စင်ကာပူမှာ ဈေးဝယ်စင်တာ အိမ်သာထဲ၊ အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ မထီမဲ့မြင်ပြုလုပ်ခဲ့တဲ့ မလေးရှားအမျိုးသား ထောင်ဒဏ်ချမှတ်ခံရ

469

ရောင်နီ (NP News) - ဇန်နဝါရီ ၉
စင်ကာပူမှာ အများသုံး အိမ်သာထဲ အသက် ၁၅ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမူအရာတွေပြသခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ကြသပတေးနေ့ (ဇန်နဝါရီ ၈ ရက်) ထောင်ဒဏ် သီတင်းလေးပတ် ချမှတ်ခံလိုက်ရပါတယ်။
မလေးရှားလူမျိုး လိုဂက်စ်ဝါရန်ရာဂျာကူမာရန် အမည်ရှိ အမျိုးသားဟာ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ တရားရုံးက ကြားနာမှုအရ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်တဲ့ ပြစ်မှုကျူးလွန်ခံရသူဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၄ ရက် ည ၉ နာရီခန့်က ကျောင်းမှ အိမ်ကို အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ် အသုံးပြုပြီး ပြန်လာခဲ့ပါတယ်။
သူဟာ Boys' Brigade ကျောင်း ယူနီဖောင်း ဝတ်ဆင်ထားခဲ့တာဖြစ်ပြီး Senja Hawker ဈေးဝယ်စင်တာမှာ အိမ်သာဝင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ လိုဂက်စ်ဝါရန် အမည်ရှိ အမျိုးသားက သူဟာ အရွယ်မရောက်သေးတဲ့ အမျိုးသားနဲ့လိင်ဆက်ဆံလိုကြောင်းဆိုကာ လိင်ပိုင်းဆိုင်ရာကို ဦးဆောင်တဲ့ အမူအရာတွေ လုပ်ပြခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် တိုင်ကြားသူ အသက် ၁၅ နှစ်အရွယ် အမျိုးသားက လိုဂက်စ်ဝါရန် ကို ဓာတ်ပုံ ၂ ပုံ ရိုက်ယူ ခဲ့ပြီး ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီနေ့ညမှာပဲ လိုဂက်စ်ဝါရန်ကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ချုပ်နှောင်ထားကာ ထောင်ဒဏ်လေးပတ် ချမှတ်ဖို့ တရားရုံးကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
စင်ကာပူမှာ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှု ရရှိဖို့ ရည်ရွယ်ချက်ရှိရှိ ထိတွေ့ ပြစ်မှုကျူးလွန်သူဟာ ထောင်ဒဏ် တစ်နှစ် အထိ (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်) နှစ်မျိုးလုံး ချမှတ်ခံရနိုင်ပါတယ်။

Zawgyi Version:
စင္ကာပူမွာ ေဈးဝယ္စင္တာ အိမ္သာထဲ၊ အသက္ ၁၅ ႏွစ္အ႐ြယ္ ေယာက္်ားေလးတစ္ေယာက္ကို လိင္ပိုင္းဆိုင္ရာ မထီမဲ့ျမင္ျပဳလုပ္ခဲ့တဲ့ မေလးရွားအမ်ိဳးသား ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၉
စင္ကာပူမွာ အမ်ားသုံး အိမ္သာထဲ အသက္ ၁၅ ႏွစ္အ႐ြယ္ ေယာက်ၤားေလးတစ္ဦးကို လိင္ပိုင္းဆိုင္ရာ အမူအရာေတြျပသခဲ့တဲ့ အသက္ ၃၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး ၾကသပေတးေန႔ (ဇန္နဝါရီ ၈ ရက္) ေထာင္ဒဏ္ သီတင္းေလးပတ္ ခ်မွတ္ခံလိုက္ရပါတယ္။
မေလးရွားလူမ်ိဳး လိုဂက္စ္ဝါရန္ရာဂ်ာကူမာရန္ အမည္ရွိ အမ်ိဳးသားဟာ လိင္ပိုင္းဆိုင္ရာ ေက်နပ္မႈရရွိေစဖို႔ ရည္႐ြယ္ခ်က္ရွိရွိ ျပဳလုပ္ခဲ့ျခင္းေၾကာင့္ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။ တရား႐ုံးက ၾကားနာမႈအရ အသက္ ၁၅ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦးျဖစ္တဲ့ ျပစ္မႈက်ဴးလြန္ခံရသူဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာ ၁၄ ရက္ ည ၉ နာရီခန႔္က ေက်ာင္းမွ အိမ္ကို အမ်ားျပည္သူသုံး သယ္ယူပို႔ေဆာင္ေရး ယာဥ္ အသုံးျပဳၿပီး ျပန္လာခဲ့ပါတယ္။
သူဟာ Boys' Brigade ေက်ာင္း ယူနီေဖာင္း ဝတ္ဆင္ထားခဲ့တာျဖစ္ၿပီး Senja Hawker ေဈးဝယ္စင္တာမွာ အိမ္သာဝင္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ လိုဂက္စ္ဝါရန္ အမည္ရွိ အမ်ိဳးသားက သူဟာ အ႐ြယ္မေရာက္ေသးတဲ့ အမ်ိဳးသားနဲ႔လိင္ဆက္ဆံလိုေၾကာင္းဆိုကာ လိင္ပိုင္းဆိုင္ရာကို ဦးေဆာင္တဲ့ အမူအရာေတြ လုပ္ျပခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ တိုင္ၾကားသူ အသက္ ၁၅ ႏွစ္အ႐ြယ္ အမ်ိဳးသားက လိုဂက္စ္ဝါရန္ ကို ဓာတ္ပုံ ၂ ပုံ ႐ိုက္ယူ ခဲ့ၿပီး ရဲစခန္းမွာ တိုင္ၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က အဲဒီေန႔ညမွာပဲ လိုဂက္စ္ဝါရန္ကို ဖမ္းဆီးခဲ့ၿပီး ေနာက္ပိုင္း ခ်ဳပ္ေႏွာင္ထားကာ ေထာင္ဒဏ္ေလးပတ္ ခ်မွတ္ဖို႔ တရား႐ုံးကို ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။
စင္ကာပူမွာ လိင္ပိုင္းဆိုင္ရာ ေက်နပ္မႈ ရရွိဖို႔ ရည္႐ြယ္ခ်က္ရွိရွိ ထိေတြ႕ ျပစ္မႈက်ဴးလြန္သူဟာ ေထာင္ဒဏ္ တစ္ႏွစ္ အထိ (သို႔မဟုတ္) ေငြဒဏ္ (သို႔မဟုတ္) ႏွစ္မ်ိဳးလုံး ခ်မွတ္ခံရႏိုင္ပါတယ္။