မြေအရောင်းအဝယ် အေးလာသော်လည်း စက်ရုံအလုပ်ရုံများအတွက် စုံစမ်းသူများလာ

 1186

ပြည်ဖြိုး (NP News) - ဇန်နဝါရီ ၉

အိမ်ခြံမြေဈေးကွက်အတွင်းတွင် မြေအရောင်းအဝယ်အေးလာသော်လည်း စက်ရုံအလုပ်ရုံများ နှင့်ပတ်သက်ပြီး ဝယ်ယူရန်စုံစမ်းလာသူ အများအပြားရှိလာကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
“ဒီရက်ပိုင်း တော်တော်လေးလာစုံစမ်းသူ များလာတယ်၊ သူဌေးကလွှတ်လိုက်တဲ့သူတွေလို့တော့ ကြားရတာပဲ၊ သူဌေးလူယုံနဲ့ပွဲစားတွေက လာစုံစမ်းကြတာ၊ သူတို့သူဌေးက ဒီမှာမရှိဘူးတဲ့၊ သူတို့ဘက် ကဝယ်ချင်တယ်၊ ငှားမယ်ဆိုလည်း အငှားယူမယ်ဆိုတာမျိုးရှိလာတယ်”ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။
ထိုကဲ့သို့သော စက်ရုံအလုပ်ရုံများကို အပိုင်ဝယ်ယူရန် သို့မဟုတ် ငှားရမ်းရန်စုံစမ်းလာသူ များ နေသလို ယခင်က လည်ပတ်လုပ်ကိုင်ခဲ့ဖူးပြီး ဈေးကွက်အခြေအနေနှင့် လျှပ်စစ်မီးအပါအဝင် အထွေ ထွေကုန်ကျစရိတ်များကြောင့် ခေတ္တရပ်နားထားသည့်စက်ရုံများနှင့် ပိတ်သိမ်းထားသောအထည်ချုပ် စက်ရုံလိုစက်ရုံကြီးများကို စုံစမ်းလာကြခြင်းဖြစ်သည်။
“ပိုင်ရှင်ကိုယ်တိုင်က မကိုက်လို့နားထားတဲ့စက်ရုံတွေကို သူတို့က ရောင်းရင်လည်းဝယ်မယ်၊ ငှား မယ်ဆိုလည်းယူမယ်ဆိုတာမျိုးရှိလာတော့ တော်တော်လေးအံ့ဩမိပါတယ်၊ ဘာအလုပ်များလုပ်ကြ မလဲ၊ ဒါပေမဲ့ အဲဒါကကိုယ်နဲ့မှမဆိုင်တော့ မမေးမိဘူးလေ၊ ဘာပဲပြောပြောပေါ့၊ ဈေးကွက်ထဲအလုပ်ဖြစ်ရင် တော့လည်း ကျွန်တော်တို့အိမ်ခြံမြေလောကသား တွေအတွက်အကျိုးရှိတာပဲ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် နှစ်ကုန်ပိုင်းရောက်လာမှုနှင့်အတူ လာမည့်နှစ်အတွက် ထုတ် ပြန်လာနိုင်သည့်မူဝါဒများကြောင့် စောင့်ကြည့်သူများကာ ဈေးကွက်အေးလာသော်လည်း အဆိုပါ စက်ရုံ အလုပ်ရုံများနှင့်ပတ်သက်၍ စုံစမ်းလာသူအများအပြားရှိလာခဲ့ခြင်းလည်းဖြစ်သည်။
ယခုအခါ စက်မှုဇုန်မြေဈေးကွက်တွင် တည်ရှိရာနေရာ၊ လျှပ်စစ်မီးရရှိမှုအနေအထား စက်ရုံ သို့ မဟုတ် ဂိုဒေါင်ပါဝင်မှုတို့အပေါ်မူတည်၍ အမှတ် (၄)လမ်းမကြီးဘက် စက်မှုဇုန်မြေများတွင် စက်မှု ဂရန် မြေမှာ တစ်ဧက ကျပ်သိန်း (၂၅၀ဝဝ) ဖြင့်လည်း ကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုန် များတွင် တစ်ဧက သိန်းပေါင်း(၅၅၀ဝဝ)မှ (၁၀ဝဝဝ၀) ကြားဖြင့်လည်းကောင်း၊ ရွှေပေါက်ကံ စက်မှုဇုန် တွင် တစ်ဧက ကျပ်သိန်းပေါင်း (၅၅၀ဝဝ)မှ (၆၅၀ဝဝ) ကြားဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိစက်မှုဇုန်များတွင် တစ်ဧက ကျပ်သိန်း (၄၀ဝဝဝ)မှ (၆၀ဝဝဝ)ကြားဖြင့်လည်းကောင်း၊ ရန်ကုန် စက်မှုဇုန်(ဇေကမ္ဘာစက်မှုဇုန်)အတွင်းတွင် တစ်ဧက ကျပ်သိန်း (၅၀ဝဝဝ)မှ(၆၅၀ဝဝ)ကြားဖြင့်လည်း ကောင်း၊ လှိုင်သာယာစက်မှုဇုန်တွင် တစ်ဧက ကျပ် သိန်း (၄၀ဝဝဝ)မှ (၆၅၀ဝဝ) ကြားဖြင့်လည်းကောင်း စသည်ဖြင့် ဈေးခေါ်ရောင်းချခြင်းများရှိကြောင်းသိရသည်။

Zawgyi Version:
ေျမအေရာင္းအဝယ္ ေအးလာေသာ္လည္း စက္႐ုံအလုပ္႐ုံမ်ားအတြက္ စုံစမ္းသူမ်ားလာ
ျပည္ၿဖိဳး (NP News) - ဇန္နဝါရီ ၉
အိမ္ၿခံေျမေဈးကြက္အတြင္းတြင္ ေျမအေရာင္းအဝယ္ေအးလာေသာ္လည္း စက္႐ုံအလုပ္႐ုံမ်ား ႏွင့္ပတ္သက္ၿပီး ဝယ္ယူရန္စုံစမ္းလာသူ အမ်ားအျပားရွိလာေၾကာင္း အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရသည္။
“ဒီရက္ပိုင္း ေတာ္ေတာ္ေလးလာစုံစမ္းသူ မ်ားလာတယ္၊ သူေဌးကလႊတ္လိုက္တဲ့သူေတြလို႔ေတာ့ ၾကားရတာပဲ၊ သူေဌးလူယုံနဲ႔ပြဲစားေတြက လာစုံစမ္းၾကတာ၊ သူတို႔သူေဌးက ဒီမွာမရွိဘူးတဲ့၊ သူတို႔ဘက္ ကဝယ္ခ်င္တယ္၊ ငွားမယ္ဆိုလည္း အငွားယူမယ္ဆိုတာမ်ိဳးရွိလာတယ္”ဟု အိမ္ၿခံေျမအက်ိဳးေဆာင္ လုပ္ငန္းလုပ္ကိုင္သူတစ္ဦးကေျပာသည္။
ထိုကဲ့သို႔ေသာ စက္႐ုံအလုပ္႐ုံမ်ားကို အပိုင္ဝယ္ယူရန္ သို႔မဟုတ္ ငွားရမ္းရန္စုံစမ္းလာသူ မ်ား ေနသလို ယခင္က လည္ပတ္လုပ္ကိုင္ခဲ့ဖူးၿပီး ေဈးကြက္အေျခအေနႏွင့္ လွ်ပ္စစ္မီးအပါအဝင္ အေထြ ေထြကုန္က်စရိတ္မ်ားေၾကာင့္ ေခတၱရပ္နားထားသည့္စက္႐ုံမ်ားႏွင့္ ပိတ္သိမ္းထားေသာအထည္ခ်ဳပ္ စက္႐ုံလိုစက္႐ုံႀကီးမ်ားကို စုံစမ္းလာၾကျခင္းျဖစ္သည္။
“ပိုင္ရွင္ကိုယ္တိုင္က မကိုက္လို႔နားထားတဲ့စက္႐ုံေတြကို သူတို႔က ေရာင္းရင္လည္းဝယ္မယ္၊ ငွား မယ္ဆိုလည္းယူမယ္ဆိုတာမ်ိဳးရွိလာေတာ့ ေတာ္ေတာ္ေလးအံ့ဩမိပါတယ္၊ ဘာအလုပ္မ်ားလုပ္ၾက မလဲ၊ ဒါေပမဲ့ အဲဒါကကိုယ္နဲ႔မွမဆိုင္ေတာ့ မေမးမိဘူးေလ၊ ဘာပဲေျပာေျပာေပါ့၊ ေဈးကြက္ထဲအလုပ္ျဖစ္ရင္ ေတာ့လည္း ကြၽန္ေတာ္တို႔အိမ္ၿခံေျမေလာကသား ေတြအတြက္အက်ိဳးရွိတာပဲ”ဟု ၎က ဆက္လက္ ေျပာၾကားသည္။
လက္ရွိ အိမ္ၿခံေျမေဈးကြက္တြင္ ႏွစ္ကုန္ပိုင္းေရာက္လာမႈႏွင့္အတူ လာမည့္ႏွစ္အတြက္ ထုတ္ ျပန္လာႏိုင္သည့္မူဝါဒမ်ားေၾကာင့္ ေစာင့္ၾကည့္သူမ်ားကာ ေဈးကြက္ေအးလာေသာ္လည္း အဆိုပါ စက္႐ုံ အလုပ္႐ုံမ်ားႏွင့္ပတ္သက္၍ စုံစမ္းလာသူအမ်ားအျပားရွိလာခဲ့ျခင္းလည္းျဖစ္သည္။
ယခုအခါ စက္မႈဇုန္ေျမေဈးကြက္တြင္ တည္ရွိရာေနရာ၊ လွ်ပ္စစ္မီးရရွိမႈအေနအထား စက္႐ုံ သို႔ မဟုတ္ ဂိုေဒါင္ပါဝင္မႈတို႔အေပၚမူတည္၍ အမွတ္ (၄)လမ္းမႀကီးဘက္ စက္မႈဇုန္ေျမမ်ားတြင္ စက္မႈ ဂရန္ ေျမမွာ တစ္ဧက က်ပ္သိန္း (၂၅၀ဝဝ) ျဖင့္လည္း ေကာင္း၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္ရွိ စက္မႈဇုန္ မ်ားတြင္ တစ္ဧက သိန္းေပါင္း(၅၅၀ဝဝ)မွ (၁၀ဝဝဝ၀) ၾကားျဖင့္လည္းေကာင္း၊ ေ႐ႊေပါက္ကံ စက္မႈဇုန္ တြင္ တစ္ဧက က်ပ္သိန္းေပါင္း (၅၅၀ဝဝ)မွ (၆၅၀ဝဝ) ၾကားျဖင့္လည္းေကာင္း၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕ နယ္ရွိစက္မႈဇုန္မ်ားတြင္ တစ္ဧက က်ပ္သိန္း (၄၀ဝဝဝ)မွ (၆၀ဝဝဝ)ၾကားျဖင့္လည္းေကာင္း၊ ရန္ကုန္ စက္မႈဇုန္(ေဇကမာၻစက္မႈဇုန္)အတြင္းတြင္ တစ္ဧက က်ပ္သိန္း (၅၀ဝဝဝ)မွ(၆၅၀ဝဝ)ၾကားျဖင့္လည္း ေကာင္း၊ လႈိင္သာယာစက္မႈဇုန္တြင္ တစ္ဧက က်ပ္ သိန္း (၄၀ဝဝဝ)မွ (၆၅၀ဝဝ) ၾကားျဖင့္လည္းေကာင္း စသည္ျဖင့္ ေဈးေခၚေရာင္းခ်ျခင္းမ်ားရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.