ချိုင်းထောက်တစ်စုံနှင့် PDF လူငယ်တစ်ယောက်၏ရင်ဖွင့်စာ

3057

စစ်မုန်း (NP News) - ဇန်နဝါရီလ ၉
(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော နွေ ဦးတော်လှန်ရေးဆိုသည်မှာ (၄)နှစ်ကျော် (၅)နှစ်အ တွင်းရောက်ခဲ့ပြီ။ တော်လှန်ရေးကား မပြီးဆုံးသေး။ (၃)လအတွင်း၊ (၆)လအတွင်း၊ တစ်နှစ်အတွင်းတော် လှန်ရေးအောင်ရမည်ဟုကြွေးကြော်ကာ လူငယ်လူ ရွယ်များကိုလှုံ့ဆော်ခဲ့ကြသော်လည်း ၎င်းတို့၏ တော် လှန်ရေးအောင်မြင်ရေးလမ်းစမှာ အလှမ်းဝေးကာ ဘယ်ဆီနေမှန်းမသိ။ လမ်းစပျောက်နေကြဆဲရှိသည်။ ဆိုရလျှင် ၎င်းတို့၏မျှော်လင့်ချက်များမှာ ပျောက်သော လမ်းတွင် စမ်းတဝါးအခြေအနေရှိသေးသည်။
သို့ရာတွင် ဘေးလွတ်၊ ကျည်လွတ်နေရာများ (ပြည်ပနိုင်ငံများ)သို့သွားရောက်နေထိုင်ကြကာ ပြည် တွင်းမှလူငယ်များကို မျှော်လင့်ချက်အမှားများပေးပြီး တောတွင်းလက်နက်ကိုင်များအဖြစ်သို့ သွေးဆောင် စည်းရုံးနေကြသည်။ PDF လူငယ်တစ်ဦး၏အဆိုအရ ၎င်းတို့ သိလည်းမသိ၊ မြင်လည်းမမြင်ဖူးသော လူကြီး မင်းဆိုသူများက လှုံ့ဆော်မပျက်ရှိနေကြသည်။ ပြည် တွင်းမှလူငယ်များကား တော်လှန်ရေး အောင်မြင်ရေး အတွက်ဟုဆိုကာ မိမိတို့၏ခန္ဓာကိုယ်၊ အသက်များ၊ ဘဝများပေးဆပ်နေကြရဆဲရှိသည်။ ဤအချက်များ က (၁၀၂၇)စစ်ဆင်ရေးကာလအတွင်း PDF လူငယ် ကလေးများသည် မျှော်လင့်ချက်အမှားများကို ရင် ဝယ်ပိုက်ရင်း သေပွဲဝင်ခဲ့ကြရရှာသည်။ လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ အသုံးချခြင်းကိုခံလိုက်ကြရ သည်။ ကြေကွဲဖွယ်ရာလည်းဖြစ်သည်။
PDF လူငယ်တစ်ဦး၏အဆိုအရ တွေ့လည်း မတွေ့ဖူး၊ မြင်လည်း မမြင်ဖူးသော စိတ်ကူးထဲက လူ ကြီးမင်းဆိုသူများမှာ ခေတ်ပညာတတ်ကြီးများဖြစ်ကြ သည်။ အတတ်ပညာ၊ အသိပညာ ကြီးမြင့်သူများဖြစ် ကြသည်။ သို့ရာတွင် ၎င်းတို့မှာ စဉ်းစားဆင်ခြင်နိုင် သောဉာဏ်ပညာများ နုန့်နဲ့သူများဖြစ်ကြသည်။ နိုင်ငံ ၏ ဖြစ်တည်နေသောပကတိအခြေအနေများကို ကြည့်မြင်သိရှိနားလည်ခြင်းမရှိခဲ့ကြ။
အာဏာလောဘဇောကြောင့် လူငယ်များအား လမ်းမှားသို့ဖိတ်ခေါ်ခဲ့ပြီး နိုင်ငံအားလုံးပျက်သုံးရေး လမ်းကြောင်းပေါ်သို့ဆွဲတင်ခဲ့သည်။ လူကြီးမင်းဆိုသူ များ၏သွေးဆောင်မှုကြောင့် ကိုယ်လက်အင်္ဂါစွန့်လွှတ် ခဲ့ရသောလူငယ်တစ်ဦးက ၎င်း၏စိတ်ကူးထဲက လူကြီးမင်းသို့ပေးစာတစ်စောင်ကို ဖေ့စ်ဘွတ်ပေါ်က ရေးသားခဲ့သည်ကိုဖတ်လိုက်ရသည်။ ဤပေးစာကို ဖေ့စ်ဘွတ်ပေါ်တွင်ဖော်ပြရေးသားခဲ့သည်မှာ (၂၀၂၄)ခုနှစ်ကဖြစ်သည်။ ထိုအချိန်ကား (၁၀၂၇) တော်လှန်ရေးအရှိန် မြင့်တက်နေဆဲကာလလည်း ဖြစ်သည်။
ချိုင်းထောက်တစ်စုံနှင့် လူငယ်၏ပေးစာ
လူငယ်က သူ၏စာကို အောက်ပါအတိုင်း အစချီ ထားသည်။ “ဘယ်သူ့ကိုပို့ရမှန်းမသိလို့ လူကြီးမင်း လို့ပဲ လိပ်မူလိုက်ပါတယ်။ တိုင်းပြည်ကပျက်နေတော့ ကျွန်တော့်ခြေထောက်ပြတ်တာက သာမန်ပါပဲ။ လူ ကြီးမင်းလို့သာပြောနေတာ လူကြီးမင်းဆိုသော လူ ကြီးမင်းတွေက ဘယ်ဆီမှာမသိ။ ခြေထောက်မဖြတ် ခင်လတွေက တောထဲမှာလည်း လူကြီးမင်းလို့ စိတ် ကူးပုံဖော်မိတဲ့ကျွန်တော် လိပ်မူသူလူကြီးမင်းတွေကို မတွေ့ရပါဘူး။ ခြေထောက်ဖြတ်ပြီး အကိုက်အခဲ ပျောက်ဆေးတွေသောက်နေရတော့လည်း ဘယ်လူ ကြီးမင်းမှ ကျွန်တော့်ကို အားလာမပေးပါဘူး။ ကျွန် တော်တို့စိတ်ကူးထဲကလူကြီးတွေဟာ စိတ်ကူးထဲမှာ အခါခါသေသွားတယ်။ ကျွန်တော်နဲ့အတူတူထိတဲ့ တိုက်ပွဲကျသွားတဲ့ ခွဲမှူးကတော့ပြောတာပါပဲ။ ငါတို့ လူကြီးတွေရှိပါတယ်တဲ့၊ တစ်ခါ ရှေ့လက အိတ်တီ ဝမ်း အစမှန်လို့ကျောက်ကပ်တစ်လုံးထုတ်လိုက်ရတဲ့ ကောင်ကပြောတော့ ငါတို့မှာငါတို့ပဲရှိတယ်တဲ့။ ဘယ် တစ်ခုမှန်လဲ ငါ့ကောင်ရယ်ဆိုတော့ တည့်တည့်မှန်တာ က လက်နက်ကြီးအစပဲရှိတယ်တဲ့” PDF လူငယ် ကလေး၏ စိတ်နာနာနှင့်ပြောလိုက်သောစကားဖြစ် သည်။ သူတို့သည် ဦးဆောင်သူတွေနောက်က နောက်လိုက်ကောင်းဖြစ်ဖို့နှင့် လွတ်မြောက်ဖို့အတွက် စကားလုံးနောက်လိုက်ကာ မိဘရင်ခွင် စုံကန်ခဲ့ကြသူ များဖြစ်ကြသည်။ သို့ရာတွင် လူကြီးမင်းဆိုသူများကို ကား မတွေ့။ သတင်းမေးဖော်ပင်မရ။ လူငယ်က ရင် နာစွာပြောသည်။ " လူကြီးမင်းတွေကိုရှာတော့ မျောက် တွေလွှတ်ပေးလိုက်သလို ပျောက်သွားလိုက်ကြတာ။ အစအနကို ရှာမရ။ သိုသိပ်ကွယ်ဝှက်လိုက်ကြတာ” တဲ့။ လူငယ်သည် မိမိတစ်ဦးတည်းသာမဟုတ်။ မိမိ၏ညီငယ်ကိုပါခေါ်လာခဲ့သေးသည်။
သို့ဖြင့် သူရော၊ ညီငယ်ပါထွက်လာသဖြင့် မိ သားစုဘဝပျက်သွားခဲ့ရသည်။ မည်သူမျှ သိကြမည်မ ဟုတ်။ တောတွင်းတွင် လူကြီးမင်းဆိုသူများ၏ ဆွေ မျိုးတူသားများရှိမလားဟုရှာကြည့်သည်။ သို့သော် မတွေ့။ ကျွန်တော်တို့ ရဲဘော်ရဲဘက်အချင်းချင်းမိတ် ဆက်တဲ့အခါ လူကြီးမင်းတို့ရဲ့ဆွေနီးမျိုးစပ် တူသား မျိုးဆက်ကလေးများ တောထဲမှာတွေ့လေမလားလို့ တိုးတိုးမေးပေမယ့် တစ်ယောက်တလေမှတောင် မတွေ့ရပါဘူး။ နိုင်ငံကိုချစ်ကြတာချင်းအတူတူ လူ လည်တွေနဲ့တိုးရတယ်လို့"ဟုညည်းရှာသည်။ သူက နောင်တစကားကိုဆိုသည်။ “သူများမြှောက်ပေးတိုင်း ကခဲ့သောဘဝ။ ကံဆိုးတယ် ကံကောင်းတယ်လည်း မတွေးနေတော့ပါဘူး။ မြှောက်ပေးရင် ဂွေးတက်အောင် ကတဲ့ကောင်တွေပေါ့။ အခုတော့ ချိုင်းထောက်ကြီး တကားကားနဲ့ ကရ ခုန်ရ ခက်ပါဦးမယ်”ဟုဆိုသည်။ PDF များသည် တိုင်းရင်းသားများကို မဟာမိတ်အဖြစ် ဖွဲ့ခဲ့ကြ၊ လက်တွဲခဲ့ကြသည်။
သို့ရာတွင် တန်းတူရည်တူဆက်ဆံခြင်းခံရခြင်း ကားမရှိ။ သည်အဖြစ်ကို လူငယ်ကရင်ဖွင့်သည်။ " တိုင်းရင်းသားစကားနားမလည်တဲ့အခါလည်း ရှာမိ တယ်။ တိုင်ပြောချင်တာတွေရှိရင်လည်း ရှာမိတယ်။ တိုင်ပင်ချင်တဲ့အခါလည်း ရှာမိတယ်။ နောက်ဆုံး တော့ ရင်ဖွင့်စရာမရှိလို့ ခွေးတစ်ကောင်လောက် မွေး လိုက်ကြတော့တာပါပဲ။ မဟာမိတ်တွေနဲ့ တန်းတူမဖြစ် လို့ညစ်တဲ့အခါ နိုင်ငံရေးသမားတွေဟာ ငါတို့ကိုပစ် ထားခဲ့ကြပြီလို့ အားငယ်တဲ့ကောင်တွေလည်းရှိတယ်။ နိုင်ငံရေးသမားတွေဟာ ခေတ်အဆက်ဆက်ဦးဆောင် သူတွေလို့ကြားဖူးတာပါပဲ။ ကြားဖူးရုံပါပဲ။ ဒီသုံးနှစ်မှာ တော့ မမြင်ဖူးသေးပါဘူး။ ကိုယ်ပျောက်လူသားများ ဖြင့် တော်လှန်ရေးကို ဆက်လက်ချီတက်နေတယ်လို့ ကျွန်တော်သရော်တော့ လူကြီးမင်းတို့ကိုစော်ကားလို့ ကျွန်တော့်ခြေထောက်ပြတ်တာတဲ့"။ တကယ်လည်း ရှေ့က မားမားမတ်မတ်ဖြေရှင်းမည့်ခေါင်းဆောင်ဆိုသူ နိုင်ငံရေးသမားတွေကို သူမတွေ့ခဲ့ရ။ သူတွေ့ခဲ့ရသည်မှာ ဘဝပျက်သွားသူများသာဖြစ်သည်။
ထို့ကြောင့် တော်လှန်ရေးကို မြန်မြန်ပြီးစေချင်ပြီ။လူကြီးမင်းဆိုသူတွေက မိုင်ထောင်ချီဝေးသောနေရာ မှနေကာ တော်လှန်ရေးစကားတွေပြောတုန်း။ လူငယ် နာကျည်းမည်ဆိုလျှင်လည်း နာကျည်းစရာဖြစ်သည်။ “ဘဝပျက်သွားသူတွေကိုကြည့်ပြီး မြန်မြန်ပြီးသွား အောင် များများဝိုင်းတွန်းကြပါဆိုပြီး ကျွန်တော်တို့ ထထအော်တဲ့အခါ လူကြီးမင်းတို့ရပ်ဝန်းက နိုင်ငံခြား ဆိုတော့ အဝေးကြီးမို့ မကြားရဘူးထင်ပါတယ်။
ကိုယ်ထိမှနာ ကိုယ်နာမှသိတဲ့။ ကျည်ဆန်က ဘယ်မှာ မိုင်ထောင်ချီပြေးမှာလဲ။ လူကြီးမင်းတို့ မသိ နိုင်ပါဘူး။ ပတ်ဝန်းကျင်ကလည်း ကားဘီးပေါက်မှ ဝုန်းဒိုင်းကြားရတဲ့နေရာကိုး။ ]]အခုတော့ PDF လူ ငယ် စိတ်ပျက်လာပြီ။ မိမိဘဝကို မိမိသုံးသပ်မိတော့ အများယောင်လို့ အမောင် တောင်မှန်းမြောက် မှန်းမသိ၊ ရောယောင်လိုက်ခဲ့မိသောဘဝ၊ အနာဂတ် ပျောက်ခဲ့ရသောဘဝနှင့် ခြေတစ်ဖက်ဖြတ်လိုက်ရ သောဘဝကို နာကျည်းစွာ ဖွင့်ဟစကားဆိုသည်။
“တာဝန်ယူမှု တာဝန်ခံမှုတဲ့၊ ဌာနဆိုင်ရာတာဝန် ခံတွေသာ အများကြီး။ တာဝန်ယူသူကိုပတ်ရှာလည်း မတွေ့။ တာဝန်ယူသူတွေဟာ ရန်သူထက်ကို ရှောင် တာမြန်လွန်းတယ်။ စစ်မှန်းမသိ၊ မြစ်မှန်းမသိ။ အများ ကူးလို့ကူးနေတဲ့ကျွဲအုပ်ကြီးလို စိတ်ပျက်ရတာ အခါ ခါပါပဲ။ အခုတော့ ခြေထောက်လည်း ပြတ်၊ အနာဂတ် လည်း ပျက်၊ ကိုယ့်ရိက္ခာ ကိုယ်တိုင်ဝင်တောင်းနေရာ ကနေ အခုတော့ ကိုယ့်ချိုင်းထောက်နဲ့ကိုယ်လျှောက် ပေါ့။ အားမငယ်နဲ့ဆိုလို့ မငယ်ပါဘူး။ ခေတ်ဆိုးကြီးထဲ ကလူငယ်ပဲ။ ခြေတုရတော့လည်း ဖြုတ်ရတပ်ရ၊ ရှေ့ ရှေ့ကအတိုအပြတ်တွေဆီက သင်ယူရဦးမှာပေါ့ဗျာ" PDF လူငယ်က မိမိသူငယ်ချင်းများ၏ ခံစားနေရမှုကို ရင်ဖွင့်သည်။ လူကြီးမင်းဆိုသူများ၏ ကျည်လွတ်နယ် မြေနေရင်း ဇိမ်ခံနေမှုကိုလည်း ရုပ်လုံးဖော်ပြသည်။ PDF များ CDM များသို့ပို့ပေးသောပစ္စည်းဆိုသည် များမှာလည်း စိတ်ကူးပုံရိပ်များသာဖြစ်ပြီး ရရှိခြင်း မရှိ မှု၊ ဖြတ်တောက်ရယူမှုများကို လူငယ်ကရင်ဖွင့်သည်။
" သူငယ်ချင်း CDM ကျောင်းဆရာမလေးလည်း မဲဆောက်ကဘားမှာ ညဘက်အလုပ်ဆင်းနေတယ် တဲ့။ လူကြီးမင်းတို့နဲ့ဆုံတဲ့အခါ CDM တွေကို ဘောက်ဆူးများများပေးပါဗျာ။ ခက်တာက တော်လှန် ရေးပုံရိပ်တွေတက်ဖို့ထက် ကိုယ့်ပုံရိပ်ကိုယ် ပိုမြှင့်တင် နေကြသူတွေက အများသားမလား၊ လူကြီးမင်းတို့ပုံ ရိပ်များဖြင့် တော်လှန်ရေးကိုအရောင်တင်ပေးပါဦး။ စိတ်ကူးထဲကလူကြီးမင်းတို့ပို့တဲ့ စိတ်ကူးထဲကပစ္စည်း တွေလည်း တောထဲကိုရောက်ပါတယ်။ ကျွန်တော်တို့ ဆီသာမရောက်တာပါ။ တောထဲကိုတော့ ရောက်တယ် ကြားပါတယ်။ ပို့ပြီးမရောက်တာဆိုရင် ကြားမှာပျောက် တယ်ထင်ပါတယ်။ နောက်လည်း ရောက်မလာမယ့် အတူတူ ဒီစာထဲအြွမက်ထည့်ရေးတာပါ"။ တော်လှန် ရေးသာကြာလာသည်။ အတိုအပြတ်တွေသာများလာ သည်။ သေဆုံးသူတွေလည်းရှိကြမည်။ တော်လှန်ရေး အတွက်ဆိုပြီး တိုက်မည့်ခိုက်မည့်သူတွေရှိကြဦး မည်လား။ သည်တော့ သူမမြင်ဖူးသော၊ မတွေ့ဖူး သော လူကြီးမင်းဆိုသူများစဉ်းစားနိုင်ဖို့ PDF လူငယ်ကတောင်းဆိုသည်။
“ဆုတောင်းမိတာက ကိုယ့်စစ်တုရင်ခုံပေါ်က အရှေ့ဆုံးတန်းမှာ သေခိုင်းလို့ရ၊ တက်ခိုင်းလို့ရတဲ့ ပွန်းတွေရှိသေးရဲ့လား၊ မရှိတော့ဘူးလား၊ စိတ်ကူးထဲ ကလူကြီးမင်းတို့ သိပါစေ၊ မြင်ပါစေ၊ ကြားပါစေ။ ဟို ဘက်က ပေါ်တာဆွဲလိုက် ဒီဘက်က ပေါ်တာခေါ် လိုက် စီမံခန့်ခွဲမှုအလွဲထဲမှာ အတိုအပြတ်တွေ ထပ် ပေါ်လာဦးမှာထင်တယ်။ ကျွန်တော်ကတော့ အတို အပြတ် စီနီယာပဲ။ ပြောချင်တာကတော့ များတယ် ခင်ဗျာ။ ကြောက်လို့သာ ဆရာခေါ်ရတာ နီးနီးစပ်စပ် နေကြည့်တော့မှ ခေါင်းမှာလည်း ခွေးသန်းတွေနဲ့ဆို တာလိုပဲ၊ ဆရာ ဆရာ ခေါ်ခဲ့ရတာလည်း တော်လှန် ရေးအစကတည်းကပါပဲ။ စိတ်ကူးထဲက လူကြီးမင်း တို့ကို စိတ်ကူးထဲကပြောချင်တာတွေပြောပြတာပါ။ခြေပြတ် ရဲဘော်တစ်ယောက် ရိုးတွင်းခြင်ဆီကိုက်လို့ ဒူးအဆစ်ကအသားနုတက်လို့ ရေးမိရေးရာ ရေးလိုက် ပါတယ်။ ဘယ်ကိုပို့ရမယ်မှန်းမသိလို့ သို့-လူကြီး မင်းလို့ပဲ လိပ်မူလိုက်ရပါစေခင်ဗျာ"ဟူ၏။
လူငယ်တွေ အမြင်မှန်ရကြပါစေတော့
ဖေ့စ်ဘွတ်ပေါ်က PDF လူငယ်၏ပေးစာကိုဖတ် လိုက်ရတော့ နွေဦးတော်လှန်ရေး (၄)နှစ်ကျော် (၅) နှစ်ကာလအတွင်း လူငယ်တွေခံစားတွေ့ကြုံနေကြရသည့်ဘဝသရုပ်မှန်ကို တွေ့လိုက်ရသည်။ ကရင်ပြည် နယ်မှာ၊ ကယားပြည်နယ်မှာ၊ ရှမ်းမြောက်ဒေသမှာ ရှေ့တန်းကနေ အသေခံတိုက်ပွဲဝင်ရင်း သေဆုံးသွား ကြရရှာသူတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရရှာသူ တွေ ဘယ်ရွေ့ဘယ်လောက်ရှိခဲ့ပြီလဲ။ လူငယ်ပြောသ လို ကိုယ့်စစ်တုရင်ခုံပေါ်က ရှေ့ဆုံးတန်းမှာ သေခိုင်း လို့ရ၊ တက်ခိုင်းလို့ရတဲ့ပွန်းတွေ ရှိသေးရဲ့လား၊ မရှိ တော့ဘူးလား မသိနိုင်အောင်ဖြစ်ခဲ့ပြီ။
ဪသာ်-သည်လူငယ်များ၏ ဘဝနှင့်အသက်ကို ရင်းပြီး လူကြီးမင်းဆိုသူတို့လုပ်စားနေကြပါလားဟု လည်းမြင်လိုက်ရသည်။ လူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်နှင့်ခွန်အားတွေကို လူကြီးမင်းဆိုသူများ အသုံးချနေကြခြင်းဖြစ်သည်။ လူငယ်များကတော့ မျှော်လင့်ချက်များဖြင့် တောတွေ၊ တောင်တွေထဲမှာ တောကြမ်းပိုး၊ တောင်ကြမ်းပိုးဘဝဖြင့် အချိန်ကုန်ခဲ့ ကြရရှာသည်။ လူကြီးမင်းဆိုသူတွေကိုတောင် မမြင် ဖူးကြရှာ။ ထို့ကြောင့် ထိုထိုသော လူကြီးမင်းများကို PDF လူငယ်က စိတ်ကူးထဲကလူကြီးမင်းဟု အမည် တပ်ခဲ့ခြင်းဖြစ်မည်။
လူငယ်များအနေဖြင့် အသိမှန်၊ အမြင်မှန် ရကြ ရန်တော့လိုပြီ။ မိဘသားချင်းများကလည်း လမ်းစ တွေ ပျောက်၊ ဘဝတွေပျက်ခဲ့ရသောလူငယ်များအား လမ်းကြောင်းမှန်ပေါ်သို့ ဆွဲတင်နိုင်ကြရန်လိုပြီ။ အခြားတစ်ဖက်တွင်လည်း လမ်းမှန်ပေါ်တွင်လျှောက် လှမ်းနေသောလူငယ်များအား လမ်းမှားမရောက်စေ ဖို့ တားဆီးနိုင်ကြရန် PDF လူငယ်တစ်ယောက် ချိုင်း ထောက်တစ်စုံနှင့် ပေးစာတစ်စောင်က အသိများပေး နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
(ဖေ့စ်ဘွတ်ပေါ်တွင် ပေးစာရေးတင်ခဲ့သောလူငယ်အား Credit ပေးပါသည်။ အများသိရှိ သင်ခန်းစာရယူ နိုင်စေရန် ကူးယူဖော်ပြခြင်းအတွက်လည်း ခွင့်ပြုပေး ပါရန် အနူးအညွတ်မေတ္တာရပ်ခံပါသည်။)

Zawgyi Version:
ခ်ိဳင္းေထာက္တစ္စုံႏွင့္ PDF လူငယ္တစ္ေယာက္၏ရင္ဖြင့္စာ
စစ္မုန္း (NP News) - ဇန္နဝါရီလ ၉
(၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ခဲ့ေသာ ေႏြ ဦးေတာ္လွန္ေရးဆိုသည္မွာ (၄)ႏွစ္ေက်ာ္ (၅)ႏွစ္အ တြင္းေရာက္ခဲ့ၿပီ။ ေတာ္လွန္ေရးကား မၿပီးဆုံးေသး။ (၃)လအတြင္း၊ (၆)လအတြင္း၊ တစ္ႏွစ္အတြင္းေတာ္ လွန္ေရးေအာင္ရမည္ဟုေႂကြးေၾကာ္ကာ လူငယ္လူ ႐ြယ္မ်ားကိုလႈံ႕ေဆာ္ခဲ့ၾကေသာ္လည္း ၎တို႔၏ ေတာ္ လွန္ေရးေအာင္ျမင္ေရးလမ္းစမွာ အလွမ္းေဝးကာ ဘယ္ဆီေနမွန္းမသိ။ လမ္းစေပ်ာက္ေနၾကဆဲရွိသည္။ ဆိုရလွ်င္ ၎တို႔၏ေမွ်ာ္လင့္ခ်က္မ်ားမွာ ေပ်ာက္ေသာ လမ္းတြင္ စမ္းတဝါးအေျခအေနရွိေသးသည္။
သို႔ရာတြင္ ေဘးလြတ္၊ က်ည္လြတ္ေနရာမ်ား (ျပည္ပႏိုင္ငံမ်ား)သို႔သြားေရာက္ေနထိုင္ၾကကာ ျပည္ တြင္းမွလူငယ္မ်ားကို ေမွ်ာ္လင့္ခ်က္အမွားမ်ားေပးၿပီး ေတာတြင္းလက္နက္ကိုင္မ်ားအျဖစ္သို႔ ေသြးေဆာင္ စည္း႐ုံးေနၾကသည္။ PDF လူငယ္တစ္ဦး၏အဆိုအရ ၎တို႔ သိလည္းမသိ၊ ျမင္လည္းမျမင္ဖူးေသာ လူႀကီး မင္းဆိုသူမ်ားက လႈံ႕ေဆာ္မပ်က္ရွိေနၾကသည္။ ျပည္ တြင္းမွလူငယ္မ်ားကား ေတာ္လွန္ေရး ေအာင္ျမင္ေရး အတြက္ဟုဆိုကာ မိမိတို႔၏ခႏၶာကိုယ္၊ အသက္မ်ား၊ ဘဝမ်ားေပးဆပ္ေနၾကရဆဲရွိသည္။ ဤအခ်က္မ်ား က (၁၀၂၇)စစ္ဆင္ေရးကာလအတြင္း PDF လူငယ္ ကေလးမ်ားသည္ ေမွ်ာ္လင့္ခ်က္အမွားမ်ားကို ရင္ ဝယ္ပိုက္ရင္း ေသပြဲဝင္ခဲ့ၾကရရွာသည္။ လက္နက္ကိုင္ အဖြဲ႕အစည္းအခ်ိဳ႕၏ အသုံးခ်ျခင္းကိုခံလိုက္ၾကရ သည္။ ေၾကကြဲဖြယ္ရာလည္းျဖစ္သည္။
PDF လူငယ္တစ္ဦး၏အဆိုအရ ေတြ႕လည္း မေတြ႕ဖူး၊ ျမင္လည္း မျမင္ဖူးေသာ စိတ္ကူးထဲက လူ ႀကီးမင္းဆိုသူမ်ားမွာ ေခတ္ပညာတတ္ႀကီးမ်ားျဖစ္ၾက သည္။ အတတ္ပညာ၊ အသိပညာ ႀကီးျမင့္သူမ်ားျဖစ္ ၾကသည္။ သို႔ရာတြင္ ၎တို႔မွာ စဥ္းစားဆင္ျခင္ႏိုင္ ေသာဉာဏ္ပညာမ်ား ႏုန႔္နဲ႔သူမ်ားျဖစ္ၾကသည္။ ႏိုင္ငံ ၏ ျဖစ္တည္ေနေသာပကတိအေျခအေနမ်ားကို ၾကည့္ျမင္သိရွိနားလည္ျခင္းမရွိခဲ့ၾက။
အာဏာေလာဘေဇာေၾကာင့္ လူငယ္မ်ားအား လမ္းမွားသို႔ဖိတ္ေခၚခဲ့ၿပီး ႏိုင္ငံအားလုံးပ်က္သုံးေရး လမ္းေၾကာင္းေပၚသို႔ဆြဲတင္ခဲ့သည္။ လူႀကီးမင္းဆိုသူ မ်ား၏ေသြးေဆာင္မႈေၾကာင့္ ကိုယ္လက္အဂၤါစြန႔္လႊတ္ ခဲ့ရေသာလူငယ္တစ္ဦးက ၎၏စိတ္ကူးထဲက လူႀကီးမင္းသို႔ေပးစာတစ္ေစာင္ကို ေဖ့စ္ဘြတ္ေပၚက ေရးသားခဲ့သည္ကိုဖတ္လိုက္ရသည္။ ဤေပးစာကို ေဖ့စ္ဘြတ္ေပၚတြင္ေဖာ္ျပေရးသားခဲ့သည္မွာ (၂၀၂၄)ခုႏွစ္ကျဖစ္သည္။ ထိုအခ်ိန္ကား (၁၀၂၇) ေတာ္လွန္ေရးအရွိန္ ျမင့္တက္ေနဆဲကာလလည္း ျဖစ္သည္။
ခ်ိဳင္းေထာက္တစ္စုံႏွင့္ လူငယ္၏ေပးစာ
လူငယ္က သူ၏စာကို ေအာက္ပါအတိုင္း အစခ်ီ ထားသည္။ “ဘယ္သူ႔ကိုပို႔ရမွန္းမသိလို႔ လူႀကီးမင္း လို႔ပဲ လိပ္မူလိုက္ပါတယ္။ တိုင္းျပည္ကပ်က္ေနေတာ့ ကြၽန္ေတာ့္ေျခေထာက္ျပတ္တာက သာမန္ပါပဲ။ လူ ႀကီးမင္းလို႔သာေျပာေနတာ လူႀကီးမင္းဆိုေသာ လူ ႀကီးမင္းေတြက ဘယ္ဆီမွာမသိ။ ေျခေထာက္မျဖတ္ ခင္လေတြက ေတာထဲမွာလည္း လူႀကီးမင္းလို႔ စိတ္ ကူးပုံေဖာ္မိတဲ့ကြၽန္ေတာ္ လိပ္မူသူလူႀကီးမင္းေတြကို မေတြ႕ရပါဘူး။ ေျခေထာက္ျဖတ္ၿပီး အကိုက္အခဲ ေပ်ာက္ေဆးေတြေသာက္ေနရေတာ့လည္း ဘယ္လူ ႀကီးမင္းမွ ကြၽန္ေတာ့္ကို အားလာမေပးပါဘူး။ ကြၽန္ ေတာ္တို႔စိတ္ကူးထဲကလူႀကီးေတြဟာ စိတ္ကူးထဲမွာ အခါခါေသသြားတယ္။ ကြၽန္ေတာ္နဲ႔အတူတူထိတဲ့ တိုက္ပြဲက်သြားတဲ့ ခြဲမႉးကေတာ့ေျပာတာပါပဲ။ ငါတို႔ လူႀကီးေတြရွိပါတယ္တဲ့၊ တစ္ခါ ေရွ႕လက အိတ္တီ ဝမ္း အစမွန္လို႔ေက်ာက္ကပ္တစ္လုံးထုတ္လိုက္ရတဲ့ ေကာင္ကေျပာေတာ့ ငါတို႔မွာငါတို႔ပဲရွိတယ္တဲ့။ ဘယ္ တစ္ခုမွန္လဲ ငါ့ေကာင္ရယ္ဆိုေတာ့ တည့္တည့္မွန္တာ က လက္နက္ႀကီးအစပဲရွိတယ္တဲ့” PDF လူငယ္ ကေလး၏ စိတ္နာနာႏွင့္ေျပာလိုက္ေသာစကားျဖစ္ သည္။ သူတို႔သည္ ဦးေဆာင္သူေတြေနာက္က ေနာက္လိုက္ေကာင္းျဖစ္ဖို႔ႏွင့္ လြတ္ေျမာက္ဖို႔အတြက္ စကားလုံးေနာက္လိုက္ကာ မိဘရင္ခြင္ စုံကန္ခဲ့ၾကသူ မ်ားျဖစ္ၾကသည္။ သို႔ရာတြင္ လူႀကီးမင္းဆိုသူမ်ားကို ကား မေတြ႕။ သတင္းေမးေဖာ္ပင္မရ။ လူငယ္က ရင္ နာစြာေျပာသည္။ " လူႀကီးမင္းေတြကိုရွာေတာ့ ေမ်ာက္ ေတြလႊတ္ေပးလိုက္သလို ေပ်ာက္သြားလိုက္ၾကတာ။ အစအနကို ရွာမရ။ သိုသိပ္ကြယ္ဝွက္လိုက္ၾကတာ” တဲ့။ လူငယ္သည္ မိမိတစ္ဦးတည္းသာမဟုတ္။ မိမိ၏ညီငယ္ကိုပါေခၚလာခဲ့ေသးသည္။
သို႔ျဖင့္ သူေရာ၊ ညီငယ္ပါထြက္လာသျဖင့္ မိ သားစုဘဝပ်က္သြားခဲ့ရသည္။ မည္သူမွ် သိၾကမည္မ ဟုတ္။ ေတာတြင္းတြင္ လူႀကီးမင္းဆိုသူမ်ား၏ ေဆြ မ်ိဳးတူသားမ်ားရွိမလားဟုရွာၾကည့္သည္။ သို႔ေသာ္ မေတြ႕။ ကြၽန္ေတာ္တို႔ ရဲေဘာ္ရဲဘက္အခ်င္းခ်င္းမိတ္ ဆက္တဲ့အခါ လူႀကီးမင္းတို႔ရဲ႕ေဆြနီးမ်ိဳးစပ္ တူသား မ်ိဳးဆက္ကေလးမ်ား ေတာထဲမွာေတြ႕ေလမလားလို႔ တိုးတိုးေမးေပမယ့္ တစ္ေယာက္တေလမွေတာင္ မေတြ႕ရပါဘူး။ ႏိုင္ငံကိုခ်စ္ၾကတာခ်င္းအတူတူ လူ လည္ေတြနဲ႔တိုးရတယ္လို႔"ဟုညည္းရွာသည္။ သူက ေနာင္တစကားကိုဆိုသည္။ “သူမ်ားေျမႇာက္ေပးတိုင္း ကခဲ့ေသာဘဝ။ ကံဆိုးတယ္ ကံေကာင္းတယ္လည္း မေတြးေနေတာ့ပါဘူး။ ေျမႇာက္ေပးရင္ ေဂြးတက္ေအာင္ ကတဲ့ေကာင္ေတြေပါ့။ အခုေတာ့ ခ်ိဳင္းေထာက္ႀကီး တကားကားနဲ႔ ကရ ခုန္ရ ခက္ပါဦးမယ္”ဟုဆိုသည္။ PDF မ်ားသည္ တိုင္းရင္းသားမ်ားကို မဟာမိတ္အျဖစ္ ဖြဲ႕ခဲ့ၾက၊ လက္တြဲခဲ့ၾကသည္။
သို႔ရာတြင္ တန္းတူရည္တူဆက္ဆံျခင္းခံရျခင္း ကားမရွိ။ သည္အျဖစ္ကို လူငယ္ကရင္ဖြင့္သည္။ " တိုင္းရင္းသားစကားနားမလည္တဲ့အခါလည္း ရွာမိ တယ္။ တိုင္ေျပာခ်င္တာေတြရွိရင္လည္း ရွာမိတယ္။ တိုင္ပင္ခ်င္တဲ့အခါလည္း ရွာမိတယ္။ ေနာက္ဆုံး ေတာ့ ရင္ဖြင့္စရာမရွိလို႔ ေခြးတစ္ေကာင္ေလာက္ ေမြး လိုက္ၾကေတာ့တာပါပဲ။ မဟာမိတ္ေတြနဲ႔ တန္းတူမျဖစ္ လို႔ညစ္တဲ့အခါ ႏိုင္ငံေရးသမားေတြဟာ ငါတို႔ကိုပစ္ ထားခဲ့ၾကၿပီလို႔ အားငယ္တဲ့ေကာင္ေတြလည္းရွိတယ္။ ႏိုင္ငံေရးသမားေတြဟာ ေခတ္အဆက္ဆက္ဦးေဆာင္ သူေတြလို႔ၾကားဖူးတာပါပဲ။ ၾကားဖူး႐ုံပါပဲ။ ဒီသုံးႏွစ္မွာ ေတာ့ မျမင္ဖူးေသးပါဘူး။ ကိုယ္ေပ်ာက္လူသားမ်ား ျဖင့္ ေတာ္လွန္ေရးကို ဆက္လက္ခ်ီတက္ေနတယ္လို႔ ကြၽန္ေတာ္သေရာ္ေတာ့ လူႀကီးမင္းတို႔ကိုေစာ္ကားလို႔ ကြၽန္ေတာ့္ေျခေထာက္ျပတ္တာတဲ့"။ တကယ္လည္း ေရွ႕က မားမားမတ္မတ္ေျဖရွင္းမည့္ေခါင္းေဆာင္ဆိုသူ ႏိုင္ငံေရးသမားေတြကို သူမေတြ႕ခဲ့ရ။ သူေတြ႕ခဲ့ရသည္မွာ ဘဝပ်က္သြားသူမ်ားသာျဖစ္သည္။
ထို႔ေၾကာင့္ ေတာ္လွန္ေရးကို ျမန္ျမန္ၿပီးေစခ်င္ၿပီ။လူႀကီးမင္းဆိုသူေတြက မိုင္ေထာင္ခ်ီေဝးေသာေနရာ မွေနကာ ေတာ္လွန္ေရးစကားေတြေျပာတုန္း။ လူငယ္ နာက်ည္းမည္ဆိုလွ်င္လည္း နာက်ည္းစရာျဖစ္သည္။ “ဘဝပ်က္သြားသူေတြကိုၾကည့္ၿပီး ျမန္ျမန္ၿပီးသြား ေအာင္ မ်ားမ်ားဝိုင္းတြန္းၾကပါဆိုၿပီး ကြၽန္ေတာ္တို႔ ထထေအာ္တဲ့အခါ လူႀကီးမင္းတို႔ရပ္ဝန္းက ႏိုင္ငံျခား ဆိုေတာ့ အေဝးႀကီးမို႔ မၾကားရဘူးထင္ပါတယ္။
ကိုယ္ထိမွနာ ကိုယ္နာမွသိတဲ့။ က်ည္ဆန္က ဘယ္မွာ မိုင္ေထာင္ခ်ီေျပးမွာလဲ။ လူႀကီးမင္းတို႔ မသိ ႏိုင္ပါဘူး။ ပတ္ဝန္းက်င္ကလည္း ကားဘီးေပါက္မွ ဝုန္းဒိုင္းၾကားရတဲ့ေနရာကိုး။ ]]အခုေတာ့ PDF လူ ငယ္ စိတ္ပ်က္လာၿပီ။ မိမိဘဝကို မိမိသုံးသပ္မိေတာ့ အမ်ားေယာင္လို႔ အေမာင္ ေတာင္မွန္းေျမာက္ မွန္းမသိ၊ ေရာေယာင္လိုက္ခဲ့မိေသာဘဝ၊ အနာဂတ္ ေပ်ာက္ခဲ့ရေသာဘဝႏွင့္ ေျခတစ္ဖက္ျဖတ္လိုက္ရ ေသာဘဝကို နာက်ည္းစြာ ဖြင့္ဟစကားဆိုသည္။
“တာဝန္ယူမႈ တာဝန္ခံမႈတဲ့၊ ဌာနဆိုင္ရာတာဝန္ ခံေတြသာ အမ်ားႀကီး။ တာဝန္ယူသူကိုပတ္ရွာလည္း မေတြ႕။ တာဝန္ယူသူေတြဟာ ရန္သူထက္ကို ေရွာင္ တာျမန္လြန္းတယ္။ စစ္မွန္းမသိ၊ ျမစ္မွန္းမသိ။ အမ်ား ကူးလို႔ကူးေနတဲ့ကြၽဲအုပ္ႀကီးလို စိတ္ပ်က္ရတာ အခါ ခါပါပဲ။ အခုေတာ့ ေျခေထာက္လည္း ျပတ္၊ အနာဂတ္ လည္း ပ်က္၊ ကိုယ့္ရိကၡာ ကိုယ္တိုင္ဝင္ေတာင္းေနရာ ကေန အခုေတာ့ ကိုယ့္ခ်ိဳင္းေထာက္နဲ႔ကိုယ္ေလွ်ာက္ ေပါ့။ အားမငယ္နဲ႔ဆိုလို႔ မငယ္ပါဘူး။ ေခတ္ဆိုးႀကီးထဲ ကလူငယ္ပဲ။ ေျခတုရေတာ့လည္း ျဖဳတ္ရတပ္ရ၊ ေရွ႕ ေရွ႕ကအတိုအျပတ္ေတြဆီက သင္ယူရဦးမွာေပါ့ဗ်ာ" PDF လူငယ္က မိမိသူငယ္ခ်င္းမ်ား၏ ခံစားေနရမႈကို ရင္ဖြင့္သည္။ လူႀကီးမင္းဆိုသူမ်ား၏ က်ည္လြတ္နယ္ ေျမေနရင္း ဇိမ္ခံေနမႈကိုလည္း ႐ုပ္လုံးေဖာ္ျပသည္။ PDF မ်ား CDM မ်ားသို႔ပို႔ေပးေသာပစၥည္းဆိုသည္ မ်ားမွာလည္း စိတ္ကူးပုံရိပ္မ်ားသာျဖစ္ၿပီး ရရွိျခင္း မရွိ မႈ၊ ျဖတ္ေတာက္ရယူမႈမ်ားကို လူငယ္ကရင္ဖြင့္သည္။
" သူငယ္ခ်င္း CDM ေက်ာင္းဆရာမေလးလည္း မဲေဆာက္ကဘားမွာ ညဘက္အလုပ္ဆင္းေနတယ္ တဲ့။ လူႀကီးမင္းတို႔နဲ႔ဆုံတဲ့အခါ CDM ေတြကို ေဘာက္ဆူးမ်ားမ်ားေပးပါဗ်ာ။ ခက္တာက ေတာ္လွန္ ေရးပုံရိပ္ေတြတက္ဖို႔ထက္ ကိုယ့္ပုံရိပ္ကိုယ္ ပိုျမႇင့္တင္ ေနၾကသူေတြက အမ်ားသားမလား၊ လူႀကီးမင္းတို႔ပုံ ရိပ္မ်ားျဖင့္ ေတာ္လွန္ေရးကိုအေရာင္တင္ေပးပါဦး။ စိတ္ကူးထဲကလူႀကီးမင္းတို႔ပို႔တဲ့ စိတ္ကူးထဲကပစၥည္း ေတြလည္း ေတာထဲကိုေရာက္ပါတယ္။ ကြၽန္ေတာ္တို႔ ဆီသာမေရာက္တာပါ။ ေတာထဲကိုေတာ့ ေရာက္တယ္ ၾကားပါတယ္။ ပို႔ၿပီးမေရာက္တာဆိုရင္ ၾကားမွာေပ်ာက္ တယ္ထင္ပါတယ္။ ေနာက္လည္း ေရာက္မလာမယ့္ အတူတူ ဒီစာထဲႁအြမက္ထည့္ေရးတာပါ"။ ေတာ္လွန္ ေရးသာၾကာလာသည္။ အတိုအျပတ္ေတြသာမ်ားလာ သည္။ ေသဆုံးသူေတြလည္းရွိၾကမည္။ ေတာ္လွန္ေရး အတြက္ဆိုၿပီး တိုက္မည့္ခိုက္မည့္သူေတြရွိၾကဦး မည္လား။ သည္ေတာ့ သူမျမင္ဖူးေသာ၊ မေတြ႕ဖူး ေသာ လူႀကီးမင္းဆိုသူမ်ားစဥ္းစားႏိုင္ဖို႔ PDF လူငယ္ကေတာင္းဆိုသည္။
“ဆုေတာင္းမိတာက ကိုယ့္စစ္တုရင္ခုံေပၚက အေရွ႕ဆုံးတန္းမွာ ေသခိုင္းလို႔ရ၊ တက္ခိုင္းလို႔ရတဲ့ ပြန္းေတြရွိေသးရဲ႕လား၊ မရွိေတာ့ဘူးလား၊ စိတ္ကူးထဲ ကလူႀကီးမင္းတို႔ သိပါေစ၊ ျမင္ပါေစ၊ ၾကားပါေစ။ ဟို ဘက္က ေပၚတာဆြဲလိုက္ ဒီဘက္က ေပၚတာေခၚ လိုက္ စီမံခန႔္ခြဲမႈအလြဲထဲမွာ အတိုအျပတ္ေတြ ထပ္ ေပၚလာဦးမွာထင္တယ္။ ကြၽန္ေတာ္ကေတာ့ အတို အျပတ္ စီနီယာပဲ။ ေျပာခ်င္တာကေတာ့ မ်ားတယ္ ခင္ဗ်ာ။ ေၾကာက္လို႔သာ ဆရာေခၚရတာ နီးနီးစပ္စပ္ ေနၾကည့္ေတာ့မွ ေခါင္းမွာလည္း ေခြးသန္းေတြနဲ႔ဆို တာလိုပဲ၊ ဆရာ ဆရာ ေခၚခဲ့ရတာလည္း ေတာ္လွန္ ေရးအစကတည္းကပါပဲ။ စိတ္ကူးထဲက လူႀကီးမင္း တို႔ကို စိတ္ကူးထဲကေျပာခ်င္တာေတြေျပာျပတာပါ။ေျချပတ္ ရဲေဘာ္တစ္ေယာက္ ႐ိုးတြင္းျခင္ဆီကိုက္လို႔ ဒူးအဆစ္ကအသားႏုတက္လို႔ ေရးမိေရးရာ ေရးလိုက္ ပါတယ္။ ဘယ္ကိုပို႔ရမယ္မွန္းမသိလို႔ သို႔-လူႀကီး မင္းလို႔ပဲ လိပ္မူလိုက္ရပါေစခင္ဗ်ာ"ဟူ၏။
လူငယ္ေတြ အျမင္မွန္ရၾကပါေစေတာ့
ေဖ့စ္ဘြတ္ေပၚက PDF လူငယ္၏ေပးစာကိုဖတ္ လိုက္ရေတာ့ ေႏြဦးေတာ္လွန္ေရး (၄)ႏွစ္ေက်ာ္ (၅) ႏွစ္ကာလအတြင္း လူငယ္ေတြခံစားေတြ႕ႀကဳံေနၾကရသည့္ဘဝသ႐ုပ္မွန္ကို ေတြ႕လိုက္ရသည္။ ကရင္ျပည္ နယ္မွာ၊ ကယားျပည္နယ္မွာ၊ ရွမ္းေျမာက္ေဒသမွာ ေရွ႕တန္းကေန အေသခံတိုက္ပြဲဝင္ရင္း ေသဆုံးသြား ၾကရရွာသူေတြ၊ ကိုယ္လက္အဂၤါဆုံးရႈံးသြားရရွာသူ ေတြ ဘယ္ေ႐ြ႕ဘယ္ေလာက္ရွိခဲ့ၿပီလဲ။ လူငယ္ေျပာသ လို ကိုယ့္စစ္တုရင္ခုံေပၚက ေရွ႕ဆုံးတန္းမွာ ေသခိုင္း လို႔ရ၊ တက္ခိုင္းလို႔ရတဲ့ပြန္းေတြ ရွိေသးရဲ႕လား၊ မရွိ ေတာ့ဘူးလား မသိႏိုင္ေအာင္ျဖစ္ခဲ့ၿပီ။
ဪသာ္-သည္လူငယ္မ်ား၏ ဘဝႏွင့္အသက္ကို ရင္းၿပီး လူႀကီးမင္းဆိုသူတို႔လုပ္စားေနၾကပါလားဟု လည္းျမင္လိုက္ရသည္။ လူငယ္မ်ား၏ ျပင္းျပေသာစိတ္ဓာတ္ႏွင့္ခြန္အားေတြကို လူႀကီးမင္းဆိုသူမ်ား အသုံးခ်ေနၾကျခင္းျဖစ္သည္။ လူငယ္မ်ားကေတာ့ ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ေတာေတြ၊ ေတာင္ေတြထဲမွာ ေတာၾကမ္းပိုး၊ ေတာင္ၾကမ္းပိုးဘဝျဖင့္ အခ်ိန္ကုန္ခဲ့ ၾကရရွာသည္။ လူႀကီးမင္းဆိုသူေတြကိုေတာင္ မျမင္ ဖူးၾကရွာ။ ထို႔ေၾကာင့္ ထိုထိုေသာ လူႀကီးမင္းမ်ားကို PDF လူငယ္က စိတ္ကူးထဲကလူႀကီးမင္းဟု အမည္ တပ္ခဲ့ျခင္းျဖစ္မည္။
လူငယ္မ်ားအေနျဖင့္ အသိမွန္၊ အျမင္မွန္ ရၾက ရန္ေတာ့လိုၿပီ။ မိဘသားခ်င္းမ်ားကလည္း လမ္းစ ေတြ ေပ်ာက္၊ ဘဝေတြပ်က္ခဲ့ရေသာလူငယ္မ်ားအား လမ္းေၾကာင္းမွန္ေပၚသို႔ ဆြဲတင္ႏိုင္ၾကရန္လိုၿပီ။ အျခားတစ္ဖက္တြင္လည္း လမ္းမွန္ေပၚတြင္ေလွ်ာက္ လွမ္းေနေသာလူငယ္မ်ားအား လမ္းမွားမေရာက္ေစ ဖို႔ တားဆီးႏိုင္ၾကရန္ PDF လူငယ္တစ္ေယာက္ ခ်ိဳင္း ေထာက္တစ္စုံႏွင့္ ေပးစာတစ္ေစာင္က အသိမ်ားေပး ႏိုင္လိမ့္မည္ဟု ယုံၾကည္မိပါသည္။
(ေဖ့စ္ဘြတ္ေပၚတြင္ ေပးစာေရးတင္ခဲ့ေသာလူငယ္အား Credit ေပးပါသည္။ အမ်ားသိရွိ သင္ခန္းစာရယူ ႏိုင္ေစရန္ ကူးယူေဖာ္ျပျခင္းအတြက္လည္း ခြင့္ျပဳေပး ပါရန္ အႏူးအၫြတ္ေမတၱာရပ္ခံပါသည္။)