွဲဖြစ်အောင်လုပ်ချင်တာက ဒီဇင်ဘာလ (၂၈)ရက်ကိုလုပ် ချင်တာဆိုတော့ သူတို့က (၂၈)ရက်ကိုလုပ်မယ်လို့ ထင်ထားတာ။ (၂၈)ရက် မှာ ဘာမှမလုပ်ဘူးဆိုတော့ သူတို့ဘက်က အထိအ ခိုက်အကျဆုံးများပြီးတော့ သူတို့ဆုတ်သွားတာထင်တယ်။
မေး-ဒေသခံတွေကကော တိုက်ပွဲအပေါ် ဘယ်လိုသဘောထားလဲ။
ဖြေ-တချို့ကတော့ မယောင်မလည်ပေါ့။ ပြေးရမယ်ဆိုလည်းပြေးရမှာပေါ့။ သူတို့နဲ့ အဆက်အသွယ်ရှိ တယ်လို့ခန့်မှန်းရတဲ့လူတွေရော နောက်ပြီးတော့ တစ် ချိန်ကအနီတွေရောက ဝင်မလာစေချင်ဘူး။ စလင်းကတော့မြို့ကြီးတယ်။ တပ်အင်အားရှိတယ်။ ကာ ကွယ်နိုင်မှာပါ။ ဝင်မလာနိုင်ပါဘူး။ ဝင်လာရင် လည်း ဒုက္ခတွေများတာပေါ့။ အကုန်လုံးပြေးနေရာပေါ့။ ဒါကတော့ သူတို့ကိုထောက်ခံတဲ့လူတွေ ကိုယ် တိုင်က ပြောတာပေါ့။ (၂၃) ရက်တည်းက စပြီးဖြစ်လိုက်တာ (၃၀)ရက်အထိ ဆင်ဖြူကျွန်းကလူတွေ ရှောင်နေကြတယ်။ အခုထိ ပြန်ပြီး ဈေးလည်းမဖွင့်နိုင်၊ လူလည်း တိတ်တိတ်ပျောက်နေတာ။ လက်ထဲမှာ ငွေရှိတဲ့လူ။ စီးပွားရေးတောင့်တောင့်တင်းတင်းရှိတဲ့လူကတော့ ခံနိုင်ရည်ရှိပေမယ့် လက်လုပ်လက်စား ဖြစ်တဲ့ တစ်နေ့လုပ်မှတစ်နေ့စားရမယ့်မိသားစုက ဘယ်လိုလုပ်ကြမလဲ။ အဲဒီတော့ ဘယ်လောက်ကြီး ရင်နာဖို့ကောင်းလဲ။ ကျွန်တော်ကတော့ ဘယ်ဘက်မှမထောက်ခံဘူး။ ကြိုက်တယ်မကြိုက်တယ်လည်း မရှိဘူး။ ပြည်သူက ပြည်သူလိုပဲနေတယ်။ ဒါပေမဲ့ အရှင်းဆုံးပြောရရင် သူတို့က ပြည်သူ့ကာကွယ်ရေး တပ် ဆိုပြီးပြောပြီး တော့ ပြည်သူဒုက္ခရောက်အောင်လုပ်နေတာမဟုတ်လား။ အေးချမ်းနေတဲ့နေရာကို မအေးချမ်းအောင် ပုံဖော်နေတာမဟုတ်လား။ တကယ်တမ်း တော်လှန် ရေးတကယ်လုပ်ချင်ပါတယ်ဆို တဲ့လူတွေက တကယ်လုပ်ချင်ရင် စလင်းရဲ့တောင်ဘက်မှာ တပ်ရင်း (၃) ရင်းရှိတယ်။ တပ်ရင်း (၃) ရင်း ကိုသွားတိုက်ကြလေ။ နောက်တစ်ခုက ပြည်သူရှိနေတဲ့မြို့ပေါ်ကို ဘာလို့လာ တိုက်နေတာလဲ။ အဲဒါကို တစ်နည်းအားဖြင့်ပြောရရင် နိုင်ချင်လို့တိုက်နေတာလား။ ပုံရိပ်ဖျက်နေတာလား။ အဲဒါပဲရှိတယ်။ ပုံရိပ်ပဲ ဖျက်နေတာ။ နိုင်ချင်လို့တိုက်နေ တာမဟုတ်ဘူး နိုင်လည်းမနိုင်နိုင်ဘူး။ တစ်ခုရှိတယ်။ ဆင်ဖြူကျွန်းက မိသားစုတစ်စုရှိတယ်။ ပိတ်မိနေလို့ ရှောင်ချင်လို့ခွင့်တောင်းတာကို မပေးနိုင်ဘူးပေါ့။ မပေးနိုင်ဘူးဆို တော့ ညှိတော့ သိန်း(၂၀)တောင်းတယ်။ သူတို့ဖွင့်ပေးထားတဲ့အချိန်ထွက်တာ မမီလိုက်တာပေါ့နော်။ နောက်တစ်ခါ ကျောင်းကုန်းကြီးဖြစ်စဉ် မှာ တိုက်ပွဲဖြစ်တော့ ညဘယ်လိုမှကြို မသိဘူးလေ။ ကြိုမသိလို့ မပြေးနိုင်တော့ အသက် (၂၀)ကျော် မိန်း ကလေးတစ်ယောက်က သူကပြေးတဲ့အချိန်မှာ သူ့ခေါင်းနားက ကျည်ဆန်ဖြတ်သွားတော့ သူ့မှာ (၃) ရက်လောက်ကို ကြောင်တောင်တောင်ဖြစ်သွားတာ။ အဲဒီလိုပဲ ပြည် သူတွေခံစားနေရတာ။ အဲဒါကို ပျော်နေကြသလားပေါ့။
မေး-ဒေသခံတွေရဲ့လိုလားချက်က ဘာဖြစ်မလဲ။
ဖြေ-ကျွန်တော်တို့ပြည်သူတွေဘက်က သိတာတစ်ခုပဲရှိတယ်။ အဲဒါက ငြိမ်းချမ်းချင်တယ်။ အေးချမ်းချင် တယ်။ ကိုယ့်ရာပဲကိုယ် အေးအေးချမ်းချမ်းပြန်နေချင်တယ်။ အခုက သူတို့လုပ်နေတဲ့အလုပ်က သူတို့ ကိုယ်တိုင်သိရဲ့လားမသိဘူး။
မေး-အခုက ဆင်ဖြူကျွန်းက အဝိုင်းခံထားရတဲ့ သဘောလား။
ဖြေ-ဧရာဝတီကတင်ထားတဲ့သတင်းတစ်ပုဒ်ရှိတယ်လေ။ စလင်းနဲ့ဆင်ဖြူကျွန်း၊ ပွင့်ဖြူမြို့တွေကို NUG လက်အောက်ခံ PDF တွေက ဝိုင်းဝန်းပိတ်ဆို့ထားတယ်ဆိုတာ။ ဘာမှမပိတ်ဘူး။ သွားလို့ရတယ်။ စလင်း ကနေ မကွေးသွားမလား သွားလို့ရတယ်။ တောင်ဘက်ခြမ်းထွက်လို့ရတယ်။ မြောက်ဘက်သာ ထွက်လို့ မရတာ။ မြောက်ဘက်ကတော့ တစ်ခါတလေ ဖွင့်လိုက်၊ ပိတ်လိုက်ပေါ့။ အဲဒါကတော့ သူတို့ရှိနေတဲ့ အတွက် သူတို့ကရှိတယ်။ စစ်ကြောင်းကသွားလိုက် ရင် သူတို့ကနောက်ဆုတ်သွားရော။ ပြီးရင် ခဏနေ ရင်ပြန်ဝင်လာကော။ တက်လိုက် ဆုတ်လိုက်ပေါ့။ ထိုးစည်းထိုးသလိုဖြစ်နေတာ။
မေး-စစ်ရှောင်ဒေသခံတွေကော ဘယ်လိုအခက်အခဲ ရှိနေလဲ။
ဖြေ-တော်တော်ကိုခက်ခဲနေတယ်။ (၂၃)ရက်ကနေ (၂၈)ရက်အထိ တချို့ဆို ဘာမှမစားရမသောက်ရဘဲ နဲ့နေရတဲ့လူတွေကများနေတယ်။ စလင်းထွက်လာ တဲ့လူတွေကလည်း ကိုယ်ပိုင်ကားရှိတဲ့လူတွေက ကိုယ်ပိုင်ကားနဲ့လာ။ ဆိုင်ကယ်ရှိတဲ့လူကလည်း ဆိုင် ကယ်နဲ့လာပေါ့။ (၃)ဘီးရှိတဲ့လူက(၃)ဘီးနဲ့လာ။ ဘာမှမရှိတဲ့လူက လိုင်းကားနဲ့လိုက်လာ။ သူတို့နဲ့နီး စပ်ရာလေးတွေသွားပြီးတော့ ခိုလှုံကြတာပေါ့။ နောက်ဆုံးမရရင် ဘုန်းကြီးကျောင်းမှာပဲ ချို့ချို့တဲ့တဲ့ မှာပဲနေကြတာပေါ့။ စလင်းမှာလည်း စစ်ဘေး ရှောင်တာလည်းအများကြီးပဲ။ ပွင့်ဖြူမှာလည်း အများကြီးပဲ။ မကွေးဘက်ကိုသွားတာတော့ ပိုများတယ်။ ရှင်းရှင်းပြောရရင် ရှိတာလေးတွေကို ထုခွဲရောင်းချပြီး နေကြ ရတာပေါ့။ အနားနီးတဲ့ ပရဟိတအဖွဲ့တွေ ကလည်း လာပြီးကူညီတာပေါ့။ လက်လှမ်းမမီတာတော့လည်း မတတ်နိုင်ဘူးပေါ့။
မေး-ဆင်ဖြူကျွန်းကို ထပ်ပြီးတိုက်ပွဲဖော်လာနိုင်ခြေရှိလား။
ဖြေ-ပြောရရင်တော့ ရှိတယ်လို့ပြောရမှာပဲ။ ခက်တာက စလင်းက ပထမအသုတ်ထဲမှာမပါဘူး။ ဆင်ဖြူ ကျွန်းကလည်း စလင်းမြို့နယ်ထဲကမြို့ဖြစ်နေတယ်။ ရွေးကောက်ပွဲ ဒုတိယသုတ်ထဲမှာပါတာဆိုတော့ ဇန်နဝါရီလ (၁၁) ရက်အသုတ်ကိုလည်း သူတို့အနှောင့်အယှက်ပေးဦးမလားပေါ့။ အဲဒီလိုထင်ရတာပေါ့။ ပွင့်ဖြူမှာတော့ ရွေးကောက်ပွဲ(၂၈)ရက်မှာ ပြီးသွားတယ်ပေါ့။ ပွင့်ဖြူမှာကြုံရတာတော့ အသံဗုံး(၂) လုံးကွဲ တယ်။ ကျန်တာတော့ ဘာမှမဖြစ်ဘူး။
မေး-ပြောချင်တာက ရွေးကောက်ပွဲကိုနှောင့်ယှက်ချင်တာတော့ ဆင်ဖြူကျွန်းနဲ့စလင်းကို ဦးတည် တိုက် ပွဲဖော်နေတာလား။
ဖြေ-ဟုတ်ပါတယ်။ နောက်တစ်ခါ ဒီစလင်းက သူတို့အတွက် ရခိုင်ထွက်ပေါက်ပေါ့။ ကျန်တဲ့ဘက်က သူတို့ဘက်က ဝင်ပေါက်မရနိုင်တော့ စလင်းနေကမှ စေတုတ္တရာလမ်းအတိုင်းသွားတယ်။ ပြီးရင် လောင်း ရှည်။ အဲဒီလောင်းရှည်ကနေမှ စော။ စောကနေပြီးတော့မှ သွားတာပေါ့။ အဲဒီမှာ ကုန်ကားတွေနဲ့ စလင်း ကဆန်စက်တွေတော်တော်များများကလည်း ရခိုင်ဘက်ကို ပို့တယ်ပြောကြတယ်။
မေး- ဆင်ဖြူကျွန်းကို အတိုက်ပြပြီး စလင်းကို အရယူချင်တဲ့သဘောလား။
ဖြေ-သူတို့က သိမ်းချင်တာတော့ စလင်းကိုသိမ်းချင်တာပေါ့။ ဆင်ဖြူကျွန်းကိုရပြီးရင် စလင်းကို ဆက် တိုက်မယ်ပေါ့။ ဒါပေမဲ့ စလင်းကို မဝင်ရဲဘူး။ စလင်းရဲ့တောင်ဘက်မှာ တပ်(၃)တပ်ရှိတာကိုး။ တပ် (၃) တပ်ကြောင့်ပြီးရင် စစ်ကူလာမှာကိုကြောက်ပြီး မသိမ်းရဲဘူး။ အဲဒါကိုတော့ သူတို့ပွင့်ပွင့်လင်းလင်း ပြော ရရင်တော့ မသိမ်းရဲဘူးပေါ့နော်။ ဒါပေမဲ့ ဘယ်လိုအခြေအနေဖြစ်လာမလဲ မပြောတတ်ဘူးပေါ့နော်။ စလင်းကတော့ မြို့ကျယ်တယ်။ မြို့ကျယ်တော့ ဝင်ပေါက်တွေများတယ်။ တပ်အနေနဲ့ကလည်း လုံခြုံ ရေးကိုတော်တော်ကြီးယူထားရတဲ့အနေအထားရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့်ကိုယူထားရတာပေါ့။
မေး-ဒေသတွင်း ကျေးရွာဘက်ကအခြေအနေက ကော ဘာတွေထူးခြားလဲ။
ဖြေ-စလင်းချောင်းတစ်လျှောက်နဲ့ မြောက်ဘက်တွေ မှာ စိုးမိုးထားတဲ့အပိုင်းရှိတယ်။ ရွာတိုင်းတော့ မဟုတ်ဘူး။ သူတို့စိုးမိုးထားတဲ့အတွက် အခုနောက်ပိုင်း တော့ စိတ်ပျက်လာကြပြီ။ ထောက်ပံ့ကြေး တွေတောင်းတာကိုး။ ထောက်ပံ့ကြေးတွေတောင်းတယ်၊ ဘာတွေလုပ်တယ် ညာတွေလုပ်တယ်။ အဲဒီလို မျိုးပေါ့။ တဖြည်းဖြည်းနဲ့ သူတို့ဘက်ကိုလိုက်တဲ့လူတွေကတော့ သူတို့ထောက်ခံတဲ့လူတွေကတော့ အဆင်ပြေပေမယ့် ကြားနေပြည်သူကတော့ အဆင်မပြေဘူး။ တော်တော်ကို စိတ်ပျက်နေကြပြီ။


ကျေးဇူးတင်ပါတယ်။

Zawgyi Version:
ဆင္ျဖဴကြၽန္းၿမိဳ႕ရဲ႕ယမ္းေငြ႕ၾကားက ျပည္သူ႔အသံ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၉
မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕၏ေျမာက္ဘက္ (၄၅)မိုင္ခန႔္အကြာ ဧရာဝတီျမစ္ႏွင့္ ဆင္ျဖဴ ကြၽန္းေခ်ာင္း တို႔ေတြ႕ဆုံရာတြင္တည္ရွိသည့္ ဆိပ္ကမ္းၿမိဳ႕ျဖစ္ေသာ ဆင္ျဖဴကြၽန္းၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဒီဇင္ ဘာလ (၂၂)ရက္ကစတင္ကာ PDF တို႔၏ တိုက္ပြဲမ်ားေဖာ္ေဆာင္မႈေၾကာင့္ ၿမိဳ႕ခံအားလုံး နီးပါး ေနရပ္ စြန႔္ခြာခဲ့ရေၾကာင္းသိရသည္။ ယခင္ကေအးခ်မ္းစြာေနထိုင္လုပ္ကိုင္စားေသာက္ၾကေသာၿမိဳ႕ခံမ်ား သည္ တိုက္ပြဲေၾကာင့္စြန႔္ခြာခဲ့ၾကရာတြင္ အခက္အခဲမ်ားစြာျဖင့္ရင္ဆိုင္ေနၾကၿပီး အခ်ိဳ႕မွာ စိတ္ဒဏ္ရာမ်ားပင္ ရရွိေနခဲ့ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ ေဒသခံမ်ားမဖိတ္ေခၚဘဲ PDF တို႔ေဖာ္ေဆာင္ခဲ့သည့္ တိုက္ပြဲ အေပၚ ေဒသခံတို႔၏ သေဘာထား၊ ေဒသတြင္းအေျခအေနမ်ားႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး-ပထမဆုံးအေနနဲ႔ ဆင္ျဖဴကြၽန္းၿမိဳ႕ရဲ႕ လက္ရွိအေျခအေနဘယ္လိုရွိပါသလဲခင္ဗ်။
ေျဖ-လက္ရွိအေျခအေနကေတာ့ ဆင္ျဖဴကြၽန္းၿမိဳ႕မွာ လူမရွိေသးဘူး။ တျဖည္းျဖည္းနဲ႔ေတာ့ ျပန္ဝင္ လာၾကၿပီ။ အကုန္ျပန္ဝင္မယ္လို႔ေတာ့ေမွ်ာ္လင့္တာေပါ့။ ဆင္ျဖဴကြၽန္းနဲ႔ စလင္းၾကားမွာေတာ့ PDF ကရွိေသးတယ္။ သူက သရက္ခ်ည္တို႔႐ြာေတြမွာ ေပးမျဖတ္ေသးဘူးလို႔ေျပာတယ္။ စက္ဘီးတို႔ ဆိုင္ ကယ္တို႔ ျဖတ္လို႔ရတယ္။ သုံးဘီးတို႔ ကားတို႔ေတာ့ ေပးမျဖတ္ဘူး။ ဆင္ျဖဴကြၽန္းက စလင္းၿမိဳ႕နယ္ထဲက ၿမိဳ႕အေနေပါ့ေနာ္။
ေမး-ဆင္ျဖဴကြၽန္းက အရင္ကဘယ္လိုၿမိဳ႕လဲဗ်။
ေျဖ-အရင္တုန္းက စလင္းမွာလမ္းေတြမေကာင္းခင္တုန္းက လြန္ခဲ့တဲ့ႏွစ္(၂၀)(၃၀)ေလာက္ကေတာ့ ဆင္ျဖဴကြၽန္းက စီးပြားေရးၿမိဳ႕ေပါ့ေနာ္။ ဘာလို႔ဆိုရင္ ျမစ္ကမ္းနားကိုထြက္တဲ့လမ္းလည္းရွိတာကိုး။ အဲဒါ ေၾကာင့္ ျမစ္ကိုအမွီျပဳၿပီး သယ္ယူပို႔ေဆာင္ေရးနဲ႔ ကုန္စည္စီးဆင္းမႈက ပိုမ်ားတာကိုး။ အဲဒီလိုက်ေတာ့ ဆင္ျဖဴကြၽန္းက ပိုၿပီးစည္ကားတယ္ေျပာရမွာေပါ့။ ေနာက္ၿပီး စီးပြားေရးအခ်က္အခ်ာက်တာေပါ့ေနာ္။ ေနာက္ပိုင္း ကုန္လမ္းနဲ႔ေရလမ္းေပါက္လာတဲ့အခါက်ေတာ့ ကတၱရာလမ္းလည္းမျဖစ္ေသးဘူးေပါ့ေနာ္။ လမ္းေတြ ေကာင္းလာတယ္။ စလင္းၿမိဳ႕က ပိုစည္လာတယ္ေပါ့ေနာ္။ အဲဒီလိုဆိုေတာ့ စလင္းၿမိဳ႕က ပိုစည္ လာတာေပါ့။ အရင္တည္းက ဆင္ျဖဴကြၽန္းမွာက ပြဲ႐ုံေတြဘာေတြရွိတယ္။ အခုလည္းလက္ရွိ ထိပြဲ႐ုံေတြရွိ တယ္။ ေဈးႀကီးကလည္းစလင္းၿမိဳ႕ေဈးနီးပါးေလာက္ႀကီးတယ္။ ၿမိဳ႕ငယ္ေလးတစ္ခုထက္ေတာ့ ႀကီးတာ ေပါ့ေနာ္။
ေမး - စိုက္ပ်ိဳးေရးနဲ႔ပတ္သက္ၿပီး ဘယ္လိုစီးပြားေရးေတြလုပ္ၾကသလဲဗ်။
ေျဖ-စိုက္ပ်ိဳးေရးနဲ႔က အဲဒီလိုပဲပြဲ႐ုံေတြမ်ားတာေပါ့ေနာ္။ ေနာက္တစ္ခါ စက္ပိုင္းဆိုင္ရာမွာလည္း အစုံရွိ တယ္။ အရင္ကေတာ့ ေအးေအးခ်မ္းခ်မ္းလုပ္ကိုင္ စားေသာက္ၾကတဲ့ၿမိဳ႕ေပါ့။
ေမး-အဲဒီလို ေအးေအးခ်မ္းခ်မ္းျဖစ္ခဲ့တဲ့ၿမိဳ႕က ဘယ္အခ်ိန္ကစၿပီးတိုက္ပြဲျဖစ္လာတာလဲ။
ေျဖ-အရင္ကေတ့ ဆင္ျဖဴကြၽန္းကိုဝင္တိုက္တာေတြ မရွိခဲ့ဘူး။ အခုအႀကိမ္ကေတာ့ ပထမဆုံးအႀကိမ္ေပါ့ ေနာ္။ ဒီဇင္ဘာလ (၂၂)ရက္ ညပိုင္းကစျဖစ္ခဲ့တာ။
ေမး-လက္ရွိေကာ စစ္ေရးအေျခဘယ္လိုရွိလဲ။
ေျဖ-အခုေတာ့ၿငိမ္ေနတယ္။ ခ်ေနတာက ဆင္ျဖဴ ကြၽန္းအေနာက္ဘက္က မယ္တနယ္မွာ တပ္ကျပန္ ထိန္းထားၿပီ။ အရင္ေတာ့ အဲဒီမယ္တနယ္မွာ PDF ကျပည့္ရွိတယ္ေပါ့ေနာ္။ အဲဒီမယ္တနယ္ကေနသြား ရင္ေဆာက္လုပ္ေရးလမ္းခြဲဆိုတာရွိတယ္။ ေဆာက္ လုပ္ေရး႐ြာကေနၿပီးေတာ့ ဟိုဘက္က ေညာင္ဘက္ ကို ကတၱရာလမ္းအတိုင္းသြားလို႔ရတယ္။ ဒီဘက္႐ြာဘက္ေတြကိုလည္းသြားလို႔ရတယ္။ အဲဒီလိုသြားလို႔ရ တာေတြရွိတယ္။ အဲဒါက ဘယ္အထိေပါက္လဲဆိုရင္ ပုသိမ္-မုံ႐ြာအထိေပါက္တယ္။ အဲဒါက ေဝးေတာ့ ေဝးတယ္။ ေျမသားလမ္းပဲေပါ့။
ေမး-တိုက္ပြဲေတြျဖစ္ေနေတာ့ ဆင္ျဖဴကြၽန္းၿမိဳ႕ထဲမွာ လူရွိေသးလား။
ေျဖ-လူကေတာ့မရွိေတာ့ဘူးေပါ့ေနာ္။ တိုက္ပြဲေတြ ျဖစ္ေတာ့ထြက္ၾကတာေပါ့။ အဲဒီေတာ့ အေျခအေန ေလးကို နည္းနည္းေျပာျပမယ္။ အဲဒီ ဒီဇင္ဘာလ (၂၂)ရက္ညက ဝင္လာတယ္။ အဲဒီေန႔မတိုင္ခင္ကို လယ္ထဲေတြကိုစာပစ္တယ္။ လိုင္းေပၚမွာလည္း တင္တယ္။ မ်ားေသာအားျဖင့္ေတာ့မသိဘူး။ (၁၀)ရာခိုင္ ႏႈန္းေတာင္မသိက်ဘူး။ အဲဒီလိုဆိုေတာ့ တခ်ိဳ႕ကလည္း မျဖစ္ေလာက္ဘူးဆိုၿပီး ေနၾကတာရွိတာေပါ့ ေနာ္။ အဲဒါနဲ႔ ညပိုင္းဝင္လာၿပီး ေသနတ္သံေတြၾကားရတယ္။ ေနာက္ပိုင္း လက္နက္ႀကီးသံေတြ ၾကားရ ေတာ့ အကုန္လုံးက စိတ္ပူစရာေတြျဖစ္ကုန္ၿပီးေတာ့ အိမ္ထဲကေန အိမ္အျပင္မထြက္ရဲဘူး။ အဲဒီမွာ တခ်ိဳ႕က ေလးေတြဆိုရင္လည္း တုန္လို႔၊ လူႀကီးေတြဆိုရင္လည္း ေတာ္ေတာ္ေၾကာက္ၾကတာ။ ေၾကာက္ ၾကေတာ့ အဲဒီေန႔က ျဖစ္ၿပီးေတာ့ ေနာက္ပိုင္း ေတာက္ေလွ်ာက္ျဖစ္ေတာ့လည္း မစားႏိုင္ မေသာက္ႏိုင္ ေတြျဖစ္ၾကေရာ။ အဲဒီလိုဆိုေတာ့ သူတို႔ (၂၂)ရက္ တစ္ညလုံးနဲ႔ (၂၃)ရက္ တစ္ေနကုန္ တစ္ညလုံး ေၾကာက္ေနရတာ။ (၂၄)ရက္မွာ ထြက္ခြင့္ရေတာ့ အကုန္လုံးနီးပါး စလင္းဘက္ကိုထြက္လာၾကတာ။ အကုန္လုံးက ေဘးကလြတ္ရင္ၿပီးေရာဆိုၿပီး ထြက္ၾကတာ။ အဲဒီကေန ထြက္ၾကေတာ့လည္း ဟိုသြား ရမ လိုဒီသြားရမလိုေတြ ျဖစ္ၾကတာေပါ့ေနာ္။ ေလာေလာနဲ႔ထြက္လာၾကတယ္။ ဘာမွပါမလာဘူး ေပါ့ေနာ္။ အဲဒီလိုဆိုေတာ့ ေတာ္ေတာ္ႀကီးကိုဒုကၡေတြျဖစ္တာပါ။ တခ်ိဳ႕ကလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စလင္းမွာေနတဲ့လူေတြ ရွိ ေသးတယ္။ အဲဒါနဲ႔ ထြက္ေနရင္းနဲ႔ ႏြယ္တမယ္တံတား နားလည္း တိုက္ပြဲ ထပ္ ျဖစ္ၾကျပန္တယ္။ အဲဒီတုန္းကလည္း ေဒသခံေတြကေတာ့ ေတာ္ေတာ္ေလးကို ေၾကာက္ေနၾကတာ။ ဆင္ ျဖဴကြၽန္းကိုမေျပာနဲ႔ စလင္း ၿမိဳ႕ေပၚကလူေတြရဲ႕မ်က္ႏွာေတြကိုက အထိတ္ထိတ္ အလန႔္လန႔္နဲ႔ျဖစ္ေန တာ။ မသိတဲ့လူျဖစ္ေနရင္ေတာင္ PDF မ်ားျဖစ္ေနမလား။ စစ္တပ္ကမ်ားျဖစ္ေနမလားနဲ႔ အဲဒီလိုမ်ိဳး မ်က္ႏွာေတြနဲ႔ စိုးရိမ္စိတ္မ်က္ႏွာေတြက အခုအထိမေပ်ာက္ေသးဘူးျဖစ္ေနတာ။
ေမး-ဆင္ျဖဴကြၽန္းၿမိဳ႕တိုက္ပြဲက စလင္းအထိပါ႐ိုက္ ခတ္မႈရွိေနတာလား။
ေျဖ-႐ိုက္ခတ္မႈရွိတာေပါ့။ စလင္းဘက္ကလည္း လက္နက္ႀကီးပစ္တဲ့အခါမွာ အသံေတြၾကားရေတာ့ ၿမိဳ႕ခံေတြလန႔္ၾကတာေပါ့။ စလင္းကၿမိဳ႕ခံေတြကလည္း အစက ေရွာင္ဖို႔လုပ္ေနၾကတာ။ တခ်ိဳ႕ဆိုရင္ လည္း ပစၥည္းေတြ မေကြးကိုပို႔ဖို႔လုပ္ေနၾကၿပီ။ အဲဒီလိုေတြ ျပင္ထားၾကရတာေပါ့။ ဆိုင္ကယ္ဆိုရင္ လည္းအလြယ္တကူထြက္လို႔ရေအာင္ လုပ္ထားၾကရတာ။ တခ်ိဳ႕ဆို ပစၥည္းေတြ ရိကၡာေတြ ႀကိဳပို႔ထား ၾကတယ္။ ေရွာင္ တယ္ဆိုတဲ့ကိစၥကလည္းလြယ္တဲ့ကိစၥေတာ့မဟုတ္ဘူးေလ။ ဘယ္အထိေရွာင္ၾက မွာလဲ။ တတ္ႏိုင္မႈရွိသလား။ တတ္ႏိုင္ရင္ အိမ္ငွားေနၾကမလား။ တတ္ႏိုင္တဲ့ အားအေပၚမူတည္ၿပီး စား ဝတ္ေနေရးလည္း ဘယ္လိုလုပ္ၾကမလဲ။ စားရင္လည္း ပါလာတဲ့ပိုက္ဆံနဲ႔စားရမွာ။ သူမ်ားအိမ္ သြားေန ရင္လည္း ရွင္းရွင္းေျပာရရင္ သူမ်ားၾကည့္ေနရမွာေလ။ ဘုန္းႀကီးေက်ာင္းသြားေနရင္လည္း ခင္ဦးမွေလ။ ဆရာ ဒကာ ဒါမ်ိဳးေတြလည္းရွိေတာ့ သြားတည္းဖို႔အဆင္ေျပပါ့မလား။ ဘုန္းႀကီး ေက်ာင္းေတြမွာလည္း သြားတည္းတဲ့လူက နည္းတာမွ မဟုတ္တာ။ မေကြးတံတားမွာကိုပဲ ဆင္ျဖဴကြၽန္းက ေရွာင္တဲ့စစ္ေရွာင္ ေတြက ယာဥ္တန္းတစ္တန္းႀကီးေပါ့။ အဲဒီလို တစ္တန္းႀကီးျဖတ္ၾကတာ။
ေမး-ေနရပ္စြန႔္ခြာတဲ့လူေတြက ဆင္ျဖဴကြၽန္းမွာ ဘယ္ေလာက္မ်ားလဲခင္ဗ်။
ေျဖ-ထြက္တုန္းကေတာ့ ရာႏႈန္းျပည့္ပဲ။ အခုေတာ့ ျပန္ဝင္ေနတာနည္းနည္းပဲရွိေသးတယ္။ ေနာက္ၿပီး ေတာ့ အနီးနားတစ္ဝိုက္မွာလည္း PDF မိုင္းေတြ ေထာင္ပစ္ခဲ့တာေတြကိုျပန္ရွင္းေနတယ္လို႔ေျပာတယ္။ အဲဒါေတာ့ မေသခ်ာဘူးေပါ့ေနာ္။
ေမး - ဆင္ျဖဴကြၽန္းကို သူတို႔လာတိုက္ေတာ့ ဘယ္လိုအေျခအေနရွိခဲ့လဲ။
ေျဖ - PDF က ရဲစခန္းကိုဝင္သိမ္းဖို႔ေပါ့ေနာ္။ ရဲစခန္းရွိေတာ့ စခန္းကိုစီးတာမွာ ဝင္းထဲအထိေတာင္ ေရာက္တယ္။ ဝင္ဖို႔လုပ္တဲ့အခါမွာ ရဲစခန္းက ဘန္ ကာ(၂)ခုက ခ်တာမွာမခံႏိုင္လို႔ျပန္ဆုတ္သြားတာ။ သူတို႔က အင္အား (၁၀ဝဝ)ေလာက္ရွိတယ္လို႔ သိရ တယ္။ ဆင္ျဖဴကြၽန္းမွာက တပ္နဲ႔ရဲနဲ႔ေပါင္းမွ (၇၀) ေလာက္ပဲရွိတာ။ အဲဒီမွာ တံတားမက်ေအာင္ခံခ်တာ။ ျမင္သာေအာင္ေျပာရရင္ စလင္းကေန ဆင္ျဖဴ ကြၽန္းကိုဝင္တဲ့လမ္းရွိတယ္။ အဲဒီလမ္းကိုပိတ္လိုက္တယ္။ အဲဒီလမ္းကိုပိတ္လိုက္တဲ့အခါမွာ ဆင္ျဖဴ ကြၽန္းက ၿမိဳ႕ကအရွည္ေပါ့ေနာ္။ အဲဒီမွာ လမ္းမေဘးပတ္လည္မွာ တည္ထားတဲ့ၿမိဳ႕ျဖစ္ေနေတာ့ အဲဒီမွာ တံတားနားမွာ ရဲစခန္းရွိေနေတာ့ တံတားကိုတစ္ေၾကာင္းထိုးတယ္။ ေနာက္ၿပီး ဆင္ျဖဴကြၽန္းရဲ႕ေျမာက္ ဘက္ေနၿပီးေတာ့မွ ခုနေျပာတဲ့ျမစ္ဘက္ကိုထြက္တဲ့လမ္းကေနပတ္ဝင္ တယ္၊ အဲဒီကေန ရဲစခန္းကို တိုက္႐ိုက္ဝင္တာေပါ့။ အဲဒီမွာ (၃)ေၾကာင္းပတ္ဝင္တာေပါ့။ ၿမိဳ႕ကို အၿပီး ျပတ္သိမ္းဖို႔ရည္႐ြယ္ခ်က္ပဲ။ ေျပာရရင္ (၂၂)ရက္က စခဲ့တဲ့တိုက္ပြဲက (၂၃)၊ (၂၄) အထိ တိုက္ပြဲႀကီးႀကီးမား မားျဖစ္ခဲ့တယ္။ အဲဒီကေန (၂၅) ကေန (၃၀) အထိ တိုက္ပြဲမျဖစ္ဘူး။ သူတို႔က ျပန္ခုခံေနတဲ့အေနအထား ပဲရွိတယ္ေပါ့ေနာ္။ အမွန္ တကယ္ဆိုရင္ သူတို႔က အဓိက အက်အဆုံးနည္းမယ္ဆိုရင္ ေနာက္တစ္လႈိင္း ထပ္ၿပီးလာရမွာေလ။ အဲဒီလိုမွန္းလို႔ရတယ္။ ဘာလို႔ဆို သူတို႔တိုက္ပြဲျဖစ္ေအာင္လုပ္ခ်င္တာက ဒီဇင္ဘာလ (၂၈)ရက္ကိုလုပ္ ခ်င္တာဆိုေတာ့ သူတို႔က (၂၈)ရက္ကိုလုပ္မယ္လို႔ ထင္ထားတာ။ (၂၈)ရက္ မွာ ဘာမွမလုပ္ဘူးဆိုေတာ့ သူတို႔ဘက္က အထိအ ခိုက္အက်ဆုံးမ်ားၿပီးေတာ့ သူတို႔ဆုတ္သြားတာထင္တယ္။
ေမး-ေဒသခံေတြကေကာ တိုက္ပြဲအေပၚ ဘယ္လိုသေဘာထားလဲ။
ေျဖ-တခ်ိဳ႕ကေတာ့ မေယာင္မလည္ေပါ့။ ေျပးရမယ္ဆိုလည္းေျပးရမွာေပါ့။ သူတို႔နဲ႔ အဆက္အသြယ္ရွိ တယ္လို႔ခန႔္မွန္းရတဲ့လူေတြေရာ ေနာက္ၿပီးေတာ့ တစ္ ခ်ိန္ကအနီေတြေရာက ဝင္မလာေစခ်င္ဘူး။ စလင္းကေတာ့ၿမိဳ႕ႀကီးတယ္။ တပ္အင္အားရွိတယ္။ ကာ ကြယ္ႏိုင္မွာပါ။ ဝင္မလာႏိုင္ပါဘူး။ ဝင္လာရင္ လည္း ဒုကၡေတြမ်ားတာေပါ့။ အကုန္လုံးေျပးေနရာေပါ့။ ဒါကေတာ့ သူတို႔ကိုေထာက္ခံတဲ့လူေတြ ကိုယ္ တိုင္က ေျပာတာေပါ့။ (၂၃) ရက္တည္းက စၿပီးျဖစ္လိုက္တာ (၃၀)ရက္အထိ ဆင္ျဖဴကြၽန္းကလူေတြ ေရွာင္ေနၾကတယ္။ အခုထိ ျပန္ၿပီး ေဈးလည္းမဖြင့္ႏိုင္၊ လူလည္း တိတ္တိတ္ေပ်ာက္ေနတာ။ လက္ထဲမွာ ေငြရွိတဲ့လူ။ စီးပြားေရးေတာင့္ေတာင့္တင္းတင္းရွိတဲ့လူကေတာ့ ခံႏိုင္ရည္ရွိေပမယ့္ လက္လုပ္လက္စား ျဖစ္တဲ့ တစ္ေန႔လုပ္မွတစ္ေန႔စားရမယ့္မိသားစုက ဘယ္လိုလုပ္ၾကမလဲ။ အဲဒီေတာ့ ဘယ္ေလာက္ႀကီး ရင္နာဖို႔ေကာင္းလဲ။ ကြၽန္ေတာ္ကေတာ့ ဘယ္ဘက္မွမေထာက္ခံဘူး။ ႀကိဳက္တယ္မႀကိဳက္တယ္လည္း မရွိဘူး။ ျပည္သူက ျပည္သူလိုပဲေနတယ္။ ဒါေပမဲ့ အရွင္းဆုံးေျပာရရင္ သူတို႔က ျပည္သူ႔ကာကြယ္ေရး တပ္ ဆိုၿပီးေျပာၿပီး ေတာ့ ျပည္သူဒုကၡေရာက္ေအာင္လုပ္ေနတာမဟုတ္လား။ ေအးခ်မ္းေနတဲ့ေနရာကို မေအးခ်မ္းေအာင္ ပုံေဖာ္ေနတာမဟုတ္လား။ တကယ္တမ္း ေတာ္လွန္ ေရးတကယ္လုပ္ခ်င္ပါတယ္ဆို တဲ့လူေတြက တကယ္လုပ္ခ်င္ရင္ စလင္းရဲ႕ေတာင္ဘက္မွာ တပ္ရင္း (၃) ရင္းရွိတယ္။ တပ္ရင္း (၃) ရင္း ကိုသြားတိုက္ၾကေလ။ ေနာက္တစ္ခုက ျပည္သူရွိေနတဲ့ၿမိဳ႕ေပၚကို ဘာလို႔လာ တိုက္ေနတာလဲ။ အဲဒါကို တစ္နည္းအားျဖင့္ေျပာရရင္ ႏိုင္ခ်င္လို႔တိုက္ေနတာလား။ ပုံရိပ္ဖ်က္ေနတာလား။ အဲဒါပဲရွိတယ္။ ပုံရိပ္ပဲ ဖ်က္ေနတာ။ ႏိုင္ခ်င္လို႔တိုက္ေန တာမဟုတ္ဘူး ႏိုင္လည္းမႏိုင္ႏိုင္ဘူး။ တစ္ခုရွိတယ္။ ဆင္ျဖဴကြၽန္းက မိသားစုတစ္စုရွိတယ္။ ပိတ္မိေနလို႔ ေရွာင္ခ်င္လို႔ခြင့္ေတာင္းတာကို မေပးႏိုင္ဘူးေပါ့။ မေပးႏိုင္ဘူးဆို ေတာ့ ညႇိေတာ့ သိန္း(၂၀)ေတာင္းတယ္။ သူတို႔ဖြင့္ေပးထားတဲ့အခ်ိန္ထြက္တာ မမီလိုက္တာေပါ့ေနာ္။ ေနာက္တစ္ခါ ေက်ာင္းကုန္းႀကီးျဖစ္စဥ္ မွာ တိုက္ပြဲျဖစ္ေတာ့ ညဘယ္လိုမွႀကိဳ မသိဘူးေလ။ ႀကိဳမသိလို႔ မေျပးႏိုင္ေတာ့ အသက္ (၂၀)ေက်ာ္ မိန္း ကေလးတစ္ေယာက္က သူကေျပးတဲ့အခ်ိန္မွာ သူ႔ေခါင္းနားက က်ည္ဆန္ျဖတ္သြားေတာ့ သူ႔မွာ (၃) ရက္ေလာက္ကို ေၾကာင္ေတာင္ေတာင္ျဖစ္သြားတာ။ အဲဒီလိုပဲ ျပည္ သူေတြခံစားေနရတာ။ အဲဒါကို ေပ်ာ္ေနၾကသလားေပါ့။
ေမး-ေဒသခံေတြရဲ႕လိုလားခ်က္က ဘာျဖစ္မလဲ။
ေျဖ-ကြၽန္ေတာ္တို႔ျပည္သူေတြဘက္က သိတာတစ္ခုပဲရွိတယ္။ အဲဒါက ၿငိမ္းခ်မ္းခ်င္တယ္။ ေအးခ်မ္းခ်င္ တယ္။ ကိုယ့္ရာပဲကိုယ္ ေအးေအးခ်မ္းခ်မ္းျပန္ေနခ်င္တယ္။ အခုက သူတို႔လုပ္ေနတဲ့အလုပ္က သူတို႔ ကိုယ္တိုင္သိရဲ႕လားမသိဘူး။
ေမး-အခုက ဆင္ျဖဴကြၽန္းက အဝိုင္းခံထားရတဲ့ သေဘာလား။
ေျဖ-ဧရာဝတီကတင္ထားတဲ့သတင္းတစ္ပုဒ္ရွိတယ္ေလ။ စလင္းနဲ႔ဆင္ျဖဴကြၽန္း၊ ပြင့္ျဖဴၿမိဳ႕ေတြကို NUG လက္ေအာက္ခံ PDF ေတြက ဝိုင္းဝန္းပိတ္ဆို႔ထားတယ္ဆိုတာ။ ဘာမွမပိတ္ဘူး။ သြားလို႔ရတယ္။ စလင္း ကေန မေကြးသြားမလား သြားလို႔ရတယ္။ ေတာင္ဘက္ျခမ္းထြက္လို႔ရတယ္။ ေျမာက္ဘက္သာ ထြက္လို႔ မရတာ။ ေျမာက္ဘက္ကေတာ့ တစ္ခါတေလ ဖြင့္လိုက္၊ ပိတ္လိုက္ေပါ့။ အဲဒါကေတာ့ သူတို႔ရွိေနတဲ့ အတြက္ သူတို႔ကရွိတယ္။ စစ္ေၾကာင္းကသြားလိုက္ ရင္ သူတို႔ကေနာက္ဆုတ္သြားေရာ။ ၿပီးရင္ ခဏေန ရင္ျပန္ဝင္လာေကာ။ တက္လိုက္ ဆုတ္လိုက္ေပါ့။ ထိုးစည္းထိုးသလိုျဖစ္ေနတာ။
ေမး-စစ္ေရွာင္ေဒသခံေတြေကာ ဘယ္လိုအခက္အခဲ ရွိေနလဲ။
ေျဖ-ေတာ္ေတာ္ကိုခက္ခဲေနတယ္။ (၂၃)ရက္ကေန (၂၈)ရက္အထိ တခ်ိဳ႕ဆို ဘာမွမစားရမေသာက္ရဘဲ နဲ႔ေနရတဲ့လူေတြကမ်ားေနတယ္။ စလင္းထြက္လာ တဲ့လူေတြကလည္း ကိုယ္ပိုင္ကားရွိတဲ့လူေတြက ကိုယ္ပိုင္ကားနဲ႔လာ။ ဆိုင္ကယ္ရွိတဲ့လူကလည္း ဆိုင္ ကယ္နဲ႔လာေပါ့။ (၃)ဘီးရွိတဲ့လူက(၃)ဘီးနဲ႔လာ။ ဘာမွမရွိတဲ့လူက လိုင္းကားနဲ႔လိုက္လာ။ သူတို႔နဲ႔နီး စပ္ရာေလးေတြသြားၿပီးေတာ့ ခိုလႈံၾကတာေပါ့။ ေနာက္ဆုံးမရရင္ ဘုန္းႀကီးေက်ာင္းမွာပဲ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ မွာပဲေနၾကတာေပါ့။ စလင္းမွာလည္း စစ္ေဘး ေရွာင္တာလည္းအမ်ားႀကီးပဲ။ ပြင့္ျဖဴမွာလည္း အမ်ားႀကီးပဲ။ မေကြးဘက္ကိုသြားတာေတာ့ ပိုမ်ားတယ္။ ရွင္းရွင္းေျပာရရင္ ရွိတာေလးေတြကို ထုခြဲေရာင္းခ်ၿပီး ေနၾက ရတာေပါ့။ အနားနီးတဲ့ ပရဟိတအဖြဲ႕ေတြ ကလည္း လာၿပီးကူညီတာေပါ့။ လက္လွမ္းမမီတာေတာ့လည္း မတတ္ႏိုင္ဘူးေပါ့။
ေမး-ဆင္ျဖဴကြၽန္းကို ထပ္ၿပီးတိုက္ပြဲေဖာ္လာႏိုင္ေျခရွိလား။
ေျဖ-ေျပာရရင္ေတာ့ ရွိတယ္လို႔ေျပာရမွာပဲ။ ခက္တာက စလင္းက ပထမအသုတ္ထဲမွာမပါဘူး။ ဆင္ျဖဴ ကြၽန္းကလည္း စလင္းၿမိဳ႕နယ္ထဲကၿမိဳ႕ျဖစ္ေနတယ္။ ေ႐ြးေကာက္ပြဲ ဒုတိယသုတ္ထဲမွာပါတာဆိုေတာ့ ဇန္နဝါရီလ (၁၁) ရက္အသုတ္ကိုလည္း သူတို႔အေႏွာင့္အယွက္ေပးဦးမလားေပါ့။ အဲဒီလိုထင္ရတာေပါ့။ ပြင့္ျဖဴမွာေတာ့ ေ႐ြးေကာက္ပြဲ(၂၈)ရက္မွာ ၿပီးသြားတယ္ေပါ့။ ပြင့္ျဖဴမွာႀကဳံရတာေတာ့ အသံဗုံး(၂) လုံးကြဲ တယ္။ က်န္တာေတာ့ ဘာမွမျဖစ္ဘူး။
ေမး-ေျပာခ်င္တာက ေ႐ြးေကာက္ပြဲကိုေႏွာင့္ယွက္ခ်င္တာေတာ့ ဆင္ျဖဴကြၽန္းနဲ႔စလင္းကို ဦးတည္ တိုက္ ပြဲေဖာ္ေနတာလား။
ေျဖ-ဟုတ္ပါတယ္။ ေနာက္တစ္ခါ ဒီစလင္းက သူတို႔အတြက္ ရခိုင္ထြက္ေပါက္ေပါ့။ က်န္တဲ့ဘက္က သူတို႔ဘက္က ဝင္ေပါက္မရႏိုင္ေတာ့ စလင္းေနကမွ ေစတုတၱရာလမ္းအတိုင္းသြားတယ္။ ၿပီးရင္ ေလာင္း ရွည္။ အဲဒီေလာင္းရွည္ကေနမွ ေစာ။ ေစာကေနၿပီးေတာ့မွ သြားတာေပါ့။ အဲဒီမွာ ကုန္ကားေတြနဲ႔ စလင္း ကဆန္စက္ေတြေတာ္ေတာ္မ်ားမ်ားကလည္း ရခိုင္ဘက္ကို ပို႔တယ္ေျပာၾကတယ္။
ေမး- ဆင္ျဖဴကြၽန္းကို အတိုက္ျပၿပီး စလင္းကို အရယူခ်င္တဲ့သေဘာလား။
ေျဖ-သူတို႔က သိမ္းခ်င္တာေတာ့ စလင္းကိုသိမ္းခ်င္တာေပါ့။ ဆင္ျဖဴကြၽန္းကိုရၿပီးရင္ စလင္းကို ဆက္ တိုက္မယ္ေပါ့။ ဒါေပမဲ့ စလင္းကို မဝင္ရဲဘူး။ စလင္းရဲ႕ေတာင္ဘက္မွာ တပ္(၃)တပ္ရွိတာကိုး။ တပ္ (၃) တပ္ေၾကာင့္ၿပီးရင္ စစ္ကူလာမွာကိုေၾကာက္ၿပီး မသိမ္းရဲဘူး။ အဲဒါကိုေတာ့ သူတို႔ပြင့္ပြင့္လင္းလင္း ေျပာ ရရင္ေတာ့ မသိမ္းရဲဘူးေပါ့ေနာ္။ ဒါေပမဲ့ ဘယ္လိုအေျခအေနျဖစ္လာမလဲ မေျပာတတ္ဘူးေပါ့ေနာ္။ စလင္းကေတာ့ ၿမိဳ႕က်ယ္တယ္။ ၿမိဳ႕က်ယ္ေတာ့ ဝင္ေပါက္ေတြမ်ားတယ္။ တပ္အေနနဲ႔ကလည္း လုံၿခဳံ ေရးကိုေတာ္ေတာ္ႀကီးယူထားရတဲ့အေနအထားရွိတယ္။ က်ယ္က်ယ္ျပန႔္ျပန႔္ကိုယူထားရတာေပါ့။
ေမး-ေဒသတြင္း ေက်း႐ြာဘက္ကအေျခအေနက ေကာ ဘာေတြထူးျခားလဲ။
ေျဖ-စလင္းေခ်ာင္းတစ္ေလွ်ာက္နဲ႔ ေျမာက္ဘက္ေတြ မွာ စိုးမိုးထားတဲ့အပိုင္းရွိတယ္။ ႐ြာတိုင္းေတာ့ မဟုတ္ဘူး။ သူတို႔စိုးမိုးထားတဲ့အတြက္ အခုေနာက္ပိုင္း ေတာ့ စိတ္ပ်က္လာၾကၿပီ။ ေထာက္ပံ့ေၾကး ေတြေတာင္းတာကိုး။ ေထာက္ပံ့ေၾကးေတြေတာင္းတယ္၊ ဘာေတြလုပ္တယ္ ညာေတြလုပ္တယ္။ အဲဒီလို မ်ိဳးေပါ့။ တျဖည္းျဖည္းနဲ႔ သူတို႔ဘက္ကိုလိုက္တဲ့လူေတြကေတာ့ သူတို႔ေထာက္ခံတဲ့လူေတြကေတာ့ အဆင္ေျပေပမယ့္ ၾကားေနျပည္သူကေတာ့ အဆင္မေျပဘူး။ ေတာ္ေတာ္ကို စိတ္ပ်က္ေနၾကၿပီ။


ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.