ဗြိတိန်မှာ ကလေးတွေ အဝလွန်ခြင်းကို လျှော့ချနိုင်ဖို့ ရုပ်မြင်သံကြားနဲ့ အွန်လိုင်းမှာ သရေစာ ကြော်ငြာတွေ တားမြစ်မည်

167

ရောင်နီ (NP News) - ဇန်နဝါရီ ၉
ဗြိတိန်နိုင်ငံမှာ အစိုးရက ကလေးတွေ အဝလွန်ခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ “ကမ္ဘာ့ဦးဆောင် လုပ်ဆောင်ချက်” လို့ခေါ်ဆိုတဲ့ သရေစာ အစားအစာကြောငြာတွေကို နေ့ခင်းဘက်ပြသတဲ့ရုပ်မြင်သံကြားနဲ့ အွန်လိုင်းကြော်ငြာကဏ္ဍမှ ဇန်နဝါရီ ၅ ရက်မှစ တားမြစ်လိုက်ပါတယ်။
အဆီ၊ ဆား (သို့မဟုတ်) သကြားများတဲ့ထုတ်ကုန်တွေအတွက် ပစ်မှတ်ထားတဲ့ ကြော်ငြာတားမြစ်ချက်ဟာ ကလေးတွေရဲ့ အစားအစာတွေမှ နှစ်စဉ် ကယ်လိုရီ ၇.၂ ဘီလီယံအထိ ဖယ်ရှားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ ည ၉ နာရီမတိုင်မီနဲ့ အွန်လိုင်း ဘယ်အချိန်မှာမဆိုထုတ်လွှင့်တဲ့ ကြော်ငြာတွေအပေါ်သက်ရောက်မှုရှိစေမှာဖြစ်ပြီး အဝလွန်နေတဲ့ကလေးအရေအတွက်ကို ၂၀,၀၀၀ ထိ လျှော့ချပေးနိုင်မှာဖြစ်ကာ ကျန်းမာရေးအကျိုးကျေးဇူး ပေါင် ၂ ဘီလီယံ (စင်ကာပူဒေါ်လာ ၃.၅ ဘီလီယံ) ခန့် ရရှိ နိုင်မယ်လို့ ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း အစိုးရက အဝလွန်မှုထိန်းချုပ်ဖို့ ပထမဆုံးကြော်ငြာခဲ့တဲ့အစီအမံတစ်ခုအဖြစ် အသင့်သောက် ကော်ဖီနဲ့ ဒိန်ချဉ်၊ အချိုရည် စတဲ့ သရေစာပစ္စည်းတွေအပေါ် သကြားခွန် တိုးမြှင့်ကောက်ခံခဲ့ပါ တယ်။ ဒီအစီအမံ တစိတ်တပိုင်းအနေနဲ့ ဒေသန္တရအာဏာပိုင်တွေကိုလည်း စာသင်ကျောင်းတွေပြင်ပမှာ သရေစာ အစားအစားဆိုင်ဖွင့်လှစ်ခြင်း တားမြစ်ဖို့ အာဏာပေးထားတယ်လို့ သိရပါတယ်။
ဗြိတိန်နိုင်ငံမှာ မူလတန်းကျောင်းစတင်တက်ရောက်တဲ့ ကလေး ၂၂ ရာခိုင်နှုန်း (ပုံမှန်အားဖြင့် အသက် ငါးနှစ်ခန့်) ဟာ အဝလွန်နေပြီး အသက် ၁၁ နှစ်အရွယ် အလယ်တန်းကျောင်းတွေ တက်ရောက်ချိန်မှာတော့ အဝလွန်တဲ့ရာခိုင်နှုန်းလေးပုံတစ်ပုံကျော်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါအပြင် ကလေးတွေမှာ သွားပိုးစားခြင်းဟာ ဗြိတိန်ဆေးရုံတွေမှာ ကလေးတွေကို ကုသရတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး အသက် ၅ နှစ်မှ ၉ နှစ်အရွယ် ကလေးငယ်တွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။

Zawgyi Version:
ၿဗိတိန္မွာ ကေလးေတြ အဝလြန္ျခင္းကို ေလွ်ာ့ခ်ႏိုင္ဖို႔ ႐ုပ္ျမင္သံၾကားနဲ႔ အြန္လိုင္းမွာ သေရစာ ေၾကာ္ျငာေတြ တားျမစ္မည္
ေရာင္နီ (NP News) - ဇန္နဝါရီ ၉
ၿဗိတိန္ႏိုင္ငံမွာ အစိုးရက ကေလးေတြ အဝလြန္ျခင္းကို ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ “ကမာၻ႔ဦးေဆာင္ လုပ္ေဆာင္ခ်က္” လို႔ေခၚဆိုတဲ့ သေရစာ အစားအစာေၾကာျငာေတြကို ေန႔ခင္းဘက္ျပသတဲ့႐ုပ္ျမင္သံၾကားနဲ႔ အြန္လိုင္းေၾကာ္ျငာက႑မွ ဇန္နဝါရီ ၅ ရက္မွစ တားျမစ္လိုက္ပါတယ္။
အဆီ၊ ဆား (သို႔မဟုတ္) သၾကားမ်ားတဲ့ထုတ္ကုန္ေတြအတြက္ ပစ္မွတ္ထားတဲ့ ေၾကာ္ျငာတားျမစ္ခ်က္ဟာ ကေလးေတြရဲ႕ အစားအစာေတြမွ ႏွစ္စဥ္ ကယ္လိုရီ ၇.၂ ဘီလီယံအထိ ဖယ္ရွားေပးႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဆိုပါတယ္။ ည ၉ နာရီမတိုင္မီနဲ႔ အြန္လိုင္း ဘယ္အခ်ိန္မွာမဆိုထုတ္လႊင့္တဲ့ ေၾကာ္ျငာေတြအေပၚသက္ေရာက္မႈရွိေစမွာျဖစ္ၿပီး အဝလြန္ေနတဲ့ကေလးအေရအတြက္ကို ၂၀,၀၀၀ ထိ ေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္ကာ က်န္းမာေရးအက်ိဳးေက်းဇူး ေပါင္ ၂ ဘီလီယံ (စင္ကာပူေဒၚလာ ၃.၅ ဘီလီယံ) ခန႔္ ရရွိ ႏိုင္မယ္လို႔ ဝန္ႀကီးဌာနက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလကလည္း အစိုးရက အဝလြန္မႈထိန္းခ်ဳပ္ဖို႔ ပထမဆုံးေၾကာ္ျငာခဲ့တဲ့အစီအမံတစ္ခုအျဖစ္ အသင့္ေသာက္ ေကာ္ဖီနဲ႔ ဒိန္ခ်ဥ္၊ အခ်ိဳရည္ စတဲ့ သေရစာပစၥည္းေတြအေပၚ သၾကားခြန္ တိုးျမႇင့္ေကာက္ခံခဲ့ပါ တယ္။ ဒီအစီအမံ တစိတ္တပိုင္းအေနနဲ႔ ေဒသႏၲရအာဏာပိုင္ေတြကိုလည္း စာသင္ေက်ာင္းေတြျပင္ပမွာ သေရစာ အစားအစားဆိုင္ဖြင့္လွစ္ျခင္း တားျမစ္ဖို႔ အာဏာေပးထားတယ္လို႔ သိရပါတယ္။
ၿဗိတိန္ႏိုင္ငံမွာ မူလတန္းေက်ာင္းစတင္တက္ေရာက္တဲ့ ကေလး ၂၂ ရာခိုင္ႏႈန္း (ပုံမွန္အားျဖင့္ အသက္ ငါးႏွစ္ခန႔္) ဟာ အဝလြန္ေနၿပီး အသက္ ၁၁ ႏွစ္အ႐ြယ္ အလယ္တန္းေက်ာင္းေတြ တက္ေရာက္ခ်ိန္မွာေတာ့ အဝလြန္တဲ့ရာခိုင္ႏႈန္းေလးပုံတစ္ပုံေက်ာ္အထိ ျမင့္တက္လာတယ္လို႔ ဆိုပါတယ္။ ဒါအျပင္ ကေလးေတြမွာ သြားပိုးစားျခင္းဟာ ၿဗိတိန္ေဆး႐ုံေတြမွာ ကေလးေတြကို ကုသရတဲ့ အဓိကအေၾကာင္းရင္းျဖစ္ၿပီး အသက္ ၅ ႏွစ္မွ ၉ ႏွစ္အ႐ြယ္ ကေလးငယ္ေတြမွာ အျဖစ္မ်ားတယ္လို႔ သိရပါတယ္။