သြစတြေးလျ၊ မဲလ်ဘုန်းမြို့မှာ အကျယ် ၈ မီတာရှိတဲ့ မြေကျွင်းကြီး ဖြစ်ပေါ်လာတာကြောင့် ဒေါ်လာ ၂၆ ဘီလီယံတန် မြောက်အရှေ့ချိတ်ဆက်စီမံကိန်း ရပ်ဆိုင်းလိုက်ရ

759

ရောင်နီ(NP News) - ဇန်နဝါရီ ၉
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်ဆင်ခြေဖုံးရပ်ကွက်၊ ပန်းခြံနဲ့ အားကစားကွင်းတစ်ခုမှာ တနင်္လာနေ့ (ဇန်နဝါရီ ၅ ရက်) က မြေကျွံမှုကြီးတစ်ခု ဖြစ်ပေါ်လာတာကြောင့် ဩစတြေးလျဒေါ်လာ ၂၆ ဘီလီယံ (စင်ကာပူဒေါ်လာ ၂၂.၃ ဘီလီယံ) တန် မြောက်အရှေ့ချိတ်ဆက်စီမံကိန်းမှာ ဥမင်လိုဏ်ခေါင်းတူးဖော်ရေးလုပ်ငန်း တွေကို ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။ အာဏာပိုင်တွေကတော့ မြေကျွင်းကြီးဟာ ဆက်လက်ကြီးထွား လာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးမှု မရှိဘူးလို့ ပြောပါတယ်။ ဗစ်တိုးရီးယားပြည်နယ် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂါဘရီယယ် ဝီလျံက မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ချိတ်ဆက်မှု အတွက် တည်ဆောက်ထားတဲ့ ဥမင်လိုဏ်ခေါင်းတည်ဆောက်မှုဟာ မြေကျွံရခြင်းရဲ့အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ယူဆထားပါတယ်။ လတ်တလောတော့ ဒေသခံတွေရဲ့နေအိမ်တွေအတွက် အန္တရာယ် မရှိသေးဘူးလို့ ဆိုပါတယ်။
မြေကျွင်းကြီးဟာ အကျယ် ၈ မီတာနဲ့ အနက် ၅ မီတာရှိတယ်လို့ သိရပါတယ်။ အဲဒီနေရာဟာ မြောက်အရှေ့ ချိတ်ဆက်မှုအတွက် တည်ဆောက်နေတဲ့ နေရာ အထက်မှာရှိပြီး မြေအောက်မှာ တူးဖော်ရေးစက်နှစ်ခုနဲ့ အလုပ် လုပ်နေတာဖြစ်ပါတယ်။ ဗစ်တိုးရီးယားပြည်နယ် အခြေခံအဆောက်အအုံပို့ဆောင်ရေးအာဏာပိုင် (VIDA) က ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့နဲ့ စုံစမ်းစစ်ဆေးနေစဉ်အတွင်း မြေကျွံ ပေါက်အနီးတစ်ဝိုက်ကို ကာရံထားကာ ဥမင်လိုဏ်ခေါင်းတူးဖော်မှု ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပါတယ်။
သြစတြေးလျမှာ မြေကျွံမှုကြီး ဖြစ်ပေါ်လာတာဟာ ဒါပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် အစောပိုင်းကလည်း မဲလ်ဘုန်းမြို့ရဲ့ နောက်ထပ်ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်တဲ့ Lower Plenty မှာရှိတဲ့ တူးဖော်ရေး အလုပ်ခွင်အနီးမှာ ၁၈ မီတာနက်တဲ့ မြေကျွံကျမှုတစ်ခု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

Zawgyi Version:
ၾသစေၾတးလ်၊ မဲလ္ဘုန္းၿမိဳ႕မွာ အက်ယ္ ၈ မီတာရွိတဲ့ ေျမကြၽင္းႀကီး ျဖစ္ေပၚလာတာေၾကာင့္ ေဒၚလာ ၂၆ ဘီလီယံတန္ ေျမာက္အေရွ႕ခ်ိတ္ဆက္စီမံကိန္း ရပ္ဆိုင္းလိုက္ရ
ေရာင္နီ(NP News) - ဇန္နဝါရီ ၉
ၾသစေၾတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းၿမိဳ႕ရဲ႕ ဟိုက္ဒယ္လ္ဘာ့ဂ္ဆင္ေျခဖုံးရပ္ကြက္၊ ပန္းၿခံနဲ႔ အားကစားကြင္းတစ္ခုမွာ တနလၤာေန႔ (ဇန္နဝါရီ ၅ ရက္) က ေျမကြၽံမႈႀကီးတစ္ခု ျဖစ္ေပၚလာတာေၾကာင့္ ဩစေၾတးလ်ေဒၚလာ ၂၆ ဘီလီယံ (စင္ကာပူေဒၚလာ ၂၂.၃ ဘီလီယံ) တန္ ေျမာက္အေရွ႕ခ်ိတ္ဆက္စီမံကိန္းမွာ ဥမင္လိုဏ္ေခါင္းတူးေဖာ္ေရးလုပ္ငန္း ေတြကို ရပ္ဆိုင္းလိုက္ရတယ္လို႔ သိရပါတယ္။ အာဏာပိုင္ေတြကေတာ့ ေျမကြၽင္းႀကီးဟာ ဆက္လက္ႀကီးထြား လာႏိုင္တယ္လို႔ သတိေပးထားပါတယ္။
ဒီအျဖစ္အပ်က္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူ ဒါမွမဟုတ္ ပစၥည္းပ်က္စီးဆုံးရႈံးမႈ မရွိဘူးလို႔ ေျပာပါတယ္။ ဗစ္တိုးရီးယားျပည္နယ္ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီး ဂါဘရီယယ္ ဝီလ်ံက ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္း ခ်ိတ္ဆက္မႈ အတြက္ တည္ေဆာက္ထားတဲ့ ဥမင္လိုဏ္ေခါင္းတည္ေဆာက္မႈဟာ ေျမကြၽံရျခင္းရဲ႕အဓိကအေၾကာင္းရင္း ျဖစ္တယ္လို႔ ယူဆထားပါတယ္။ လတ္တေလာေတာ့ ေဒသခံေတြရဲ႕ေနအိမ္ေတြအတြက္ အႏၲရာယ္ မရွိေသးဘူးလို႔ ဆိုပါတယ္။
ေျမကြၽင္းႀကီးဟာ အက်ယ္ ၈ မီတာနဲ႔ အနက္ ၅ မီတာရွိတယ္လို႔ သိရပါတယ္။ အဲဒီေနရာဟာ ေျမာက္အေရွ႕ ခ်ိတ္ဆက္မႈအတြက္ တည္ေဆာက္ေနတဲ့ ေနရာ အထက္မွာရွိၿပီး ေျမေအာက္မွာ တူးေဖာ္ေရးစက္ႏွစ္ခုနဲ႔ အလုပ္ လုပ္ေနတာျဖစ္ပါတယ္။ ဗစ္တိုးရီးယားျပည္နယ္ အေျခခံအေဆာက္အအုံပို႔ေဆာင္ေရးအာဏာပိုင္ (VIDA) က ဒီအျဖစ္အပ်က္အတြက္ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ဖို႔နဲ႔ စုံစမ္းစစ္ေဆးေနစဥ္အတြင္း ေျမကြၽံ ေပါက္အနီးတစ္ဝိုက္ကို ကာရံထားကာ ဥမင္လိုဏ္ေခါင္းတူးေဖာ္မႈ ရပ္ဆိုင္းထားဖို႔ ၫႊန္ၾကားထားပါတယ္။
ၾသစေၾတးလ်မွာ ေျမကြၽံမႈႀကီး ျဖစ္ေပၚလာတာဟာ ဒါပထမဆုံး အႀကိမ္ေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ အေစာပိုင္းကလည္း မဲလ္ဘုန္းၿမိဳ႕ရဲ႕ ေနာက္ထပ္ဆင္ေျခဖုံးရပ္ကြက္တစ္ခုျဖစ္တဲ့ Lower Plenty မွာရွိတဲ့ တူးေဖာ္ေရး အလုပ္ခြင္အနီးမွာ ၁၈ မီတာနက္တဲ့ ေျမကြၽံက်မႈတစ္ခု ျဖစ္ေပၚခဲ့ဖူးပါတယ္။